← Chapters

မုန်တိုင်းထန်သော ရာသီဥတု

Vol. 63 Ch. 465.4

မုန်တိုင်းထန်သော ရာသီဥတု

Vol. 63 Ch. 465.4

လုရွှမ်သည် အောင့်ယွဲ့အတွက် စိတ်ရင်းမှန်ဖြင့် ပျော်ရွှင်ခဲ့သည်။ အောင့်ယွဲ့က သန်မာသော မိန်းကလေး ဖြစ်ကြောင်း သူကောင်းကောင်းသိသည်။ ကျင်းဟုန်နှင့် အောင်ရှင်းတွင် ဒြပ်စင်ငါးခုပါသော နတ်ပုတီး​စေ့ ရှိခြင်းကို သူမ ဝမ်းသာမိသော်လည်း သူမသည် ဒြပ်စင်ငါးခုပါသော ပုတီး​စေ့​တစ်လုံးကို ရရန်မျှော်လင့်ကာ တိတ်တဆိတ် ကြိုးစားလုပ်ဆောင်နေကာ ယခု နောက်ဆုံးတွင် သူမဆန္ဒကို ရရှိခဲ့သည်။

"လုရွှမ်.... နင် ဒီမီး​တောက်ကို သိမ်းယူနိုင်​ပြီလား?"

လုရွှမ်က ခေါင်းယမ်းကာ ပြုံးလျက် ပြောသည်။

"အခုတော့ မလုပ်နိုင်​​သေးဘူး.. ကျင်းဟုန်ရဲ့ အမေက ကောင်းကင်ဘုံသခင် ဖြစ်နေပြီ သူတောင် အဆင့်၅ မီးကို မထိန်းနိုင်တော့ဘူး... ကမ္ဘာ့မီးတောက်ရဲ့ အဆင့် ယန်စွမ်းအင်ကောင်းကင် မီးတောက်ထက် သာလွန်နေသေးတယ် အနည်းဆုံး အဆင့်၆နဲ့ အထက်မှာ ရှိတယ်.. သူ့ကို သိမ်းယူချင်တယ် ဆိုရင်တော့ ဘယ်သူမဆို အသတ်ခံရမှာ အသေအချာပဲ"

မိန်းကလေး သုံးဦးစလုံး သက်ပြင်းချလိုက်သည်။ မီးတောက်သည် ဘယ်လောက် အစွမ်းထက်တယ် ဆိုတာကို မြင်လျှင် သဘာဝကျကျ သိမ်းယူလိုကြသည်။

"စိတ်မကောင်းဖြစ်ဖို့ မလိုဘူး တကယ်ကောင်းတဲ့ ပစ္စည်းက ဒီမှာရှိသေးတယ်လေ"

"ကျောက်ပြား?"

လုရွှမ်က သူ့မျက်လုံးတွေထဲမှာ ရွှေရောင်တောက်နေတဲ့ အလင်းရောင်နဲ့ ခေါင်းညိတ်လိုက်ပြီး

"ဟုတ်တယ်... အဲဒါပဲ... ဘာပစ္စည်းလဲ မင်းတို့သိလား?"

လုရွှမ်က လေးနက်တည်ကြည်စွာ ပြောလာတာကို ကြားပြီးနောက် မိန်းကလေး သုံးဦးသည် ကျောက်ပြားရဲ့ ထူးခြားမှုကို လျင်မြန်စွာ ခံစားသိရှိခဲ့သော်လည်း ကျောက်​ပြားပေါ်တွင် အဘယ် သဲလွန်စကိုမှ မရရှိခဲ့ပေ။

"ဒါက လေပြင်းနိယာမ ကျောက်ပြားပဲ... တောက်ကျင့်စဥ်နဲ့ မတူဘူး နည်းဥပဒေသ အတိကျဆုံးက နိယာမစွမ်းအင်ပဲ...သူ့စွမ်းအင်က တောက်ကျင့်စဥ်ထက် အများကြီး ပိုအင်အားကြီးတယ်.... ဘာပဲဖြစ်ဖြစ် နည်းဥပဒေသ ဆိုတာ နိယာမစွမ်းအင် ပေါင်းစပ်မှု ဖြစ်ပြီး အဲဒီ နိယာမစွမ်းအင်တွေက အခြေခံအုတ်မြစ်တွေပဲ"

မိန်းကလေး သုံးဦးလုံး ချက်ချင်း တုန်လှုပ်သွားကြသည်။ သို့သော် ကောင်းကင်ဘုံသခင် မတိုင်မီအထိ သူတို့သည် နိယာမစွမ်းအင်များကို တစ်စိတ်တစ်ပိုင်းမျှသာ နားလည်ထားဆဲ ဖြစ်သည်။ အကြောင်းမှာ စစ်မှန်သော နည်းဥပဒေသများသည် ကောင်းကင်ဘုံသခင်၏ နယ်ပယ်အထက်တွင် ရှိသောကြောင့် ဖြစ်သည်။

ကောင်းကင်ဘုံသခင်၏ လက်ထဲတွင် နည်းဥပဒေသရှိမှသာ စစ်မှန်သော အာဏာကို ရရှိနိုင်မှာပဲ ဖြစ်သည်။

လုရွှမ်က ဥပဒေသသည် နိယာမစွမ်းအင် ပေါင်းစပ်မှုတစ်ခု ဖြစ်ကြောင်း အမှန်တကယ် ဆိုလာခဲ့သည်။ ထို့ကြောင့် အဆိုပါ နိယာမစွမ်းအင်များ၏ အရေးပါမှုသည် နည်းဥပဒေထက် သိသိသာသာ မြင့်မား​လေ၏။

"ရန်မြို့မှာ ငါပျံသန်းနိုင်ခဲ့တယ် ဆိုတာ မင်းတို့ မှတ်မိသေးလား? အဲဒါက လေပြင်းနိယာမ စွမ်းအင်တွေရဲ့ စွမ်းအားပဲ"

မိန်းကလေး သုံးယောက်၏ မျက်လုံးများသည် လေပြင်းနိယာမ စွမ်းအင်၏ အကြောင်းအရာများကို နားလည်ရန် အပြင်းအထန် ကြိုးစားကာ စိတ်အားထက်သန်စွာ တောက်ပလာသော်လည်း ခဏအကြာတွင် အားလုံးက ခါးသက်သက်ပြုံးကာ ခေါင်းခါယမ်းလိုက်ကြသည်။

လုရွှမ်ကတော့ ကျောက်ပြားပေါ်က ဂုဏ်သတ္တိများကို သိရှိနားလည်ပြီးသည်နှင့် ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်။ အဲဒီတုန်းက အခွင့်အရေးကြောင့်သာ မဟုတ်ပါက လေပြင်းနိယာမကို သူဘယ်တော့မှ ရိပ်မိနိုင်မည် မဟုတ်ပေ။ သူများတွေ သင်ပေးရင်တောင်မှ တခြားသူရဲ့ မှတ်ဉာဏ်မို့ ကျောက်​ပြားကို နားမလည်နိုင်လောက်ချေ။

လေပြင်းနိယာမ အပေါ် နားလည်သွားရင် ဉာဏ်မမီဘူး ဆိုရင်တောင် နယ်ပယ်တစ်ခုကတော့ တိုးတက်သွားလိမ့်မည်။

သို့သော် တခြားသူများ၏ အကြံပြုချက်များကို လက်ခံပြီး ဉာဏ်အလင်းကို ထပ်မံရယူလိုသည်နှင့် တစ်ပြိုင်နက် လေပြင်းနိယာမ အပေါ် နားလည်နိုင်မယ့် ဖြစ်နိုင်ချေကို လုံးဝဖြတ်တောက်ပစ်သလို ဖြစ်သွားလိမ့်မည်။

ကောင်မလေး သုံးယောက်ကို သနားစွာ ကြည့်ပြီးနောက် လုရွှမ်သည် ကျောက်ပြားဆီသို့ စိတ်ဝိညာဥ် စွမ်းအားများကို တိတ်တိတ်လေး လွှတ်​ပေးနေမိတော့သည်။ ဒီကျောက်ပြားကို မြင်လိုက်ကတည်းက အရင်က ကျောက်ပြားက မတူဘူးဆိုတာ သိလိုက်ရ၏။ ဥပမာ ဒီကျောက်ပြားရဲ့ အရည်အသွေးက ထျန်းဝိုက်စွေ့ကမ္ဘာက ကျောက်ပြားထက် တစ်ဆပိုမြင့်နေသည်။

ကျောက်ပြား အထက်တွင် မှတ်တမ်းတင်ထားသော အရာများသည် မြင့်မားသော အဆင့်တွင် ရှိနေပါ၏။

လေပြင်းနိယာမ အခြေခံအုတ်မြစ် မရှိလျှင် ၎င်းကို သဘာဝအတိုင်း နားမလည်နိုင်သောကြောင့် လုရွှမ်လည်း ၎င်းကို အတင်းအကြပ် အလွတ်ကျက်ထားရန် စီစဉ်လိုက်​တော့သည်။

တစ်နှစ်နှင့် တစ်ညအကြာတွင် လုရွှမ် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ ကျောက်ပြားပေါ်က မှတ်တမ်းများ အားလုံးကို မှတ်မိသွား​ပြီ။ ကျောက်​ပြားကြီးကို တစ်ချက် ကြည့်လိုက်တော့ တောက်ပမှုက မှိန်ဖျော့သွားပြီး အပြင်ဘက်က ကြည့်လျှင် သာမန်ကျောက်တုံးကြီး တစ်ခုလို ဖြစ်နေတာ တွေ့ရလေ၏။

အရင်က သူရခဲ့တဲ့ လေပြင်းနိယာမ ကျောက်ပြားကြီးနဲ့ အနည်းငယ် ဆင်တူပေသည်။

သူ့စိတ်ထဲက အတွေးတစ်ခုဖြင့် လုရွှမ် ရှေ့သို့ လှမ်းတက်ကာ ကျောက်ပြားကို ပင့်မြှောက်လိုက်သည်။ သေချာတာကတော့ ကျောက်ပြားဟာ အစောကနေရာမှာပဲ မလှုပ်မယှက် ရပ်နေတုန်းပင်။

"ကောင်းပြီ.... ထွက်သွားကြရအောင် အနာဂတ်မှာ ငါတို့တွေ နောက်တစ်ကြိမ် ပြန်လာဖို့ အခွင့်အရေးရရင် ထပ်လာကြည့်တာပေါ့!"

လုရွှမ် အနည်းငယ် စိတ်မကောင်း ဖြစ်မိပေမယ့် အခုအချိန်မှာ ထွက်ခွာသွားတာက မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်တယ်လို့ ဆိုရမည်။

မျောက်ဝံအို​ကြီးကို နှုတ်ဆက်လိုက်ရာ လူတစ်စုသည် ကမ္ဘာ့မီးနယ်မြေ၏ အလယ်ဗဟိုမှ ဘေးကင်းစွာ ထွက်ခွာသွားကြသည်။ အောင့်ယွဲ့ရဲ့ လက်ထဲတွင် မီးဒြပ်စင် နတ်ပုတီးစေ့ ရှိနေသဖြင့် မီးအဆိပ်က အလွန်အစွမ်းထက်သော်လည်း ၎င်းကို ကြိုတင် ရှောင်ရှားနိုင်သေးသည်။

ကမ္ဘာ့မီးနယ်မြေ အလယ်ဗဟိုမှ ထွက်ခွာသွားသော ကျင့်ကြံသူများ အပြင်ဘက်တွင် စုဝေးနေကြကာ လုရွှမ်တို့ ထွက်လာတာကို တွေ့လိုက်ရသဖြင့် ထိတ်လန့်စွာ ကြည့်လာကြသည်။

ယခင် ကြီးမားသော အပြောင်းအလဲများက အပြင်ဘက်ရှိ ကျင့်ကြံသူများကိုပါ လုံးဝ ထိတ်လန့်စေသည်။ သို့သော်လည်း အနီးကပ်ကို မသွားမိမီ ဧရာမတောင်ကြီး၏ အပြင်ဘက်အထိ ပျံ့လာသည့် အဆိပ်ပြင်းသော မီးကြောင့် ထိတ်လန့်သွားကြသည်။

ကျင့်ကြံသူ ဘယ်နှစ်ယောက် မီးအဆိပ်နဲ့ ညစ်ညမ်းပြီး အပြင်လောကထဲကို ပြေးဝင်လာကာ ကြီးမားတဲ့ ပရမ်းပတာကို ဖြစ်စေခဲ့တယ် မသိတော့ပေ။

သို့သော် ဒီ​နေရာကို လာ​ကြည့်ဖို့တော့ ဆွဲဆောင်နေဆဲပါပဲ။ ဒီကိုလာလည်တဲ့ ကျင့်ကြံသူ အများစုဟာ အကျပ်အတည်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုဖို့ ကြိုးစားနေကြသူတွေပဲ ဖြစ်ရာ အကျပ်အတည်းကြီး ပြီးရင် အခွင့်အလမ်းကောင်းတွေ ရှိလာမယ်ဆိုတာ မသိကြ​တာ မဟုတ်ပေ။

ဘယ်လိုပဲဖြစ်ဖြစ် အခု ဘယ်သူမှ ထပ်မဝင်ရဲတော့ပေ။ ခြိမ်းခြောက်မှုက ပျောက်မသွားသေးဘူးလေ။ ပထမဆုံး ဖောက်ထွင်း ဝင်ရောက်သွားသူဟာ အသက်ဆုံးရှုံးသွားပြီမို့ တခြားသူတွေကို အန္တရာယ်ရှိကြောင်း အတွေ့အကြုံတွေ ပေးနိုင်ခဲ့သည်။

ထို့ကြောင့် တစ်စုံတစ်ယောက် ထွက်လာတာကို တွေ့လိုက်သောအခါ အားလုံးက ရင်ခုန်နေကြသည်။

မကြာခင်မှာပဲ လူတိုင်းက လုရွှမ်နဲ့ မိန်းကလေး သုံးယောက်ရဲ့ အထောက်အထားတွေကို မှတ်မိပြီး လူတော်တော်များများက ရဲရဲတင်းတင်း မေးလာကြပါတော့သည်။

"မင်းတို့ အထဲကို ဝင်လို့ရတယ်!"

စကားတစ်ခွန်းက လူအများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြီး တစ်ယောက်ပြီး တစ်ယောက် ပြေးဝင်သွားကြသည်။

"လူတွေက စည်းစိမ်ဥစ္စာအတွက် သေပြီး ငှက်တွေက အစာအတွက် သေ​​ကြတယ်... ဒီလူတွေထဲက လူဘယ်လောက် အသက်ရှင်သေးမလဲ မသိဘူး"

လုရွှမ် အသာပဲ သက်ပြင်းချလိုက်သည်။ အတွင်းပိုင်းကို ပြုပြင်မွမ်းမံထားပေမယ့် နေရာတော်တော်များများက မပြည့်စုံသေးပါဘူး။ မီးအဆိပ်ဟာ တကယ်ကို အပြင်းထန်ဆုံး ဖြစ်ပြီး ကမ္ဘာ့မီးတောက်က ပိုတောင် ပြင်းထန်နေသေးသည်။

ထို့အပြင် နတ်ဆိုးများ၊ သူတော်စင် သားရဲများနှင့် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာတို့သည် အတွင်း၌ အချိန်အတော်ကြာ ပိတ်မိနေခဲ့ကြသည်။ ကျင့်ကြံသူ တစ်ယောက်ကို တွေ့တာနဲ့ ချက်ချင်း တိုက်ပွဲ​​ကြီး ဖြစ်လာမှာ သေချာပါသည်။

သူတို့လေးယောက်ဟာ အနီးနားမှာနေဖို့ အချိန်မဖြုန်းလိုပေ။ လူတွေရဲ့ လောဘကြီးတဲ့ အကြည့်တွေကို သူတို့ရဲ့ မျက်လုံးထဲမှာ မြင်နေရတယ်လေ။ ဒီမှာကြာကြာနေလေ အန္တရာယ်များလေပဲ။

နေရာပြောင်း အစီအရင် မှတစ်ဆင့် ကမ္ဘာ့မီးနယ်မြေမှ ထွက်ခွာလာခဲ့သည်။

ရှေးဟောင်းလျှပ်စီးကမ္ဘာ တစ်ခုလုံးကို အာရုံခံစားသွားစေတဲ့ သတင်းတစ်ပုဒ်ကို သူတို့ ချက်ချင်းပဲ ကြားလိုက်ရသည်။

၎င်းမှာ မန်ဟွမ်နတ်ဘုရားမျှော်စင် ပေါ်ထွက်လာခဲ့ပြီ!

နိမိတ်အနည်းငယ်သာ ရှိခဲ့သော်လည်း ရှေး​ဟောင်းလျှပ်စီးကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်သွားစေလောက်အောင် ဖြစ်သွားရာ မရေမတွက်နိုင်သော လူများသည် မန်ဟွမ်နတ်ဘုရား မျှော်စင်၏ ဘုန်းအသရေကို မြင်လို၍ ရှေး​​ဟောင်းလျှပ်စီးမြို့တော်သို့ သွားရောက်ကြသည်။

ထို့အပြင် ၎င်းသည် ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ နံပါတ်တစ် ရတနာဖြစ်ပြီး အကန့်အသတ်မရှိ အစွမ်းထက်သည်ဟု ဆိုကြသည်။

ယခင်က နိမိတ်လက္ခဏာများထဲ မန်ဟွမ်နတ်ဘုရားမျှော်စင်ဟာ ရှေးဟောင်းလျှပ်စီးကမ္ဘာတွင် အမှန်တကယ် ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။

သတင်းကို ကြားပြီးနောက် နတ်သမီးအောင့်ယွဲ့ အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။

ရှေးဟောင်းလျှပ်စီး ကမ္ဘာက သူမရဲ့အိမ် ဖြစ်သည်။ ယခုအခါတွင် ရှေးဟောင်းလျှပ်စီး ကမ္ဘာ တဟုန်ထိုး ထွန်းကားလာသဖြင့် နောင်လာမည့်ရက်များတွင် ၎င်းသည် အလွန် အသက်ဝင်လာပြီး အလွန်အန္တရာယ် များလာနိုင်ကြောင်း တွေးကြည့်ရုံ​ဖြင့် သိနိုင်သည်။

​ကောင်းကင်ဘုံ ရတနာကဲ့သို့ ရတနာများသည် ကောင်းကင်ဘုံရှင်သခင်နှင့် နတ်မီးနယ်ပယ်ရှိ အကြီးအကဲများကို လုယူသွား​စေလိုသော အရာပဲ ဖြစ်​လေသည်။

အောင့်မိသားစုကို ရှေးဟောင်းလျှပ်စီးကမ္ဘာတွင် နံပါတ်တစ် မိသားစုအဖြစ် လူသိများသော်လည်း မိသားစုတစ်ခုက ဘယ်လောက်ပဲ တန်ခိုးကြီးနေပါစေ ကမ္ဘာငယ်လေးတွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။

မန်ဟွမ်နတ်ဘုရားမျှော်စင် မွေးဖွားလာသည်နှင့်အမျှ မမြင်ဖူးခဲ့သော နတ်ဆိုး ဘီလူးများ ခုန်ထွက်လာပြီး ဝမ့်ကျစ်ကမ္ဘာမှ သခင်များပင် ရောက်လာမည်ကို စိတ်ကူးကြည့်နိုင်သည်။ အောင့်မိသားစုသည် ရှေးဟောင်းလျှပ်စီးကမ္ဘာတွင် နံပါတ်တစ် မိသားစုဖြစ်သလို မုန်တိုင်းရဲ့ အဆုံးသတ်လည်း ဖြစ်သွားနိုင်သည်။

တစ်ခုခုကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် မိသားစုပါ ပျက်စီးသွားနိုင်၏။

"အောင့်ယွဲ့ နင်အခု အိမ်ပြန်လို့ မရသေးဘူး...နင်ပြန်သွားရင်လည်း အသုံးဝင်မှာ မဟုတ်ဘူး!"

နတ်သမီးကျင်းဟုန်က ပြောလိုက်သည်။

"ဟုတ်တယ် ကျင်းဟုန်ပြောတာ မှန်တယ်... အခု တိုးတက်ဖို့ လိုအပ်တာက ငါတို့ရဲ့ ခွန်အားတွေပဲ ကျန်တဲ့ ဒြပ်ငါးပါးနတ်ပုတီးစေ့ နှစ်လုံးကို ရှာတွေ့ဖို့က အရေးကြီးဆုံးပဲ... ဒီလိုနည်းနဲ့ ရှေးဟောင်း လျှပ်စီးမြို့တော်ကို ​ပြန်သွားတဲ့အခါ ငါတို့ကောင်းကောင်း ကူညီပေးနိုင်ပြီ"

လုရွှမ်က အောင့်ယွဲ့ရဲ့ ပုခုံးများကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး

"ဒါ့အပြင် မင်း အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူး... အစွမ်းအစမရှိရင် မင်းရဲ့ အောင့်မိသားစုက ရှေးဟောင်းလျှပ်စီး ကမ္ဘာရဲ့ ထိပ်တန်းမိသားစု​နေရာကို သိမ်းပိုက်နိုင်ပါ့မလား"

"မင်းမိသားစုကို ယုံပါ... ပြီးရင် မင်း မင်းကိစ္စကို သွားလုပ်... စိတ်မပူနဲ့ မင်းမှာ ငါတို့ရှိသေးတယ်!"

All Chapters