← Chapters

ဆရာကြီးထန်းကျီး

Vol. 64 Ch. 467.4

ဆရာကြီးထန်းကျီး

Vol. 64 Ch. 467.4

လုရွှမ် ကမောက်ကမ မပြုဝံ့ခဲ့ပေ။ ဤနေရာတွင် အမှန်တကယ် နတ်မီးနယ်ပယ်က အကြီးအကဲတစ်ယောက် ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

လူအနည်းငယ်က လက်ဖက်ရည် ဆိုင်ငယ်လေးကို တွေ့ပြီး သီးသန့်အခန်းကို ငှား၍ အခင်းအကျင်း ဖွဲ့စည်းတည်ဆောက်ပြီးနောက်မှ သက်ပြင်းချနိုင်ကြသည်။

"ညီမလေးအောင့်ယွဲ့...အစောတုန်းက ငလျင်က အစ်မတို့နဲ့ ပတ်သက်နေတာ မဟုတ်လား"

နတ်သမီးကျင်းဟုန်က မေးလိုက်သည်။ သူမနဲ့ အောင်ရှင်းတို့ဟာ သစ်သားနဲ့ ရေဒြပ်စင် နတ်ပုတီး​စေ့တွေရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေကို အောင့်ယွဲ့ရဲ့ ခန္ဓာကိုယ်ထဲကို ဖြန့်ချလိုက်ပြီး သဘာဝအတိုင်း လိုက်လျှောက်လာခဲ့တာပဲ ဖြစ်သည်။

အောင့်ယွဲ့က ခေါင်းညိတ်ပြပြီး သူမမျက်နှာပေါ်က အပြုံးကို ပြသလာကာ။

“အဲဒါက မြေဒြပ်စင် နတ်ပုတီးစေ့ ဖြစ်မယ်ဆိုတာ သေချာတယ် သံသယဝင်စရာ မလိုတော့ဘူး... နောက်ပြီး ကျင့်ကြံသူ တစ်ယောက်မှလည်း မသိမ်းပိုက်ထားသေးဘူး... ဒါပေမဲ့ မြေဒြပ်စင် နတ်ပုတီးစေ့ရဲ့ စွမ်းအားက အရမ်းအစွမ်းထက်နေပြီ.."

"ထပ်စမ်းကြည့်ရအောင်"

မိန်းကလေး သုံးယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကြိုးစားချင်စိတ် ပြင်းပြလာသည်။

ချင်းရှန်းမြို့၊ မြို့တော်သခင်၏ စံအိမ်၌။

အဘိုးကြီးချင်းရှန်းသည် မြို့တော်သခင်၏ စံအိမ်သို့ ပြန်လာပြီး သူ၏ဝိညာဉ်စွမ်းအားကို ချင်းရှန်းမြို့တစ်ခွင်သို့ ဖြန့်ကျက်ကာ သူ့ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုများကို ဂရုပြုနေသေးသည်။ ယခင်ငလျင်က သူ့ကို ရင်တုန်​စေသလို ရုတ်တရက် တုန်လှုပ်သွားတဲ့ နှလုံးခုန်သံကြောင့် နားမလည်နိုင်သလို ဖြစ်နေ၏။

"မြန်မြန်သွား​ပြီး ဆရာကြီးထန်းကျီးကို ခေါ်ဖိတ်လိုက်....ဟူး ထားပါတော့ ငါ့ဘာသာပဲ သွားလိုက်မယ်"

အဘိုးကြီးချင်းရှန်းသည် စကားပြောနေရင်း မြို့တော်သခင်၏ စံအိမ်နောက်ဖေးသို့ လျှောက်သွားကာ တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်နှင့် ကျောက်တုံးများ ထူထပ်သော ​ခြံဝင်းတစ်ခုဆီသို့ ရောက်လာခဲ့သည်။

ဤထူးဆန်းသော ကျောက်တုံးများကို ဆရာကြီးထန်းကျီးက စီစဉ်ပြီးနောက် စုဆောင်းခဲ့​ခြင်း ဖြစ်​လေသည်။ အဘိုးကြီးချင်းရှန်းမှာ ၎င်းကို တမင်တကာ အာရုံခံမိဖို့ သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ဖြန့်ကျက်ခဲ့သော်လည်း ၎င်းရဲ့စွမ်းအားကို ရှာမတွေ့နိုင်တာကို တွေ့ရတော့ အတော်လေး အံ့အားသင့်သွားခဲ့ဖူးသည်။

"မြို့သခင်... ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ"

သူပြောခါနီးတွင် ရှင်းရှင်းလင်းလင်း အသံတစ်ခု ထွက်လာပြီး ခြံဝင်းငယ်လေးမှ ဆရာကြီးထန်းကျီးရဲ့ အသံက ထွက်ပေါ်လာသည်။ သူ့စကားဆုံးတော့ ထူးဆန်းတဲ့ ကျောက်တုံးတွေက ခွဲထွက်သွားပြီး လမ်းကြောင်းတစ်ခုကို ဖော်ထုတ်လိုက်ပါ၏။

ဆရာကြီးထန်းကျီးရဲ့ ကောင်းကင်ကို ရောက်နိုင်တဲ့ စွမ်းရည်ကို သိထားတာကြောင့် အဘိုးကြီးချင်းရှန်းပင် သတိလက်လွတ် မနေဝံ့ပေ။ သူတုံ့ပြန်လိုက်ပြီး ထူးဆန်းတဲ့ ကျောက်တုံးဝိုင်းထဲကို ဝင်သွားလိုက်သည်။

ခြံဝင်းကျဉ်းကျဉ်းလေးထဲမှာ သက်လတ်ပိုင်း ကျင့်ကြံသူ တစ်ယောက်ဟာ သူ့ရဲ့ မုတ်ဆိတ်ဖြူရှည်ကြီးကို ပွတ်သပ်ရင်း ကောင်းကင်ကို တိတ်တဆိတ် ​ငေးကြည့်နေသည်။ ထိုအခိုက် အဘိုးကြီးချင်းရှန်း ဝင်လာကာ ရုတ်တရက် အံ့သြသွား၏။

"ညီလေးထန်းကျီး မင်းဆံပင်က ဘာဖြစ်တာလဲ?"

မယုံနိုင်လောက်အောင် နက်နဲသိမ်မွေ့တဲ့ ကျင့်ကြံသူ တစ်ယောက် အတွက်တော့ ရုပ်ရည်က အပြောင်းအလဲ မရှိသလောက်ပါပဲ။ ကျင့်ကြံသူတချို့ဟာ တချို့ အသွင်အပြင်ကို အထူးနှစ်သက်ခြင်း မရှိကြပေ။ ဆရာကြီးထန်းကျီးနဲ့ ပထမဆုံး တွေ့သောအခါက သူ၏မုတ်ဆိတ်မွေးနှင့် ဆံပင်များသည် ထူထဲပြီး အနက်ရောင် ဖြစ်နေသော်လည်း ယခုအခါ လုံးဝဖြူစင်သွားပြီ။

"ဘာမှမဟုတ်ပါဘူး... ငါ ကောင်းကင်လျှို့ဝှက်ချက်ကို ချောင်းကြည့်မိလိုက်လို့ ပြစ်ဒဏ်နည်းနည်းလေး ခံလိုက်ရရုံပါပဲ"

သူက လက်ကိုဝှေ့ယမ်းပြီး ဒီအကြောင်းအရာကို ထပ်မပြောချင်တော့တာ ထင်ရှားစွာဖြင့် တခြားကိစ္စကို ပြောလိုက်သည်။

"ဂုဏ်ယူပါတယ် အစ်ကို... လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်တော်ပြောခဲ့တဲ့ အခွင့်အရေးက ရောက်လာပြီ"

အဘိုးကြီးချင်းရှန်းလည်း ပျော်ရွှင်မှု အရိပ်အမြွက်ကို မထိန်းနိုင်စွာ ထုတ်ပြမိသွားသည်။ ယခင်က သူအာရုံခံခဲ့ဖူးသော ခံစားချက်များ အားလုံးက အမှန်တကယ် ဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။

"ရှေးဟောင်းလျှပ်စီးကမ္ဘာ တစ်ခုလုံးမှာ အရမ်းကို အသက်ဝင်တဲ့ အရာတွေအကြောင်း မကြာသေးခင်ကမှ အစ်ကိုလည်း ကြားပြီးပြီလို့ ထင်ပါတယ်"

"ဟုတ်တယ်... ရှေးဟောင်းလျှပ်စီးကမ္ဘာမှာ မန်ဟွမ်နတ်ဘုရားမျှော်စင် မွေးဖွားလာတော့မယ်လေ!"

ဆရာကြီးထန်းကျီးက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"အိုး ညီလေးထန်းကျီးက ဘာလို့ အလေးအနက် မထားပါလိမ့်?"

"ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်မပြရဘူး... မွေးဖွားလာနေတဲ့ ကမ္ဘာကြီးရဲ့ ရတနာတစ်ခု ရှိတယ်"

သူသည် ကျန်တဲ့ စကားတွေကို ဆက်မပြောဘဲ အဘိုးကြီးချင်းရှန်းကို ပြုံးရုံသာ ကြည့်နေသည်။ အဘိုးကြီးချင်းရှန်းလည်း ဤညီငယ်ထန်းကျီး၏ တားမြစ်ချက်များကို သဘာဝကျကျ သိပါသည်။ ကောင်းကင် လျှို့ဝှက်ချက်ကို ပေါက်ကြားစေလို့ မရပေ။ သို့မဟုတ်ပါက တုံ့ပြန်မှုများ ရှိလာလိမ့်မည်။

သို့သော် ဤစကားများသည် အမှန်တကယ် မွေးဖွားလာမည့် ကမ္ဘာ့ရတနာ တစ်ခုရှိကြောင်း ထင်ရှားသွားစေသည်။ သို့သော် ၎င်းသည် မန်ဟွမ် နတ်ဘုရားမျှော်စင် မွေးဖွားလာခြင်းတော့ မဟုတ်ပေ။

အဲဒါက ဘာဖြစ်နိုင်လဲ? ပရမ်းပတာ မိုးကြိုးခေါင်းလောင်းများ ဖြစ်မလား။ ဒါမှမဟုတ် ဒြပ်စင်ငါးခု နတ်ပုတီးစေ့များ ဖြစ်နိုင်လား။

"ကျေးဇူးပြုပြီး ညီလေးက ညွှန်ပြပေးပါဦး!"

ဆရာကြီးထန်းကျီးသည် နောက်ပြန် လှည့်ကာ လက်ကို နောက်သို့ ပြန်ချလျက် ကျယ်လောင်စွာ အော်လိုက်သည်။

"ချင်းရှန်းမြို့က စိမ်းလဲ့နေတဲ့ တောင်တန်းတွေပေါ်မှာ အခြေခံပြီး အစိမ်းရောင် တောင်တန်းရဲ့ မြေကြီးပေါ်မှာ တည်ဆောက်ထားတာ... ပြင်ပအင်အား မရှိရင် ချင်းရှန်းမြို့က မြေကြီးရဲ့ သွေးပြန်ကြောတွေပေါ်မှာ တည်ရှိနေဦးမှ ဘယ်တော့မှ အပြောင်းအလဲ မရှိနိုင်ဘူး.. ဒါပေမဲ့ အခုက ငလျင်လှုပ်လာပြီ”

သူ လှည့်ကြည့်လိုက်ရင်း စကားကို ဆက်ပြောလိုက်သည်။

"အစ်ကို.. ကျွန်တော် ပြောခဲ့တာကို မှတ်မိသေးလား? အစ်ကို အခွင့်အရေးတစ်ခု ရှာတွေ့နိုင်အောင် ကျွန်တော် ကူညီပေးမယ် ကျွန်တော့်အတွက် လူအနည်းငယ်ကို သတ်​ပေးနိုင်မလား"

"ဒါပေါ့"

"ကောင်းပြီ၊ အဲဒီလူတွေရဲ့ နာမည်တွေက လုရွှမ်၊ အောင့်ယွဲ့၊ အောင်ရှင်းနဲ့ ကျင်းဟုန်"

အဘိုးကြီးချင်းရှန်း တုန်လှုပ် ခြောက်ခြားသွားသည်။ သူ ချင်းရှန်းမြို့ကို အုပ်စိုးနေသော်လည်း ရှေးဟောင်း လျှပ်စီးကမ္ဘာတွင် ဖြစ်ပျက်သမျှ အရာအားလုံးကို သဘာဝကျကျ သိပါသည်။ လတ်တလော သတင်းက မန်ဟွမ် နတ်ဘုရားမျှော်စင် ပေါ်ထွက်လာပြီဆိုတဲ့ သတင်းသာ မဟုတ်ရင် မကြာသေးမီက အကျော်ကြားဆုံး အငယ်တန်းတွေရဲ့ ကိစ္စပဲ ဖြစ်လိမ့်မယ်။

ရန်မြို့မှာ အကဲဖြတ်မှု အဆင့်တွင် လုရွှမ်သည် လူကြိုက်များ လူတစ်ဦးဖြစ်ပြီး ကောင်းကင်အရိပ်ဂိုဏ်း ကဲ့သို့သော ဂိုဏ်းငယ်တစ်ခုပင် လူသိများလာခဲ့သည်။

သူတို့က အငယ်တန်းလေးတွေပဲမို့ သတ်ပစ်လိုက်ရုံပဲ။ ဒါပေမဲ့ အောင့်ယွဲ့ကတော့ အောင့်မိသားစုရဲ့ မျက်လုံးထဲက ပန်းသီးလေး ဖြစ်နေသည်။

"အစ်ကိုချင်းရှန်း စိတ်မပူပါနဲ့ ဒီတစ်ခါ မန်ဟွမ်နတ်ဘုရားမျှော်စင် ထွက်ပေါ်လာတဲ့ ရုန်းရင်းဆန်ခတ်​တွေကြောင့် အောင့်မိသားစု ဆက်ရှိနေနိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်စရာပဲလေ... အောင့်မိသားစုထဲက ကလေးမလေးက သူ့ကိုယ်သူ ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ? စိတ်မပူပါနဲ့..."

အဘိုးကြီးချင်းရှန်းရဲ့ မျက်လုံးများက တင်းမာလာသည်။ ထန်းကျီးဆိုတဲ့ လူက ဝမ့်ကျစ်ကမ္ဘာက ရောက်လာသူဖြစ်ကာ သူ၏ ကျင့်ကြံမှုသည် နတ်မီးနယ်ပယ်သို့ မရောက်သေးသော်လည်း လျှော့တွက်၍မရသော ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထား​လေသည်။

ကောင်းကင်ဘုံသခင် အဆင့် ဆိုသော့လည်း သူ့ကို သွားနှိမ့်ချနိုင်မည်ဟုပင် အဘိုး​ကြီး ချင်းရှန်းတွင် ယုံကြည်ချက်မရှိပေ။

အဘိုးကြီးချင်းရှန်းကို အံသြစေသော အချက်မှာ ဤကောင်းကင် လျှို့ဝှက်ချက်ကို သိနိုင်သည့် လူတိုင်းသည် ၎င်းတို့၏ အမည်နှင့်အညီ နေထိုင်ကြပြီး သူတို့အားလုံးသည် လျှို့ဝှက်ဆန်းကြယ်မှု စွမ်းရည်များနှင့် ကောင်းကင်၏ လျှို့ဝှက်ချက်များကိုပင် နားလည်နိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့စကားများတွင် အရိပ်အမြွက်များ အမြဲရှိနေတတ်သည်။ ယခု အောင့်မိသားစု ရှိမရှိ မေးခွန်း ထုတ်လာသောကြောင့် အောင့်မိသားစုက ဤအကျပ်အတည်း အတွင်း ပျက်သုဉ်းသွားမည့် အရိပ်အမြွက်များ ပါနေပြီ။

ရှေးဟောင်းလျှပ်စီးကမ္ဘာတွင် ​အောင့်မိသားစုက နံပါတ်တစ် ဖြစ်သည်။ ဒဏ္ဍာရီအရ ၎င်းသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက တည်ရှိခဲ့သည်။ ရှည်လျားသော ကျင့်ကြံမှု မြစ်ကြီးက သူရဲကောင်းများစွာကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။

သို့သော် ​အောင့်မိသားစုသည် ရှင်သန်နိုင်ခဲ့ပြီး ယနေ့တိုင် နံပါတ်တစ် မိသားစုဟူသည့် အမွေကို ဆက်ခံခဲ့သည်။ ထိုကဲ့သို့ လေးနက်သော အခြေခံအုတ်မြစ် ရှိသော ထိုမိသားစုသည်လည်း ဤအကျပ်အတည်းတွင် ပျက်သုဉ်းသွားပေလိမ့်မည်။

သူသည် အနည်းငယ် မယုံကြည်နိုင်သော်လည်း သူ့နှလုံးသားထဲမှာတော့ မျှော်လင့်ချက် အရိပ်အမြွက်များ ရှိနေ၏။

ပိုလို့တောင် ယုံချင်လာခဲ့တာကတော့ ဆရာကြီးထန်းကျီးက သူ့စကားမှာ အမြဲတမ်း ဝိုးတဝါး ဖြစ်နေပေမယ့် မိမိဘာသာ ခွဲခြမ်းစိတ်ဖြာပြီး နောက်မှာတော့ သူက ဘယ်တော့မှ လိမ်ညာပြီး ပြောမှာ မဟုတ်လို့ ဒီစကားက အမှန်တကယ် အဓိပ္ပာယ် ရှိတာ သေချာပေသည်။

"ကောင်းပြီ!"

အဘိုးကြီးချင်းရှန်းက တုံ့ပြန်လိုက်သည်။

ဘဝနှင့် သေခြင်းကို ကံကြမ္မာ၊ စည်းစိမ်နှင့် ဂုဏ်တို့ အဆုံးအဖြတ် ပေး​ကြတုန်းပါပဲ။ သူဟာ နတ်မီးနယ်ပယ်မှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့သည်။ နောက်ထပ် တက်သွားချင်ပါက ရွေးချယ်မှုတစ်ခု ပြုလုပ်ရမည် ဖြစ်ပြီး မဟုတ်ပါက သူ့ဘဝဟာ အချည်းနှီး ဖြစ်သွားလိမ့်မည်။

"နောက်ထပ် ငလျင်လှုပ်တာကို စောင့်လိုက်ပါ ပြီးရင် သူတို့ကို ဖမ်းလိုက်... မင်းလိုချင်တာကို ရလာလိမ့်မယ်"

ရုတ်တရက် ဆိုသလိုပင် ဆရာကြီးထန်းကျီး၏ ဦးခေါင်းပေါ်သို့ မိုးကြိုးကျည်တစ်စင်း ကျရောက်လာသည်။ ယခု မိုးခြိမ်းသံသည် ပြင်းထန်လွန်းသဖြင့် ထန်းကျီးသည် ပါးစပ်ထဲမှ သွေးအပြည့် ထွက်ကျလာပြီး အသက်ရှူမဝ ဖြစ်သွားသည်။

"အစ်ကို... ကျွန်​တော်ရဲ့ ခန္ဓာကိုယ်က ဒဏ်ရာရသွားပြီမလို့ လိုက်မပို့တော့ပါဘူး"

အဘိုးကြီးချင်းရှန်းက ကြည်လင်ပြီး တိမ်ကင်းစင်သော ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုတစ်ခု ခံစားလိုက်ရသည်။ နတ်မိုးခြိမ်းသံကြောင့် ထိတ်လန့်တုန်လှုပ်သွားတဲ့ သူ့နှလုံးသားက အေးစိမ့်စိမ့် ဖြစ်သွားကာ မနေဝံ့တော့ဘဲ နှုတ်ဆက်စကားဆိုကာ အမြန်ထွက်လာခဲ့သည်။

အဘိုးကြီးချင်းရှန်း ထွက်သွားရာဘက်သို့ ဆရာကြီးထန်းကျီက သူ့ခေါင်းကို လှည့်လိုက်သည်။ ယခုအချိန်တွင် ဆရာကြီးထန်းကျီးသည် အသက်နည်းနည်း ထပ်ကြီးလာပြန်​ပြီ။

"ထျန်းရှန်... မင်း အဲဒီဘေးဆိုးကြီးကနေ မလွတ်မြောက်နိုင်ခဲ့ဘူး... ဆရာသခင်က မင်းအတွက် လက်စားချေ​ပေးမယ်!"

အောင့်ယွဲ့၊ အောင်ရှင်းနှင့် ကျင်းဟုန်တို့မှာ ခဏခဏ ကြိုးစားခဲ့ကြသော်လည်း ဘယ်လောက် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ပါစေ ကမ္ဘာကြီးက တစ်ဖန် ဝှက်ထားသကဲ့သို့ မြေဒြပ်စင် နတ်ပုတီးစေ့ကို မခံစားနိုင်ကြပေ။

All Chapters