← Chapters

အပြင်းအထန်ဒဏ်ရာရထားပြီ

Vol. 64 Ch. 470.4

အပြင်းအထန်ဒဏ်ရာရထားပြီ

Vol. 64 Ch. 470.4

အလယ်မှာ တိုက်ခိုက်ခံရတဲ့သူဟာ အလင်းတန်းတစ်ခုသာ ဖြစ်ပြီး ဘာမှမမြင်ရပေ။ သို့သော်လည်း ထိုသူအခုထိ တောင့်ခံထားနိုင်တာတော့ အံ့သြစရာ ကောင်းလှသည်။

လုရွှမ်သည် ထိုလူထံမှ ပြင်းထန်သော မြေဒြပ်စင်ရဲ့ စွမ်းအင်ရောင်ဝါကို ခံစားမိသည်။ ထိုလူသည် တကယ်ကံကောင်းသည်ဟု ခံစားမိသော်လည်း ယခုအချိန်တွင် လုရွှမ် သူ့ကိုကယ်တင်ရန်သာ ရွေးချယ်လိုက်​တော့သည်။

ရွှေဒြပ်စင်နတ်ပုတီးစေ့ကို ရှာတွေ့ရုံတင်မကဘဲ ရှေးဟောင်းလျှပ်စီးမြို့တော်ကို အတူတူ ကယ်တင်ဖို့လည်း လိုအပ်ပါသေးသည်။ ဒီလူက သိပ်မဆိုးသေးသရွေ့ လုရွှမ်က သူ့အနာဂတ်အတွက် အကြံဉာဏ်တွေ ပေးစွမ်းဖို့ စိတ်ကူးထားပြီးသား ဖြစ်လေသည်။

လုရွှမ် သူ့ကို ကြည့်နေသော အောင့်ယွဲ့ကို တစ်ချက် ကြည့်လိုက်သည်။ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်ကာ နှစ်ယောက်လုံး တစ်ဖက်က တွေးနေပုံကို နားလည်သွား​ကြသည်။

ဒီလူကို ကယ်တင်ရမယ်။ နောက်ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ နောက်ပိုင်းမှာ ဆွေးနွေးလို့ ရတယ်လေ။

"ထိပ်တန်းငါးပါး ပါရမီရှင်ကတော့ ပါရမီရှင်ပဲကွာ.... ဒီလိုအစွမ်းသတ္တိနဲ့တောင် သာမန်မဟာသူတော်စင်နဲ့ ယှဥ်နိုင်နေပြီ... သူတော်စင် အဆင့် ၅ ဖြစ်နေတာတောင် သူ့ကိုတိုက်ဖို့က ခက်နေတယ်"

"ဟုတ်တယ် ထိပ်တန်းပါရမီရှင် ငါးယောက်ကိုတောင် ဆွဲဆောင်နိုင်ခဲ့တဲ့ လုရွှမ်က ဘယ်လောက်တောင် မိုက်မလဲဆိုတာ မင်းတို့ တွေးကြည့်လို့ရတယ်နော်"

"အိုး ငါသူနဲ့ လေ့ကျင့်နိုင်ရင် ကောင်းမှာပဲ"

"ငတုံး!"

လုရွှမ်နှင့် အောင့်ယွဲ့တို့မှာ မထိန်းနိုင်ဘဲ ဝမ်းသာသွားကြသဘ်။ ပထမတော့ သူတို့ကိုယ်သူတို့ ပြောနေကြသည်ဟု ထင်ခဲ့ကြသော်လည်း တိုက်ခိုက်ခံရသည့် လူအကြောင်း ပြောနေကြမယ်လို့ မမျှော်လင့်ထားခဲ့ကြပေ။

လုရွှမ်သည် နေမင်းမျက်လုံးကို ဖွင့်၍ စေ့စေ့ကြည့်ကာ ရယ်မောလိုက်တော့သည်။

“သားသတ်သမား ထူဖူး ဖြစ်နေတာပဲ.... သူ့ကို မြေဒြပ်စင် နတ်ပုတီးစေ့က အသိအမှတ် ပြုသွားမယ်လို့ မမျှော်လင့်ထားဘူး... ."

အောင့်ယွဲ့ရဲ့ မျက်နှာမှာလည်း စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေပြီး တခြားသူသာဆိုရင် ဒါဟာ စည်းရုံးဖို့ခက်ခဲမယ့် လုပ်ရပ်တစ်ခု ဖြစ်ပေမယ့် သေရေးရှင်ရေး အတွေ့အကြုံကို အတူတူ ဝေမျှပေးမယ့် သားသတ်သမား ဖြစ်နေတာကြောင့် ကံကြမ္မာက သူတို့ဘက်မှာ ရှိနေတာ သေချာသွားပြီ။

"သွားကြစို့!"

နတ်သမီးကျင်းဟုန် နှင့် အောင်ရှင်းတို့ထံ အချက်ပြပို့ပြီးနောက် သူတို့လေးယောက် အစီအစဉ်ဆွဲလိုက်သည်။ လုရွှမ် သူ့အရှိန်ကို ထုတ်လွှတ်လိုက်ကာ အလွန်မြန်ဆန်စွာ ပြေးထွက်သွား၏။

လုရွှမ်သည် ဓားကို လက်နှစ်ဖက်လုံးတွင် ဆုပ်ကိုင်ထားကာ ဓားရည်ရွယ်ချက်များကို ပွင့်သွား​စေသည်။ ဓားစွမ်းအင်သည် ထိတ်လန့်တုန်လှုပ်စေသည့် အအေးဓာတ်က တဟုန်ထိုးတက်လာကာ သူ့အနီးနားရှိ ကျင့်ကြံသူများကို ချက်ချင်း ကြောက်လန့်ကာ အမြန် ထွက်ခွာသွား​စေ၏။ သတ်ပစ်လိုစိတ်က ပြင်းထန်လွန်းသဖြင့် သူတို့ရဲ့ နှလုံးသားထဲသို့ ထိတ်လန့်မှုက လုံးလုံးလျားလျား ထိုးဖောက် ဝင်ရောက်သွားသည်။

ခုခံဖို့ မပြောနဲ့။ အဲဒီဓားရှေ့မှာ ရပ်ဖို့တောင် သတ္တိမရှိတော့ချေ။

နတ်သမီးအောင့်ယွဲ့ရဲ့ ခေါင်းထက်မှာ မီးတိမ်တွေ တက်လာပြီး ပူလောင်တဲ့ အပူချိန်ကြောင့် လူတွေ အလျင်အမြန် နောက်ဆုတ်သွား၏။

နတ်သမီးကျင်းဟုန် နှင့် အောင်ရှင်းတို့ရဲ့ အသက်ရှုသံများ တဟုန်ထိုး ထွက်ပေါ်လာပြီး ၎င်းတို့၏ စွမ်းအင်များသည် အောင့်ယွဲ့ရဲ့ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်း ပစ်ခတ်လိုက်သည်။ မီးတိမ်များက ပြင်းထန်ပြီး မီးတောက်များ ဖြန်းခနဲ ထွက်​ပေါ်လာရာ လူများသည် မာနမကြီးရဲတော့ဘဲ တစ်ယောက်ပြီး တစ်ယောက် ရှောင်သွားကြသည်။

သားသတ်သမားသည် ပင်ပန်းနေပြီ ဖြစ်ပြီး သူ၏ ဒန်တန်ရှိ ရောင်ဝါသည် တဟုန်းဟုန်းတောက်နေသေးသည်ဟု ခံစားလိုက်ရသော်လည်း သူ၏ စိတ်ဝိညာဉ် စွမ်းအားနှင့် ခန္ဓာကိုယ်က အနည်းငယ်မျှပင် ထိန်းထားနိုင်ခြင်း မရှိပေ။ ဘယ်လို လွတ်မြောက်ရမလဲ ဆိုတာကို တွေးနေရင်းနဲ့ သူ့ပတ်ဝန်းကျင်က လူတွေရဲ့ အန္တရာယ် မရှိ​တော့ဘူး ဆိုတာကို ရုတ်တရက် သိလိုက်ရ၏။

သူမော့ကြည့်လိုက်တော့ အံ့အားသင့်ဖွယ်ဓားသွားကို ရုတ်တရက် ခံစားလိုက်ရရာ ထိတ်လန့်သွား​တော့သည်။ ထိုလူက ဘယ်သူလဲ။ ဓားစွမ်းအင်ရောင်ဝါက အားနည်းနေတာမျိုး မရှိပေ။ ထိုလူများသည် အဆင့်မြင့် ကျင့်ကြံသူများ မဟုတ်သော်လည်း ၎င်းတို့တွင် သူ့ထက် မပျော့တဲ့ လက်သိုင်းတွေ ရှိနေတယ်လို့ ခံစားနေရလေသည်။

သူအာရုံမစိုက်နိုင်ခင်မှာ ဓားကို ကိုင်ထားတဲ့လူက ပျံထွက်လာပြီး သူ့လက်ဖဝါးကို ဆန့်ထုတ်လာခဲ့သည်။

"သွားစို့!"

ရင်းနှီးသောအသံ၊ ရင်းနှီးသောရနံ့နှင့် နောက်ထပ် ပုံရိပ်သုံးခုကလည်း သူ့ပတ်ဝန်းကျင်တွင် ပျံ့လွင့်လာသည်။ သူတို့အားလုံးက သူ့အတွက် အန္တရာယ်ကင်းတဲ့ အငွေ့အသက်တွေဖြင့် လုရွှမ်နောက်မှ အမြန် လိုက်လာကြသည်။

သန့်စင်သော အသက်စွမ်းအင်တစ်ခု သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ရောင်ရမ်းနေသော ဒဏ်ရာများက လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။ သူ့မျက်လုံးတွေကို စူးစိုက်ကြည့်လိုက်တော့ သူ့ဘေးနားက ဘယ်သူလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

လုရွှမ်နဲ့ အောင့်ယွဲ့ပဲ။ သူတို့ဘေးနားက တခြားနှစ်ယောက်ကလည်း သူငယ်ချင်း​တွေပဲ ဖြစ်မယ်ဆိုတာ သိသာပါသည်။

သူ ရယ်မောလိုက်ရင်း လုရွှမ်ပုခုံးကို တစ်ချက် ပုတ်လိုက်ကာ အောင့်ယွဲ့ကလည်း ခေါင်းညိတ်ကာ နတ်သမီးကျင်းဟုန် နှင့် အောင်ရှင်းတို့ကိုလည်း ကျေးဇူးတင်ကြောင်း ပြလိုက်သည်။ လုရွှမ်နဲ့ အောင်ရှင်းကလည်း သေရေးရှင်ရေး အတွေ့အကြုံတွေကြားမှာ မိတ်ဆွေတွေ ဖြစ်ခဲ့သောကြောင့် ယဉ်ကျေးနေရန် မလိုအပ်ပေ။

"ဒီနေရာက အကြပ်​အတည်းကြီး ဖြစ်​​နေပြီ... မြန်​မြန်​ သွားကြရ​အောင်​!"

သူ့​ရှေ့တွင်​ နေရာပြောင်း အခင်းအကျင်းတစ်ခု ပေါ်လာတာကို မြင်​​တော့ လုရွှမ် ရုတ်​တရက်​​ အော်​လိုက်​သည်​။ ဒီအချိန်မှာ သူ့မျက်နှာက ဖြူဖျော့နေပြီး အရင်က ခံစားခဲ့ဖူးတဲ့ အန္တရာယ် အငွေ့အသက်က တစ်ဖန် ပြန်ပေါ်လာတာကြောင့် ခဏတာပင် မငြိမ်သက်နိုင်တော့ပေ။

သူပြောပြီးသည်နှင့် နောက်ကွယ်မှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

"သတိထား!"

လုရွှမ်က အော်ဟစ်ပြီး သားသတ်သမားကို အောင့်ယွဲ့ဘက်ကို တွန်းပို့လိုက်သည်။ သူ့ဓားကို စိတ်အားထက်သန်သော ရောင်ဝါဖြင့် အသက်သွင်းလိုက်ကာ သူယခုအချိန်အထိ အသုံးပြုနိုင်သည့် အပြင်းထန်ဆုံးဓား ဖြစ်တဲ့ ကောင်းကင်ဓားကိုးစင်ရဲ့ တတိယဓားကို ချက်ချင်းပင် အသုံးပြုလိုက်သည်။

ဓားရောင်ဝါ ပေါ်ထွက်လာစဥ် ခဏတာလောက်အထိ အချိန်တွေ ရပ်သွားသလိုပင်။

ကောင်းကင်နှင့် မြေကြီးသည် အဖြူရောင် အလင်းတန်းဖြင့် ဖုံးအုပ်သွားကာ တိတ်ဆိတ်မှုအတွင်း ဓားရှည်တစ်စင်းက နောက်ပြန်ဆုတ်သွားပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

အရှိန်က ပြင်းထန်သည်။ တောင်ကျ ရေတံခွန်တစ်ခုလို အရှိန်ကြောင့် လေထုပင် အပိုင်းပိုင်း ကွဲအက်သွားသည်။

လုရွှမ် ညည်းတွားလိုက်သည်။ သူ့ခန္ဓာကိုယ်ဟာ ကျိုးနေတဲ့ လက်နက်တစ်ခုလို ပေါက်ကွဲသံနဲ့အတူ သူ့အသားနဲ့ သွေးတွေ ပေါက်ကွဲထွက်ပြီး ခပ်ဝေးဝေး လွင့်စင်၍ နောက်ပြန် လဲကျသွား၏။

နတ်သမီးကျင်းဟုန်သည် သူမ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး အစိမ်းရောင် အသက်စွမ်းအင်များကို ပစ်လွှတ်ရင်း လုရွှမ်ကို ဖမ်းထားလိုက်သည်။ သူမရဲ့ပါးပြင်များက နီရဲလာပြီး လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးသော သူမဒန်တန်ရှိ သစ်သားဒြပ်စင် နတ်ပုတီးစေ့မှ ပြင်းထန်သော အသက်စွမ်းအင်များ ထွက်ပေါ်လာသည်။

အောင့်ယွဲ့ ရှေ့မှ ပျံသန်းကာ လူလေးယောက်ကို ဖမ်းဆွဲ၍ နေရာပြောင်း အခင်းအကျင်းထဲသို့ ပြေးဝင်သွားခဲ့သည်။

အောင်ရှင်းသည် သူတော်စင် ယွမ်သလင်းကျောက် အများအပြားကို လျင်မြန်စွာ စွန့်ပစ်လိုက်ပြီး အခင်းအကျင်းအား အသက်သွင်းလိုက်သည်။ အလင်းတန်း တစ်ခုနှင့်အတူ လူတိုင်း ပျောက်ကွယ်သွားခဲ့သည်။

ခဏအကြာ၌ အဘိုးကြီးချင်းရှန်း လေထုအလယ်မှာ ရုတ်တရက် ပေါ်လာပြီး ပြင်းပြင်းထန်ထန် အော်ဟစ်ကာ နေရာပြောင်း အခင်းအကျင်းထဲသို့ ဝင်သွားကာ အမြန် လိုက်သွား​တော့သည်။

ယခုအချိန်တွင် အခြေအနေက အလွန်အရေးတကြီး ဖြစ်နေသဖြင့် သူတို့ကို ဘယ်မြို့ ပို့လိုက်မှန်း မသိရသေးချေ။ အလင်းရောင်များ မှိတ်တုတ်မှိတ်တုတ်နဲ့ ပေါ်လာသောအခါ ရန်မြို့ကို ပြန်ရောက်နေကြောင်း သဘောပေါက်သွားကြသည်။

နောက်ဆုံးတော့ ပြန်ရောက်လာပြီ။

"အောင့်ယွဲ့ သူတို့ကို ကာကွယ်ထား!"

ကျင်းဟုန်က ရုတ်တရက် အော်လိုက်ပြီး သူတော်စင် ယွမ်သလင်းကျောက်များကို အလျင်အမြန် ထုတ်ယူကာ သလင်းကျောက်ပေါက်ထဲသို့ ပစ်ထည့်လိုက်သည်။ အလင်းသည် မှိတ်တုတ်မှိတ်တုတ် ပျောက်ကွယ်သွားပြီး နောက်တစ်ကြိမ် ပေါ်လာအခါ ၎င်းသည် ဝေးလံခေါင်သီသော မြို့ငယ်လေးမှာ ဖြစ်နေ၏။

"ဖျက်စီးခြင်းနွယ်ပင်တွေဆီ သွားကြရအောင်... နတ်မီးနယ်ပယ်က ငါတို့နောက်က လိုက်လာနေတယ်"

လွန်းပျံယာဉ်ကို ဆွဲထုတ်ပြီး လူတိုင်းသည် ဖျက်စီးခြင်းနွယ်ပင်တွေဆီ အရှိန်ပြင်းပြင်းနဲ့ ပြေးထွက်လာခဲ့သည်။

သူတို့ကို လိုက်ဖမ်းနေသူက နတ်မီးနယ်ပယ်က သခင်ဖြစ်ကြောင်း ကြားလိုက်သောအခါ လုရွှမ် ပြင်းထန်စွာ ဒဏ်ရာရသွားမည် ဖြစ်ကြောင်း အောင့်ယွဲ့ ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ကျင်းဟုန်တွင် သစ်သားဒြပ်စင် နတ်ပုတီးစေ့ ရှိသော်လည်း လုရွှမ်ကို ဖမ်းလိုက်စဥ် ပါးစပ်မှ သွေးတွေဖြန်းကနဲ ထွေးထုတ်လိုက်တာကြောင့် ထိတ်လန့်သွားခဲ့ရသည်။

သူတို့ကို လိုက်ဖမ်းနေသူသည် နတ်မီးနယ်ပယ်က အကြီးအကဲ ဖြစ်နေတာကြောင့် ထို​သူသည် သေချာပေါက် လူကြီးမင်းချင်းရှန်းပဲ ဖြစ်နိုင်၏။

ဒီအချိန်မှာ သူတို့ဟာ ရန်သူကို ခုခံကာကွယ်ဖို့ နည်းလမ်း မရှိတော့ပေ။ နေရာပြောင်း အခင်းအကျင်းပို့ခြင်း အကွာအဝေးက ပိုကြာလေ လုရွှမ်ရဲ့ ဒဏ်ရာအပေါ် သက်ရောက်မှုက ကြီးမားလေ ဖြစ်သည်။ ရှေးဟောင်းလျှပ်စီးမြို့တော်ကို သွားခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်သော်လည်း အကွာအဝေးက ဝေးလွန်းလှသည်။

ရှင်သန်ချင်ရင် နတ်မီးနယ်ပယ်က အရှင်သခင်တွေနဲ့ တိုက်နိုင်တဲ့ ပြိုင်ဘက်ကို ရှာတွေ့နိုင်မှသာ အဆင်ပြေလိမ့်မည်။ ဒီကမ္ဘာကို ကြည့်လိုက်ရင် ထိုအရေအတွက်က တကယ်ကို မများပေ။ ယခုမူ ဤနေရာ၌ ဖျက်စီးခြင်းနွယ်ပင်ကသာ ပြိုင်ဘက် ဖြစ်နိုင်၏။

နတ်မီးနယ်ပယ် သခင်များက အစွမ်းထက်သော်လည်း ဖျက်စီးခြင်းနွယ်ပင် အပေါ်တော့ ကြောက်လန့်မှု အပြည့်ရှိ​ကြသည်။ ၎င်းတို့သည် ဖျက်စီးခြင်းနွယ်ပင်ရဲ့ ပြိုင်ဘက်ပင် မဟုတ်​ကြပေ။

နတ်သမီးကျင်းဟုန်သည် လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲသို့ အသက်စွမ်းအင်ကို ဂရုတစိုက် လွှဲပြောင်းပေး​နေသည်။ အောင်ရှင်း၊ အောင့်ယွဲ့နဲ့ သားသတ်သမား ထူဖူးတို့သည် ပျံသန်းနေသော လွန်းပျံယာဉ်ကို ထိန်းချုပ်ကာ အပျက်အစီးများရှိသည့် နေရာကို အမြန်ဆုံး ရောက်ရှိရန် အစွမ်းကုန် ကြိုးစား​နေကြသည်။

စင်စစ်သော်ကား နတ်မီးနယ်ပယ် သခင်များသည် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ထိုအရာဟာ သူတို့ရင်းနှီးနေတဲ့ နယ်ပယ် မဟုတ်တာကြောင့် သူတို့သည် အဘိုးကြီးချင်းရှန်းကို မတိုက်ခိုက်ရဲပေ။

All Chapters