← Chapters

လျှို့ဝှက်အကူအညီ

Vol. 64 Ch. 472.4

လျှို့ဝှက်အကူအညီ

Vol. 64 Ch. 472.4

"ဟုတ်တယ် ကိုယ့်ကံကြမ္မာက ကိုယ်အပေါ်မှာပဲ မူတည်တယ်!"

သားသတ်သမားက ရယ်လျက် အော်ပြောလိုက်သည်။ လူလေးယောက်က ရှေ့ကလူရဲ့ နောက်ကျောဘက်မှာ ထိုင်ရင်း စက်ဝိုင်းပုံစံ ပတ်ထားလိုက်၏။

အောင်ရှင်းသည် ရေဒြပ်စင် နတ်ပုတီးစေ့ကို ကိုင်ထားပြီး ရေက သစ်သားကို ထုတ်သည့် သဘာဝဖြင့် ရေဒြပ်စင်စွမ်းအင်ကို ထုတ်ကာ နတ်သမီးကျင်းဟုန်ရဲ့ နောက်ကျောမှာ လက်ကို တင်လိုက်သည်။ သစ်သားက မီးထုတ်ကာ မီးက မြေကြီးကို ထုတ်ပြီး မြေကြီးက ရွှေကို ထုတ်​ပေးသည်။

သားသတ်သမားက လုရွှမ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သူ့လက်ကို တင်လိုက်ပြီး ရွှေဒြပ်စင် နတ်ပုတီးစေ့ကို ဆင့်ခေါ်မယ့် လုရွှမ်ရဲ့ လက်တွေက အောင်ရှင်းရဲ့ ကျောပေါ်မှာ နေရာယူလိုက်လေသည်။

လူလေးယောက်တို့သည် ဒြပ်စင်ငါးပါး နတ်ပုတီးစေ့နှင့် ဆက်သွယ်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့ကြပြီး ဒြပ်စင် လေးပါးက အရှိန်အဟုန်ဖြင့် လည်ပတ်နေကြသည်။

ရေစွမ်းအားသည် ကျင်းဟုန်ရဲ့ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားပြီး ထို့နောက်တွင် သစ်သား စွမ်းအားရဲ့ အကူအညီဖြင့် နတ်သမီးအောင့်ယွဲ့ရဲ့ မီးစွမ်းအားသည် ပြင်းထန်စွာ မြင့်တက်လာပြီး ထူဖူးရဲ့ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွား​လေသည်။

သားသတ်သမားရဲ့ မျက်နှာမှာ သွေးအရောင်လို နီရဲသွားသည်။ မြေဒြပ်စင် နတ်ပုတီးစေ့၏ လွှမ်းမိုးမှုအောက်တွင် သူသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ ထို့နောက် လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲသို့ မြေဒြပ်စင် စွမ်းအားများကို တိုးဝင်သွား​စေ၏။

လုရွှမ်သည် ဒြပ်စင်တွေရဲ့ စွမ်းအားကို ခံနိုင်ရည် မရှိပေ။ လေးလံသော မြေဒြပ်စင် စွမ်းအား သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာတဲ့အခါ သူ့အဆစ်များသည် မကူညီနိုင်တော့ဘဲ မြေဒြပ်စင် စွမ်းအားကြောင့် တခဏချင်းပင် ကြေမွလုနီးပါး ဖြစ်သွားခဲ့သည်။

လုရွှမ် ညည်းညူရင်း စိမ်းပြာနဂါးရဲ့ နှလုံးခုန်နှုန်းက အလွန်မြန်လာသည်။ သန့်စင်သော စိမ်းပြာနဂါး စွမ်းအားလှိုင်းများက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။ သူ့အဆစ်များ တုန်ခါသွားပြီး ကြွက်သားများ ဖောင်းကားလာကာ ခန္ဓာကိုယ်အနှံ့ ပြင်းထန်သော စွမ်းအားများက တဖြည်းဖြည်းချင်း ဖြန့်ကျက်သွားသည်။

လုရွှမ် တဖြည်းဖြည်းနဲ့ မြေဒြပ်စင်ရဲ့ စွမ်းအားကို လက်ခံလာနိုင်ခဲ့သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ဓားစွမ်းအင်များ တဟုန်ထိုးတက်လာရာ မိုးနတ်ဘုရားဓားကို နှိုးဆွမိသွားသည်။ မိုးနတ်ဘုရားဓားက တဆက်ဆက် တုန်ခါလာကာ ဟိန်းဟောက်၍ သူ့ဦးခေါင်းထက်မှ အလိုအလျောက် ခုန်တက်သွားသည်။

ဓားရောင်ဝါ၏ လွှမ်းမိုးမှုအောက်တွင် ပတ်ဝန်းကျင်ရှိ ဓားစွမ်းအင်များသည် သူ့ဘက်သို့ တိုးဝင်လာပြီး လုရွှမ်ရဲ့ ဦးခေါင်းအထက်က မိုးနတ်ဘုရားဓားသို့ ပေါင်းစပ်သွားသည်။

သတ္တု စွမ်းအားက သိသိသာသာ တိုးလာသဖြင့် လုရွှမ်လည်း သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း မာကျောလာတာကို ခံစားလိုက်ရသည်။

“ပေါ်လာစေ!”

ကောင်းကင်မှ လှိမ့်ချလာသော မိုးခြိမ်းသံကဲ့သို့ ဟောက်သံတစ်ခုက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေ၏။ လုရွှမ် အော်သံနှင့်အတူ ပါးစပ်ထဲမှ သွေးများ ထွက်ကျလာသည်။

လုရွှမ်ရှေ့မှာ ထိုင်နေတဲ့ အောင်ရှင်းက အော်မေးလေ၏။

"လုရွှမ် ဘယ်လိုလဲ"

"မရပ်လိုက်နဲ့... မင်းရဲ့ စွမ်းအားကို ဆက်ပြီး ပို့နေလေ ပိုကောင်းလေပဲ"

သူ့စိတ်ထဲတွင် အဘိုးကြီးချင်းရှန်းတို့ ရောက်လာပုံရတာကို ယောင်ဝါးဝါး ခံစားမိနေပြီ ဖြစ်သော်လည်း ရွှေဒြပ်စင်နတ်ပုတီးစေ့က ပေါ်လာခြင်း မရှိ​သေးပေ။

အဘိုးကြီးချင်းရှန်း တကယ်ပဲ ဘာလုပ်ချင်နေမှန်း သူဘယ်လိုလုပ် နားမလည်ဘဲ ​နေမလဲ။ သူတို့ ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ အားလုံးကို ဆင့်ခေါ်ပြီးတဲ့အခါ သူသည် ဒြပ်စင်ငါးခုကို တစ်ရှိန်ထိုး လုယူကြမှာပဲ ​ဖြစ်သည်။

သို့သော်လည်း လုရွှမ်သည် နောက်တစ်ယောက်လည်း ရောက်ရှိလာတာကို ယောင်ဝါးဝါး ခံစားလိုက်ရသည်။ ထိုသူက လူကြီးမင်းဟော်ရှန်း ဟုတ်သလိုပင်။

ဒါပေမဲ့ အခုက နောက်ဆက်တွဲ ဘာဖြစ်လာမလဲ ဆိုတာကို စဉ်းစားရမယ့်အချိန် မဟုတ်သေးချေ။ လုရွှမ် အသက်ပြင်းပြင်း ရှူလိုက်တော့ သူ့ရင်ဘတ်ကို ဖောင်းပွလာသည်။

"ပေါ်လာတော့!"

စူးစူးဝါးဝါး အော်သံတစ်ခုက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။ လုရွှမ် ရွှေဒြပ်စင် နတ်ပုတီးစေ့ကို ဖျတ်ခနဲ ခံစားလိုက်ပုံရသော်လည်း ဖိတ်ခေါ်သည့်အင်အားက မလုံလောက်တော့တာ ထင်ရှားလာသည်။

"ငါခံစားမိပြီ... ဒါပေမဲ့ ဖိတ်ခေါ်တဲ့ စွမ်းအားက မသန်မာသေးဘူး... စိတ်မပူပါနဲ့ မင်းတို့အားကို ထပ်ထည့်လိုက် ငါ့ကိုယုံ... ငါသည်းခံနိုင်တယ်!"

အောင်ရှင်း သူမသွားများကို အံကြိတ်ကာ ခွန်အားအားလုံးကို ထုတ်လွှတ်လိုက်သည်။ ကျင်းဟုန်၊ အောင့်ယွဲ့နှင့် ထူဖူးတို့သည်လည်း သွားများကို အံကြိတ်ကာ လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲသို့ အလွန်ပြင်းထန်သော စွမ်းအားလှိုင်းများကို ဖြန့်ကျက်ပေးလိုက်သည်။

တကယ့်ကို အရှိန်အဟုန် ပြင်းပြင်းနဲ့ လှည့်ပတ်နေ၏။ လုရွှမ် သူ့လည်ချောင်းထဲ သွေးတွေ ဆောင့်ထွက်လာပေမယ့် သည်းခံပြီး မျိုချလိုက်သည်။

ဓားရည်ရွယ်ချက်က မြေဒြပ်စင်ကို ဖြတ်တောက်ပြီး အဆက်မပြတ် ကြီးထွားဖွံ့ဖြိုးလာကာ ရုတ်တရက် ဆိုသလိုပင် လုရွှမ်ရဲ့ အော်သံကလည်း ဟိန်းထွက်လာ၏။

"ပေါ်လာစေ!"

ဗုန်း!

ထိုအသံသည် ကျယ်လောင်လွန်းသဖြင့် လုရွှမ်သာမက တခြားသူများပင် ကြားနေရသည်။ အသံထွက်လာတဲ့ ကောင်းကင်ကို လူတော်တော်များများ တညီတညွတ်တည်း ကြည့်လိုက်ကြ၏။

ရွှေဒြပ်စင် နတ်ပုတီးစေ့သည် မပေါ်သေးသော်လည်း မိုးခြိမ်းသံ တလိမ့်လိမ့်နှင့် လေထဲတွင် လွင့်မျောနေသော တိမ်တွေက အရောင် ငါးရောင်အဖြစ် ပေါ်ထွက်လာနေပြီ။ မိုးခြိမ်းသံက လူတိုင်းရဲ့ နှလုံးသားကို ပေါက်ကွဲသွားတော့မတတ် အော်ဟစ်မြည်ဟီးနေ၏။

လုရွှမ်ရဲ့ ခန္ဓာကိုယ်သည် ရုတ်တရက် လေထဲသို့ ပျံတက်သွားပြီး တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော ဓားသွားရောင်ဝါက အရပ်ရပ်မှ ပြေးထွက်လာသည်။

မိုးခြိမ်းသံတစ်ချက်က လုရွှမ်ရဲ့ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိမှန်သွားခဲ့ပြီ။ လျင်မြန်လွန်းသဖြင့် လုရွှမ် ခံနိုင်ရည် မရှိတော့ပေ။

"လုရွှမ်!"

အောင့်ယွဲ့တို့ တစ်ဖွဲ့လုံး အော်ဟစ်လိုက်ကြသည်။

သို့သော် လုရွှမ် လဲကျမသွားတာကို သူတို့ မြင်လိုက်ရသလို လုရွှမ်ရဲ့ ဟောက်သံကလည်း နဂါးတစ်ကောင်ရဲ့ ဟောက်သံလို ထွက်ပေါ်လာ၏။ လေထဲတွင် ပျံဝဲနေသော သူ့ခန္ဓာကိုယ်သည် အလင်းရောင် စီးကြောင်းများ ရုတ်တရက် ရစ်ပတ်လာကာ မီးလုံးတစ်လုံး အဖြစ်သို့ ပြောင်းလဲသွားသည့်နှယ် ကောင်းကင်ကို ဖြတ်ကာ ပျောက်ကွယ်သွားခဲ့သည်။

လုရွှမ် ပြန်လည်ပေါ်လာစဥ် အစောက သူပျောက်ကွယ်သွားတဲ့ နေရာ၌ မိုးကြိုးပစ်ချက်ကြောင့် အာကာသ အက်ကြောင်းတစ်ခု ပွင့်လာလေ၏။ ၎င်းက လျင်မြန်စွာ ပျောက်ကွယ် သွားသော်လည်း သူ့ရဲ့လှုပ်ရှားမှုက အမှောင်ထဲတွင် ပုန်းနေသော ချင်းရှန်း နှင့် ဟော်ရှန်းကို ထိတ်လန့်သွားစေခဲ့သည်။

ရှေး​ဟောင်းလျှပ်စီးကမ္ဘာသည် သာမန်သေးငယ်သော ကမ္ဘာတစ်ခု မဟုတ်ချေ။ ၎င်းတွင် ပြီးပြည့်စုံသော စည်းမျဉ်းများနှင့် နည်းဥပဒေများ ရှိသည်။ ဤနေရာသည် အလွန်တည်ငြိမ်ဘှသည်။ သာမန် ကောင်းကင်ဘုံ သခင်များပင်လျှင် လေထုအတွင်း အာကာသ အက်ကြောင်းတစ်ခု ဖန်တီးလိုပါက မလုပ်နိုင်လောက်ချေ။

ယခုမူကား သူတော်စင် ကောင်လေးတစ်ယောက်၏ ဓားအောက်တွင် လေထုက အာကာသ အက်ကွဲကြောင်း အမှန်တကယ် လုပ်နိုင်ခဲ့သည်။

"ကောင်းပြီ ဒါက ငါ့ရဲ့ ယွမ်ယန်ဓားကိုးစင်းထဲက စတုတ္ထဓား ဖြစ်တဲ့ လေထုကိုဖြတ်တောက်ခြင်း!!"

လုရွှမ် ကျယ်လောင်စွာ အော်လိုက်ပြီး သူ့ခန္ဓာကိုယ်က ပျံသန်းနေတဲ့ နတ်ဘုရားတစ်ပါးလို လွင့်သွားသည်။ သူ့ခြေဖဝါးအောက်မှာ ဓားစွမ်းအင်နဲ့ ကောင်းကင်ထက်က တိမ်ငါးရောင်ထဲက ဓားရှည်အရိပ် တစ်ချောင်းဟာ သူ့ဦးခေါင်းထက်မှာ လွင့်ပျံနေ၏။

"ထွက်လာခဲ့!"

ဗုန်း!

ဒီတစ်ခါ အသံက မထင်မှတ်ထားလောက်အောင် ကျယ်လွန်းကာ ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်သွားပြီး ကောင်းကင်နဲ့ မြေကြီးကလည်း လှုပ်ခတ်နေသည်။

အားလုံးက အရှေ့ကို အတူတူ မျှော်ကြည့်လိုက်စဥ် ရွှေရောင် နတ်ပုတီးစေ့က လုရွှမ်ဆီသို့ ပျံသန်းသွားတာကို တွေ့လိုက်ရသည်။

ရွှေဒြပ်စင်နတ်ပုတီးစေ့ကို အမှန်တကယ် ဆင့်ခေါ်ခဲ့ပြီ။

အဘိုးကြီးချင်းရှန်းရဲ့ မျက်လုံးများလည်း တောက်ပလာပြီး သူ့ခန္ဓာကိုယ်က ရုတ်တရက် ခုန်ထွက်လာခဲ့သည်။ သူက လုရွှမ်အား လက်ဖဝါးတစ်ဖက်နှင့် ရိုက်ကာ တခြားလက်ဖဝါးဖြင့် လေထဲက ရွှေဒြပ်စင် နတ်ပုတီးစေ့ကို ကိုင်လိုက်သည်။

လုရွှမ် ဤလက်ဖဝါးရဲ့ စွမ်းအားကို စိတ်ကူးကြည့်နိုင်သည်။ အရင်က စိတ်ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုတစ်ခုပဲ ဆိုပေမယ့် အရမ်းအားကောင်းနေပြီ။ ဒီလက်ဖဝါးကို သူ မတားဆီးနိုင်ပေမယ့် အောက်မှာ သေရေးရှင်ရေး ဒုက္ခတွေကို မျှဝေပေးခဲ့တဲ့ သူ့သူငယ်ချင်းတွေက ဘယ်လို ရုန်းထွက်နိုင်မလဲ။

"လေထုကိုဖြတ်!"

လုရွှမ် တစ်ခွန်းပြီး တစ်ခွန်း အော်လိုက်သည်။

မိုးနတ်ဘုရားဓားသည် လက်ရှိ သူ့လက်ထဲ ကိုင်ဆောင်ထားတဲ့ ဓားရှည် မဟုတ်သော်လည်း တဖြည်းဖြည်းချင်း ရွေ့လျားလာခဲ့သည်။

ကြည့်လိုက်လျှင် နှေးနေပုံရပေမယ့် အရှိန်က အရမ်းမြန်သည်။ လှုပ်ရှားလိုက်တဲ့ အသံနဲ့အတူ လုရွှမ်ရဲ့ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး လက်ဖဝါး စွမ်းအင်ကို ထိမျသွားသည်။

လူတစ်​​ယောက်​နှင့်​ လက်​ဖဝါးတစ်​ချက် ထိမှန်​သွားသည်​။ လုရွှမ် သူထင်​မှတ်​ထားတဲ့ ရှုံးနိမ့်​မှုမျိုး မဖြစ်​​ပေါ်​လာတာကြောင့် တုန်​လှုပ်​သွားမိသည်​။ သူသည်​ အသွင်​​ပြောင်း​ထားသော လက်​ဖဝါး စွမ်းအင်ကို အမှန်​ပင်​ ​ထိုးဖောက်​ပစ်လိုက်​သည်​။ သူဒဏ်ရာ ရသွားရမယ့်အစား အဘိုးကြီးချင်းရှန်းကသာ ညည်းညူသွားသည်​။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

အောက်ခြေက​နေ တိုက်ပွဲကို ကြည့်နေသော လူများမှာလည်း အံ့အားသင့်သွားကြသည်။ လုရွှမ်သည် သန်မာတာကြောင့် ကောင်းကင်ဘုံသခင်ကို အနိုင်ယူနိုင်စွမ်း ရှိရင်ကို လူတိုင်းရဲ့ မျှော်လင့်ချက်ထက် ကျော်လွန်​နေ​ပြီ ဖြစ်သော်လည်း ၎င်းကို သူတို့ရှေ့တွင် လက်မခံနိုင်သော နတ်မီးနယ်ပယ်ကိုပင် အနိုင်ယူနိုင်ခဲ့သည်။

သူတို့ အိပ်မက်မက်နေတာလား?

လုရွှမ်က ရူးကြောင်ကြောင် တွေးတတ်သူ မဟုတ်တာကြောင့် အဘိုးကြီးချင်းရှန်းရဲ့ လက်ဝါးချက်ကို တစ်စုံတစ်ယောက်က ဝင်ရောက် တားဆီးလိုက်ကြောင်း လျင်မြန်စွာ တွေးလိုက်မိသည်။

ဒါက လူကြီးမင်းဟော်ရှန်းပဲ ဖြစ်နိုင်သည်။ အခုအချိန်မှာတော့ ရွှေဒြပ်စင် နတ်ပုတီးစေ့သည် အဘိုးကြီးချင်းရှန်းရဲ့ လက်ဖဝါးကို ရှောင်ထွက်သွားပြီး သူ့ဆီသို့ ပျံသန်းလာနေ၏။ ဒါက အဘိုးကြီးချင်းရှန်းကို အသိအမှတ် မပြုတာ ထင်ရှားပေသည်။

အခုက များများစားစား ဂရုစိုက်နေရမယ့် အချိန်မဟုတ်ချေ။ မဟုတ်ရင် အရမ်းကြိုးစားပြီး နောက်ဆုံး အခိုက်အတန့်မှာမှ လှည့်စားခံရပြီး တကယ် သေသွားရလိမ့်မည်။

ရွှေဒြပ်စင် နတ်ပုတီးစေ့သည် လုရွှမ်လက်ထဲသို့ ရောက်လာခဲ့၏။ ထိုအခါမှ လုရွှမ်လည်း သက်ပြင်းတစ်ချက် ချနိုင်တော့သည်။ နောက်ဆုံးတော့ သူ့ကိုယ်သူ အနည်းငယ် ကာကွယ်နိုင်ခဲ့ပြီ။

All Chapters