← Chapters

ဖျက်စီးခြင်းနွယ်ပင်တွေ ပေါ်လာပြီ

Vol. 64 Ch. 473.4

ဖျက်စီးခြင်းနွယ်ပင်တွေ ပေါ်လာပြီ

Vol. 64 Ch. 473.4

"ဟော်ရှန်း မင်းဒါ ဘာသ​​ဘောလဲ?"

အဘိုးကြီးချင်းရှန်းက ဒေါသတကြီး အော်လိုက်သည်။ ထိုအခိုက် လေထုအလယ်ကနေ လူတစ်ယောက် တိတ်တဆိတ် ထွက်ပေါ်လာပြီး ၎င်းမှာ ရန်မြို့က မြို့သခင်ကြီး လူကြီးမင်းဟော်ရှန်းပဲ ဖြစ်​လေသည်။

အောင့်ယွဲ့တို့လည်း အစောက ဖြစ်ရပ်ကို ရုတ်တရတ် သဘောပေါက်သွားကြသည်။ လုရွှမ်က လေထဲတွင် လူကြီးမင်းဟော်ရှန်းကို အလျင်အမြန် ဂါဝရပြုလိုက်သည်။

"ကျွန်တော့်အသက်ကို ကယ်တင်​ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်း"

“လူငယ်လေး မင်း ငါ့မိသားစုထဲကို မဝင်လာချင်ဘူး ဆိုရင်လည်း ထားပါတော့ မင်းက ဒုက္ခရောက်နေတဲ့ အချိန်မှာတောင် ငါ့ကိုအကူအညီ မတောင်းဘူး... မင်းက ငါ့ကိုမင်းရဲ့ အကြီးအကဲအနေနဲ့ ဂရုမစိုက်ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလား?"

လုရွှမ်က ခပ်မြန်မြန်ပြုံးပြီး ပြောလိုက်သည်။

"အကြီးအကဲက ရယ်စရာတွေ ပြောနေပါပြီ... ကျွန်တော်သာ အကြီးအကဲ ဘယ်မှာလဲဆိုတာ သိရင် အသက်ကို စွန့်စားပြီး ဒီလိုတိုက်နေမှာလား? အစောကတည်းက အကြီးအကဲရဲ့ နာမည်ကို အသုံးချလိုက်ပြီပေါ့... ဘယ်သူက ကျွန်တော့်ကို အနိုင်ကျင့်ဖို့ သတ္တိရှိမှာလဲ?"

လူကြီးမင်းဟော်ရှန်းက သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ကျေနပ်စွာ ရယ်မောလိုက်သည်။ သူက လုရွှမ်ကို သူ့ရဲ့ချစ်ခင်မှုကို ပြသချင်တာဖြစ်ပြီး လုရွှမ်ကလည်း ဒါကို ကောင်းကောင်း နားလည်သွားခဲ့သည်။

ရိုးရိုးသားသား ပြောရရင် ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ ထွက်လာတာကို မြင်လိုက်ရတော့ ခဏလောက် လောဘကြီးသွားသေးသည်။ ကမ္ဘာ့ရတနာပဲလေ ဘယ်သူက ဂရုမစိုက်ဘဲ နေမှာလဲ။

ဒါပေမဲ့ နောက်ဆုံးတော့ သူ့ရဲ့လောဘကို မျိုသိပ်ထားလိုက်သည်။ ကမ္ဘာ့ရတနာက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အရည်အချင်းက ပိုအရေးကြီးတယ်လေ။

ဒြပ်စင်ငါးပါးနတ်ပုတီးစေ့ ပျောက်ကွယ်သွားတာ နှစ်တွေ ဘယ်လောက် ကြာခဲ့ပြီလဲ။ ကျင့်ကြံသူတွေ ဘယ်လောက်တောင် ရှာခဲ့ကြလဲ? ဘယ်သူကများ လုရွှမ်လို ရှာတွေ့ခဲ့ကြလဲ။

လုရွှမ်သည် ဤကဲ့သို့သော ကမ္ဘာ့ရတနာကို ခေါ်ဖိတ်နိုင်တာ သူ့အရည်အချင်းက သေးငယ်သော ပမာဏ မဟုတ်နိုင်ပေ။ သူကတော့ ဖရဲသီးတစ်လုံး အဆုံးရှုံးခံပြီး နှမ်းစေ့ကို ရွေးချယ်ရန်သာ စဥ်းစားမိခဲ့သည်။

လုရွှမ်လည်း လူကြီးမင်းဟော်ရှန်းရဲ့ အစီအစဥ်ကို နားလည်ခဲ့ပြီး သူ့စိတ်ထဲတွင် အလွန်ကျေးဇူးတင်နေမိသည်။ အရင်က လူကြီးမင်းဟော်ရှန်းဆီက အကူအညီ မတောင်းဝံ့တာဟာ အိမ်ရှေ့တံခါးက ကျားတွေဆီ ဦးတည်သွားပြီး နောက်တံခါးက ဝံပုလွေတွေ ဝင်လာမှာကို စိုးရိမ်နေလို့ပဲ မဟုတ်လား။

ဒါကကမ္ဘာ့ ရတနာတစ်ပါးမိုလို့ ဘယ်စိတ်နှလုံးက လောဘရဲ့ဒဏ်ကို ခံနိုင်ရည် ရှိမှာလဲ?

အဘိုးကြီးချင်းရှန်းသည် တင်းမာသော မျက်နှာထားနှင့် ဟော်ရှန်းဘက်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

"ဟော်ရှန်း မင်းငါ့ကို ဆန့်ကျင်မယ်ပေါ့ ဟုတ်လား?"

"ငါ ကမ္ဘာကြီးကို အုပ်စိုးတုန်းက မင်းဘယ်ရောက်နေမှန်းတောင် မသိဘူး... မင်း မျိုးဆက်သစ် လူငယ်တွေကို ဓားပြတိုက်နေတာ ရှက်စရာမကောင်းဘူးလား?"

လုရွှမ် မထိန်းနိုင်တော့ဘဲ ရယ်လိုက်စဥ် အောင်ရှင်းနဲ့ တခြားသူများလည်း ရယ်မောရင်း အလွန်စိတ်သက်သာရာ ရသွား​ကြသည်။

အစောကဆို သူတို့အားလုံး အသေခံ တိုက်ပွဲဝင်ရန် အဆင်သင့် ဖြစ်ခဲ့ကြသည်။ အကျပ်အတည်း အတွင်း မမျှော်လင့်ဘဲ လူကြီးမင်းဟော်ရှန်းက သူတို့ကို ကယ်တင်ရန် ရောက်လာခဲ့သည်။ ဟော်ရှန်းကိုတော့ ဤအချိန်တွင် လူတိုင်းက သူ့ကို လေးစားထိုက်သော အကြီးအကဲ အဖြစ် မှတ်ယူလိုက်ကြသည်။

နှိုင်းယှဉ်ချက်အရ အဘိုးကြီးချင်းရှန်းကလည်း နတ်မီးနယ်ပယ်က အကြီးအကဲ ဖြစ်ကြသော်လည်း ၎င်းတို့၏ အမူအရာမှာ အလွန်ကွာခြားလှသည်။

"ကောင်းပြီ သီလရှိသူကပဲ ဘဏ္ဍာကို ရထိုက်တယ်... ဒါ့ထက် ဒါကကမ္ဘာ့ရတနာပဲ... သူတော်စင်နဲ့ မဟာသူတော်စင်ပဲ ရှိတဲ့ လူငယ်တွေက ကမ္ဘာ့ရတနာကို အရယူနေကြတာ ကျင့်ကြံခြင်းလောကကို မျက်လုံးထဲ မထည့်တာလား"

လုရွှမ်က "လူတွေရဲ့ ဥစ္စာကို ပေါ်တင် ခိုးယူရတာ အရှက်မရှိလောက်အောင်ကို ရှက်စရာ ကောင်းတယ်လို့ မထင်ဘူးလား? ကမ္ဘာ့သူရဲကောင်းတွေက အဲဒီလို မျိုးဆက်က ဆင်းသက်လာမယ် ဆိုရင် ဘယ်လိုလူတွေ ပေါ်ထွက်လာမယ်လို့ ခင်ဗျား ထင်လဲ?"

အဘိုးကြီးချင်းရှန်းရဲ့ မျက်လုံးများ ပြူးကျယ်လာပြီး အားပြင်းသော လှိုင်းလုံးကြီးက ရုတ်တရက် လုရွှမ်ဆီကို ရိုက်ခတ်လာခဲ့သည်။

လုရွှမ်က သူ့ဓားကို နောက်ပြန်ဆွဲထုတ်ပြီး ဓားအလင်းနဲ့ ပြန်ခုတ်ချလိုက်သည်။ ကျယ်လောင်တဲ့ အသံနဲ့အတူ လုရွှမ် နောက်ပြန်နှစ်လှမ်းလောက် ဆုတ်ပြီး နောက်ကျောကို တည့်တည့်မတ်မတ် ပြန်ထိန်းရပ်လိုက်သည်။

အဘိုးကြီးချင်းရှန်းမှာ အံ့အားသင့်သွားကာ အသံပင် မထွက်နိုင်ခဲ့ချေ။ လူကြီးမင်းဟော်ရှန်းကတော့ ပျော်ရွှင်​နေသော မျက်လုံးများဖြင့် အံ့အားသင့်စရာ အရိပ်အမြွက်များကို ပြသလာခဲ့သည်။

တကယ်တော့ ဒါဟာ နတ်မီးနယ်ပယ် အကြီးအကဲတစ်ယောက်ရဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပြီး လွယ်လွယ်ကူကူ ခုခံနိုင်တဲ့ တိုက်ခိုက်မှုမျိုး မဟုတ်ပေ။ သာမန် ကောင်းကင်ဘုံသခင်က ခုခံချင်နေရင်တောင် ပြင်းထန်စွာ ရင်ဆိုင်ဖြေရှင်းဖို့ သူ့ရဲ့ ခွန်အားကို အစွမ်းကုန် အသုံးပြုရပါသေးသည်။

လုရွှမ်က တကယ်ကို တားဆီးနိုင်ခဲ့၏။

ဤအခိုက်အတန့်တွင် လုရွှမ်သည် သူ့စိတ်ထဲတွင် ရွှင်မြူးနေသော်လည်း စိတ်လှုပ်ရှားနေတဲ့ အမူအရာကို မ​ပြ​ဘဲ ရေပြင်ညီ ငြိမ်သက်နေသကဲ့သို့ မျက်နှာက အလွန် ငြိမ်သက်နေဆဲ ဖြစ်သည်။

ရွှေဒြပ်စင် နတ်ပုတီးစေ့ကို ရရှိခြင်းရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးမှာ နတ်ပုတီးစေ့က လုရွှမ်ရဲ့ ဓားရည်ရွယ်ချက်ကို နားလည်သွားခြင်းပဲ ဖြစ်​လေသည်။

ရွှေဆိုတာ ဖျက်ဆီးလို့ မရနိုင်တဲ့ သတ္တုတစ်ခုပင်တည်း။ သူထောက်ပံ့ထားတဲ့ ဓားတစ်ချောင်းကို အရှိန်မဖြတ်ဘဲ ချိုးဖျက်လို့ မရချေ။

ဓားရည်ရွယ်ချက်က ရွေ့သွားပြီး ဓားစွမ်းအင်တွေ ထွက်လာသည်။ နောက်ဆုံးတော့ အဘိုးကြီးချင်းရှန်းက ဝိညာဉ်သခင် မဟုတ်သလို သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားက သာမန်အ​နေဖြင့်ပင် မသုံးတတ်ပေ။

အဘိုးကြီးချင်းရှန်းရဲ့ မျက်နှာသည် နီရဲလာပြီး အလွန်ရှက်ရွံ့ကာ အရှက်ကွဲသလို ခံစားလိုက်ရသည်။

နတ်မီးနယ်ပယ်က သခင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို သူတော်စင်က တားဆီးခဲ့တယ်တဲ့လား?

လူသတ်ချင်သည့် ရည်ရွယ်ချက်များ ပေါက်ထွက်လာသည်။ အဘိုးကြီးချင်းရှန်း လုရွှမ်ကို အပြေးအလွှား သတ်ပစ်ချင်နေတာပဲ ဖြစ်လေ၏။ ထိုအခိုက် ဟော်ရှန်းဘက်မှ လေးနက်သော စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး

"ချင်းရှန်း မင်းလည်း အကြီးအကဲ တစ်ယောက်ပဲ... လုရွှမ်က မင်းရဲ့ တိုက်ကွက်တစ်ခုကို ပိတ်ဆို့ထားပြီးပြီ.... မင်းက ဒုတိယတိုက်ကွက်ကို သုံးဖို့ တကယ်ကြိုးစားတော့မှာလား? မင်း တကယ်ကို အရှက်မရှိတဲ့ လူပဲ... ဟမ့် နတ်မီးနယ်ပယ်က သခင်တွေကို အရှက်မကွဲစေနဲ့.... ငါ​ပြန်ပြောလိုက်လို့ မင်း တခြားသူတွေဆီက နှိမ့်ချခံရမှာကို မကြောက်ဘူးလား"

ချင်းရှန်းရဲ့ အမူအရာ ပြောင်းသွားပြီး ဒေါသကို ထိန်းကာ ဟော်ရှန်းကို ကြည့်လိုက်သည်။

"မင်းက သူ့ကို ကယ်ဦးမယ်ပေါ့"

"ငါ ကာကွယ်ထားတဲ့ လူက ရန်မြို့ကို နာမည်ကြီးလာအောင် လုပ်ပေးခဲ့တဲ့သူပဲ... သူလည်း နာမည်ကြီးလာပြီ... သူက ငါ့တူလေးလိုပဲလေ သူ့ကို ကာကွယ်ပေးရတာ သဘာဝကျပါတယ်"

အဘိုးကြီးချင်းရှန်းက ရယ်​​မောလိုက်ကာ။

"ကောင်းပြီ မင်း သူ့ကို ဘယ်လောက်ကြာကြာ ကာကွယ်ထားနိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့... ဟမ့် အထူးသဖြင့် ဒီလို အငယ်တန်းလေး အနည်းငယ်က နတ်ပုတီးစေ့ ငါးလုံးကို တကယ်ရခဲ့တာကို တခြားသူတွေက သိသွားတဲ့အခါ ဟားဟားဟားဟားဟားဟားဟား!"

ရယ်မောသံများကြားတွင် ချင်းရှန်းသည် လှည့်ကာ ထွက်သွားလေသည်။

လုရွှမ် နှလုံးခုန်သံ တစ်ချက်နဲ့အတူ ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။

"ချင်းရှန်း.... ခင်ဗျားက ကျုပ်တို့ရဲ့ ဘေးကင်းမှုက မသက်ဆိုင်ပါဘူး ဒါပေမဲ့ ခင်ဗျားရဲ့အရှက်မရှိတဲ့ ပါးစပ်ကြောင့် ဟီးဟီး သတင်းတစ်ပုဒ်က တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားမှာ သေချာတယ် "

"ကောင်လေး မင်းသေလမ်းကို ရှာနေတာပဲ!"

အဘိုးကြီးချင်းရှန်းက အော်လိုက်သည်။ လုရွှမ်လည်း တစ်ဖက်က ဖျက်စီးခြင်း နွယ်ပင်တွေကို လက်ညှိုးထိုးပြလိုက်ပြီး

"ခင်ဗျားကို ဘာလို့ ဒီကို လာခေါ်ခဲ့တာလဲ သိလား? ကျုပ်တို့မှာ ဒြပ်စင်ငါးပါး နတ်ပုတီးစေ့တွေ ရှိလို့ပဲ.... အချိန်တန်ရင် ကျုပ်တို့ ဒီနွယ်တောထဲကနေ ဘေးကင်းကင်းနဲ့ ဆုတ်ခွာသွားနိုင်တယ်... ဘာကြောင့်လဲဆိုတော့ ဒီနွယ်တွေမှာ တုနှိုင်းမရနိုင်လောက်အောက် တန်ခိုးကြီးတယ်... ခင်ဗျားလို နတ်မီးနယ်ပယ်က ထက်မြက်သူကို တွေ့ရင်တော့ သေချာပေါက် ဒေါသအလိပ်လိပ် ထွက်လာလိမ့်မယ်"

"ကောင်လေး... မင်းရဲ့ သခင်နယ်ပယ်ကို နှိုးဆွပေးတဲ့နည်းလမ်းက ငါ့အတွက် အသုံးဝင်မယ် ထင်လား?"

အောင်ရှင်း နှင့် တခြားသူများ၏ မျက်နှာများမှာ မျှော်လင့်ချက်များ၊ သံသယများဖြင့် ပြည့်နှက်နေကာ အရောင်ပင် အနည်းငယ် ပြောင်းလဲသွား၏။ လုရွှမ်ရဲ့ နတ်မီးနယ်ပယ်ရဲ့ စိတ်ကို နှိုးဆော်​ပေးတဲ့ နည်းလမ်းက ရိုးရှင်းလွန်းသဖြင့် အဘိုးကြီးချင်းရှန်း အတွက်က ရယ်စရာ ကောင်းလှသည်။

လုရွှမ် ပုခုံးတွန့်ပြလိုက်ပြီး

"သေချာပေါက် အသုံးဝင်တာပေါ့... ကောင်းကင်ဘုံသခင် ဆိုရင် ကျုပ်အဲ့လို မပြောပါဘူး...ခင်ဗျားကို ပြောပြရတာက ခင်ဗျားမှာ သတ္တိမရှိလို့ပဲ"

ထို့နောက် လုရွှမ် လှည့်၍ လူကြီးမင်းဟော်ရှန်းကို ဂါဝရပြုကာ

"ကျွန်တော့်ကို အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ... ဒီဖျက်စီးခြင်း နွယ်ပင်တွေက အရမ်းကြောက်စရာ ကောင်းတယ် ဆိုတဲ့အကြောင်း အကြီးအကဲကို သတိပေးချင်ပါတယ်.... အကြီးအကဲက နတ်မီးနယ်ပယ်က အကြီးအကဲ ဆိုပေမယ့် အကြီးအကဲအနေနဲ့ အနီးကပ် မသွားသင့်ဘူး"

ဟော်ရှန်းလည်း အံ့သြသွားပြီး

"အို... တကယ်ပဲလား"

"အမှန်ပါပဲ"

အဘိုးကြီးချင်းရှန်က အကြိမ်အနည်းငယ် ကဲ့ရဲ့ပြီးနောက် သူသည် ဖျက်စီးခြင်းနွယ်ပင်များဆီ ပြေးဝင်သွားလေသည်။

"ကောင်လေး... မင်းကို တစ်ခုလောက် ပြောပြပါရစေ... ခွန်အားသန်မာတဲ့ လူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပူးပေါင်းကြံစည်မှုတွေ၊ လှည့်ကွက်တွေအားလုံးက အသုံးမဝင်တော့ဘူးကွ!"

ရုတ်တရက် သတိမမူမိဘဲ အသက်ပြင်းပြင်း ရှူလိုက်သော်လည်း ဤနေရာတွင်ရှိ စပျစ်နွယ်ပင်များတွင် ဝှက်ထားသော အစွမ်းထက် ရောင်ဝါတစ်ခု ရှိ​နေပြီး ၎င်းတို့သည် သာမန်စပျစ်နွယ်ပင်များ မဟုတ်ကြောင်း သေချာသလောက် ဖြစ်လာ၏။

သူသည် ခွန်အားရှိသမျှနှင့် တိုက်ခိုက်လိုက်လေသည်။

စပျစ်နွယ်ပင်များသည် ရုတ်တရတ် ထ​ကြွလာပြီး အဘိုးကြီးချင်းရှန်းဆီ ဓားမိုးများလည်း ရွာချပစ်လိုက်သည်။ တချွင်းချွင်း အော်သံနှင့်အတူ ဖျက်စီးခြင်းနွယ်ပင်များကို ထိုးဖောက်သွားစဥ် နွယ်ပင်များသည် ညှိုးနွမ်းသွားကာ မြေပေါ်သို့ လဲကျကာ အမှုန့်ဖြစ်သွားသည်။

မြေပြင်ပေါ်က နွယ်ပင်များသည် တဖျပ်ဖျပ် ခတ်လာပြီး မျက်နှာတစ်ခု လျင်မြန်စွာ ပေါ်လာသည်။ မကောင်းသော စွမ်းအင် လှိုင်းလုံးများက ကောင်းကင်သို့ တက်လာပြီး အဘိုးကြီးချင်းရှန်းကို မုန်းတီးစွာ စိုက်ကြည့်နေ​တော့သည်။

"အဘိုးကြီး... မင်းမှာ ဦးနှောက် မရှိဘူးလား? ကလေးတစ်ယောက်က နည်းနည်းလေး လှည့်စားလိုက်တာနဲ့ မင်းက အတင်းအကြပ် လှုပ်ရှားလိုက်ပြီ... ယုံချင်ယုံ မယုံချင်နေ ဒီအဘွားကြီးက မင်းကို ညှစ်သတ်ပစ်မယ်!"

သူမသည် သူ့ကိုယ်သူ အဘွားကြီးဟု ခေါ်လိုက်သော်လည်း သူမ၏ အသံသည် ယောက်ျားနှင့် မိန်းမကြားတွင် ပြောင်းလဲနေကာ မထင်မရှားဖြစ်နေသည်။ အသံရောင်ဝါက ယုတ်မာပြီး ဖော်မပြနိုင်လောက်အောင် ထူးဆန်းနေ၏။

All Chapters