← Chapters

လူကြီးမင်းဟော်ရှန်း၏ ရွေးချယ်မှု

Vol. 64 Ch. 474.4

လူကြီးမင်းဟော်ရှန်း၏ ရွေးချယ်မှု

Vol. 64 Ch. 474.4

စပျစ်နွယ်ပင် အပျက်အစီးများ ထင်ရှားလာသည်နှင့်အမျှ သေမင်းတမန် ရောင်ဝါသည် သူတို့မျက်နှာဆီသို့ ပြေးဝင် ရိုက်ခတ်လာသည်။ သူတို့အစောက ဖြတ်သွားလာရာ လမ်းတစ်လျှောက်လုံး သစ်ပင်တွေ ညှိုးနွမ်းပြီး မြက်ခင်းပြင်တွေလည်း ညှိုးနွမ်းသွားကာ အဝါရောင်တွေ ဖြစ်နေပြီး လေထုက ပိုလေးလံလာသလို ခံစားရလေ၏။

နတ်မီးနယ်ပယ် အရှင်နှစ်ပါးသည် လက်ဝှေ့ယမ်းကာ အသက်ရှုကို ဆေးကြောရန် လေဒိုင်းကာကို ဖန်တီးလိုက်ကြသည်။

"သေစမ်း... ဒါက ဒေါသသုံးမျိုးပဲ ဆိုးလိုက်တာ"

လူကြီးမင်းဟော်ရှန်းက အော်ပြောပြီး လုရွှမ်ကို အမြန်ကြည့်လိုက်သည်။

လုရွှမ်လည်း သူ့စိတ်ထဲတွင် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ ဤစုန်းမအိုကြီးသည် အလွန် ဆိုးသွမ်းနေပြီ။ ဒါက သူမ၏ ဘုန်းအာနုဘော်ကို ပြသရန်သက်သက် မဟုတ်ဘဲ သူမသည် ဤနေရာတွင် သူတို့အားလုံးကို သတ်ပစ်ရန် ကြိုးစားနေသည်မှာ ထင်ရှားလေ၏။

ဒေါသသုံးမျိုးက ဘာလဲဆိုတာ မသိပေမယ့် သူ့စိတ်ဝိညာဉ်ထဲက ထိတ်လန့်မှုက ဒီစွမ်းအင်မျိုးဟာ သူ့လက်ရှိအခြေအနေမှာ သူ ခံနိုင်ရည်ရှိတဲ့အရာ မဟုတ်ဘူးဆိုတာ သေချာပါသည်။

"အခင်းအကျင်း တည်!"

လုရွှမ် ဆက်မတွေးဘဲ အော်ဟစ်လိုက်ပြီး အောင့်ယွဲ့ နှင့် သူ့အဖွဲ့ထံသို့ အမြန် ပြန်သွားခဲ့သည်။ လူငါးဦးစီသည် ရှေ့လူ၏ ပခုံးပေါ် လက်တင်ကာ ခွန်အားများ တိုးလာသည်။ ဒြပ်ငါးပါးရဲ့ စွမ်းအင်များက စုံလင်လာပြီး သေမင်း၏ စွမ်းအင်ကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ကာ အ​ရောင်အငါးရောင်အဖြစ် ဖွဲ့စည်းလိုက်ကြသည်။

“ဒြပ်ငါးပါး ပြည့်စုံစေ!”

သူတို့ ငါးယောက် တညီတညွတ်တည်း အော်ကြသည်။

လူကြီးမင်းဟော်ရှန်းနှင့် အဘိုးကြီးချင်းရှန်းတို့သည် လုရွှမ် နှင့် တခြားသူများတွင် နတ်ပုတီးစေ့ ငါးခုကို ပိုင်ဆိုင်ထားကြောင်း သိခဲ့ကြသော်လည်း ယခုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် အလွန်အံ့အားသင့်နေကြဆဲ ဖြစ်သည်။

ကောလဟာလတွေ အရ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဒြပ်စင်ငါးပါး စုစည်းမှု ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဒြပ်စင်ငါးပါး ကွဲလွဲသွားပြီး အဲဒါကလည်း ကျင့်ကြံသူတွေရဲ့ စိတ်ဝမ်းကွဲမှု​ကြောင့် ဖြစ်ခဲ့လေသည်။ ဒြပ်စင်ငါးပါးနတ်ပုတီးစေ့ ထိန်းကျောင်းသော ကျင့်ကြံသူ ငါးယောက်သည် ပွဲချင်းပြီးသေဆုံးသွားကာ ဒြပ်စင်ငါးပါး နတ်ပုတီးစေ့များလည်း နေရာအနှံ့ ပြန့်ကျဲသွားသည်။

နောက်တော့ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေလည်း လူ့စိတ်က အသုံးမဝင်ဘူးလို့ ညည်းတွား မြည်တမ်းပြီးတော့ ဒြပ်စင်ငါးပါးကို လူတစ်ကိုယ်ထဲ မစုမစည်းနိုင်ရင် ဒြပ်စင်ငါးပါးနတ်ပုတီးစေ့ကို ပေါင်းဖို့ ဘယ်လောက် ခက်တယ်ဆိုတာ သိလာခဲ့သည်။

ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ရဲ့ အဆင့်သည် ပရမ်းပတာမိုးကြိုးခေါင်းလောင်း အောက်တွင် ရှိနေပါသည်။ အတူတကွ မစုစည်းနိုင်သော ကမ္ဘာ့ရတနာများကို ထိပ်တန်း ရတနာများဟု မသတ်မှတ်နိုင်တော့ချေ။

ယခုမူကား ကမ္ဘာ့ရတနာကို ပိုင်ဆိုင်သော လူငါးဦးတွင် ဒြပ်စင်ငါးပါး စုစည်းမှုကို လုပ်နိုင်နေပြီဖြစ်သည်။

ဖျက်စီးခြင်းနွယ်ပင်သည် ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်တာကြောင့် တအံ့တသြ ကြည့်နေလေ၏။ သူမတွင် သစ်သားဒြပ်စင် နတ်ပုတီးစေ့ရှိသရွေ့ သူမတွင် ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ကို မလိုအပ်ဘဲ တက်ကြွသော အသက်စွမ်းအင်ရေစီးကြောင်းကို မှန်မှန်ရနေမှာပဲ ဖြစ်သည်။

ဖျက်စီးခြင်း နွယ်ပင်များ အားလုံး ဖြည်းညှင်းစွာ ဆုတ်ခွာသွားပြီး အဘိုးကြီးချင်းရှန်းကို စိုက်ကြည့်နေသည်။

"အဘိုးကြီး... ငါတို့ပူးပေါင်းကြမယ် ဘယ်လိုလဲ? အဲဒီအငယ်တန်း ငါးယောက်ကို ငါတို့က ဘယ်လိုဖယ်ရှားကြမလဲ? ငါက သစ်သားဒြပ်စင် နတ်ပုတီးစေ့ပဲ လိုချင်တယ် ကျန်တာ မင်းအပိုင်ပဲ... ဒါပေါ့ ကောင်လေးဟော်ရှန်း မင်းလည်း ပါဝင်လို့ရတယ်.... ငါတို့သုံးယောက် သူတို့ကို ဖယ်ရှားကြမယ်.. ငါ သစ်သားဒြပ်စင် နတ်ပုတီးစေ့ကိုပဲ လိုချင်တယ် ကျန်တာတွေက မင်းတို့ အပိုင်ပဲ"

အဘိုးကြီးချင်းရှန်းရဲ့ မျက်လုံးများ တောက်ပလာသည်။ ပြီးပြည့်စုံသော ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ကို ရရှိရန် စိတ်ကူးပင် မယဥ်ရဲခဲ့ပေ။ မဖြစ်နိုင်သလောက် ဖြစ်မှန်းသိလျက် မြေဒြပ်စင် နတ်ပုတီးစေ့တစ်လုံး ရနိုင်လျှင်ပင် သူအလွန်ကျေနပ်မိလိမ့်မည်။

သူက လူကြီးမင်းဟော်ရှန်းကို ကြည့်ပြီး

"ဟော်ရှန်း ခင်ဗျားလည်း ရှင်းရှင်းလင်းလင်း တွေးရမယ်နော် အဲဒီအငယ်တန်းတွေကို ကယ်မလား ဒါမှမဟုတ် ငါတို့နဲ့ အတူတူ တိုက်မလား?"

ဟော်ရှန်းကလည်း အေးစက်စွာ ဟစ်အော်ပြီး

"မင်းလိုချင်တဲ့ဘက်မှာ မင်းရပ်နိုင်တယ်... အဓိပ္ပာယ်မရှိဘူး ချင်းရှန်း ဒါပေမဲ့ မင်းကို ငါသတိပေးချင်တာက အမြတ်တစ်ခုတည်းနဲ့ ကိုယ့်ကိုကိုယ် မပျက်စီးမိစေနဲ့..."

"ဟုတ်လား ဟား ဟား ဒီလောက် ရက်ရောတဲ့ လူကြီးမင်းဟော်ရှန်းကို ပထမဆုံးတွေ့ဖူးတာပဲ.... ခင်ဗျားက သေမင်းကို ရှာချင်နေမှတော့ ကျုပ်တို့ ကူညီပေးရတော့မှာပေါ့"

အဘိုးကြီးချင်းရှန်းက ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ဟစ်အော်လိုက်၏။

"ညီလေးထန်းကျီ မင်း အခုထွက်လာနိုင်ပြီ"

အလင်းတန်းတစ်ခု လင်းလက်လာပြီး ကောင်းကင်မှာ လူပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

နှင်းဖြူ​ရောင်ဆံပင်၊ အသက်ကြီးကြီး မျက်နှာနှင့် ဉာဏ်ပညာထက်မြတ်မှု၊ အေးစက်မှုတို့ကို ဖော်ပြသော မျက်လုံးများဖြင့် ထိုသူသည် ဆရာကြီးထန်းကျီးပဲ ဖြစ်​လေသည်။

"အကြီးအကဲဟော်ရှန်း.... ဒီအငယ်တန်းက နှုတ်ဆက်ပါတယ်"

ဆရာကြီးထန်းကျီးသည် လူကြီးမင်းဟော်ရှန်းကို ဂါဝရပြုလိုက်သော်လည်း သူ့မျက်နှာမှာ ညိုမှိုင်းနေပြီး ယဉ်ကျေးသိမ်မွေ့မှု လုံးဝမရှိပေ။

လူကြီးမင်းဟော်ရှန်းက မျက်မှောင်ကြုတ်ပြီး ညည်းညူရင်း

"ထန်းကျီး? ကောင်းကင်အခွင့်အလမ်း ဂိုဏ်းနဲ့ မင်းကြားက ဆက်ဆံရေးက ဘယ်လိုလဲ?"

ဆရာကြီးထန်းကျီးက တဟားဟား ရယ်ရင်း

"ကျုပ်က ကောင်းကင်အခွင့်အလမ်း ဂိုဏ်းရဲ့ တစ်ခုတည်းသော အကြွင်းအကျန်ပါ... ဆရာကြီးဟော်ရှန်း နေထိုင်တဲ့ စိမ်းပြာကောင်းကင် ဂိုဏ်းရဲ့ လက်ဆောင်တစ်ခုလည်း ဖြစ်တယ် ဆိုပါတော့ .. အဲဒီဂိုဏ်းကိုတော့ ကျုပ် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး"

"ဟမ့် မကောင်းဆိုးဝါးတွေရဲ့ အကြွင်းအကျန်တွေကို လူတိုင်းက အပြစ်ပေးလိုက်ပြီ... မင်းလို အကြွင်းအကျန်တွေ လွတ်မြောက်သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး.... ကောင်းပြီ မင်းကို ဒီနေ့ ငါ ရှင်းပစ်မယ်"

ဆရာကြီးထန်းကျီးသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ရယ်မောမှုသည် သူရဲကောင်းဆန်ပြီး လေနှင့် မိုးခြိမ်းသံကို ထွက်ပေါ်လာစေတော့မယ့် အရိပ်အမြွက်မျိုး ပါဝင်နေသည်။ သို့သော် လူတိုင်းရဲ့ နားထဲမှာတော့ နာကြည်းမှု ခြေရာလက်ရာများနှင့် အဆုံးမရှိသော နာကြည်းမှုများကို ကြားနိုင်သည်။

"မကောင်းဆိုးဝါး? ကျုပ်တို့ ကောင်းကင်အခွင့်အလမ်းဂိုဏ်းက လောကရေးရာတွေကိုပဲ ဂရုစိုက်ပြီး ကောင်းကင်လမ်းကို လိုက်လျှောက်ကြတာ... မကောင်းမှုလုပ်တယ်လို့ ဘယ်လိုလုပ် ပြောရမလဲ? ခင်ဗျားတို့လို လူတွေက သင့်တော်တဲ့ ကျင့်​ကြံသူ​တွေလို့ ပြောကြပေမယ့် ခင်ဗျားတို့အားလုံးက စက်ဆုပ်စရာ ကောင်းပြီး ညစ်ပတ်တဲ့ အတွေးအခေါ်တွေ ရှိကြတယ်... ခင်ဗျားတို့က ကျုပ်တို့ကို ကျွန်ခံ​စေချင်ခဲ့တာမလား? ခင်ဗျားတို့က အနာဂတ်ကို စူးစမ်းဖို့ လာကြပြီး ခင်ဗျားတို့ရဲ့ဆန္ဒကို မလိုက်လျောတော့ သူတို့ကို သတ်ပစ်လိုက်တယ်လေ... ဘယ်လောက်တောင် ဖြောင့်မတ်ပြီး မာနကြီးလိုက်တဲ့ လူကြီးလူကောင်းလဲ!"

"ခင်ဗျားရဲ့ အနာဂတ်ကို မသိချင်ဘူးလား? ဒီနေ့ ကျုပ်ပြောမယ် ဟော်ရှန်း ခင်ဗျား ဒီနေ့သေရလိမ့်မယ်"

လူကြီးမင်းဟော်ရှန်းရဲ့ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး သူ့မျက်နှာအရောင်လည်း ပြောင်းလဲသွားကာ ခဏတာ စကားမပြောနိုင် ဖြစ်သွားသည်။ နှလုံးတွေ ထုံကျင်လာပြီး နားမလည်နိုင်လောက်အောင် ရင်တုန်လာတဲ့ ခံစားချက်ကို ခံစားလာရသည်။

ရုတ်​တရက်​ သူက ဟစ်အော်လိုက်၏။

"မင်းဘာ​တွေ​ ပြော​နေတာလဲ!!"

ဆရာကြီးထန်းကျီးက လှောင်ပြောင် ပြောဆိုသော်လည်း သူ့ကို လျစ်လျူရှုလိုက်သည်။ လက်ကို ဝှေ့ယမ်းကာ ကောင်းကင်ကို ညွှန်ပြလိုက်စဥ် နတ်မိုးခြိမ်းသံက တစ်ခုပြီးတစ်ခု ချဉ်းကပ်လာနေသည်။ အနီးတစ်ဝိုက်တွင် မြူခိုးများ ထူထပ်စွာ ရှိနေ​ပြီ။ မမျှော်လင့်ထားတဲ့ အရာက ဘယ်အချိန်ကမှန်း မသိ ဤနေရာ၌ ကြီးမားသော အခင်းအကျင်းတစ်ခု ရှိနေခဲ့လေ၏။

လုရွှမ်နှင့် အောင့်ယွဲ့တို့သည် ဒြပ်စင်ငါးပါးနတ်ပုတီးစေ့၏ စွမ်းအင်များကို အဆက်မပြတ် ဖြန့်ကျက်ထားလျက် ရှိသည်။

သူတို့ငါးယောက်လုံးမှာ တူညီတဲ့ အတွေးအမြင်တွေ ရှိကြ၏။ သူတို့ရဲ့ အဖော်တွေကို ဒုက္ခမရောက်စေလိုတဲ့ ခံစားချက်နဲ့ ကာကွယ်ထားချင်တဲ့ အတွေးတွေက ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ကို ပိုမိုချောမွေ့စွာ လည်ပတ်စေသည်။

လူကြီးမင်းဟော်ရှန်းနဲ့ တခြားသူတွေက လုရွှမ်နဲ့ သူ့အဖွဲ့ရဲ့ ပြောင်းလဲမှုတွေကို သတိမထားမိကြပါဘူး။

နောက်ဆုံးတော့ သူတို့ဟာ အငယ်တန်း (၅)ယောက်ပဲ ရှိသေးပြီး သူတို့ကို မျက်လုံးထဲမး လုံးဝ မထည့်ထားကြချေ။ အရေးကြီးဆုံး အရာကတော့ သူတို့ပတ်ဝန်းကျင်မှာ သဘာဝအတိုင်း ဖွဲ့စည်းတည်ဆောက်ထားတဲ့ အခင်းအကျင်းပါပဲ။

ဆရာကြီးထန်းကျီး ပြောသော ကောင်းကင်အခွင့်အလမ်း ဂိုဏ်းသည် ကမ္ဘာပေါ်ရှိ ထူးချွန်ထက်မြက်သူ တချို့ကို ခေါ်ယူထားသည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။ ကိုယ်ခံပညာ၊ စိတ်ဝိညာဉ်စွမ်းအား၊ လက်နက်သန့်စင်မှု၊ အဂ္ဂိရတ်ပညာ၊ သားရဲထိန်းချုပ်မှု၊ အခင်းအကျင်းများ စသည့် အရာအားလုံးကို လေ့လာပြီး အရာအားလုံးကို ကျွမ်းကျင်အောင် လုပ်ထားသူတွေပဲ ဖြစ်လေသည်။

ထိုသို့သော ဂိုဏ်းကို တခြားသူများက ကြောက်ရွံ့ပြီး လောကတွင် သည်းမခံနိုင်လောက်အောင် ဖီဆန်ချင်လွန်းတာက အတိအကျပင် ဖြစ်လေသည်။

ဆရာကြီးထန်းကျီးမှ ဖန်တီးထားသော အခင်းအကျင်း ဖွဲ့စည်းပုံများနှင့် ပတ်သက်၍ လူကြီးမင်းဟော်ရှန်းသည် အနည်းငယ်မျှ ဂရုမစိုက်ဘဲ မနေဝံ့ပေ။ အချိန်အတော်ကြာ စုံစမ်းပြီးနောက်မှာ အခင်းအကျင်းရဲ့ သဲလွန်စကို နည်းနည်းလေးမှ မရခဲ့ချေ။

ဒီနေ့ဒီမှာ တကယ်ပဲ သင်္ဂြိုဟ်ခံရတော့မှာလား။

ဤလူများနှင့် ပေါင်းစည်းလိုက်ရင် သူ့အသက်ကို ကယ်တင်ရုံသာမက ဒြပ်စင်ငါးပါးနတ်ပုတီးစေ့ကိုပင် ရနိုင်ပေလိမ့်မည်။

ခဏလောက် ကြာတဲ့အထိ လူကြီးမင်းဟော်ရှန်း တုံ့ဆိုင်းသွား၏။

ဒီလူငယ်တွေက သူနဲ့မဆိုင်ဘူးလို့ တွေးမိလာသည်။ သူက သူတို့ရဲ့ အလားအလာကို စိတ်ကူးယဉ်ခဲ့တာပဲ။ ဒါပေမဲ့ အသက်ရှင် ကြီးထွားမှုမရှိဘဲ ပါရမီရှင်တစ်ယောက်ဟာ ဘာမှမဖြစ်လာနိုင်ချေ။

ဒီလိုအခင်းအကျင်း ဖွဲ့စည်းမှုမှာ သူလွတ်မြောက်ဖို့ အခွင့်အလမ်း မရှိရင်တောင် သူတို့မှာရော တကယ် အခွင့်အရေး ရှိပါ့မလား။

သူတို့ကို ဒီလောက်ထိ အကာအကွယ် ပေးနေရတာ တကယ်ပဲ ထိုက်တန်ရဲ့လား။

သူ့ဘ၀မှာ ရွေးချယ်စရာတွေ များလွန်းပြီး ကြီးမြတ်မှုနဲ့ တစ်ကိုယ်ကောင်း ဆန်တာ​​တွေကို တွေ့မြင်ခဲ့ရပေမယ့် အခုတော့ သူ့အလှည့် ရောက်လာပါပြီ။

All Chapters