← Chapters

ကောင်းကင်အကာအကွယ်

Vol. 64 Ch. 475.4

ကောင်းကင်အကာအကွယ်

Vol. 64 Ch. 475.4

ဆရာကြီးထန်းကျီးက ဘယ်လို လူမျိုးလဲ?

လူကြီးမင်းဟော်ရှန်း တုံ့ဆိုင်းနေတာကို မြင်တော့ ဆရာကြီးထန်းကျီး သူ့စိတ်ထဲမှ လှောင်ရယ်နေခဲ့လေသည်။

သူများတွေအတွက် ကိုယ့်ကိုယ်ကို တကယ် စတေးရမှာ ကြောက်နေသေးတယ်မလား။ သူများနဲ့ စကားပြောရတာ လွယ်ပေမယ့် ကိုယ်တိုင် လုပ်ရမယ်ဆိုတော့ ခက်သွားပြီလေ။ အရင်က မသိခဲ့တာက ဘာလို့လဲဆိုတော့ ကိုယ့်ကိုကိုယ် မကြုံဖူးသေးလို့ပဲ မဟုတ်လား။

သူက အေးစက်စွာ ရယ်ရင်း လူကြီးမင်းဟော်ရှန်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေခဲ့သည်။

ဒီတိုက်ပွဲမှာ သူ သေဖို့ အသင့်ပြင်ထားပြီးသားပင်။ ကောင်းကင်အခွင့်အလမ်းဂိုဏ်းသည် ကောင်းကင်၊ မြေကြီးနှင့် ကမ္ဘာပေါ်ရှိ လူအားလုံးကို ရေတွက်နိုင်သော်လည်း သူ့အလိုလို ရေတွက်လို့ ရတာတော့ မဟုတ်ချေ။

မထွက်လာခင်မှာ စိတ်ထဲမှာ တုန်လှုပ်ချောက်ချားမှု တစ်ခု ရှိနေခဲ့သည်။

ဒီအချိန်မှာ သူ့အလောင်းကို တိုင်းတစ်ပါးမှာ မြှုပ်နှံထားရမယ် ဆိုတာကို သူ့စိတ်ထဲ ရှင်းရှင်းလင်းလင်း နားလည်ထားပေမယ့် တစ်ဦးတည်းသော တပည့်က သူ့အသွေးအသားပဲမို့ သူ့အသက်ကို စွန့်ရင်တောင် လုရွှမ်နဲ့အတူ မိမိကိုယ်ကို သင်္ဂြိုဟ်သွားမှာ ဖြစ်လေ၏။

လုရွှမ် စိတ်ဝိညာဉ် စွမ်းအားကို တိတ်တဆိတ် ဖြန့်ကျက်လိုက်သည်။ ဆရာကြီးထန်းကျီးကို မြင်သောအခါ သူ့စိတ်ထဲ အံ့ဩသွားခဲ့သည်။ သူသည် ဤလူအပေါ် ရင်းနှီးသော အရိပ်အယောင်တချို့ကိုကို ခံစားလိုက်ရသည်။

ကမ္ဘာ့မီးနယ်မြေမှာ ရှိတုန်းက ပိုင်ထျန်းရှန်နဲ့ တွေ့တုန်းက ခံစားခဲ့ရတဲ့ ခံစားချက်မျိုးပဲ။ ထို​သူဟာ အရာရာတိုင်းဟာ သူ့မျက်လုံးနဲ့ ကြည့်ဖို့ မထိုက်တန်သလိုမျိုး မောက်မာသလို ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း အပြည့်ရှိနေသူပင်။

ဒီလူက ပိုင်ထျန်းရှန်ဘက်က လူလား?

သွားပြီ!

ပတ်၀န်းကျင်မှာ အခင်းအကျင်း အသွင်သဏ္ဌာန်တွေ တကယ်ရှိနေ၏။ ဒါဟာ မှော်ဆန်လွန်းလှရာ တကယ်လို့ နတ်ပုတီးစေ့ကြောင့်သာ မဟုတ်ရင် သူဒါကို လုံးဝခံစားမိမှာ မဟုတ်ချေ။

လူကြီးမင်းဟော်ရှန်းက ဘာဖြစ်သွားတာလဲ။ ကောင်းပြီ သူ တုံ့ဆိုင်းနေတာပဲ။ ​​ဒီလိုအန္တရာယ်ကြုံရင် တကယ်ကို သေသေချာချာ စဉ်းစားဖို့လိုတယ်လေ။

လုရွှမ်ကတော့ ပြက်သားပါသည်။ သူ့အသက်နဲ့ သေခြင်းတရားကို အခြားသူတွေအပေါ်မှာ နေရာချထားရင် သူ့ဘဝဟာ ပျက်စီးသွားလိမ့်မယ် ဆိုတာ ကောင်းကောင်းနားလည်သည်။

အရာအားလုံးသည် မိမိကိုယ်တိုင်နဲ့ တခြားသူများကို လှည့်စားနေသည့် ကောင်းကင်ဘုံ၏ အလိုတော်ပေါ်တွင် မူတည်သည်။ ရှင်သန်ချင်ရင် ရုန်းကန်ရမယ်။ တခြားသူတွေကို ကူညီပေးချင်ရင် တောင်တွေ ပြိုကျပြီး သစ်ပင်တွေ ပျက်စီးသွားရင်တောင် တစ်ခုတည်းသော နည်းလမ်းက ကိုယ့်ကိုယ်ကို အားကိုးရဦးမှာပင်။

သို့သော် ဒါကို နည်းနည်းလောက် အချိန်ပေးပြီး စဉ်းစားကြည့်ရလျှင် ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ကို ပေါင်းစပ်နိုင်ဖို့ အချိန်ပေးရဦးမည်။ သူတို့မှာ နတ်ပုတီးစေ့တွေ ရှိနေပြီမို့ ဒီတိုက်ပွဲမှာ ပျော့ညံ့နေမှာတော့ မဟုတ်ချေ။

လုရွှမ်ရဲ့ နှလုံးခုန်သံက တဖန် ဆောင့်ခုန်သွားကာ ယွမ်ယန်ကျင့်စဥ်က အသက်ဝင်လာခဲ့၏။

လုရွှမ် ထိတ်လန့်သွားသည်။ ယခုအချိန်မှာ ဒြပ်စင်ငါးပါး၏ စွမ်းအားများကို ပေါင်းစည်းနေတာဖြစ်ပြီး ရုတ်တရက် ယွမ်ယန်ကျင့်စဥ်က အသက် ဝင်လာလေသည်။ ဒီလိုဆို ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ရဲ့ စွမ်းအားတွေ ပျက်ပြယ်သွားမှာ မဟုတ်ဘူးလား?

ဒါတွေအားလုံးကို ဖျက်စီးမိသွားသူက သူကိုယ်တိုင် ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး။

"အရူး!! မင်းဘာတွေ လန့်နေတာလဲ? ယင်စွမ်းအင်ကိုးစင်းကို မင်းရဲ့ အသက်ရှုသံနဲ့အတူ စီးဆင်းခိုင်း!"

ရွှေကျီးကန်းရဲ့ အသံက သူ့စိတ်ထဲက ရုတ်တရက် ထွက်ပေါ်လာ၏။

"ဘာကိုဆိုလိုတာလဲ?"

လုရွှမ် မြန်မြန် ပြန်မေးလိုက်သည်။ ရွှေကျီးကန်းသည် ကျေနပ်မှုအပြည့်ဖြင့် ကြွေးကြော်လေသည်။

'ကမ္ဘာ့ရတနာ တစ်ခုပဲမလား? အရမ်း အစွမ်းထက်ပေမယ့် မွေးကင်းစ ကလေး​လောက်ပဲ ရှိပါသေးတယ်... ဒါကို မင်း အနိုင်ယူဖို့ အကောင်းဆုံးအချိန်ပဲ!

'နတ်ပုတီးစေ့တွေကို ဘာကြောင့် ပေါင်းစပ်လို့မရတာလဲ သိလား? သောက်ကျိုးနည်း အဲဒါ ငတုံးစကားကြီးကွ! သေချာပေါက် ပေါင်းစပ်လို့ရတယ်... ဒြပ်စင်ငါးပါးကို ရောနှောလို့ မရရင် ဒီကမ္ဘာက ဘယ်လိုလုပ် မွေးဖွားလာတော့မလဲ?'

ရွှေကျီးကန်းရဲ့ ဒေါသကို သိတာကြောင့် လုရွှမ်လည်း သူ့​ဒေါသကို အလျင်စလို မဆွတော့ပေ။ မဟုတ်ပါက ထိုကျီးကန်းရဲ့ ဒေါသက ပို၍ မာနကြီးလာလိမ့်မည်။ သို့သော် သူဘာမှ ဆက်မပြောဘဲ ရပ်ရပ်သွားတာကလည်း အလွန်စိတ်ပျက်စရာ ကောင်းလှသည်။

ရွှေကျီးကန်းက ဆက်ပြောလာ၏။

'ဒါပေမဲ့ မင်း ဒြပ်စင်ငါးခုကို အမှန်တကယ် ပေါင်းစပ်ချင်တယ် ဆိုရင်တော့ မင်းမှာ နောက်ထပ် စွမ်းအားနှစ်ခု လိုအပ်နေသေးတယ်.... မင်းလည်း ရူးနေတာ မဟုတ်တော့ သဘောပေါက်သင့်ပါပြီ ဟုတ်တယ်မလား?"

လုရွှမ် သဘာဝကျကျ တုံ့ပြန်လိုက်သည်။ သူ မတုံ့ပြန်ရင် တကယ်ကို ရူးနေတဲ့လူပဲ ဖြစ်လိမ့်မည်။

"မင်းပြောတာ ယင်ချီနဲ့ ယန်ချီမလား?"

ရှေးခေတ်ကတည်းက ဒြပ်စင်ငါးပါးသည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းကာ ယင်နှင့်ယန်သည် အသက်နှင့် သေခြင်းတရားသို့ ဦးတည်​ကြသည်ဟု ဆိုရိုးစကား ရှိခဲ့သည်။

သို့သော် လုရွှမ် သတိလက်လွတ် မလုပ်ဝံ့ပေ။ ယင်စွမ်းအင်ကိုးစင်း နဲ့ ယွမ်ယန်စွမ်းအင်ကို လူငါးဦးရဲ့ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့နေသော ဒြပ်စင်ငါးပါးရဲ့ စွမ်းအားထဲသို့ ဂရုတစိုက် ထည့်သွင်းလိုက်သည်။

အောင့်ယွဲ့တို့ လူလေးယောက်မှာ ထိတ်လန့်သွားပေမယ့် ငြင်းဆန်တာမျိုး မလုပ်ချေ။ တစ်ပါးသူဖြစ်လျှင် သူတို့သေချာပေါက် စိုးရိမ်ပူပန်ကြမည်မှာ သေချာပေမယ့် လုရွှမ် ဖြစ်နေတာကြောင့် အပြည့်အဝ ယုံကြည်ထားလေသည်။

မကြာခင်မှာ သူတို့လေးယောက်က သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ မမြင်နိုင်တဲ့ စွမ်းအားတွေ စီးဆင်းနေပြီး အရင်ကလို မအေးတော့ဘဲ နည်းနည်း ပိုနွေးထွေးလာတာကို ခံစားလာရသည်။ စွမ်းအင်စီးကြောင်းက နည်းနည်း ပိုသွက်လက်ပြီး နတ်ဘုရားလို စွမ်းအင်တွေ တည်ရှိလာတာကို ခံစားလိုက်ရ၏။

လူကြီးမင်းဟော်ရှန်းက အချိန်များစွာ တုံ့ဆိုင်းနေတာကြောင့် ဆရာကြီးထန်းကျီးနဲ့ အဘိုးကြီးချင်းရှန်းတို့ စိတ်မရှည်တော့ပေ။

ချင်းရှန်းက မထိန်းနိုင်ဘဲ။

"အဘိုးကြီး ခင်ဗျားဒါကို ဘယ်လောက် ကြာကြာ စဉ်းစား​နေမှာလဲ? စဉ်းစားဖို့ အချိန် သက်သာအောင် ကျုပ်တို့ခင်ဗျားကို သတ်လိုက်သင့်ပြီ ထင်တယ်"

"ဟားဟား... လူကြီးမင်းဟော်ရှန်း ခင်ဗျား တုံ့ဆိုင်းရတဲ့ အကြောင်းရင်းက ခင်ဗျားစိတ်ထဲမှာ အ​ဖြေ ရှိပြီးသားမို့လို့မလား? တွန့်ဆုတ်ရတဲ့ အကြောင်းရင်းက ခင်ဗျားမျက်နှာ မပျက်ချင်လို့ပဲ.... ဟမ့် ဘဝရဲ့ သေရေးရှင်ရေး အခြေအနေက အရှက်တရားက ဘာအသုံးဝင်သေးလို့လား?"

"ဒါ့အပြင် လူငယ်တွေက ခင်ဗျားရဲ့လက်ရှိ စွမ်းဆောင်ရည်ကို နားမလည်ဘူးလို့ ထင်​နေလား? ဟင့် ရွေးချယ်မှုက ခင်ဗျားရဲ့ဆန္ဒ မဟုတ်ရင်တော့ ရွေးချယ်မှုတစ်ခုကတော့ လုပ်ရမှာပဲ"

ဖျက်စီးခြင်းနွယ်ပင်ကလည်း အလွန်ရက်စက်သော လေသံဖြင့် အော်လိုက်သည်။

လူကြီးမင်းဟော်ရှန်းရဲ့ ခန္ဓာကိုယ်မှာ ချွေးများ ရွှဲရွှဲစိုနေသည်​။ ဟုတ်ပါသည်။ သူ တုံ့ဆိုင်းနေတာက နှစ်ဖက်စလုံးရဲ့ နှလုံးသားထဲက နားလည်မှုလွဲတာတွေကို ကြီးမားလာစေနိုင်သည်။

သူက အသက်ပြင်းပြင်းရှူကာ ပြုံးလိုက်သည်။

"မင်းတို့ပြောတာ မှန်တယ်... ငါက တစ်ကိုယ်ကောင်းဆန်တဲ့ လူတစ်ယောက် ဆိုတာ ဝန်ခံတယ်.... ဒါပေမဲ့ လူသားတစ်ယောက် အနေနဲ့ရော ကျင့်ကြံသူ တစ်ယောက်အနေနဲ့ပါ စိတ်ကူးယဉ်ဆန်တာတွေ အများကြီး မြင်ခဲ့ရပြီးပြီ ရန်သူတွေလည်း အရမ်းများခဲ့ပြီ.... အခုချိန်မှာ ဒီလိုကိစ္စမျိုးနဲ့ ဆုံဆည်းရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး"

"ငါ သေရတော့မှာ ဆိုမှတော့ ကြီးကျယ်ခမ်းနားစွာနဲ့ကဲ အသေခံလိုက်ပါမယ်... ငါဟော်ရှန်းက လုရွှမ်နဲ့ တခြားသူတွေကို အကာအကွယ် ပေးသွားမယ်... မင်းတို့ သူတို့ကို သတ်ချင်ရင် ငါ့ခန္ဓာကိုယ်ကို အရင်နင်းဖြတ်သွားရမယ်"

ဖျက်စီးခြင်းနွယ်ပင်၊ အဘိုးကြီးချင်းရှန်းနှင့် ဆရာကြီးထန်းကျီးတို့မှာ အချိန်အတော်ကြာ တုံ့ဆိုင်းနေသော လူကြီးမင်းဟော်ရှန်းဟာ ဤကဲ့သို့ နိဂုံးချုပ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

သူတို့တစ်ဦးစီရဲ့ မျက်နှာတွေဟာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြပြီး ဒါက သူတို့မျက်နှာကို ​ဖြတ်ရိုက်လိုက်တာ ထင်ရှားပေ၏။

"မင်းသေချင်နေမှတော့ သွားသေလိုက်တော့!"

အဘိုးကြီးချင်းရှန်းက ဟစ်အော်ပြီး ဆရာကြီးထန်းကျီးနဲ့ အကြည့်ချင်း ဖလှယ်ကာ သူတို့နှစ်ယောက်က လူကြီးမင်းဟော်ရှန်းကို တိုက်ခိုက်ဖို့ သဘောတူလိုက်သည်။

ဟော်ရှန်းဟာ သူ့ရဲ့ အစွမ်းအစကြောင့် ကြီးပွားချမ်းသာလာတာဟု ဆိုကြသည်။ အသက်ကြီးနေပြီ ဖြစ်သော်လည်း သူတို့ ဟော်ရှန်းကို အထင်မသေးရဲကြသေးပေ။

"ကောင်းပြီ ငါအရင်ဆုံး ဒီလူငယ်တွေကို ပြုစုစောင့်ရှောက်ထားလိုက်မယ်!!"

ဖျက်စီးခြင်းနွယ်ပင်က ဆိုရင်း နွယ်ပင်တွေကို ဝှေ့ယမ်းပြီး အံသွားနဲ့ ခြေသည်းတွေလို အလုံးအရင်းဖြင့် လုရွှမ်တို့ လူငယ်ငါးယောက်ဆီ ပြေးဝင်သွားသည်။

လူကြီးမင်းဟော်ရှန်းကလည်း ဟစ်အော်လိုက်ပြီး လုရွှမ်တို့ ငါးယောက်ကို အလင်းတန်းများဖြင့် ဖုံးလွှမ်း​ပေးလိုက်သည်။

"ကောင်းကင်အကာအကွယ်?"

ဖျက်စီးခြင်းနွယ်ပင်က အထိတ်တလန့်ဖြင့် အော်ဟစ်လိုက်ပေ၏။ သူက လူကြီးမင်းဟော်ရှန်းကို မုန်းတီးစွာ စိုက်ကြည့်ရင်း စူးစူးဝါးဝါး ဟစ်အော်ပြန်၏။

"သေနာကောင်! မင်းတကယ် သေချင်နေတာလားကွ!"

ကောင်းကင်အကာအကွယ်သည် ရှေးဟောင်းလျှပ်စီး ကမ္ဘာတွင် အလွန်ကျော်ကြားသော ရတနာတစ်ခု ဖြစ်သည်။ အကြောင်းအရင်းမှာ သူ့ရဲ့ လူကြီးမင်းဟော်ရှန်း ဆိုတဲ့ နာမည်ဟာ ဤရတနာကြောင့် နာမည်ကြီးလာခြင်းကြောင့် ဖြစ်သည်။

ရတနာတွင် ၎င်း၏ကိုယ်ပိုင် တိုက်ခိုက်နိုင်စွမ်း မရှိသော်လည်း တိုက်ခိုက်မှုများကို ပြန်လည် ထင်ဟပ်နိုင်သည်။

အကယ်၍ ကောင်းကင်အကာအကွယ်ကို ဖြတ်ကျော်လိုပါက ၎င်းကို ကြီးမားသော စွမ်းအားဖြင့် တိုက်ခိုက်ပြီး ချိုးဖျက်ရမည်။ မဟုတ်ပါက ၎င်းသည် ဘယ်လိုဖျက်စီးပါစေ မပျက်စီးနိုင်တော့ပေ။

All Chapters