← Chapters

တစ်နေ့တည်းတွင် နှစ်ယောက် စိန်ခေါ်ခြင်း

Vol. 008 Ch. 744

တစ်နေ့တည်းတွင် နှစ်ယောက် စိန်ခေါ်ခြင်း

Vol. 008 Ch. 744

“အခုအားလုံးက စစ်တုရင်ပညာကို လာပြီးတော့ လေ့လာတာ ဖြစ်ကြတယ်… ဒါကြောင့် အားလုံးက ပြေပြေလည်လည်ပဲ လေ့လာ ဆွေးနွေးကြတာပေါ့… နန်းတော်သခင်ရီက နတ်နဂါး ကစားကွက်ရဲ့ အပြောင်းအလဲတွေကို တွေ့မြင်နိုင်စွမ်း ရှိတယ်… စစ်တုရင်ပညာမှာ ကြီးမားတဲ့ သူ့ပါရမီနဲ့ အလားအလာကို မြင်ကြရတယ်… လျူကျောင်းက ပညာရှင် တစ်ယောက်ရဲ့ အသိပညာ ကြွယ်ဝမှုတွေကို မြင်ရတယ်… ဒီလူတွေက စစ်တုရင်ပညာရဲ့ ထူးခြား ပြောင်မြောက်မှုတွေကို ထုတ်ဖော် နိုင်ကြတယ်… ဒါကြောင့် မကြာခင် နတ်နဂါးစစ်တုရင် ကစားကွက်ကို အနိုင်ရသူရှိလာမယ်လို့ ကျုပ်ယုံတယ်…” ရန်ရှောင်က ပြုံးလျက် ပြောသည်။

သူ့ဘေးတွင် ရပ်နေသော ကျင့်ကုန်းစီက ရီဖူရှင်းအား ကြည့်သည်။ သူကား စစ်တုရင် ပညာရပ်ဆိုင်ရာ စာအုပ်များကို ရီဖူရှင်းအား ငှားရမ်းနေသူဖြစ်ရာ ရီဖူရှင်း၏ တိုးတက်မှုများ အားလုံးကို သူမြင်နေရသည်။ သူ၏ စစ်တုရင်ပညာက သည်အဆင့်ထိအောင် ရောက်လာပြီလား။ ကောလာဟလများအရ မြေရိုင်းပြည်နယ် တော်ဝင်မြေ၏ ခေါင်းဆောင်ကား တန်ခိုးကျင့်ခြင်းတွင် အလွန်အမင်း ပါရမီမြင့်သူ ဖြစ်သည်။ ကြည့်ရသည်မှာ သူကား အမှန်ပင် ထူးခြားသူ ဖြစ်သည်။

“စီနီယာရဲ့စကားက အရမ်းမှန်ပါတယ်… နတ်နဂါးကစားကွက်က တကယ်ကို အံ့ဖွယ်ကောင်းတဲ့ လက်ရာတစ်ခုပါ… ကျွန်တော်တို့က ဒါကို သေသေချာချာ လေ့လာပါ့မယ်…” ရီဖူရှင်းက စစ်တုရင်ခုံထက်မှ ဆင်းကာ ပြောသည်။

ရန်ရှောင်နှင့် တခြားလူများက စစ်တုရင်ခုံပေါ်တွင် ပြန်လည်၍​ နေရာယူကာ ပြောသည်… “ဆက်ကြရအောင်…”

နတ်နဂါး ကစားကွက်အား တခြားလူများကလည်း ဝင်ရောက် ယှဉ်ပြိုင်ကြသည့်တိုင် မည်သူကမှ အနိုင်မရကြပေ။

လျူကျောင်းက ဘာမှ မလုပ်သလို ရီဖူရှင်းကလည်း ငြိမ်သက်နေသည်။ သူတို့နှစ်ယောက်လုံးက တခြားလူများက ကစားသည်ကိုသာ သေသေချာချာ စောင့်ကြည့်နေကြသည်။

နောက်ပိုင်း နေ့ရက်များတွင် ရီဖူရှင်းက နတ်နဂါး ကစားကွက်အား ဆက်တိုက် လေ့လာကာ သူ၏သက်စောင့် ဟော်နန်း၌ ကစားကွက်၏ အပြောင်းအလဲများအား ဆက်တိုက် လုပ်ဆောင်တွက်ချက်ကာ ကစားကွက်ကို ဖျက်မည့် နည်းလမ်းအား စဉ်းစား ကြံဆနေသည်။

ဤသို့ဖြင့် ရက်ပိုင်းလေးဆယ်ခန့် ကြာမြင့် လာခဲ့သည်။

သည်ရက်ပိုင်းတွင် လျူကျောင်းကလည်း ဘာမှ မလုပ်ပေ။ စစ်တုရင် တောင်ထိပ်မှ လူများကလည်း တဖြည်းဖြည်း ပိုမို ကျဲပါးလာခဲ့ကြသည်။ အချို့မူကား နတ်နဂါး ကစားကွက်က ဖျက်၍ မရနိုင်သော ဟာကွက်မဲ့ကော ကစားကွက်ဟုပင် ထင်မြင်ကာ လက်လျှော့ သွားခဲ့ကြသည်။

သို့သော်လည်း တစ်နေ့တွင် ရက်လေးဆယ်ခန့်မျှ တိတ်ဆိတ်နေသော လျူကျောင်းက ကစားကွက်ကို တစ်ဖန် ဖျက်တော့မည်ဟု သတင်း ထွက်လာခဲ့သည်။

ထိုသတင်းက လူတိုင်းကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေသည်။ လျူကျောင်းက သည်တစ်ခေါက်တွင် နတ်နဂါး ကစားကွက်အား အနိုင်ရနိုင်ပါ့မလား။

ရီဖူရှင်းကား ယခု ယွီကျင့်အိမ်တော်တွင် မျက်လုံးကို မှိတ်လျက် လေ့ကျင့်နေသည်။ သူ၏စိတ်ထဲတွင်ကား ရက်လေးဆယ်ကျော် အထိ စစ်တုရင်ပညာအား လေ့လာ ဆန်းစစ်နေကာ ယခု သူက ဖြစ်နိုင်ဖွယ် ကစားကွက် အပြောင်းအလဲများအား သိနားလည်ခဲ့ပြီဟု ယူဆခဲ့သည်။

သူက မျက်လုံးကိုဖွင့်ကာ ပြောသည်… “အစ်ကို၃… ယူချင်း… ဂျူဂီ… မနက်ဖြန် ကစားကွက်ကို ဖျက်ဖို့လိုက်ခဲ့ကြပါ…”

အားလုံးက ရီဖူရှင်းကို ကြည့်ကြသည်။ ယခု ရီဖူရှင်းက ကစားကွက်ကို ဖျက်နိုင်တော့မည်လား။

“ကောင်းပြီ…” အားလုံးက ခေါင်းညိတ်ကြသည်။

စစ်တုရင်ရှန့်ထို၏ တပည့်ကိုးယောက်က ယခု ယွီကျင့်အိမ်တော်တွင် တစ်စုတစ်ဝေးတည်း မြင်နေရသည်။

ရန်ရှောင်က ပြောသည်... “လျူကျောင်းက မနက်ဖြန် ယှဉ်ပြိုင်လိမ့်မယ်… သူက အောင်မြင်ဖို့ အခွင့်အလမ်း ရှိတယ်လို့ထင်လား…”

“ခက်ခဲတယ်…” ရန်ရှောင်၏ဘေးတွင် ထိုင်နေသော သူ၏ဇနီးသည်က ပြောသည်… “သူက စစ်တုရင်ပညာမှာ ကျွမ်းကျင်တဲ့ တခြားလူတွေနဲ့ ပူးပေါင်းမှ ဖြစ်နိုင်မယ်…”

“လျူကျောင်းက ကစားကွက်ကို မဖျက်နိုင်ရင် နတ်နဂါး ကစားကွက်က ချိုးဖျက်နိုင်တဲ့လူ မရှိဘဲဖြစ်နေလိမ့်မယ်…” လီခိုင်ရှင်းက ပြောသည်… “အစ်ကိုကြီး… ဆရာက ဒီလောက် မစောင့်နိုင်ဘူး… လျူကျောင်းမှာ လုံလောက်တဲ့ပါရမီနဲ့ ပညာအရည်အချင်း ရှိတယ်လို့ ကျွန်တော်မြင်တယ်…”

“ငါတို့ နည်းနည်း ထပ်စောင့်ရဦးမယ်…” ရန်ရှောင်က ပြောသည်… “ရီဖူရှင်းကလည်း ကစားကွက် အပြောင်းအလဲတွေကို မြင်နိုင်တယ်… သူ့အခွင့်အရေးကလည်း မနည်းဘူး…”

“ရီဖူရှင်းက စစ်တုရင်ပညာမှာ အလားအလာ အရမ်းကောင်းတာ မှန်ပေမဲ့ သူက အခြေခံ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတုန်းပဲ… သူက လျူကျောင်းပြသခဲ့တဲ့ ကြီးမားတဲ့ ထိန်းချုပ်မှုတွေ လှည့်ကွက်တွေ ကစားကွက် အခင်းအကျင်းတွေကို မီဖို့ အများကြီး လိုသေးတယ်…” လီခိုင်ရှင်းက ပြောသည်။

ရန်ရှောင်က ဘာမှ ထပ်မပြောတော့ပေ… “သွားအနားယူကြတော့… မနက်ဖြန် လျူကျောင်းက ကစားကွက်ကို ဖျက်နိုင်မလား ကြည့်ကြမယ်…” သူကလည်း သူ့ဇနီးနှင့်အတူ ထရပ်ကာ ထွက်သွားသည်။

စစ်တုရင် တောင်ထိပ်ကား ယခင်ကတည်းက စည်ကားနေပြန်သည်။

လူအများအပြားက စစ်တုရင် တောင်ထပ်တွင် လာရောက် စုစည်းနေကြသည်။ လျူကျောင်းကား နောက်ဆုံးတွင် နတ်နဂါးကစားကွက်ကို ပြန်လည်၍​ စိန်ခေါ်တော့မည် ဖြစ်သည်။ သူက များစွာသော ပြင်ဆင်မှုများ လုပ်ခဲ့သည်မှာ သေချာသည်။

လျူကျောင်းက ကစားကွက်ကို ဖျက်နိုင်ပါ့မလား။

လူအများအပြားက တစ်နေရာကို ကြည့်ကြသည်။ ထိုနေရာတွင် လျူကျောင်း ရပ်နေကာ ရှီဟွာတောင် တန်ခိုးရှင်များက သူ့အနီးတွင် ရှိနေကြသည်။ သူတို့ကား သူ့ဂျူနီယာ မိုကျွမ်၊ ကျောက်မောင်နှမ၊ ဟန်ကျင့်နှင့် တခြားလူများ ဖြစ်ကြသည်။ ပျောက်နေသော တစ်ယောက်ကား ရီဖူရှင်းဖြစ်သည်။ သို့သော်လည်း ယခု ရီဖူရှင်းအစား နောက်တစ်ယောက် ဝင်ကစားမည် ဖြစ်သည်။

လျူကျောင်းနှင့်အတူ ကစားကွက်ကို ဖျက်ရန် သူတို့ သဘောတူခဲ့ခြင်း မှာလည်း သူတို့အားလုံးက မိမိကိုယ်ပိုင် အရည်အချင်းဖြင့် ကစားကွက်အား ဖျက်နိုင်စွမ်း မရှိတော့ကြောင်း သိလာသောကြောင့်လည်း ဖြစ်သည်။ ယခု သူတို့က စစ်တုရင်ကျေးရွာမှ ဘာမှ မရသည့်တိုင် တော်ဝင်မြေ၏ နံပါတ်၁ပါရမီရှင်အား သူတို့က မျက်နှာပေးခြင်းက ဘာမှ မှားယွင်းသည် မဟုတ်ပေ။

လျူကျောင်းကား ရှန့်ထိုဖြစ်ရန် သေချာသူဖြစ်သည်။ ရှီဟွာတောင်မှ ရှန့်ထိုသုံးပါးကလည်း သူ့အား အပြည့်အဝ ထောက်ခံကြသည်။ သူနှင့် ကောင်းကောင်း ရင်းနှီးခြင်းက အနာဂတ်တွင် ကောင်းမွန်သော အခွင့်အလမ်းများအား ရစေနိုင်သည်။

ထိုအခိုက်တွင် လူတစ်စုက စစ်တုရင် တောင်ထိပ်ကို တက်လာကြရာ လူအများအပြားက လှမ်းကြည့်ကြသည်။ သူတို့ကား ရီဖူရှင်းတို့ အုပ်စုဖြစ်ကြသည်။ သူကလည်း ယနေ့တွင် နတ်နဂါး ကစားကွက်အား ဖျက်ရန် ကြံစည်ထားသည်။ သို့သော်လည်း လျူကျောင်းကလည်း သည်နေ့တွင် ကစားကွက်ကို ဖျက်မည်ဟု သတင်းရထားသည်။

သူတို့အုပ်စုက စစ်တုရင်ခုံ၏အနီးကို ရောက်လာကြသည်။ ရီဖူရှင်းက လျူကျောင်းကို ကြည့်သည်တွင် လျူကျောင်းကလည်း ရီဖူရှင်းကို ကြည့်သည်။ သူတို့ အကြည့်ချင်း ဆုံမိကြသည်တွင် လျူကျောင်းက ပြောသည်… “မင်းက ငါနဲ့ပူးပေါင်းမလား…”

သူက ရီဖူရှင်း၏ စွမ်းရည်များအား အသိအမှတ် ပြုခဲ့သည်မှာ သေချာသည်။

“ဟင့်အင်း…” ရီဖူရှင်းက လျူကျောင်းကို ကြည့်ကာ ခေါင်းယမ်းသည်။

“ကောင်းပြီ…” လျူကျောင်းက ခေါင်းညိတ်ကာ တစ်ဖက်ကို လှည့်သွားသည်။ သူဘာတွေး နေသည်ကို မည်သူမှ မသိပေ။ သို့သော်လည်း မိုကျွမ်၊ ကျောက်စီရီနှင့် တခြားလူများက ရီဖူရှင်းကို ထူဆန်းစွာ ကြည့်ကြသည်။ ရီဖူရှင်းကား အမှန်ပင် တခြားလူများနှင့် ကွဲပြား ခြားနားပေသည်။

“သူတို့ ရောက်လာကြပြီ…” လူတစ်စုက စစ်တုရင် ကျေးရွာဘက်မှ လှမ်းလာကြသည်။ သူတို့ကား စစ်တုရင် ရှန့်ထို၏တပည့် ကိုးယောက် ဖြစ်ကြသည်။ ရန်ရှောင်က သူတို့ ကိုးယောက်အား ဦးဆောင်ကာ ရောက်လာပြီး စစ်တုရင်ခုံပေါ်ကို တိုက်ရိုက် တက်ရောက်သွားသည်။ သူတို့ ကိုးယောက်လုံး၏ အကြည့်များက လျူကျောင်းထံကို ရောက်လာသည်။

ယနေ့ ရောက်လာသူများ အားလုံးက နတ်နဂါး ကစားကွက်အား လျူကျောင်းက ဖျက်မည့်အကြောင်းအား ကြားကာ လာရောက်ကြခြင်း ဖြစ်ကြောင်း သိထားသည်။

“လျူကျောင်း… မင်း အဆင်သင့် ဖြစ်ပြီလား…” ရန်ရှောင်က တည့်တိုးမေးသည်။

“လျူကျောင်းက ခေါင်းညိတ်ကာ ပြောသည်… ကျွန်တော်က နတ်နဂါးကစားကွက်ကို စိန်ခေါ်ပါ့မယ်… ”

ရန်ရှောင်က ခေါင်းညိတ်သည်… “ဒါဆိုလည်း စရအောင်…” စစ်တုရင်ရှန့်ထို၏ တပည့်ကိုးယောက်က စစ်တုရင်ခုံထက်တွင် နေရာယူထားရင်းက ပြောသည်။ လျူကျောင်းတို့ ကိုးယောက်ကလည်း နေရာအသီးသီး ယူလိုက်ကြသည်။

“စတော့မယ်…” ပရိသတ်များအားလုံးက မျှော်လင့်တကြီး ကြည့်ကြသည်။ ယနေ့တွင်သာ နတ်နဂါး ကစားကွက်အား အနိုင်ယူသူ မရှိခဲ့လျှင် သည်ကစားကွက်အား နောက်ထပ် ဖျက်ရန် မျှော်လင့်ချက် ရှိတော့မည် မဟုတ်တော့ပေ။

ရီဖူရှင်းကလည်း စစ်တုရင် ကစားကွက်ကို ကြည့်သည်။ လျူကျောင်းကလည်း ယမန်နေ့ကအတိုင်း နတ်နဂါးကစားကွက်ကို ဖျက်ရန်  ကြံစည်မည်ဟု မထင်ထားပေ။

ယခု လျူကျောင်းက ကစားကွက်ကို ပထမဆုံးစိန်ခေါ်သူ ဖြစ်လာသည်။ သို့သော်လည်း သူတို့နှစ်ယောက်လုံးက ကစားကွက်ကို အနိုင်ယူရန် ခက်ခဲပေသည်။

ရန်ရှောင်က ပထမဆုံးအကွက်ကို ရွှေ့သည်။ လျူကျောင်းကလည်း လက်ဝှေ့ယမ်းကာ ရန်ရှောင်နှင့် ရင်ဆိုင်လျက် တစ်ကွက်ရွှေ့သည်။ နယ်ရုပ်နှစ်ခုလုံးက အားကောင်းသော လောကဓာတ်များ စီးဆင်းနေသည်။

မကြာမီ စစ်တုရင်ခုံပေါ်တွင် အင်အားစုနှစ်ခု ဖြစ်လာသည်။ ရီဖူရှင်းက လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက် သည်တွင် အင်အားစုနှစ်ခုက ဝင်္ကပါပုံစံအဖြစ် အသက်ဝင်နေပြီ ဖြစ်သည်ကို မြင်သည်။ လျူကျောင်းမူကား သစ်ပင်၏ ပင်စည်နှင့်တူကာ သူ့လူရှစ်ယောက်က ခက်မများအဖြစ် ဆောင်ရွက်ကြသည်။ ခက်မတစ်ခုစီက ကွဲပြား ခြားနားသော အထူးပြုဓာတ်များကို ပိုင်ဆိုင်ကြကာ လျူကျောင်းကို မူတည်ထား၍ လှုပ်ရှားကြသည်။

တခြားတစ်ဖက်တွင် ရန်ရှောင်တို့ ကိုးယောက်က သီးသန့်ဆန်သော ဝင်္ကပါကိုယ်စီကို တည်ဆောက်၍ ကစားကြပြီး ထိုကစားကွက်များ ကလည်း အမှန်ပင် ကြီးမားသော ဝင်္ကပါကြီးတစ်ခုဖြစ် ဆက်စပ်နေကြသည်။

ဓားဝင်္ကပါ၊ လှံဝင်္ကပါ၊ ပုဆိန်ဝင်္ကပါ…။ ဝင်္ကပါကိုးခုက တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြကာ နဂါးကိုးကောင်က စစ်တုရင်ခုံပေါ်၌ ရစ်ခွေလျက် တစ်ဖက်လူများအား ဖျက်ဆီးတော့မည်ဟု ထင်ရသည်။

ထိုအခိုက်တွင် ရီဖူရှင်းက စစ်တုရင် ကစားခြင်းထက် တိုက်ပွဲတစ်ခုအဖြစ် မြင်နေရသည်။ ဝင်္ကပါကိုးခုက ခက်မကိုးခုအား အဆက်မပြတ် တိုက်ခိုက် ဖြတ်တောက်ကြ သော်လည်း ပျက်စီးသွားသော ခက်မများက ပြန်လည်၍ ရှင်သန်လာကြကာ အလွန်အမင်း ခိုင်မာမှုကို ပြသနေသည်။

ထိုအခိုက်တွင် လျူကျောင်းထံမှ အလွန် ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါတစ်ခု ထွက်နေသည်ဟု ခံစားရသည်။ သူကား အလွန် အားကောင်းသော စိတ်ဝိညာဉ်ပညာရှင် ဖြစ်သည်။ လျူကျောင်း၏အနီးမှ လူများအားလုံးကလည်း လျူကျောင်းနှင့်အတူ ပေါင်းစပ်နေသည်ကို သူခံစားမိသည်။

“စိတ်ဝိညာဉ်မျှဝေခြင်း…” ရီဖူရှင်းက သတိထားမိကာ ရေရွတ်လိုက်သည်။ လျူကျောင်းကား ကြောက်မက်ဖွယ် ကောင်းသော စိတ်ဝိညာဉ် ပညာရှင်ဖြစ်ကာ တခြားသော ပညာရပ်များစွာကိုလည်း ကျွမ်းကျင်သည်။ ယခု သူကား လူကိုးယောက်ကို စိတ်တစ်ခုတည်းဖြင့် ထိန်းချုပ် စေခိုင်းနေသည်ကို မြင်သည်။ ထို့အပြင် သူတို့ ကိုးယောက်လုံး၏ လက်ရှိကစားဟန်က တစ်ယောက်နှင့်တစ်ယောက် အလွန်အမင်း ညီညွတ် ကောင်းမွန်နေ၏။

“တကယ်ပဲ ပြောင်မြောက် ပါပေတယ်…” ရီဖူရှင်းက တိတ်တခိုး ချီးကျူးလိုက်သည်။

***

All Chapters