← Chapters

ပေါင်းစပ်မှုအောင်မြင်ခဲ့ပြီ

Vol. 64 Ch. 476.4

ပေါင်းစပ်မှုအောင်မြင်ခဲ့ပြီ

Vol. 64 Ch. 476.4

လူကြီးမင်းဟော်ရှန်းက လုရွှမ်တို့ငါးယောက်ကို ကောင်းကင်အကာအကွယ်ဖြင့် ဖုံးအုပ်ထားပြီးကတည်းက ၎င်းတို့အား အစွမ်းကုန် ကာကွယ်ထားပြီ ဆိုတာ ထင်ရှား​ပေသည်။

ဖျက်စီးခြင်းနွယ်ပင်တွေရဲ့ ခွန်အားက အမှန်ပင် အစွမ်းထက်သော်လည်း ကောင်းကင်အကာအကွယ်ရဲ့ စွမ်းရည်ကို တိုက်ခိုက်လိုပါက အမြတ်နှင့် မထိုက်တန်တော့ချေ။

"စုန်းမကြီး... ဒီဟော်ရှန်းကို အတူတူ လက်တွဲပြီး ဖျက်ဆီးလိုက်ကြရအောင်"

အဘိုးကြီးချင်းရှန်းက စိတ်နှလုံး ရွှင်လန်းစွာဖြင့် အော်လိုက်သည်။

ဖျက်စီးခြင်းနွယ်ပင်ဟာ လုရွှမ်နဲ့ သူ့အဖွဲ့ကို အနိုင်ယူပြီး ဒြပ်စင်ငါးခုကို သိမ်းပိုက်သွားမှာ သူတကယ် စိုးရိမ်နေခဲ့သည်။ နွယ်တောထဲကို ပြေးဝင်ခဲ့စဥ်က သူဟာ နတ်မီးနယ်ပယ်က သခင်ဖြစ်သော်လည်း တစ်ဖက်လူ သူ့ဘာသာသူ မတိုက်နိုင်လောက်ကြောင်း ခန့်မှန်းမိလေသည်။

အဲဒီခံစားချက်က တကယ်ကို ကြောက်စရာကောင်းလွန်းသည်။

ယခုအချိန်သည် လူကြီးမင်းဟော်ရှန်းကို ဦးစွာသတ်ပစ်ရန် အကောင်းဆုံး ဖြစ်ပြီး ထို့နောက်တွင်မှ ကမ္ဘာ့ရဲ့ အတိမ်အနက်ကို မသိသော လူငယ်များကို အတူတကွ သင်ခန်းစာပေးကာ အကျိုးကျေးဇူးများကို ညီတူညီမျှ မျှဝေရန် အကောင်းဆုံး ဖြစ်ပေမည်။

ဖျက်စီးခြင်းနွယ်ပင်ကလည်း စိတ်မချမ်းသာတော့ချေ။ ဘယ်လောက် ကောင်းလိုက်တဲ့ အခွင့်အရေးလဲ။ သူမသည် ဟော်ရှန်းရဲ့ အသက်စွမ်းအင်ကို သာမန်လူတစ်ဦး ဖြစ်သွားတဲ့အထိ စုပ်ယူပစ်ဖို့ စိတ်ကူးထားပြီးပြီ။ နတ်မီးနယ်ပယ်က သခင်ဆိုတာ အသက်စွမ်းအင် အပြည့်ရှိတယ်လေ။

လူကြီးမင်းဟော်ရှန်းသည် သူ့လက်နက် ဖြစ်သည့် ကျောက်ဓားတစ်ချောင်းကို ထုတ်ကာ ၎င်းတို့သုံးဦးနှင့် အရူးအမူး တိုက်ခိုက်တော့သည်။ သူဒီလိုလုပ််လို့ စိတ်ပိုင်းဖြတ်ထားပြီးပြီ။ သူဟာ တခြားလူရဲ့ သေရေးရှင်ရေးကို ဂရုမစိုက်တော့ဘဲ အချိန်​ကောင်းကို လိုချင်ခဲ့ပြီး နောက်ဆုံး ဘဝအား ပိုမိုစိတ်လှုပ်ရှားဖွယ် ဖြစ်အောင် ဖန်တီးချင်ခဲ့သည်။

လုရွှမ်သည် သူ့မျက်လုံးထဲတွင် အရာအားလုံးကို မြင်​နေရပြီး ဒြပ်စင်ငါးပါး ပေါင်းစပ်မှုကို ဦးဆောင်ခဲ့သည်။ ယင်းယန်စွမ်းအင်တို့ကို မြှင့်တင်ခြင်းဖြင့် ဒြပ်စင်ငါးပါး၏ ပေါင်းစပ်မှုသည် ပိုမိုချောမွေ့လာ၏။

သူတို့ခန္ဓာကိုယ်မှ အနံ့ဆိုးများ ထွက်ကျလာသော်လည်း ဤအရာသည် သူတို့ ကြွက်သားများနှင့် ခြင်ဆီများထဲက အညစ်အကြေးများကို ဆေးကြောပေးသည့် ဒြပ်စင်ငါးပါး၏ အသန့်စင်ဆုံး စွမ်းအားဖြစ်ကြောင်း လူတိုင်း သိကြသည်။

နယ်ပယ် တိုးတက်သည်နှင့်အမျှ ထိုသို့သော ဖြစ်စဥ်ကို အချိန်တိုင်း ဆောင်ရွက်သွားမှာ ဖြစ်သော်လည်း ယခုအချိန်နှင့် နှိုင်းယှဉ်ပါက လုံးဝအရေးမပါတော့သလိုပင်။

ခန္ဓာကိုယ်က အားကောင်းလာသည်။ စိတ်စွမ်းအင်က တိုးတက်လာသလို ဒြပ်စင်ငါးပါးရဲ့ စွမ်းအင် ထိန်းချုပ်မှုကလည်း အရှိန်အဟုန်နဲ့ တိုးလာနေသည်။

တဖြည်းဖြည်းနှင့် လူငါးဦးသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ မထိုင်တော့ဘဲ အလိုအလျောက် ပျံတက်သွားသည်။ မမြင်နိုင်သော စွမ်းအားက သူတို့ခန္ဓာကိုယ်ထဲမှာ ပေါင်းစည်းထားပြီး ပတ်ဝန်းကျင်အပေါ် သူတို့ရဲ့ အမြင်အာရုံဟာ ယခင်ကထက် ပိုမိုအားကောင်းလာသည်။ သူတို့သည် ကမ္ဘာကြီးနှင့် ရောထွေးမိလုနီးပါး ဖြစ်နေပြီဖြစ်သည်။

လုရွှမ် ထိုထူးဆန်းသော ခံစားချက်ကို ခံစားလိုက်ရပြီး ခဏလေး အတွင်းမှာပင် လူလေးယောက်၏ စိတ်များနှင့် ချိတ်ဆက်နိုင်ခဲ့သည်။ သူတို့ငါးယောက်ရဲ့ စိတ်ဝိညာဉ်များ ချိတ်ဆက်နေသကဲ့သို့ လေထုနှင့် ခန္ဓာကိုယ်ကြားက အတားအဆီးကို လုံးလုံးလျားလျား လျစ်လျူရှုထားနိုင်တာကို တွေ့လိုက်ရသည်။

တခြားလူလေးယောက်ကလည်း ဒီအခြေအနေကို သတိပြုမိကြ၏။

"ငါတို့ ဘာလုပ်သင့်လဲ အကြီးအကဲဟော်ရှန်း တစ်ယောက်တည်းနဲ့ အဲဒီသုံးယောက်ကို အနိုင်မယူနိုင်တာ သိသာတယ်... သူတို့ကို အခုပဲ တိုက်​ကြမလား? "

အောင့်ယွဲ့က အော်မေးလိုက်သည်။

သားသတ်သမားက လူသတ်ချင်တဲ့ ကြံရွယ်ချက်များ အပြည့်ရှိနေပြီ ဖြစ်သည်။ လုရွှမ်ကို သူပထမဆုံး တွေ့ပြီးကတည်းက ကောင်းသောအရာများ တစ်ခုပြီးတစ်ခု လက်ဝယ် ရခဲ့တာကို သူတွေ့ရပြီးပြီ။ ယခု သူသည် ဒြပ်စင်ငါးပါး နတ်ပုတီး​စေ့နှင့် အကြီးအကဲတစ်ဦး၏ အကာအကွယ်ကို အလွန်အမင်း ရရှိနေပြီဖြစ်သည်။

ဒီလိုမျိုး ကြုံရမယ်လို့ သူ တစ်ခါမှ စိတ်ကူးမယဉ်ရဲခဲ့ဘူး။

လူကြီးမင်းဟော်ရှန်း သူ့ကို ကယ်တင်ဖို့ အသက်ကို စွန့်စား​နေတာကို မြင်လိုက်ရချိန် သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။ အဲဒါကတော့ သူသေဆုံးသွားတဲ့အထိ ရင်ဘတ်ချင်း ယှဉ်တိုက်မယ် ဆိုတဲ့ အတွေးတစ်ခုသာ ​ဖြစ်သည်။

ဒီအခြေအနေမှာ လူငါးယောက်ရဲ့ ခံစားချက်တွေက တစ်ယောက်နဲ့ တစ်ယောက် ခံစားနိုင်တယ်ဆိုတာ ပြောစရာ မလိုအောင်ပါပဲ။

"ခဏစောင့်... ခဏနေဆို မမျှော်လင့်ထားတဲ့ အံ့ဖွယ်အမှုတွေ ကြုံလာရမယ်လို့ ငါ ခံစား​နေရတယ်"

လုရွှမ်က ဆိူလိုက်သည်။ ဒါတွေက သူ့စိတ်ထဲကနေ ပြောတဲ့ ရွှေကျီးကန်းရဲ့ တိကျတဲ့ စကားပါပဲ။

လုရွှမ် ပြောတာကို လူတိုင်းက သဘာဝကျကျ ယုံကြည်ကြ​လေသည်။ စိတ်အနှောင့်အယှက် မဖြစ်တော့ဘဲ ဒြပ်စင်ငါးခုရဲ့ စွမ်းအင်ကို အစွမ်းရှိသမျှနဲ့ ပေါင်းစပ်လိုက်ကြသည်။

လူကြီးမင်းဟော်ရှန်း ပါးစပ်မှ သွေးများ ထွက်ကျ​လာပြီး ထိတ်လန့်တကြား ပြန်ဖြစ်သွားသည်။ သူသည် အဆင့်မြင့် ကျင့်ကြံသူအဖြစ် ရှင်သန်နိုင်ခဲ့သည်။ သူ့မှာသာ ကောင်းကင်အကာအကွယ် ရှိထားမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်၏ အကာအကွယ် စွမ်းအားက ပို၍ ကြီးမားလာမှာကို သူသိသည်။

ဒါပေမဲ့ ဒီလမ်းကို သူရွေးချယ်ခဲ့​ပြီးသား ဖြစ်တာမို့ နောင်တမရဘဲ ဆက်သွားတော့မည်။

"အဘိုးကြီး... ခင်ဗျား သေရတော့မယ်.. ခင်ဗျား အခုလက်မြှောက်ရင် ခင်ဗျားအသက်ကို ကျုပ်တို့ ချမ်းသာပေးလို့ ရတယ်"

ဆရာကြီးထန်းကျီးက အော်ပြောရာ ကျန်လူနှစ်ယောက်မှာ အံ့သြပြီး သံသယပင် ဝင်လာခဲ့သည်။

လူသုံးယောက်ထဲမှာ ဖျက်စီးခြင်းနွယ်ပင်ရဲ့ စွမ်းအားကို ဘယ်လို အကဲဖြတ်ရမလဲ ဆိုတာ မသိပေမယ့် အဘိုးကြီးချင်းရှန်းက အမြင့်ဆုံး အဆင့်မှာရှိပြီး ဆရာကြီးထန်းကျီးက အညံ့ဆုံးပင်။ ယခုတော့ ဆရာကြီးထန်းကျီးက အမှန်တကယ်ပင် စကားဝင်ပြောခဲ့ရာ ၎င်းတို့နှစ်ဦးကို အနည်းငယ် မကျေမနပ် ဖြစ်​စေခဲ့သည်။

အရင်ကလည်း သူပဲ အချိန်ဖြုန်းနေခဲ့တာ။ အခုလည်း လုပ်ပြန်​ပြီ။ ဟော်ရှန်းကို ခဏလောက် အနားယူ​စေချင်သေးတာလားဟ?

ဆရာကြီးထန်းကျီးသည် လူနှစ်ယောက်ရဲ့ အမူအရာများ ပြောင်းလဲသွားတာကို ခံစားခဲ့ရသော်လည်း သူတို့နဲ့ အဓိပ္ပာယ်မဲ့ စကားများ ပြောဆိုရန် ပျင်းလွန်းလှသည်။

ဒီအကြပ်အတည်းအပေါ် သူ့ခံယူချက်က သူတို့နှစ်ယောက်ထက် အများကြီးသာသည်။ လုရွှမ်နဲ့ သူ့အဖွဲ့ကို အရင်က လုံးဝ ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့သလို နတ်မီးနယ်ပယ်က ချင်းရှန်းကိုလည်း ဂရုမစိုက်ပေ။ သူက ကောင်းကင်ဘုံသခင် အဆင့်မှာသာရှိပေမယ့် သူ့ကို သတ်ဖို့က မလွယ်ကူသေးပါဘူး။

ဒြပ်စင်ငါးခုကို ရောနှောလို့ မရရင် အချင်းချင်း သာမာန်လက်နက်ကြီးများထက် ပိုမိုအားကောင်းရအောင် အသည်းအသန် တိုက်ခိုက်​ကြရမှာပဲ။ ဒါ့အပြင် သူတို့သည် မဟာသူတော်စင်များ သို့မဟုတ် သူတော်စင်နယ်ပယ်က လူငယ်တွေ ဖြစ်နေဆဲပင်။ သူတို့လက်နက်များ ဘယ်လောက် အစွမ်းထက်စေကာမူ သူတို့အပေါ် မထိခိုက်​စေနိုင်ပေ။

သို့သော် မသိရသော အကြောင်း တစ်ခုခုကြောင့် သူသည် လုရွှမ်နှင့် တခြားသူများထံမှ အကျပ်အတည်း အန္တရာယ် အငွေ့အသက်ကို ခံစားလာရပြီး ထို​အကျပ်အတည်းသည် ပိုမိုပြင်းထန်လာကာ သူ့အသက်ကိုပင် တဖြည်းဖြည်း ခြိမ်းခြောက်လာခဲ့သည်။

ဒြပ်စင်ငါးပါးနတ်ပုတီးစေ့ကို တကယ် ပေါင်းစပ်သွားနိုင်တာလား?

ဆရာကြီးထန်းကျီးသည် လုရွှမ်ကို မကြာခဏဆိုသလို လှည့်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် တခြားလူသုံးဦးရဲ့ အာရုံကိုပါ ဆွဲဆောင်သွားခဲ့သည်။

ဒီမြင်ကွင်းက သူတို့သုံးယောက်ကို အံ့သြစေ၏။

ကွာခြားချက်မှာ ဖျက်စီးခြင်းနွယ်ပင်နဲ့ အဘိုးကြီးချင်းရှန်းတို့က တုန်လှုပ် ခြောက်ခြားကြပြီး လူကြီးမင်းဟော်ရှန်းကတော့ အံ့သြ ဝမ်းသာသွားခဲ့သည်။

"ဘယ်လိုဖြစ်ရတာလဲ?"

ထို့နောက် ကောင်းကင်အကာအကွယ်သည် ရုတ်တရက် အလိုအလျောက် ပျံတက်သွားပြီး လူကြီးမင်းဟော်ရှန်းရဲ့ လူသား ခန္ဓာကိုယ်ကို ကာကွယ်ပေးဖို့ ပျံသန်းသွားတာကို တွေ့လိုက်ရသည်။ လုရွှမ်တို့ ငါးယောက်သည် ရောင်စုံအလင်းတန်းကြီး တစ်ခုထဲတွင် လူတစ်ဦးတည်း အဖြစ်သို့ တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့သည်။

လုရွှမ်၏ အသွင်အပြင်မှာ ယင်နှင့် ယန်စွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်စေပြီး ပေါင်းစည်းထားတဲ့ ပုံရိပ်မှ လက်တွေ့အ​ဖြစ်သို့ တဖြည်းဖြည်း ပုံဖော်လာခြင်း ဖြစ်သည်။ သူသည် ကြီးမားသော စွမ်းအားကို ထုတ်ပြပြီး လေထုကို အလွန်အမင်း လွှမ်းမိုးထား​လေသည်။

လုရွှမ်သည် နောက်ဆုံးတွင် သူ့​မျက်လုံးများကို ဖွင့်၍ ချင်းရှန်းတို့သုံးယောက်ကို ကြည့်ကာ အေးစက်စွာ ပြုံးပြလိုက်သည်။

"ချင်းရှန်း... မကျေနပ်လည်း လက်စားချေရမယ့် အချိန် မရောက်နိုင်​တော့ဘူး အခု ခင်ဗျားရဲ့ ကံကြမ္မာကို လက်ခံရတော့မယ်!"

ပါးစပ်တစ်ပေါက်မှ လူငါးဦး၏ စကားသံများ အမှန်တကယ် ထွက်ပေါ်လာခဲ့ပြီး ဖျက်စီးခြင်းနွယ်ပင်ထက် ပိုကြောက်စရာ ကောင်းလာသည်။ ဒီစကားလုံးတွေရဲ့ နောက်ကွယ်က ရောင်ဝါက လူတွေရဲ့ အသုံးအနှုန်းတွေအတိုင်း အပြင်းအထန် ပြောင်းလဲလာခဲ့သည်။

ကံကောင်းထောက်မစွာ နယ်ပယ်သည် နတ်မီးနယ်ပယ်သို့ အကန့်အသတ်မရှိ မတိုးတက်သေးသော်လည်း ၎င်းသည် ကောင်းကင်ဘုံသခင်ကို ကျော်လွန်ကာ ကြားတစ်နေရာတွင် တည်ရှိနေလေပြီ။

လုရွှမ်၊ အောင့်ယွဲ့နှင့် သားသတ်သမားတို့ရဲ့ နယ်ပယ်သည် အတော်လေး ခြားနားသည်။ သို့မဟုတ်ပါက ဒြပ်စင်ငါးပါး၏ လွှမ်းမိုးမှုအောက်တွင် ပေါင်းစပ်ထားတဲ့ နယ်ပယ်က နတ်မီးနယ်ပယ်ကို ကျော်တက်သွားနိုင်သည်။

ယခုမူ လုရွှမ်သည် ပြင်းထန်သော စွမ်းအားကို ခံစား​နေရပြီး ၎င်းတို့ သုံးဦးကို ဤနေရာတွင် သေချာပေါက် သတ်ပစ်နိုင်မည်ဟု ယုံကြည်ထားပြီ ဖြစ်သည်။

"လုရွှမ် မင်းတို့ကောင်တွေ...."

လူကြီးမင်းဟော်ရှန်းမှာ အံ့သြမှုတွေ အပြည့်နဲ့ အော်လိုက်သည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်က တောက်ပလာပြီး လူကြီးမင်းဟော်ရှန်းရဲ့ ဘေးတွင် ဖျက်ကနဲ ပေါ်လာခဲ့သည်။ သူက ဟော်ရှန်းကို ထောက်ထူပေးရင်း ဆိုလိုက်သည်။

"အကြီးအကဲ... ကျန်တာကို ကျွန်တော်တို့လက်ထဲ လွှဲထားလိုက်ပါ"

All Chapters