← Chapters

ဒြပ်စင်ငါးပါးရဲ့ အစွမ်း

Vol. 64 Ch. 477.4

ဒြပ်စင်ငါးပါးရဲ့ အစွမ်း

Vol. 64 Ch. 477.4

လူကြီးမင်းဟော်ရှန်းလည်း မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။ သူကိုယ်တိုင်လည်း လုရွှမ်ထံမှ ကြီးမားသော ဖိအားကို သိသိသာသာ ခံစားလိုက်ရသည်။ နယ်ပယ်က သူ့လောက် မကောင်းပေမယ့် တန်ခိုးက သူ့ထက်သာတာ ထင်ရှားသည်။

လုရွှမ် အသက်ပြင်းပြင်းရှူပြီး လက်ဆန့်တန်းကာ ထိုသုံးယောက်ကို လက်ညိုး ထိုးလိုက်သည်။

"မင်းတို့ထဲက ဘယ်တစ်ယောက် အရင်လာမလဲ? ဒါမှမဟုတ် အတူတူ သွားချင်လား?"

သုံးယောက်သား ဒေါသတကြီးဖြင့် မျက်နှာများ မည်းမှောင်သွားကြသည်။ အဘိုးကြီးချင်းရှန်းက အရင်ဆုံး အော်ဟစ်လာ၏။

“ကောင်လေး... နတ်ပုတီး​စေ့ငါးလုံးကို ရောစပ်ပြီးတာနဲ့ပဲ မင်းကငါ့ကို လာအော်ဖို့ တတ်နိုင်မယ် မထင်နဲ့... နတ်မီးနယ်ပယ်က ဘာလဲဆိုတာ မင်းသိအောင် ပြလိုက်မယ်"

သူ ကျယ်လောင်စွာ အော်လိုက်ပြီး သူ့လက်ဖဝါးကို ဖျန်းခနဲ ဝေ့ယမ်းကာ လုရွှမ်ဆီသို့ မီးတောက်များ ပစ်လွှတ်လိုက်သည်။

"ဟမ့် မီးနဲ့ကစားတာလား? ငါကျွမ်းတယ်!"

လုရွှမ်က သူ့လက်ဖဝါးကို ဝှေ့ယမ်းပြီး လှပတဲ့မီးတောက်တစ်ခု သူ့လက်ဖဝါးပေါ်မှာ ဝဲပျံနေစေသည်။ ထို့နောက် အဘိုးကြီးချင်းရှန်းဆီက မီးတောက်ကို ဖမ်းဆုပ်ထားလိုက်၏။

အဘိုးကြီးချင်းရှန်းက ကဲ့ရဲ့လိုက်လေသည်။ နတ်မီးနယ်ပယ်က သခင်တစ်ယောက်ရဲ့ မီးတောက်ကို ကိုင်တွယ်ရတာက အရမ်းလွယ်တယ်လို့များ ထင်နေတာလား။

ကောင်းကင်ဘုံသခင်က နတ်မီးနယ်ပယ်သို့ မဝင်ရောက်မီ နတ်မီးကို ထွန်းညှိရသည်။ လုရွှမ်က မရိုးရှင်းတဲ့ နတ်မီးကို ဘယ်လိုလုပ် ထွန်းညှိနိုင်မှာတဲ့လဲ။

သို့သော် နောက်အခိုက်အတန့်တွင် သူ့ခမျာ အလွန်ထိတ်လန့်သွားခဲ့သည်။ သူပစ်လိုက်တဲ့ နတ်မီးကို လုရွှမ် အမှန်တကယ် ဖမ်းမိခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ပေါင်းစပ်သွားတာကို အံ့သြစွာ တွေ့လိုက်ရ၏။

"အို..တောင်းပန်ပါတယ်.. ငါအကျွမ်းကျင်ဆုံးက မီးကို ကစားရတာပဲ.. မင်းဆီက လုယူလိုက်ရင်လည်း ငါ့ဥစ္စာပဲ"

ဤမီးတောက်သည် အမှန်တကယ်ပင် လွှမ်းမိုးနိုင်စွမ်း ရှိလို့ လုရွှမ် သတိမ​ပေါ့ထားဝံ့ပေ။ သို့သော် ဖီးနစ်နတ်မီးက ဒြပ်စင်ငါးပါး နတ်ပုတီးစေ့နဲ့ ပေါင်းစပ်လိုက်တဲ့အခါ နတ်မီးဆိုတာ မုန့်တစ်ခုသာသာပဲ ဖြစ်သွားသည်။

ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းပြီးနောက် စိတ်ဝိညာဉ်မီး​တောက်သည် တုန်လှုပ်ချောက်ချား သွားပုံရသော်လည်း အချိန်အတိုင်းအတာ တစ်ခုအထိ ပြုစုပျိုးထောင်နေသရွေ့ စိတ်ဝိညာဥ် မီးတောက်သည် ပိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်မှာ သေချာပေ၏။

"အပြန်အလှန် မတုံ့ပြန်ရ​သေးဘဲ ရှုံးတော့မှာတော့ သနားစရာပဲ... ခင်ဗျား ကျုပ်ရဲ့နတ်မီးကို မြည်းစမ်းကြည့်သင့်တယ်"

လုရွှမ် အော်ရင်း လက်ညိုး ထိုးပြလိုက်သော် ခရမ်းရောင် မီးတောက်တစ်ဆုပ် ဝုန်းကနဲ ထွက်ပေါ်လာသည်။

ဓားပျံကဲ့သို့ အရှိန်အလွန် မြန်သော်လည်း အလွန်ပူလောင်သော အပူချိန်ကိုပါ သယ်ဆောင်သွားခဲ့သည်။ ၎င်းသည် လေထုအလယ်မှာ ပေါ်လာတာနဲ့ တပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံးရဲ့ အပူချိန်က သိသိသာသာ မြင့်တက်လာသည်။

အပူတွေက အာကာသထဲအထိ ထိုးဖောက် ဝင်ရောက်နေသလိုမျိုး နောက်အခိုက်အတန့်မှာ စွမ်းအင်လှိုင်းက အဘိုးကြီးချင်းရှန်းရှေ့မှာ ပေါ်လာခဲ့သည်။

အဘိုးကြီးချင်းရှန်က လေးနက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကာ သတိမ​ပေါ့ဝံ့ပေ။ သူသည် နတ်မီးဘောလုံးကို အလျင်အမြန် တွန်းထုတ်လိုက်ပြီး အားအင်အပြည့်ဖြင့် နောက်ပြန်ဆုတ်သွားခဲ့သည်။

"ထွက်သွားချင်တယ်ပေါ့! အိပ်မက်ပဲ ထိုင်မက်နေလိုက်!"

လုရွှမ် အော်ပြောလိုက်ပြီး မီးတောက်တွေက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး သူ့ပတ်ဝန်းကျင်က လူသုံးယောက်ဆီကို တစ်ချိန်တည်းမှာ ပစ်လွှတ်လိုက်၏။

ဒါက လုရွှမ်ရဲ့ အစီအစဥ်ပါပဲ။ သခင်သုံးယောက်က တခြားသူတွေထက် ပိုသန်မာတယ်လို့ ခံစားမိပေမယ့် မိမိတို့ရဲ့ ကျင့်​ကြံမှုအဆင့်က နိမ့်လွန်းသည်။ ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်မလဲ ဆိုတာ မသိနိုင်ချေ။ သဘာဝကျကျ အမြန်ဆုံး ဖြေရှင်းလိုက်တာက အကောင်းဆုံးပင်။

ခိုးကြောင်ခိုးဝှက် တိုက်ခိုက်​ခြင်းမှာ အားနည်းသော ရန်သူကို အသုံးချကာ ပြင်းထန်သော ရန်သူကို ဖန်တီးရန်သာ ဖြစ်သည်။

လုရွှမ် သဘာဝကျကျ သူတို့သုံးယောက်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ ဦးစားပေး စဥ်းစားထား၏။ ခြင်္သေ့က သားကောင်ကို ကိုက်ချင်တဲ့အခါ အားနည်းတဲ့သူကို အရင်ရှာတတ်သည်။ ဒါကြောင့် ဆရာကြီးထန်းကျီးဟာ လုရွှမ်ရဲ့ ခိုးဝင်တိုက်ခိုက်မှု အတွက် အဓိကပစ်မှတ် ဖြစ်သွားသည်။

ဒီအဘိုးကြီးက လျှို့ဝှက်ဆန်းကြယ် လွန်းသည်။ ပိုင်ထျန်းရှန်ကတောင် အရမ်း အစွမ်းထက်နေပြီး လေထု ပျက်ဆီးသွားတဲ့ အခါမှ သူ့ကို တကယ်သတ်နိုင်ခဲ့သည်။ သူ့ဆရာသခင် ဆိုရင် ဘယ်လောက်​တောင် ကြောက်စရာ ကောင်းလိုက်မလဲ။

သူ့ကို အရင်သတ်ရမယ်။ မဟုတ်ရင် နောက်ပိုင်းမှာ အန္တရာယ် ရှိလာနိုင်တယ်။

"မင်းက စက်ဆုပ်စရာပဲ!!"

ဆရာကြီးထန်းကျီးက ဟစ်အော်လိုက်လေသည်။ သူ တစ်ခုခု မှားနေပြီလို့ ယောင်ဝါးဝါး ခံစားမိပေမယ့် လုရွှမ် ဒီလောက်မြန်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

ပြီးတော့ သူက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခံရသူ ဖြစ်နေသည်။ ဆရာကြီးထန်းကျီး လျင်မြန်စွာ ရှောင်တိမ်းသွားသော်လည်း မီးပွားတစ်ဒါဇင်ကျော်သည် သူ့ဆီသို့ ဆက်လက် ပစ်ခတ်နေတာကို တွေ့လိုက်ရသည်။ ပူလောင်သော အပူချိန်သည် အာကာသအတွင်း လောင်ကျွမ်းသွားသကဲ့သို့ သူ့ပတ်ဝန်းကျင်ကို ကမောက်ကမ ဖြစ်သွားစေကာ သူ့ပျံသန်းမှုအရှိန်မှာ အလွန် လျော့ကျသွားခဲ့သည်။

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ မိုးနတ်ဘုရားဓားက သူ့လက်ထဲမှာ အသင့်ပေါ်လာသည်။ ဓားရည်ရွယ်ချက်က သူ့ခန္ဓာကိုယ်ကနေ ပွင့်ထွက်သွား၏။

"ယွမ်ယန်ဓားကိုးစင်းရဲ့ စတုတ္ထမြောက်ဓား! လေထုကိုဖြတ်!"

လုရွှမ်ရဲ့ အော်သံနဲ့အတူ ကောင်းကင်ကို ခုန်တက်နေတဲ့ ဓားသွားက သူ့အနီးနားက ဓားစွမ်းအင် အားလုံးကို အလျင်အမြန် စုစည်းစေပြီး ဓားရှည်တစ်လက် အဖြစ် ပြောင်းလဲသွားပါတော့သည်။ အလင်းရောင်က တောက်လောင်ပြီး လေနဲ့ မိုးခြိမ်းသံကြီးကို ဖြစ်ပေါ်လာစေခဲ့သည်။

"ခေါင်းဖြတ်!"

လုရွှမ် သူ့အသံကို လွှင့်တင်လိုက်သည်။

"ခေါင်းဖြတ်!"

"ခေါင်းဖြတ်!"

ခဏတာမျှ လူကြီးမင်းဟော်ရှန်းသည် သူ့သွေးများ ပွက်ပွက်ဆူလာတာကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲက ဓား​ရောင်ဝါဟာ တစ်ဟုန်ထိုး ထွက်ပြေးသွားကာ ကောင်းကင်သို့ တက်၍ လုရွှမ်ရဲ့ အလင်းဓားထဲသို့ ပေါင်းစည်းသွားသည်။

ဒါက လုရွှမ်ရဲ့ စတုတ္ထမြောက် ဓားဖြစ်သော်လည်း ယခုအခါ ကောင်းကင်ဘုံသခင်၏ အဆုံးစွန်သော လေ့ကျင့်မှုအဆင့်ကို ရရှိနေပြီဖြစ်သည်။ မိုးခြိမ်းသံများ ထွက်လာသည်နှင့် တစ်ပြိုင်နက် နောက်အခိုက်အတန့်တွင် ဓားအလင်းက ဆရာကြီးထန်းကျီး၏ ခေါင်းပေါ်သို့ ကျရောက်သွားသည်။

"ကယ်ပါဦး!"

ဆရာကြီးထန်းကျီး အသဲအသန် အော်ဟစ်လိုက်သည်။

သို့သော် နောက်အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းခွဲဖြတ်သွားသော ဓားရည်ရွယ်ချက် ပေါ်လာသောအခါတွင် သူ့ဝိညာဉ်ကိုပါ အပိုင်းပိုင်း ပိုင်းဖြတ်ပြီးသား ဖြစ်သွား​ပြီ။

လုရွှမ်သည် ဆရာကြီးထန်းကျီးရဲ့ လက်ချောင်းပေါ်မှ လက်စွပ်ကို လက်တစ်ဖက်ဖြင့် စုပ်ယူလိုက်သည်။ သူ ကောင်းကင်အခွင့်အလမ်းဂိုဏ်းက ကျင့်စဥ်များကို သဘာဝကျကျ အလွန်သိချင်နေခဲ့တာ ဖြစ်လေ၏။

ဟော်ရှန်း တခဏမျှ တုံ့ဆိုင်းသွားသလို စကားတစ်ခွန်းမှ ပြန်မပြောနိုင်တော့ဘဲ ဆွံ့အသွားတော့သည်။ လုရွှမ်လို ပါရမီရှင် တစ်ယောက်အတွက် ကောင်းကင်အခွင့်အလမ်းဂိုဏ်းက အရာများ သူ့လက်ထဲ ကျရောက်သွားတာက အကောင်းဆုံးနေရာဟု ဆိုရမည်။

အဘိုးကြီးချင်းရှန်း ထိတ်လန့်သွားကာ မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။ ဆရာကြီးထန်းကျီး နည်းလမ်းမျိုးစုံကို ထုတ်သုံးခွင့် မရခင်မှာပဲ လုရွှမ်ဆီက သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ရုတ်​တရက်​ သူ့စိတ်​ဝိညာဥ်လည်း တုန်​လှုပ်​သွားခဲ့သည်​။ ထန်းကျီးတောင်​ ဒီမှာပဲ ​သေသွားခဲ့ပြီ။ ၎င်းရဲ့ အကြံဉာဏ်​မပါရင် သူဘယ်လိုလုပ်ရမလဲ ဆိုတာတွေးရင်း သူတကယ်​ကို အကြောင်းပြချက် မရှိဘဲ စိတ်​ရှုပ်​​လာခဲ့။

ဘယ်လိုလုပ်ရမလဲ?

ဒီဖျက်စီးခြင်းနွယ်ပင်က အမှန်တကယ် ဆက်လက် ပူးပေါင်းလိုပါ့မလား။

သူရွေးချယ်ခွင့် မရှိတာ အံ့သြစရာတော့ မရှိတော့ချေ။ ဆရာကြီးထန်းကျီးနဲ့ နှစ်အတော်ကြာ အလုပ်လုပ်ပြီးနောက် ဆရာကြီးထန်းကျီးရဲ့ တွက်ချက်မှုတွေကို အလွန်အမင်း သဘောကျခဲ့သည်။ သူဟာ ထန်းကျီးနဲ့ ရန်သူဖြစ်ရမယ့်အစား ဟော်ရှန်းနဲ့ပဲ ရန်သူ ဖြစ်ချင်ခဲ့သည်။

သို့သော် အရာအားလုံးကို တွက်ချက်သော ထိုသခင်သည် လုရွှမ်ဓားအောက်တွင် အသတ်ခံခဲ့ရသည်။

ဒါတွေအားလုံး သူ မတွက်ချက်မိလို့များလား။ သို့တိုင် အဘိုးကြီးချင်းရှန်းသည် လွန်ခဲ့သည့် လအနည်းငယ်က ဆရာကြီးထန်းကျီးရဲ့ ပြောင်းလဲမှုများကို ​ပြန်မတွေးတောဘဲ မနေနိုင်တော့ချေ။ အသက်အရွယ်နှင့် အသွင်အပြင်သည် အမြဲတစေ တဖြည်းဖြည်း အသက် ပိုကြီးလာခဲ့သည်။ အခုကိစ္စနဲ့ ဆန့်ကျင်ဘက် ဖြစ်နေသည်မှာ သိသာ ထင်ရှားသော်လည်း ထန်းကျီးက အရာအားလုံးကို ထည့်သွင်း စဉ်းစားမိခြင်း မရှိခဲ့တာများလား။

ဆရာကြီးထန်းကျီး ပြောခဲ့သည့်အတိုင်း ဤလူငယ်သည် အရာအားလုံးကို ပြောင်းလဲပစ်ဖို့ ရည်မှန်းထားတဲ့ သူများဖြစ်​​နေမလား။

ယခုမူကား သူက ထိုသူနှင့် ဆန့်ကျင်ဘက် ဖြစ်နေပြီ!

သူမသည် ထိုဓားကို သတိရနေသကဲ့သို့ ယခုအခိုက်အတန့်တွင် တည်ကြည် လေးနက်သော မျက်နှာထားရှိသူ ဖျက်စီး​ခြင်းနွယ်ဘက်ကို ကြည့်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ ထိုဓားကပေးတဲ့ ထိတ်လန့်မှုသည် သူမနှလုံးသားထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ဝင်ရောက်လာကာ သူမ တားဆီးနိုင်စွမ်း မရှိမှန်း သိလိုက်သည်။

အထူးသဖြင့် ဓားစွမ်းအင်သည် ဒြပ်စင်ငါးပါးထဲက ရွှေဒြပ်စင် ပါဝင်ထားကာ ရွှေသည် သစ်သားကို အနိုင်ယူနိုင်၏။

“သူ့ကိုသတ်လိုက်... သူသေမှ ရမှာ!”

ဖျက်စီးခြင်းနွယ်ပင်က အော်ဟစ်လိုက်ပြီး သူမနှလုံးသားထဲက ထိတ်လန့်မှုတွေက ပိုတိုးလာခဲ့သည်။ သူမ ယနေ့ ဤနေရာတွင် ဤလူငယ်ကို မသတ်ခဲ့ပါက သူမရဲ့အနာဂတ် ပျောက်ကွယ်သွားတော့မှာ သေချာနေပြီ။

အဘိုးကြီးချင်းရှန်းလည်း စပျစ်နွယ်ပင်များက လုရွှမ်ရှေ့သို့ ပြေးသွားတာကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားပြီး စိတ်နှလုံးထဲတွင်လည်း ရုတ်တရက် ဆုံးဖြတ်ချက် တစ်ခုချလိုက်သည်။ သူတို့က စိတ်အနှောင့်အယှက် ဖြစ်​စေသဖြင့် သေတဲ့အထိ လုံးလုံး အငြိုးထားသင့်သည်။

"သတ်!"

လုရွှမ် ထိုလူနှစ်ယောက်ရဲ့ မျက်လုံးတွေကို ကြည့်ပြီး စိတ်ထဲကနေ လှောင်ရယ်လိုက်သည်။

"မင်းတို့ မလာမှာကိုတောင် ငါက ကြောက်နေတာ... အတူတူသေကြပေါ့!"

လူကြီးမင်းဟော်ရှန်းက ရုတ်တရက် လုရွှမ်၏ နံဘေးသို့ ပြေးထွက်သွားပြီး

"မိတ်ဆွေလေး အတူတူ တိုက်ရအောင်!!"

ထို့နောက် ပြင်းထန်သော အလင်းတန်း လေးခု လင်းလက်သွားကာ ကျယ်လောင်သော အသံနဲ့အတူ တိုက်မိသွားသည်။

All Chapters