ဖျက်စီးခြင်းနွယ်ပင်တော့ သေပြီ
Vol. 64 Ch. 478.4
"ငါချင်းရှန်းကို တိုက်မယ်... မင်းဖျက်စီးခြင်းနွယ်တွေကို အရင်ဖျက်ဆီးလိုက်"
လူကြီးမင်းဟော်ရှန်းက အသံပြုလိုက်သည်။
ယခု လုရွှမ်တွင် ရွှေဒြပ်စင် နတ်ပုတီးစေ့ ပါရှိနေတာကို ရှင်းရှင်းလင်းလင်း သိတာကြောင့် ဖျက်စီးခြင်း စပျစ်နွယ်ပင်များကို သတ်ခြင်းက သဘာဝကျသည်။ ဖျက်စီးခြင်းနွယ်က လုရွှမ်အနီးသို့ လှမ်းကြည့်လိုက်ပြီး အထင်အမြင်သေးစွာဖြင့် ဟောက်လိုက်သည်။
"ကောင်လေး မင်းငါ့ကို ရွှေဒြပ်စင် နတ်ပုတီးစေ့နဲ့ သတ်နိုင်မယ်လို့ တကယ်ထင်နေတာလား? အိပ်မက်တွေများ မက်နေတာလား?"
"အိပ်မက်မက်နေတာ မင်းပဲထင်တယ်... အခု အိပ်မက်ကနေ နိုးထရမယ့်အချိန်ပဲ"
လုရွှမ်ဘက်ကလည်း ဟောက်လိုက်သည်။
အသံဆုံးသည်နှင့် ကြီးမားသော ဖိအားများကို ထုတ်လွှတ်လိုက်သည်။ စင်စစ်သော်ကား သူတို့တစ်ဦးစီသည် ဒြပ်စင်ငါးပါးနတ်ပုတီးစေ့ ပေါင်းစပ်မှုအောက်တွင် နတ်မီးနယ်ပယ် နှင့်ဆင်တူသော သခင်တစ်ဦး၏ ဖိအားအပြည့်ကို ထုတ်လွှတ်နိုင်ကြသည်။
သူတို့ဆီကလာတဲ့ ထိုးနှက်ချက်က ပြင်းထန်လွန်းသဖြင့် သွေးအန်လုမတတ် ဖြစ်သွားသည်။
လူပေါင်းများစွာ၏ အသံများသည် လုရွှမ်နှလုံးသားမှ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် နတ်သမီးကျင်းဟုန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် အတော်လေး နိမ့်ကျနေပြီး သူမ ကြာကြာ မထိန်းနိုင်တော့ပေ။
လုရွှမ်လည်း သူ့တွင် အချိန်တစ်ခုသာ ကျန်တော့ကြောင်း သိသည်။
ယွမ်ယန်ဓားကိုးစင်၏ စတုတ္ထမြောက်ဓားကို ပစ်ခတ်လိုက်သောအခါ လုရွှမ်သည် တစ်စုံတစ်ခုကို တွေ့ရှိသွားသလိုမျိုး မရေမရာ ခံစားခဲ့ရသည်။ စတုတ္ထဓားသည် သည်းမခံနိုင်သော်လည်း လုရွှမ်သည် ဖျက်စီးခြင်းနွယ်ပင်ရဲ့ အမူအရာကို မြင်သောအခါ ထိခိုက်မှု ကြီးကြီးမားမား မဖြစ်နိုင်ဘူးဟု သူ့စိတ်ထဲက သိလိုက်သည်။
စတုတ္ထဓားသည် အလုပ်မဖြစ်ပါက ပဉ္စမဓားကို အသုံးပြုရတော့မည်။
ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲကို ပြည့်စေတဲ့အခါ ဒြပ်စင်ငါးခု၏ စွမ်းအင်တွေကို ထီးဆောင်းထားသလို ဖုံးအုပ်ခံထားရသည့် လုရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် ဝိညာဥ်စွမ်းအင်များ ထွန်းလင်းတောက်ပလာသည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် ရုတ်တရက်ဆိုသလို တိတ်ဆိတ် ငြိမ်သက်သွားသည်။ ထိုအချိန်တွင် အဘိုးကြီးချင်းရှန်းနှင့် အကြီးအကဲဟော်ရှန်းတို့ နှစ်ဦးစလုံးပင် တုန်လှုပ်ခြောက်ခြား သွားကြသည်။ သူတို့ မနေနိုင်မထိုင်နိုင် လုရွှမ်ဘက်ကို လှည့်ကြည့်လိုက်၏။
ကောင်းကင်ကြီး ပြောင်းလဲတော့မည် ဆိုသည့်အတိုင်း နှလုံးသားမှာ လုံးဝ တလှပ်လှပ် တုန်လာစဥ် လုရွှမ်၏ တင်းတင်းပိတ်ထားသော မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။
ဤဓားစွမ်းအင်သည် သူတိတ်တဆိတ် လေ့ကျင့်ထားသော ယွမ်ယန်ဓားကိုးစင်း စတုတ္ထဓားမှ ဆင်းသက်လာသော်လည်း ငါးစင်းမြောက် ဓားကိုလည်း အခြေခံထားလေသည်။ ဒီဓားဟာ သူ ကမ္ဘာ့မီးနယ်မြေမှာ ရှိနေစဉ် အာကာသ အက်ကြောင်း ပျက်ဆီးသွားခြင်းမှ ဖန်တီးထားခြင်း ဖြစ်သည်။
စတုတ္ထဓားသည် သိသိကြီးဖြင့် ထိုးနှက်လိုက်သော်လည်း ၎င်းသည် လုံလောက်စွာ အစွမ်းမထက်သေးအေ။
"ယွမ်ယန်ဓားကိုးစင်း... ပဉ္စမဓား.... ကမ္ဘာကို ဖျက်ခြင်း!"
မိုးကြိုးတိမ်တိုက်များသည် ကောင်းကင်တွင် ရုတ်တရက် လှိမ့်ဆင်းလာကာ မရေမတွက်နိုင်သော တိမ်တိုက်များ တစ်စုပြီးတစ်စု စုရုံးလာသည်။ မြေပြင်ပေါ်ရှိ ရေငွေ့များသည် ကောင်းကင်သို့ တဟုန်ထိုး ခုန်တက်သွားသလို ကြီးမားသော စုပ်ယူမှုစွမ်းအားက ရေငွေ့ကို မြူခိုးများအဖြစ်သို့ ပြောင်းလဲစေကာ အထက်သို့ ဖောက်ထွက်၍ မိုးကြိုးတိမ်များနှင်် ပြောင်းလဲ ပေါင်းစပ်သွားတော့သည်။
မိုးကြိုးတိမ်များက မည်းနက်နေသလို အောက်ဘက်သို့ အဆက်မပြတ် စီးဆင်းနေသည့် မိုးခြိမ်းသံများလည်း တလိမ့်လိမ့် လူးလိမ့်နေပြီး ကောင်းကင်ကို ဖြတ်သန်းနေသည် လျှပ်စီးကြောင်းရဲ့ အငွေ့အသက်များကလည်း ၎င်းတို့ဆီသို့ တိုးဝင်လာနေသည်။
လုရွှမ်၏ မိုးနတ်ဘုရားဓားသည် သူ၏ဦးခေါင်းထက်တွင် မြင့်မားစွာ လွင့်မျောနေပြီး ကောင်းကင်မှ အငွေ့အသက်များ တဟုန်ထိုးတက်လာကာ ဓားထိပ်ပေါ်တွင် သေမင်းစွမ်းအင်များကို စုစည်းထားသည်။
ဤအခိုက်အတန့်တွင် လုရွှမ်၏ မျက်လုံးများသည် မြင်တွေ့နေကျ တောက်ပမှုများ ပျောက်ဆုံးသွားပြီး ကျန်အရာအားလုံးမှာ နတ်ဘုရားတစ်ပါး ဆင်းကြွလာပြီး ကမ္ဘာပေါ်ရှိ လူအားလုံးကို လျစ်လျူရှုထားသကဲ့သို့ သူ့မျက်လုံးများမှာလည်း အေးစက်မှုအပြည့် ဖြစ်နေလေသည်။
"ခေါင်းဖြတ်!"
အသံသည် ကျဆင်းလာစဥ် ပဲ့တင်သံသည် လုရွှမ် ခုတ်ထစ်လိုက်သော ဓားအသံတွင် ပေါင်းစပ်ပြီးသား ဖြစ်သည်။
"အား....."
ဖျက်စီးခြင်းနွယ်ပင်က စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်က လေထုထဲမှာ တင်းတင်းကြပ်ကြပ် မြှောက်တင်ခံထားရသည်။ သူ့အသက်အတွက် ထွက်ပြေးချင်ပေမယ့် လုံးဝ မလှုပ်ရှားနိုင်တော့တာကို တွေ့လိုက်ရ၏။
သူမသည် စပျစ်နွယ်ပင်မျိုးစုံကို ဆက်ကခုန်ချင်နေသော်လည်း သူမ ရွှေ့လိုက်သည်နှင့် ချက်ချင်း ပြိုကျသွားပြီး ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့ပေ။
ဓားစွမ်းအင်က သူမရဲ့နွယ်များကို ဖြတ်တောက် ပစ်လိုက်ပြီး သေခြင်းစွမ်းအင်က သူမ ခန္ဓာကိုယ်ထဲကို တိုးဝင်သွားသည်။
အရင်တုန်းကတော့ သူမဟာ သေခြင်းစွမ်းအင်နဲ့ အမြဲကစားခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ ကောင်းကင်ဓားရဲ့ ဒဏ်ခတ်မှုတစ်ခုလို သေမင်းစွမ်းအင်က သူမရဲ့ ခန္ဓာကိုယ်ကို အမှန်တကယ် ဖြတ်ကျော်သွားခဲ့ပြီ။
စိမ်းလန်းနေခဲ့သော နွယ်ကြိုးများ ချက်ချင်း သေသွားသည်။ အောက်ဖက်ရှိ နွယ်ပင်များသည် လျင်မြန်စွာ ညှိုးနွမ်းသွားကာ အသက်စွမ်းအင် လှိုင်းလုံးများက ပတ်ဝန်းကျင်ကို တိုက်ခိုက်နေကြသည်။
ကောင်းကင်အထက်က လုရွှမ်မှာ နတ်ဘုရားတစ်ပါးလို အရှိန်အဝါဖြင့် အေးစက်စွာ ငုံ့ကြည့်နေလေသည်။
မရဏစွမ်းအင်သည် အမှန်တကယ်ပင် ဖျက်စီးခြင်းနွယ်ပင်ရဲ့ အသက်စွမ်းအင်ရဲ့ကို အရှိန်အဟုန်ဖြင့် တွန်းထုတ်သွားခဲ့သည်။ ကျန်ရှိနေသော မရဏစွမ်းအင်သည် သူမရဲ့ခန္ဓာကိုယ်ကို ပြည့်သွားစေပြီးနောက် နာနာကျင်ကျင် အော်ဟစ်သံပင် မထုတ်နိုင်တော့ပေ။ သေခြင်းစွမ်းအင်သည် ပျံ့နှံ့သွားသောအခါ သူမခန္ဓာကိုယ်သည် အပိုင်းပိုင်း ကွဲသွားပြီး ပြာတိမ်တိုက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤအခိုက်အတန့်တွင် အောက်ဖက်ရှိ စပျစ်တောကြီးသည် ရုတ်တရက် ပြင်းထန်စွာ လောင်ကျွမ်းသွားပြီး အရာအားလုံး ပြာကျသွားသည်။
လုရွှမ် အသက်ပြင်းပြင်းရှူပြီး မိုးနတ်ဘုရားဓားကို ဖယ်ကာ အဘိုးကြီးချင်းရှန်းဘက်ကို လှည့်ကြည့်လိုက်သည်။ ထိုသူမှာ အကြီးအကဲဟော်ရှန်းရဲ့ ထိုးနှက်ချက်ကြောင့် ပြတ်သွားသော သူ့လက်တစ်ဖက်ကို ပစ်ချပြီးနောက် ထွက်ပြေးသွားခဲ့သည်။
အဘိုးကြီးချင်းရှန်းရဲ့ ရှက်ရွံ့စရာကောင်းတဲ့ မြင်ကွင်းကို မြင်လိုက်ရသောအခါ အကြီးအကဲဟော်ရှန်းက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
သူတို့နှစ်ယောက်လုံး မြေပြင်ပေါ်ကို ပြန်ဆင်းလာခဲ့သည်။ အကြီးအကဲဟော်ရှန်းက သွေးတစ်လုတ်ကို အန်ထုတ်လိုက်သည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်လည်း ယိမ်းယိုင်သွားကာ ကြီးမားသော ခန္ဓာကိုယ်မှ လူငါးယောက်အဖြစ်သို့ ကွဲကွာသွားသည်။
မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် သူတို့ငါးယောက်လုံး မောပန်းနွမ်းနယ်နေပုံ ရသော်လည်း အားလုံးက အလွန် စိတ်လှုပ်ရှားနေကြ၏။
နတ်မီးနယ်ပယ်နှင့် ကောင်းကင်သခင်ကို သူတို့ တကယ်ကြီး သတ်ဖြတ်ခဲ့ကြသည်။
ခဏလောက် အနားယူပြီးနောက် လူငယ်ငါးယောက် မတ်တပ် ထရပ်လိုက်ကြသည်။ သူတို့ဟာ ဒဏ်ရာတွေ မရရှိပေမယ့် အလွန်ပင်ပန်း နွမ်းနယ်နေကြ၏။ အစောက တိုက်ပွဲဟာ သူတို့ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်သွားခဲ့ပြီမို့ သူတို့ရဲ့ အရည်အချင်းတွေက အနာဂတ်မှာ နောက်တစ်ဆင့်ကို တိုးတက်လာစေမှာပဲ ဖြစ်ပေသည်။
လူငါးယောက်တို့သည် အကြီးအကဲဟော်ရှန်းဆီ အတူတကွ လျှောက်သွားခဲ့ကြပြီး ရိုသေစွာ ဦးညွှတ်ခဲ့ကြသည်။ အကြီးအကဲဟော်ရှန်းရဲ့ ပြင်းထန်တဲ့ အကာအကွယ် မပါဘဲ နောက်ဆက်တွဲ ပေါင်းစပ်မှုကို ဆက်လုပ်ဖို့ ဘယ်သောအခါမှ အခွင့်ရှိလိမ့်မည် မဟုတ်ပေ။
အကြီးအကဲဟော်ရှန်းက သူတို့ကို အသက်နဲ့ရင်းပြီး အကာအကွယ် ပေးခဲ့သည်။
အကြီးအကဲဟော်ရှန်းကတော့ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းပြသည်။ ဤတစ်ကြိမ်တွင် သူသည် မှန်ကန်သော အလောင်းအစားကို ပြုလုပ်နိုင်ခဲ့လေသည်။
"သွားပြီးတော့ ဖျက်စီးခြင်း စပျစ်နွယ်ပင်တွေကို ကြည့်လိုက်ကြဦး.... ဒီအပင်က အရမ်းကြောက်စရာ ကောင်းတယ် အမြစ်ပြတ်တဲ့အထိ သတ်ပစ်ရမယ်"
အကြီးအကဲဟော်ရှန်းက ပြောလိုက်သည်။
လူတိုင်းကလည်း ဒါကို နားလည်ကြပါ၏။ နတ်သမီးကျင်းဟုန်က အကြီးအကဲဟော်ရှန်းရဲ့ ဒဏ်ရာတွေကို ကုစားဖို့ နောက်မှာ နေခဲ့သည်။ လုရွှမ် ဦးဆောင်တဲ့ တခြားသူတွေက ကျန်အကြွင်းအကျန်တွေကို စစ်ဆေးဖို့ နွယ်တွေထဲကို ဂရုတစိုက် လျှောက်သွားခဲ့ကြသည်။
ဖျက်စီးခြင်းနွယ်ပင်တွေရဲ့ ထိတ်လန့်စရာ သဲလွန်စတွေ ကျန်နေသရွေ့တော့ အနာဂတ်မှာ အကျပ်အတည်း ဖြစ်လာလိမ့်မည်။
မကြာခင်မှာပဲ အကြွင်းအကျန်တချို့ကို သူတို့ တကယ်ရှာတွေ့ပြီး အားလုံး သတ်ပစ်လိုက်တော့သည်။
အချိန်အတော်ကြာ အလုပ်များပြီးသောအခါ ဖျက်စီးခြင်းနွယ်ပင်ရဲ့ အန္တရာယ်များ အားလုံးကို ဖယ်ရှားခဲ့ပြီး လူခြောက်ဦးသည် သူတို့၏ ကြံ့ခိုင်မှုကို ပြန်လည်ရရှိရန် အနားယူခဲ့ကြသည်။
"ချင်းရှန်းဆိုတဲ့ လူကတော့ သေမှာသေချာပါတယ်... ဒါပေမဲ့ ဒါက မင်းတို့ မလိုအပ်ပါဘူး ငါနဲ့သူကြားက ရန်ငြိုးပဲ!"
အကြီးအကဲဟော်ရှန်းက ရက်စက်စွာ အော်ဟစ်လိုက်သည်။ သို့နှင့် လုရွှမ်လည်း ဆိုလိုက်သည်။
"အကြီးအကဲ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်... ကျွန်တော်တို့ အခု ရှေးဟောင်း လျှပ်စီးမြို့တော်ကို သွားတော့မှာ... မန်ဟွမ်နတ်ဘုရားမျှော်စင်ကြောင့် အားလုံးက ရှေးဟောင်းလျှပ်စီးမြို့တော်မှာ စုရုံးနေကြပြီ... အခု အောင့်မိသားစုလည်း အန္တရာယ်ထဲ ကျရောက်နေပြီ ဆိုတော့ ကျွန်တော်တို့ သွားကူညီရမယ်"
အကြီးအကဲဟော်ရှန်းက ခေါင်းညိတ်ပြီး
"ကောင်းပြီ ငါ ချင်းရှန်း ကိစ္စပြီးရင် ငါလည်း အဲဒီကို သွားမယ်"
အောင့်ယွဲ့လည်း အလွန်ဝမ်းသာသွားပြီး သူ့ကို ကျေးဇူးတင်ကြောင်း အလျင်အမြန် ဦးညွှတ်လိုက်သည်။ ထို့နောက် ဖျက်စီးခြင်းနွယ်ပင်ရဲ့ ပြာတွေကြားမှာ လူတိုင်းက အကြီးအကဲဟော်ရှန်းကို ဂါရဝပြုလိုက်ကြလေ၏။
ကံမကောင်းစွာနဲ့ နတ်သမီးကျင်းဟုန်ရဲ့ ဖခင်ကို ရှာမတွေ့ခဲ့ပေ။ အားလုံးက ဟန်ရှောက် အတွက် အထိမ်းအမှတ် အုတ်ဂူကို ထုလုပ်ခဲ့ကြပြီး နတ်သမီးကျင်းဟုန်လည်း မျက်ရည်တွေ ဝဲလာခဲ့သည်။
အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက် လူငယ်အုပ်စုသည် ခွန်အားများ ပြန်လည်ရရှိလာစဥ် ရန်မြို့သို့ နေရာပြောင်း အစီအရင်ဖြင့် အပြေးအလွှား ရောက်ရှိလာကြပြီး ရှေးဟောင်းလျှပ်စီးမြို့တော်သို့ လမ်းကြောင်းပြောင်း၍ ထွက်သွားကြသည်။
ရှေးဟောင်း လျှပ်စီးမြို့တော်ဟာ ရှေးဟောင်း လျှပ်စီးကမ္ဘာ၏ နံပါတ်တစ် မြို့တော်ဖြစ်လေသည်။
ကောလဟာလတွေ အရ အဲဒီတုန်းက ရှေးဟောင်းလျှပ်စီး မြို့တော်ကို လျှပ်စီးကြောင်း အပျက်အစီးတွေပေါ်မှာ တည်ဆောက်ခဲ့သည်။ အပျက်အစီးတစ်ခုလို့ ဆိုကြပေမယ့် မိုးခြိမ်းသံနဲ့ လျှပ်စီးကြောင်းတွေရဲ့ နောက်မှာတော့ အသက်စွမ်းအင် အပြည့်ရှိရာ အောင့်မိသားစုမှာ အဲဒီတုန်းက ကြီးမားလှတဲ့ အခွင့်အလမ်းတွေကြောင့် အခုလို စွမ်းအားတွေ ရှိနေတာပဲ ဖြစ်လေသည်။