အဆိုပြုချက်
Vol. 65 Ch. 481.4
"လုရွှမ်က တကယ်ချောတာပဲ"
"အဟီး သူထွက်ပြေးသွားတဲ့ လှုပ်ရှားမှုတွေကို ကြည့်စမ်းပါဦး... ချောလိုက်တာ!"
"ဘာထွက်ပြေးတာလဲ? လမ်းလျှောက်နေတာ အသိသာကြီးကို!"
ထိုစကားကို ကြားသောအခါ လုရွှမ်တစ်ယောက် ဒေါသတကြီး ဖြစ်လာခဲ့သည်။ ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ လေထုက အလွန်ရှေးရိုးဆန်နေဦးမည်ဟု မထင်ထားခဲ့ပေ။
"လုရွှမ်!!"
နောက်ထပ်အသံတစ်ခု ထပ်ထွက်လာပြန်ကာ ထိုအသံကိုတော့ သူ ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သူ ရင်းနှီးတဲ့လူလား?
လုရွှမ် သူ့ခေါင်းကို ပြန်လှည့်ကြည့်လိုက်ရာ သူ့နောက် လိုက်လာသောလူက ရန်မြို့မှာ အရင်က မြင်ဖူးခဲ့သော နတ်သမီးလျန်ရှင်း ဖြစ်နေတာ တွေ့လိုက်ရသည်။ သို့သော် ယခုအချိန်တွင် လုဖုန်းက အနီးနားတွင် မရှိနေပေ။
နတ်သမီးလျန်ရှင်းက သူ့နောက်ကို လျင်မြန်စွာ လိုက်လာပြီး သူမ လက်ဖဝါးများကို ခြေသည်းများ အဖြစ် ပြောင်းလဲသွားကာ လုရွှမ်ကို ဖမ်းကိုင်လိုက်သည်။
"ငါနင့်ကို စောင့်နေတာကြာပြီ!"
လုရွှမ် ထိတ်လန့်သွားသည်။ သူသည် အမျိုးသမီးတချို့၏ လက်မှ လွတ်မြောက်ခဲ့သော်လည်း ပိုအားကောင်းသောလူက သူ့နောက်ကို လိုက်နေပြန်သည်။
"လုဖုန်း ဘယ်မှာလဲ? မင်းသူ့ကို လိုက်မဖမ်းတော့ဘူးလား? သူက မင်းနဲ့အတူရှိဖို့ ရည်မှန်းထားတဲ့သူပဲ!"
လုရွှမ် ဆိုရင်း ကမန်းကတန်း ရှောင်လိုက်သော်လည်း သူ့လှုပ်ရှားမှုတွေက နှေးကွေးနေတာတော့ မဟုတ်ချေ။ နတ်သမီး လျန်ရှင်းသည် သူမလက်ဖဝါးများထဲမှ လွတ်သွားမှန်း သိလိုက်ရတော့ အံ့သြသွားပြီး
"ဟေး... နင့်ရဲ့ ခွန်အားတွေ အများကြီး တိုးတက်လာပြီပဲ ကောင်းပြီ ငါ့လက်ထဲက လွတ်မြောက်နိုင်မလား ကြည့်ချင်တယ်ရသေးတာပေါ့"
ရှင်းတောင် မရှင်းပြတော့ဘဲ သူ့နောက်ကို လိုက်တော့သည်။
အမျိုးသမီးများသည် နတ်သမီးလျန်ရှင်းက အရှက်မရှိသူ ဖြစ်ကြောင်း သူမတို့ရဲ့ ခင်ပွန်းကို ခိုးယူလိုကြောင်း အနောက်မှ ကျယ်လောင်သော ဆူပူကြိမ်းမောင်းသံများဖြင့် ကျန်ခဲ့သည်။
"လျန်ရှင်း... မင်းငါ့ကို တစ်ချိန်လုံး လိုက်ဖမ်းနေတာ အဲဒီမိန်းမတွေလို မင်းရဲ့ ခင်ပွန်း ဖြစ်စေချင်တာလား?"
လျန်ရှင်းရဲ့ ခွန်အားဟာ လုရွှမ် စိတ်ကူးထားတာထက်တောင် ပိုမြင့်မားနေသည်။ သူမဆီက အဖမ်းမခံရအောင် တောက်လျှောက် ထွက်ပြေးလာခဲ့ရ၏။
ဒါပေါ့။ လုရွှမ်ဟာ သူ့ရဲ့ခွန်အားကို အကုန်အစင် အသုံးမချထားပါဘူး။ အနည်းဆုံးတော့ သူက လေပြင်းနိယာမကို အသုံးမပြုထားဘူးလေ။ သူ လျန်ရှင်း ခွန်အားကို ချိန်ဆကြည့်ချင်သည်။ ရန်မြို့မှာတုန်းက စစ်ဆေးမှု အဆင့်ကို ကျော်ဖြတ်ရန် သူမအတွက် မခဲယဉ်းခဲ့ပေ။ ထို့ကြောင့် သူမရဲ့ ခွန်အားအစစ်ကို မစမ်းသပ်နိုင်ပေ။
လျန်ရှင်းကလည်း
"ငါက အဲ့လိုအရှက်မဲ့တဲ့ မိန်းမတွေထဲက တစ်ယောက်ဖြစ်နိုင်ပါ့မလား? ငါ့လို ကောင်မလေးက အရမ်းထက်မြက်ပြီးသား မိသားစုတာဝန်ကို ထမ်းဖို့ မလိုဘူး... ငါကြိုက်တဲ့သူ ဖြစ်နေတာကလွဲရင်ပေါ့"
နှစ်ယောက်သား တစ်ယောက်က လိုက်ပြီး တစ်ယောက်က ထွက်ပြေးနေကာ လုရွှမ်သည် ဒေါသထွက်ပြီး ရယ်စရာကောင်းသော သူလိုလူများကို လမ်းတစ်လျှောက်တွင် တွေ့လိုက်ရသည်။
လျန်ရှင်းနှင့် စကားစမြည် ပြောရင်း ပြေးလွှားနေစဉ်တွင် အရာအားလုံးက အကျိုးစီးပွားကြောင့် ဖြစ်ပေါ်လာကြောင်းကို လုရွှမ် နားလည်လာခဲ့သည်။
ထူးထူးခြားခြား အရည်အချင်း မရှိသော မိသားစုကြီးတွင် မွေးဖွားလာပါက သင်သည် ပိုကြီးသော တာဝန်များကို ထမ်းဆောင်ရန် ရည်မှန်းထားရသည်။ အစောက မိန်းကလေးများသည် မိသားစုကြီးများထဲ နေရာရလိုသောကြောင့် မိမိကိုယ်ကို လှူနေကြခြင်းပင်။
အရည်အချင်းရှိတဲ့ ခင်ပွန်းကို မိသားစုဆီပြန်ပို့တာထက် ဘယ်အလှူကများ ပိုကောင်းနိုင်သေးလို့လဲ။ ခင်ပွန်းသည်က မလိုက်ဘူး ဆိုရင်တောင်မှ သွေးသားတချို့ကို ပြန်ယူလာတယ် ဆိုတာနဲ့ကို အသိအမှတ်ပြု ခံရပါလိမ့်မည်။
ထို့ကြောင့် မိမိတို့၏ အနာဂတ် အဆင့်အတန်းကို ထောက်၍ ဆင်းရဲသော တိုင်းပြည်မှ ဝေးလံခေါင်သီသော အရပ်သို့ မောင်းထုတ်ခြင်း မခံရဘဲ မိမိဘာသာ ပင်ပင်ပန်းပန်း လုပ်ကိုင် စားသောက်တာမျိုး မလုပ်လိုလျှင် သဘာဝကျကျ ထက်မြတ်သော လင်ယောက်ျားကို လုယူရန် နည်းလမ်းတစ်ခုသာ ကျန်ရှိတော့သည်။
ဒါပေါ့။ ကျင့်ကြံသူတွေ အားလုံး ဒီလိုလုပ်မှာတော့ မဟုတ်ပါဘူး။ အရာရာကို စွန့်လွှတ်လိုသူတွေ၊ ဂုဏ်သိက္ခာအတွက် ရှေးဟောင်း လျှပ်စီးမြို့တော်ကို စွန့်ခွာလိုသူတွေ၊ ကိုယ်ပိုင် ပျော်ရွှင်မှုကို ရှာဖွေရန် သို့မဟုတ် မိမိတို့၏ ကြိုးစားအားထုတ်မှုဖြင့် အသက်ရှင် နေထိုင်လိုသူများလည်း များစွာရှိပါ၏။
ဒါပေမဲ့ ပျင်းပြီး သစ်ပင်ကြီးတွေရဲ့ အောက်မှာ အရိပ်အငွေ့ကို ခံစားချင်သူတွေက ပိုများလာတာ ထင်ရှားပါသည်။ ဒါကြောင့် ရှေးဟောင်း လျှပ်စီးမြို့တော်မှာ ဒီလို မြင်ကွင်းမျိုး ရှိနေတာပဲ ဖြစ်သည်။
ရှေးရိုးစွဲ ရိုးရာဓလေ့ ထုံးတမ်းများရှိသည့် ရှေးဟောင်းလျှပ်စီးမြို့တော်သည် အမှန်တကယ်ပင် ရူးသွပ်သော အမျိုးသမီးများစွာကို မွေးထုတ်ပေးခဲ့သည်။
လူတိုင်းနှင့် ဝေးရာသို့ ရောက်သော် လုရွှမ် နောက်ဆုံးတွင် ရပ်တန့်သွားသည်။ လျန်ရှင်းက အလွန်အားကောင်းပြီး အလွန်လျင်မြန်လှသည်။ သူသာ လေပြင်းနိယာမကို အသုံးမပြုပါက သူမကို အမှန်တကယ် ကျော်လွှားနိုင်လိမ့်မည် မဟုတ်ပေ။
လုဖုန်းတစ်ယောက် သူမဆီက အမြဲ လိုက်ဖမ်းခံနေရတာ အံ့သြစရာတော့ မဟုတ်ပေ။ သူမလောက် တခြားဘယ်သူတွေကများ ပိုမြန်နိုင်ဦးမှာလဲ။
လျန်ရှင်းသည် လုရွှမ်ကို ဂုဏ်ယူသော အရိပ်အမြွက်ပြကာ သူမလည်း ရပ်တန့်လိုက်ပြီး
"နင်နောက်တစ်ခါ ထွက်ပြေးဦးလေ... ဟင့် အဲဒါ ကမ္ဘာကြီးရဲ့ အဆုံး ဖြစ်နေရင်တောင် ငါနင်ကို လိုက်ချင်နေသရွေ့ ငါ့လက်က လွတ်မှာ မဟုတ်ဘူး"
သူမကို တိုက်ခိုက်ဖို့ အမှန်တကယ် စိတ်မဝင်စားဘဲ လုရွှမ် တိုက်ရိုက်ပဲ မေးလိုက်သည်။
"ပြောပါ ဘာကိစ္စလဲ?"
နတ်သမီးလျန်ရှင်းရဲ့ မျက်နှာက တည်ကြည်လေးနက်သွားပြီး လက်ဖဝါးကို ဖြန့်လိုက်သည်။ လက်ဖဝါးက ဖြူဖွေးနေသော်လည်း လက်သည်းနီအရွယ် အနီရောင် အဂ္ဂိရတ်ဆေးတစ်လုံး ပေါ်လာသည်။
"ဒါက ကောင်းကင်ကတိ ဆေးလုံးပဲ... နင် မျိုချနိုင်မယ်လို့ ငါမျှော်လင့်တယ်!"
လုရွှမ်ရဲ့ မျက်နှာမှာလည်း တည်ကြည်လေးနက်လာပြီး အသံနက်ကြီးဖြင့် မေးလိုက်သည်။
"မင်းဘာပြောချင်တာလဲ"
"ငါအခုပြောမယ့် စကားတွေကို နင်ဘယ်သူ့ကိုမှ ပြောပြလိုက်လို့ မဖြစ်ဘူး... မဟုတ်ရင် နင့်ကိုသတ်ဖို့ ငါတို့ရဲ့ ထိပ်တန်းသခင်တွေကို လွှတ်လိုက်လိမ့်မယ်"
လုရွှမ်ကလည်း အေးစက်စွာ တုံ့ပြန်လေ၏။
"မင်းငါ့ကို ခြိမ်းခြောက်နေတာလား? ငါအကြောက်ဆုံးက တခြားသူတွေရဲ့ ခြိမ်းခြောက်မှုပဲ ဒါကြောင့် အန္တရာယ်အားလုံးကို ကြိုပြီး သတ်ပစ်တတ်တယ်"
သူစကားပြောနေစဉ် အတွင်း သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော လူသတ်ချင်သည့် အငွေ့အသက်တွေ ထွက်ပေါ်လာပြီး လေပြင်းများ တိုက်ခတ်လာခဲ့ရာ နတ်သမီးလျန်ရှင်းရဲ့ ၀တ်စုံများပင် တုန်လှုပ်သွားသည်။
နတ်သမီးလျန်ရှင်းက အနည်းငယ် ပြုံးကာ ကြောက်ရွံ့မှု လုံးဝမပြပေ။
"ဒါက ကောင်းကင်ကတိဆေး... နင်ထွက်သွားပြီး ဘယ်သူ့ကိုမေးမေး ဒီဆေးရဲ့ ထိရောက်မှုကို ဘယ်သူမှ သိမှာ မဟုတ်ဘူး... ဒီးဆေးကိုတောင် ကြားဖူးမှာ မဟုတ်ဘူး... အကြောင်းပြချက်က ရိုးရှင်းတယ် သူတို့မှာ သိနိုင်တဲ့ အရည်အချင်း မရှိလို့ပဲ"
"ဒီအဂ္ဂိရတ်ဆေးကို သောက်ပြီးရင် နင့်ရဲ့ကျင့်ကြံမှုကို အချိန်တိုအတွင်းမှာ ကြီးကျယ်တဲ့ အဆင့်အထိ တိုးတက်စေနိုင်တယ်... နင့်ရဲ့ကျင့်ကြံမှုက နတ်မီးနယ်ပယ် အဆင့်ကို မရောက်သေးသရွေ့တော့ အသုံးဝင်တယ်!"
ဒါကိုပြောပြီးတာနဲ့ နတ်သမီးလျန်ရှင်းက ခေတ္တရပ်ပြီး လုရွှမ်ရဲ့ အမူအရာကို စစ်ကြည့်ပေမယ့် လုရွှမ်ရဲ့ အမူအရာက လုံးဝ ပြောင်းလဲသွားခြင်း မရှိတာကို တွေ့လိုက်ရပါသည်။ သို့နှင့် သူမ တိုးတိုးလေး ဟစ်အော်လာ၏။
"တစ်နည်းပြောရရင် နင် ကောင်းကင်ဘုံသခင် နယ်ပယ် ရောက်ထားရင် ဒီဆေးကို သောက်ထားတာနဲ့ အချိန်တိုအတွင်းမှာ နတ်မီးနယ်ပယ်ကို ရောက်သွားနိုင်တယ်... ထာဝရ ထိန်းသိမ်းထားတဲ့ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘူး.. ဒါက နင့်ရဲ့ အနာဂတ် ကျင့်ကြံမှုအပေါ်လည်း သက်ရောက်မှုရှိမှာ မဟုတ်ဘူး"
လုရွှမ်က ဟမ့်ကနဲ ရယ်လိုက်သည်။
"ကောင်းကင်မှာ မုန့်တွေရှိမှာ မဟုတ်ဘူး... ဒီလိုအကျိုးအမြတ်တွေကို လိုချင်တဲ့သူတွေ အများကြီးရှိမယ်လို့ ငါယုံကြည်တယ် ... ငါ့မှာ အဲ့လိုကံကြမ္မာမျိုး မရှိဘူး ငါမတတ်နိုင်ဘူး"
"ဒါက ငါတို့ရဲ့ ရိုးသားမှုပဲ.. ဒါက ပထမအချက်ပဲ ရှိသေးတယ်... ဒုတိယတစ်ချက်ကတော့ နင့်ကို အတတ်ပညာတစ်ခု သင်ပေးမယ်။ အဲဒီစွမ်းရည်က နင့်စိတ်ကူးထဲက ကျော်လွန်သွားရုံတင်မကဘူး... အဲဒါက ကောင်းကင်နဲ့ မြေကြီးအဆင့်လို့ ခေါ်တဲ့ အဆင့်ကိုတောင် ကျော်လွန်သွားပြီ အဲဒါကို လေ့ကျင့်ရင် နင့်ရဲ့နယ်ပယ်က အနည်းဆုံး နှစ်ဆ တိုးလာလိမ့်မယ်"
လုရွှမ် ဘာမှပြန်မပြောဘဲ နတ်သမီးလျန်ရှင်းကို ကြည့်ရုံသာ ကြည့်နေလိုက်သည်။ ဒီမိန်းကလေးက အမျိုးအမည်မသိတဲ့ ဇာစ်မြစ်တစ်ခု ရှိနေတယ်လို့တော့ ခံစားနေရ၏။ သူမမှာ ဒီလောက်ခိုင်မာတဲ့ နောက်ခံ ရှိနေနယ်လို့ သူ မမျှော်လင့်ထားဘူး။
ဒီလိုပစ္စည်းကောင်းလေး ရှိတယ်လို့သာ သတင်းပျံ့သွားရင် လူပေါင်းများစွာ လုယူကြတော့မှာ သေချာလေ၏။ ဒါကိုတောင် ဒီနတ်သမီး လျန်ရှင်းက သူ့လက်ထဲပေးဖို့ ဆန္ဒရှိနေတယ်တဲ့လား။
"အိုး မင်းငါ့ကို ဒီလောက်ကောင်းတဲ့ အရာကို ပေးမယ်ဆိုတော် မင်းတို့အတွက် ငါဘာလုပ်ပေးရမှာလဲ"
လျန်ရှင်းက ပြုံးပြီး
"ဘာမှ မလိုပါဘူး... ရှင် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး နံပါတ်တစ် ကျင့်ကြံသူ ဖြစ်လာဖို့ပဲ လိုတယ်... အဲဒါက ကျွန်မတို့ဂိုဏ်းရဲ့ သခင်လေးနဲ့ အနာဂတ် ဂိုဏ်းချုပ် ဖြစ်လာမယ့် အရာပဲ"
လုရွှမ် ကျယ်လောင်စွာ ရယ်မောရင်း မနေနိုင်ဘဲ ထပ်မေးလိုက်သည်။
"မင်းပြောတဲ့ အတိုင်းဆို ကြားဖြတ် ဒီနည်းလမ်းက မင်းတို့ဂိုဏ်းရဲ့ အမြင့်မြတ်ဆုံး ရတနာဖြစ်ပြီး စိတ်တိုင်းကျ လေ့ကျင့်ဖို့ တခြားသူတွေကို လွှဲအပ်လိုက်မယ်ပေါ့? မင်းကို ငါ မယုံဘူးမလား? နောက်ပြီး ငါ လေ့ကျင့်ပြီးရင် တခြားလူတွေလည်း လေ့ကျင့်ထားမှာပဲ ဒါဆို ဒီနည်းက ကျယ်ပြန့်လာမှာ မဟုတ်ဘူးလား?"
"လုံးဝ မဟုတ်ဘူး!!"
လျန်ရှင်းက လူသတ်တဲ့ အရိပ်အယောင်ကို ဖော်ထုတ်ပြလာသည်။
"အသန်မာဆုံးနဲ့ ကျင့်ကြံမှု အဆင့်အမြင့်ဆုံးရှိတဲ့ ပုဂ္ဂိုလ်ကိုပဲ ကျွန်မတို့က ရွေးပြီး တခြားသူတွေက သခင်လေးရဲ့ ရုပ်သေးရုပ်တွေ ဖြစ်လာလိမ့်မယ်"
နတ်သမီးလျန်ရှင်းက ပြုံးပြီး
"ဘယ်လိုလဲ သခင်လေးလုရွှမ် ရှင့်ရဲ့ အရည်အချင်းအပေါ် ယုံကြည်မှု အပြည့်ရှိရဲ့လား?"