လှုပ်ရှားမှု
Vol. 65 Ch. 482.4
"အို... လတ်စသတ်တော့ အဲ့လိုကိုး... ဒါဆို ငါ မေ့ပစ်လိုက်ပြီ..."
လုရွှမ် မဆိုင်းမတွ ငြင်းလိုက်သည်။ လျန်ရှင်းက ညင်သာစွာ ပြုံးလိုက်ပြီး
"သခင်လေးလုရွှမ်... ကျေးဇူးပြုပြီး အလျင်စလို မငြင်းလိုက်ပါနဲ့... ဘာလို့ ဒီဂိုဏ်းက သိုင်းပညာကို အရင် မစမ်းကြည့်တာလဲ?"
"မင်း ပင်လယ်ဓားပြ သင်္ဘောပေါ် တက်ပြီး လွယ်လွယ်နဲ့ ဆင်းလာနိုင်မယ် ဆိုရင်တော့ ထားပါတော့"
နတ်သမီးလျန်ရှင်းရဲ့ ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားသွားပြီး သူမရဲ့ အရှိန်ဟာ တခဏအတွင်း နှစ်ဆကျော် တိုးလာပုံပေါ်သည်။ သူမသည် လုရွှမ်အနားသို့ တခဏချင်း ပြေးထွက်သွားပြီး သူမ လက်ဖဝါးများက လုရွှမ်ရဲ့ လည်ပင်းကို ဆုပ်ကိုင်လိုက်လေသည်။
လုရွှမ်ကိုယ်ပေါ်ရှိ လေသည် တဖျပ်ဖျပ် ခတ်သွားပြီး သူ့ခန္ဓာကိုယ်သည် တိတ်တဆိတ် ရွေ့သွားကာ နတ်သမီးလျန်ရှင်းရဲ့ လက်ဖဝါးထဲက ရှောင်ထွက်သွားသည်။
"လေပြင်းနိယာမ?"
နတ်သမီးလျန်ရှင်းက ရုတ်တရက် အံ့သြစွာ ထအော်လိုက်ပြီး လုရွှမ်ကို ရှားပါးတဲ့ ရတနာတစ်ခုကို ကြည့်နေသလိုမျိုး စိုက်ကြည့်လာတော့သည်။
လုရွှမ် အံ့အားသင့်သွား၏။ ဒီလောက်လူတွေ အများကြီး သူ့နောက်ကို လိုက်နေတာတောင် သူသုံးသွားတာက လေပြင်းနိယာမ ဆိုတာကို သူမက ပထမဆုံး ဖောက်မြင်ခဲ့သူပဲ ဖြစ်လေသည်။ လျန်ရှင်းဟာ တကယ်ကို မရိုးရှင်းတဲ့ နောက်ခံရှိတဲ့ အမျိုးသမီး တစ်ယောက်ပဲ။
"အရမ်းကောင်းတယ်... ကျွန်မရှင့်ကို ပိုပိုပြီး သဘောကျလာပြီ!"
လျန်ရှင်းက ပြုံးလိုက်သည်။ လုရွှမ်က ရယ်ရင်း
"ငါ့အတွက်ကတော့ ဆန့်ကျင်ဘက်ပဲ... ငါ မင်းကို ပိုပိုပြီး မယုံတော့ဘူး"
"သခင်လေးလုရွှမ်က သူတော်စင်အဆင့်မှာတင် လေပြင်းနိယာမရဲ့ ပြေးနှုန်းကို နားလည်နိုင်စွမ်း ရှိနေပြီ... အနာဂတ်မှာ နတ်နိယာမ ပြေးနှုန်းအားလုံးကို နားလည်ဖို့ ခက်ခဲမှာ မဟုတ်တော့ဘူး.... ဒါကြောင့် အနာဂတ်ပြိုင်ပွဲမှာ သခင်လေးလုရွှမ်က ကြီးမားတဲ့ ရာထူးကို ရယူနိုင်မှာ သေချာသွားပြီ... အားသာချက် အစက သခင်လေးမှာ အခွင့်အရေး ၁၀% ရှိတယ်လို့ ထင်ခဲ့ပေမယ့် အခု အနည်းဆုံး ၃၀% ဖြစ်နေပါပြီ"
လျန်းရှင်းရဲ့လက်က တောက်ပလာပြီး သူမလက်ဖဝါးမှာ အလင်းတန်းတွေ ထိုးထွက်လာသည်။
"ထားလိုက်ပါ... သခင်လေးကို သင်ခန်းစာတစ်ခု သင်ပေးမယ်။ သခင်လေးက ကျွန်မတို့ဂိုဏ်းရဲ့ ရတနာစာအုပ် ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ တွေ့ရလိမ့်မယ်... ကူကျစ်ကမ္ဘာ မပြောနဲ့ ဝမ့်ကျစ်ကမ္ဘာ ဆိုရင်တောင် နှိုင်းယှဉ်နိုင်တယ်"
ထင်ရှားသည်မှာ လျန်ရှင်းသည် ဒါကို ရည်ရွယ်ချက်ရှိရှိ ဖော်ပြလာခဲ့ပြီး သူမကို တိကျစ်ကမ္ဘာမှာ ဆင်းသက်လာသူ ဖြစ်ကြောင်း သိသွားစေသည်။
"လှုပ်ရှားတာကို စောင့်ကြည့်!"
လျန်ရှင်း သူ့ကို လက်ဖဝါးနဲ့ လေထုအလယ်ကို ပုတ်လိုက်သည်။
လုရွှမ် သူရပ်နေတဲ့ နေရာက ပြောင်းလဲသွားပုံရတာကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်သည် ခဏတာမျှ မတည်မငြိမ် ဖြစ်သွားပြီး လေထဲတွင် ရပ်တန့်သွားသည်။ သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များက ချိတ်ပိတ်ခံထားရသလို နည်းဥပဒေသများကိုလည်း ပိတ်ဆို့ထားသည်။ သူသည် အမြစ်မရှိသော ဘဲတစ်ကောင်လို ဖြစ်နေပုံရပေမယ့် မျောစရာ ရေတော့ မရှိချေ။
အလင်းသည် အလွန်လျင်မြန်သော အရှိန်ဖြင့် တိုက်ခိုက်လာပြီး လုရွှမ်ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
လုရွှမ် ထိုအလင်းရဲ့ စွမ်းအားကို ခံစားနိုင်သည်။ သူ ယခုထိမှန်သွားပါက မသေလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိလိမ့်မည်။ ထို့ပြင် ဒါက နတ်သမီးလျန်ရှင်း သူ့အပေါ် သက်ညှာပေးထားတဲ့ ရလဒ်ဖြစ်နေတာ ထင်ရှားပေသည်။
လုရွှမ် မျက်လုံးများကို မှိတ်ထားရင်း သူ့ခန္ဓာကိုယ်ထဲက အန္တရာယ်များစွာကို ကြုံတွေ့နေရသည့် ခံစားချက်က ထိုးတက်လာသည်။ ဘယ်အရာကိုမှ မကျော်လွှားနိုင်သေးသလို အန္တရာယ်ရဲ့ အရင်းအမြစ်ကိုပင် ရှာမတွေ့သေးသလို ဖြစ်နေသည်။
တောက်ကျင့်စဥ် နည်းလမ်း၅၀၊ ကောင်းကင်ယံ ၄၉လွှာမှာ ပိတ်မိနေသူဟာ ဘယ်လှုပ်ရှားမှုကိုမှ မရင်းနှီးထားရင်တောင်မှ မျှော်လင့်ချက်တွေ တောက်ပနေရမည်။ ဒါက ကောင်းကင်အခွင့်အလမ်းဂိုဏ်းရဲ့ သိုင်းကျင့်စဥ်ထဲ ထင်ရှားစွာ မှတ်တမ်း တင်ထားသော အရာဖြစ်ပြီး လုရွှမ်လည်း ထိုမှတ်တမ်းများကို နက်နက်နဲနဲ ယုံကြည်ထားသည်။
ဒါဆို မျှော်လင့်ချက် အလင်းတန်းက ဘယ်မှာလဲ?
အာရုံခြောက်ပါး ဖြတ်တောက် ခံထားရသောကြောင့် သူ့ပတ်ဝန်းကျင်က ဘာမှ မခံစားနိုင်တော့ပေ။
လုရွှမ် သူ့ဓားကို တစ်ချက်ခုတ်ပြီး ဒီအရာကို ချိုးဖျက်နိုင်မလားလို့ သူ့ကိုယ်သူ မေးချင်ခဲ့ပေမယ့် ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားကို သုံးပြီးမှ ချိုးဖျက်နိုင်မယ် ဆိုရင်ရောလို့ ပြန်တွေးမိပြန်သည်။
ဘာလို့ အန္တရာယ်ရောက်လာတယ်လို့ ခံစားရတာလဲ။ ကောင်းကင်၊ မြေကြီး၊ ပတ်ဝန်းကျင် ဒါမှမဟုတ် အချိန်ရဲ့ ဖြတ်သန်းမှုကိုမခံစားနိုင်သော်လည်း ကျရောက်လာမယ့် အန္တရာယ်ကို ခံစားရနိုင်သောကြောင့် ဒါက မျှော်လင့်ချက် အလင်းတန်း ဖြစ်လိမ့်မည်။
လုရွှမ် ဝမ်းသာအားရနှင့် ချက်ချင်း သဘောပေါက်သွားသည်။ ထိုနိယာမ ခြေရာနောက်တွင် လုရွှမ်၏ ခန္ဓာကိုယ်အတွင်းရှိ လေးနက်သော စွမ်းအင်များသည် အရှိန်အဟုန် မြင့်လာလေ၏။ လုရွှမ်၏ခန္ဓာကိုယ် တစ်ဝိုက်တွင် အန္တရာယ်များ ကျရောက်လာပြီ။ ခဏတာမျှပင် လုရွှမ်သည် ကမ္ဘာငယ်လေး တစ်ခုမှ ထွက်ခွာသွားသလို ခံစားလိုက်ရပြီး ဤကမ္ဘာသို့ ပြန်လာခဲ့ပြန်သည်။
ဆုံးရှုံးသွားတဲ့ ခံစားချက်က ပြန်ပေါ်လာတဲ့အခါ လုရွှမ် နတ်သမီးလျန်ရှင်းရဲ့ တိုက်ခိုက်မှုကို ရှောင်လွှဲဖို့ ဘေးသို့ ရှောင်ထွက်သွားလိုက်သည်။
"အရည်အချင်း ကောင်းတယ်... တိုက်ခိုက်တဲ့ စွမ်းရည် ကောင်းတယ် အံ့ဩစရာလည်း ကောင်းတယ်!"
လုရွှမ် စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။ ဒီသိုင်းစွမ်းရည်ကတော့ တကယ့်ကို ထူးထူးခြားခြားပါပဲ။
နတ်သမီးလျန်းရှင်းသည် လုရွှမ်ကို အံ့အားသင့်စွာ စိုက်ကြည့်နေပြီး လုရွှမ်က ဒီသိုင်းကွက်ကို ဖြိုခွဲနိုင်တဲ့ နည်းလမ်းကို အချိန်တိုအတွင်း ရှာနိုင်ကြောင်း မယုံကြည်နိုင်သေးပေ။
အသက်ပြင်းပြင်းရှူပြီး သူမက ပြုံးကာ
"ရှင့်ရဲ့ခွန်အားကို ကျွန်မလျှော့တွက်မိသွားပုံပဲ... သခင်လေး ရှင် သခင်ရာထူးကို သိမ်းပိုက်ဖို့ ၅၀% ထပ်တိုးလာပြီ"
သူမအနည်းငယ်လည်း ထိတ်လန့် တုန်လှုပ်သွားပြီး
"သခင်လေးလုရွှမ် အစောတုန်းက ကျွန်မရဲ့ လှုပ်ရှားမှု အစွမ်းကို ရှင်မြင်ဖူးမယ် ထင်ပါတယ်.... ပြီးတော့ ရှင်လေ့ကျင့်တဲ့ လျှို့ဝှက်နည်းစနစ်တွေထဲမှာ ဒီလို လှုပ်ရှားမှုက အနိမ့်ဆုံးအဆင့်ပဲ... ဒါကြောင့် ကျွန်မတို့ရှင့်ကို ဆုလာဘ်အနေနဲ့ ပေးလိုက်တာ... ဒါတွေက စစ်ဆေးမှုတွေပဲ အဲဒါကို လေ့ကျင့်ပြီးတာနဲ့ ရှင် အနာဂတ်မှာ သေချာပေါက် တောက်ပလာလိမ့်မယ်"
သာမာန် လူတစ်ယောက်သာဆိုရင် ဒီလိုမှော်ဆန်တဲ့ လျှို့ဝှက်စာအုပ်နဲ့ ဒီလိုကောင်းမွန်တဲ့ အဂ္ဂိရတ်ဆေးကို တွေ့ရင် တုံ့ဆိုင်းမနေဘဲ ချက်ချင်း သဘောတူလိမ့်မည်။
နောက်ဆက်တွဲ ရွေးချယ်မှုကတော့ ကျင့်ကြံမှု ခရီးစဥ်အတွက် စဉ်ဆက်မပြတ် ရုန်းကန်နေရတော့မှာပင်။ တခြားသူများထက် အရည်အချင်း နိမ့်သူဖြစ်ခြင်းက တခြားသူများလောက် မသန်မာဘူးဟု မဆိုလိုချေ။ တခြားသူများထက် အစွမ်းထက်မှု နည်းသူကလည်း တခြား လူများကို မသတ်နိုင်ဟု မဆိုလိုပေ။
အရာရာတိုင်းက အတုအယောင်ချည်းပါပဲ။ ကိုယ့်ရဲ့စစ်မှန်တဲ့ ခွန်အားနဲ့ ကိုယ်ရရှိထားတဲ့ အကျိုးကျေးဇူးတွေကသာ အစစ်အမှန် ဖြစ်လေသည်။
လုရွှမ်က ခေါင်းယမ်းနေတုန်းမို့ လျန်ရှင်းရဲ့ အမူအရာလည်း ပြောင်းလဲသွားပြီး
"သခင်လေးလုရွှမ်... ရှင်က ပေါင်မုန့်စားမယ့်အစား အရက်ကို ပစ်ဒဏ်အနေနဲ့ တကယ်သောက်မလို့ စဥ်းစားနေတာလား?"
"တောင်းပန်ပါတယ် ငါ့မှာ ကိုယ်ပိုင်လေ့ကျင့်ရေး နည်းလမ်းရှိပြီးသား... မင်းရဲ့ တိကျစ်ကမ္ဘာက ဂိုဏ်းလောက် အစွမ်းထက်တာတော့ မဟုတ်ပေမယ့် ငါနဲ့အရမ်းလိုက်ဖက်ပြီး အရမ်းကြိုက်တယ်... ဒါကြောင့် ဆက်လေ့ကျင့်မယ် မင်းရဲ့ကြင်နာမှုကိုတော့ ငါတန်ဖိုးထားပါ့မယ်"
ကြီးမားတဲ့ အန္တရာယ်မရှိဘဲ ကြီးမားတဲ့ အကျိုးကျေးဇူး ဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ?
လုရွှမ်ဟာ အတွေ့အကြုံ မရှိသေးသလို ဘာမှလည်း နားမလည်တဲ့လူ မဟုတ်ပါဘူး။ ကောင်းကင်က မုန့်တွေဟာ သူ့အလိုလို ကြွေကျလာမှာ မဟုတ်သလို သူတို့သာ လုပ်နိုင်ရင် တခြားသူတွေကို လိုချင်နေမှာလည်း မဟုတ်ဘူးလေ။ အဲ့တော့ အန္တရာယ်က မသေးနိုင်ချေ။
အခွင့်အလမ်းများ ရှိနိုင်သော်လည်း အခွင့်အရေး ဆိုတာက တခြားသူတွေ အတင်းအကျပ် ခိုင်းစေပြီးမှ ရတာထက် မိမိကိုယ်တိုင် ရရှိခြင်းက သာ၍ကောင်းလေသည်။
လုရွှမ် မယုံချေ။ လျန်ရှင်းရဲ့ နောက်ကွယ်က ဂိုဏ်းကြီးတစ်ခုဟာ သူ့နောက်မျိုးဆက်တွေထဲ ဒီလို လေ့ကျင့်ပေးနိုင်မယ့်သူ ရှိမှာ မဟုတ်ဘူး ဆိုတာ မယုံပေ။ သိသာထင်ရှားတဲ့ အစီအစဥ် တစ်ခုကို အဲဒီလူက ဆုံးဖြတ်ထားပြီးသား ဖြစ်နိုင်ကာ တခြားသူတွေ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ သူက သူ့အစီအစဥ်အတွက် တခြားသူများကို မင်္ဂလာဝတ်စုံ ချုပ်ပေးနေဦးမှာပင်။
ဒီလို အခွင့်အရေးမျိုးက ဘယ်လောက်ပဲ ကောင်းနေပါစေ နောက်ကွယ်မှာ တွက်ချက်ထားတဲ့ အရာတစ်ခုရှိကြောင်း ထင်ရှားပေသည်။
လျန်ရှင်းမှာ သူ့တစ်ကိုယ်လုံး လူသတ်ချင်သည့် အငွေ့အသက်များ တောက်လောင်နေပြီး သူမ၏စွမ်းအင် ကြီးထွားမှုအဆင့်သည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ မဟာသူတော်စင် စတုတ္ထအဆင့်မှသည် ဆက်လက်တိုးမြင့်လာကာ မဟာသူတော်စင် အဆင့်၉ အထိလည်း ရပ်တန့်သွားခြင်း မရှိပေ။
"လုရွှမ် သိပ်ဘဝင်မြင့်မနေနဲ့ ကျွန်မရှင့်ကို အစက အထင်ကြီးခဲ့တယ်... ဒါပေမယ့် ရှင် ကျွန်မရဲ့ကြင်နာမှုကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့တယ်.... ကျွန်မက မင်းစိတ်တိုင်းကျ ဖျော်ဖြေနိုင်တဲ့ သူတစ်ယောက်လို့ ထင်နေတာလား?"
လုရွှမ်သည် လျန်ရှင်း၏ ပြုံးပြုံးရွှင်ရွှင်မှ ပြောင်းလဲသွားသော မျက်နှာကို ကြည့်ကာ။
"ညီလေးလုဖုန်းရော နေကောင်းရဲ့လား? မင်း ဒီလေ့ကျင့်ရေး နည်းလမ်း အစုံကို သူ့ကိုပေးပြီး မလေ့ကျင့်စေတာကတော့ သနားစရာ ကောင်းလိုက်တာ"
"ဘယ်လို တန်ဖိုးထားရမှန်း မသိတဲ့ ရှင့်ကိုယ်ရှင်ပဲ သနားလိုက်စမ်းပါ"
လုရွှမ် မိုးနတ်ဘုရားဓားကို ဆွဲထုတ်လိုက်ပြီး
"အဓိပ္ပာယ်မရှိတဲ့ စကားတွေ ရပ်လိုက်တော့... မင်းငါ့ကို လေ့ကျင့်ပေးပြီးရင် မင်းသခင်ရဲ့ ရုပ်သေးဖြစ်အောင် လေ့ကျင့်ပေးတော့မှာ မဟုတ်လား? တိုက်ကွက် ထုတ်လိုက်တော့.. ဟန်ဆောင်တတ်ပြီး ရွံရှာစရာ ကောင်းလွန်းတယ်... မင်းအရင်က တော်တော်လှတယ်လို့ ငါထင်ခဲ့တာ။ အခုတော့ အရာအားလုံးက အတုအယောင်နဲ့ ရွံစရာ ကောင်းတယ်လို့ပဲ မြင်လာပြီ"
"သေလမ်းကို ရှာနေတဲ့လူပဲ!"
လျန်ရှင်းသည် သူ့လက်များကို ဝှေ့ယမ်းလိုက်ပြီး မှင်မည်းကဲ့သို့ အနက်ရောင် တိမ်တိုက်များကို လုရွှမ်ဆီသို့ ပြေးလာခဲ့သည်။ တိမ်မည်းများက အသက်ဝင်နေပုံရပြီး အလွန်ကြောက်စရာ ကောင်းသည့် ၎င်း၏သွားများနှင့် ခြေသည်းများကိုပင် ပြသလာသည်။
လုရွှမ် ခေါင်းယမ်းလိုက်သည်။ သူ လျန်ရှင်း အကြောင်းကို အစပိုင်းတွင် ကောင်းကောင်းခံစားခဲ့ရသော်လည်း ယခုအချိန်တွင်တော့ တခြားလူရဲ့ စစ်သားဖြစ်နေမယ်လို့ သူ မမျှော်လင့်ထားပေ။
"ယွမ်ယန်ဓားကိုးစင်း.. စတုတ္ထဓား! လေထုကိုဖြတ်!"
ညကောင်းကင်ယံ၌ ဓားအလင်းတန်းများ ဖြာထွက်သွားသည်။