← Chapters

မိတ်ဆွေဟောင်းများ

Vol. 65 Ch. 483.4

မိတ်ဆွေဟောင်းများ

Vol. 65 Ch. 483.4

"အား!"

အော်သံနှင့်အတူ လျန်ရှင်း၏ ခန္ဓာကိုယ်သည် လေထုထဲမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ သူမပါးစပ်ထဲက သွေးများ အပြည့် အန်ထွက်လာသည်။ လည်ပင်းနှင့် ဦးခေါင်းကို ချိတ်ဆက်ထားသော အသားအနည်းငယ်သာ ကျန်တော့ကာ ဦးခေါင်းမှာ ကွဲလုနီးပါး ဖြစ်နေပြီ။

သူမလည်ပင်းမှ သွေးများသည် လျင်မြန်စွာ ပန်းထွက်နေရာ သူမခပ်ကြာကြာ အသက်ရှင်နိုင်​တော့မည် မဟုတ်ကြောင်း ထင်ရှား​လေသည်။

"ဒါ ဒါက ဘယ်လိုဓားသိုင်းမျိုးလဲ"

"ယွမ်ယန်ဓားကိုးစင်း... ငါကိုယ်တိုင် ဖန်တီးထားတာ!"

"ဓားရေးက ကောင်းလိုက်တာ!"

ထိုစကားကို ပြောပြီးနောက် သူမရဲ့ ဝိညာဥ်က ချုပ်ငြိမ်းသွားတော့သည်။

လုရွှမ် သူ့လက်ဖဝါးကို ဝေ့ယမ်းလိုက်တဲ့အခါ ခရမ်းရောင် မီးတောက်တစ်ခု ပေါက်ကွဲထွက်လာသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော လျန်ရှင်း၏ ဦးခေါင်းသည် ရုတ်တရက် လှိမ့်သွားကာ လေထဲသို့ လွင့်ပျံသွားလေသည်။

လုရွှမ် ခဏလောက် ထိတ်လန့်သွားပြီး ညည်းတွားလိုက်ကာ သူ၏ စိတ်ဝိညာဉ် စွမ်းအားများကို လွင့်ထုတ်လိုက်သည်။ ၎င်းသည် သူဂရုတစိုက် စူးစမ်းလေ့လာခဲ့သော စိတ်စွမ်းအားဖြင့် စိတ်ဝိညာဉ်ကို ဖျက်စီးခြင်းပဲ ဖြစ်သည်။

"အား......!"

နောက်ထပ် အော်သံတစ်ခု ထွက်ပေါ်လာပြီး လေထဲမှာ ပျံနေတဲ့ ဦးခေါင်းက မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး နာကျင်စွာနဲ့ မြေပြင်တစ်ခုလုံးမှာ လူးလိမ့်နေခဲ့သည်။

လုရွှမ် ခဏတာလောက် ကြောက်ရွံ့သွားသလို ခံစားလိုက်ရသည်။ သူသတိထားနေတဲ့ကြားက ဒီအမျိုးသမီးဟာ တကယ် သေချင်ယောင်ဆောင် နေမယ်ဆိုတာ ဘယ်သူက သိမှာလဲ။

ဒါ့အပြင် ဦးခေါင်း ဆုံးရှုံးပြီးတောင် ပျံသန်းရှင်သန်နိုင်တာဟာ တကယ်ကို ကြောက်စရာကောင်းနေပြီ။

အမှန်ပင် သူမသည် အလွန်ကောင်းမွန်သော လျှို့ဝှက် သိုင်းကျွမ်းကျင်မှုများကို အမွေဆက်ခံထားသော တိကျစ်ကမ္ဘာက ဂိုဏ်းတစ်ခု၏ တပည့် ဖြစ်ထိုက်ပေသည်။

"နင်ငါ့ကို မသတ်နိုင်ဘူး!!"

နတ်သမီးလျန်ရှင်းက အော်ဟစ်လိုက်သည်။ သူမရဲ့ အရင်က မောက်မာမှုတွေက အခုလောလောဆယ်မှာ ဘယ်မှာမှ ရှာမတွေ့ရတော့ချေ။

"မင်းကိုသတ်ဖို့ ငါဘယ်တုန်းကမှ မတွေးဖူးဘူး... ဒါပေမဲ့ မင်းကိုယ်တိုင် သေမင်းကို လာရှာနေတာ"

လုရွှမ်ကဆိုရင်း လျန်ရှင်းရဲ့ ဦးခေါင်းကို အပိုင်းပိုင်း ဖြတ်ပစ်ဖို့ သူ့ဓားကို လှပစွာ ဝေ့ယမ်းလိုက်သည်။ ဖီးနစ်နတ်မီးက သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းသွားပြီး လုံးဝ ပြာကျသွားစေ၏။

သူသည် နတ်သမီးလျန်ရှင်းရဲ့ သိုလှောင်လက်စွပ်ကို တစ်ချက်ကြည့်လိုက်ကာ မီးတောက်တစ်ခုဖြင့် လောင်ကျွမ်းသွား​စေလိုက်သည်။

တိကျစ်ကမ္ဘာရဲ့ လျှို့ဝှက်နည်းပညာက အစွမ်းထက်လွန်းလှသည်။ နတ်ဘုရားသာ အဲဒီအကြောင်းအရာများကို သိရှိသောကြောင့် ဖျက်ဆီးပစ်တာကသာ ပိုကောင်းလိမ့်မည်။

နတ်သမီးလျန်ရှင်း ပိုင်ဆိုင်ထားသော အရာအားလုံးဟာ ခေါင်းဖြတ်ခံရပြီးနောက် သေသေချာချာ လောင်ကျွမ်းသွားတာကို သူ့မျက်လုံးနဲ့ မြင်လိုက်ရသောအခါမှသာ လုရွှမ် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချကာ လှည့်ထွက်သွားခဲ့သည်။

ရှေးဟောင်းလျှပ်စီး ကမ္ဘာတွင် တိကျစ်ကမ္ဘာမှ တစ်စုံတစ်ယောက် ရှိနေမည်ဟု သူတကယ် မမျှော်လင့်ထားပေ။ ရှေးဟောင်း လျှပ်စီးမြို့တော်ရဲ့ အကျပ်အတည်းသည် သူထင်ထားတာထက်ပင် ပို၍ကြီးမားနေပုံရသည်။

မြို့လယ်​ခေါင်ကို ပြန်ရောက်တော့ အရူးအမျိုးသမီး အုပ်စုကို တမင် ရှောင်ထွက်လာခဲ့သည်။

လုရွှမ်သည် သီးခြားနယ်မြေ အနည်းငယ်တွင် ထိုအမျိုးသမီးများ အလွန်သောင်းကျန်း​နေတာကို တွေ့​နေရသည်။ တခြားနေရာများတွင်တော့ ငြိမ်သက်စွာ နေနိုင်ကြသည်။ နောက်ဆုံးတွင် သူတို့သည် ကျင့်ကြံမှုအဆင့် မလုံလောက်ခြင်းနှင့် အဆင့်အတန်း မရှိခြင်းတို့ကြား ရှိနေတာကို တွေ့ရှိခဲ့ရသည်။

သူ့ရင်ခွင်ထဲက ဆက်သွယ်ရေး ကျောက်စိမ်းတံဆိပ်က ရုတ်တရက် လင်းလက်သွားသည်။ လုရွှမ် ထုတ်ယူကြည့်လိုက်တော့ ၎င်းကျောက်စိမ်းပြားက သူတော်စင်လေး ရှန်ယီးရှောင်ဟဲမှန်း သိလိုက်သည်။

"အစ်ကိုကြီးလု... ရှေးဟောင်းလျှပ်စီးကမ္ဘာကို ရောက်​နေတာတောင် ဘာမှမပြောဘူးနော်... ငါ အခု ရှေးဟောင်း လျှပ်စီးမြို့တော်မှာ ရှိနေတယ်။ အစောက အရူးအုပ်စုတစ်စုကို တွေ့လိုက်တယ်.. ရှန်ယီးလည်း မင်းနာမည်ကို ကြားတော့ ပြေးမိလုမတတ်ပဲ... ဟားဟား အခုအဆင်ပြေရဲ့လား?... စျေးပေါတဲ့ သားမက်ကို ဖမ်းဖို့ ကြိုးစားနေတာ မအောင်မြင်လိုက်ဘူး ထင်တယ်နော်"

ရှန်ယီးက ပေါက်ကရတွေ ပြောနေသေးသော်လည်း လုရွှမ် ထိုစကားကို ကြားတဲ့အခါ ဝမ်းသာပီတိ ဖြာသွားခဲ့သည်။ ချက်ချင်းပဲ သူတော်စင် ရှန်ယီးရှောင်ဟဲ ပြောတဲ့ နေရာကို ပြေးထွက်လာခဲ့၏။

ကျဲရှန်းလုံ ဆိုတဲ့ စားသောက်ဆိုင်ဟာ ရှေးဟောင်း လျှပ်စီးမြို့တော်တွင် ထူးထူးခြားခြား နာမည်ကောင်း ရှိ​လေသည်။ "ကျဲရှန်း" ဟူသော စကားလုံးနှစ်လုံးသည် လူတိုင်းရဲ့ စံနှုန်းများကို ဖော်ပြထားကြပြီး ၎င်းတို့တွင် အဆုံးမရှိသော မျှော်လင့်ချက်များလည်း ရှိသည်။

ကျဲရှန်းလုံသို့ ရောက်သောအခါ လုရွှမ်သည် ချောမောလှပသော အမျိုးသမီးတစ်ဦး အပေါ်ထပ်ကို တက်လာတာ တွေ့လိုက်ရသည်။ တစ်စုံတစ်ခုကို အာရုံခံလိုက်သလိုမျိုး နောက်ပြန် လှည့်ကြည့်လိုက်တော့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။

နတ်သမီးရှန်းရှဲ့ မှလွဲ၍ တခြားသူမရှိပေ။ သူမလည်း ဒီကို ရောက်ရှိလာခဲ့သည်။

နှစ်ယောက်သား နှုတ်ဆက်ပြီး အပေါ်ထပ်သို့ ဆက်တက်လာကြသည်။ လိရှောင်းနှင့် သူတော်စင် ရှန်ယီးရှောင်ဟဲတို့ အရက်သောက်ရင်း စကားများနေကြတဲ့ အသံက ငါးမိုင်အကွာကနေတောင် ကြားရသည်။

"နတ်သမီးနဲ့ လုရွှမ်တို့ ရောက်လာတာပဲ"

နှစ်ယောက်သား လုရွှမ်ကို တွေ့တော့ ရယ်ရယ်မောမော နှုတ်ဆက်ကြသည်။ နှုတ်ဆက်နည်းကတော့ ရှန်ယီးရှောင်ဟဲက လက်သီးနဲ့ထိုးပြီး လိရှောင်းက လုရွှမ်ရဲ့နောက်ကျောကို ဓားနဲ့ထိုးလိုက်ခြင်းပင်။

လုရွှမ်က ရှန်ယီးရှောင်ဟဲကို လက်သီးတစ်ချက်နဲ့ တုံ့ပြန်လိုက်ပြီးနောက် လိရှောင်းနဲ့ ဓားချက်ကို သူ့ခန္ဓာကိုယ်က လုံးဝ မလှုပ်ရှားတဲ့ ပုံစံနဲ့ ခုခံလိုက်ရာ နှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ်တွေသာ တုန်ခါသွားခဲ့သည်။

နတ်သမီးရှန်းရှဲ့ရဲ့ မျက်လုံးများ တောက်ပလာကာ သူမကိုယ်သူမ သက်ပြင်းချရင်း ခေါင်းခါလိုက်လေသည်။ ရှန်ယီးရှောင်ဟဲနဲ့ လိရှောင်းတို့သည် အချင်းချင်း ပွေ့ဖက်ကာ ရယ်မောရင်း လုရွှမ်ကိုပါ သေရည်ဝိုင်စားပွဲသို့ ခေါ်ဆောင်သွားကြသည်။

"ငါတို့ပြန်ဆုံတဲ့အခါ မင်းရဲ့ခွန်အားက ငါတို့အထက်မှာ သေချာပေါက် ရှိနေမယ်ဆိုတာ သိပြီးသား... ငါအမြဲတမ်း ကြိုးစားနေတာတောင် ဟေး မင်းက ငါ့ထက်ပိုကောင်းနေပြန်ပြီ"

လုရွှမ်လည်း ထိုလူနှစ်ယောက်၏ ကြံ့ခိုင်မှု တိုးတက်လာခြင်းကြောင့် အလွန်အံ့အားသင့်သွားရသည်။

သူ့လမ်းတလျှောက်မှာ အန္တရာယ်တွေ ဘယ်လောက်ကြုံခဲ့ရပြီး အံ့ဩစရာတွေ ဘယ်လောက်အထိ ကြုံခဲ့ရလို့ သူရဲ့ လက်ရှိခွန်အားကို ရရှိခဲ့တာလဲဆိုတာတော့ သိထားရမည်။

လုရွှမ်သည် တခြားနည်းလမ်းတွေကို အသုံးမပြုခဲ့ပေ။ အထူးသဖြင့် ရွှေဒြပ်စင် နတ်ပုတီးစေ့ကိုပင် မသုံးခဲ့ပေမယ့် ၎င်းတို့နှစ်ဦးစလုံးသည် ပထမအဆင့် ကမ္ဘာရှိ ဂိုဏ်းကြီးတစ်ခုမှ ဆင်းသက်လာကာ ဒီလောက်အထိ တိုးတက်လာတာ သူတို့မှာလည်း ဝှက်ဖဲများ ရှိနေတာ ထင်ရှားပေသည်။

သူတို့လေးယောက် အတူတူ ထိုင်ပြီးနောက် လုရွှမ် အသားသတ်သမားကို အမြန်ခေါ်ပြီး မကြာခင်မှာပဲ ရောက်လာသည်။ ထို့နောက် အောင့်ယွဲ့ရဲ့အိမ်ဘက်သို့ ထွက်လာခဲ့ရင်တော့ သူတို့ ခြောက်ယောက်လုံး ပြန်ဆုံနိုင်ပြီ။

အရက်သောက်ရင်း လမ်းခွဲပြီးနောက် ဖြစ်ပျက်ခဲ့တာတွေကို ပြောပြကြသည်။

အောင့်ယွဲ့၊ သားသတ်သမား နှင့် လုရွှမ်တို့သည် ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ကို အမှန်တကယ် ရရှိခဲ့ကြောင်း ကြားသိရပြီးနောက် ရှန်ယီးရှောင်ဟဲနဲ့ လိရှောင်းတို့က နောင်တရခဲ့ပြီး နတ်သမီးရှန်းရှဲ့ပင်လျှင် အနည်းငယ် မနာလိုဖြစ်သွားခဲ့သည်။

ဤလူများအားလုံးသည် ယုံကြည်ထိုက်သူများ ဖြစ်ကြပြီး သေရေးရှင်ရေး အတွေ့အကြုံများကို အတူတူ ရင်ဆိုင်လာခဲ့ကြလို့ အချင်းချင်း ယုံကြည်မှု ရှိကြသောကြောင့်သာ သူတို့ရဲ့ မနာလိုမှုကို သဘာဝအတိုင်း ဖုံးကွယ်မထားခဲ့ပေ။ ဒီလိုမှမဟုတ်ရင် နောင်အခါမှာ မလွှဲမရှောင်သာ နာကြည်းမှုတွေ ပေါ်ထွက်လာလိမ့်မည်။

သို့သော် မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိကြပေမယ့် သူတို့ရဲ့ စိတ်နေစိတ်ထားတွေက လုံးဝကို ခမ်းနားပါသည်။ မနာလို ဖြစ်နေချိန်မှာ တစ်ဖက်ကလည်း ဂုဏ်ပြုစကား ဆိုသေးသည်။

ဒြပ်စင်ငါးပါး နတ်ပုတီးစေ့ကို ရရှိခြင်း၏ အန္တရာယ်ကို ဆိုပြီးနောက်တွင် ၎င်းတို့ တွေ့ဆုံခဲ့သော နတ်မီးနယ်ပယ်က သက်ကြီးရွယ်အိုများ အကြောင်း အံ့အားသင့်စွာ အော်ပြောကြသေးသည်။

"စကားမစပ် မင်းတို့ဒီကိုအစောကြီး ရောက်လာတာ ဆိုတော့ အခု ရှေးဟောင်း လျှပ်စီးမြို့တော်ရဲ့ အခြေအနေက ဘယ်လိုလဲ?"

လုရွှမ် မေးလိုက်သည်။

ရှန်ယီးရှောင်ဟဲက စိတ်ဝိညာဉ် စွမ်းအားများက မြင့်တက်လာပြီး ပတ်ဝန်းကျင်ကို ချိတ်ပိတ်လိုက်ပြီး

"မကောင်းဘူး... အဓိကက အခုအောင့်မိသားစုရဲ့ အခြေအနေပေါ်မှာ မူတည်တယ်... လောလောဆယ် အန္တရာယ်တွေ အများကြီး ရှိနေတယ်"

နတ်သမီးရှန်းရှဲ့က ခေါင်းညိတ်လိုက်သည်။

"ကျွန်မ မိသားစုကလူ ပြောတာတော့ အောင့်မိသားစုသာ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရင် သေချာပေါက် နာမည်ကြီးလာလိမ့်မယ်... ဒါပေမယ့် အောင့်မိသားစုက ဒီအကျပ်အတည်းမှာ သေဖို့ အခွင့်အလမ်းက ပိုများနေတယ်"

လိရှောင်းလည်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်လိုက်သည်။ အောင့်ယွဲ့သည် သူတို့၏ သူငယ်ချင်းဖြစ်ပြီး အောင့်မိသားစုသည် ယခုလို အန္တရာယ်နှင့် ကြုံတွေ့ရသောအခါတွင် သူတို့သည် သဘာဝကျကျ အလွန် စိုးရိမ်ကြသည်။

ကံမကောင်းစွာပဲ သူသည် ပါရမီရှင်တစ်ဦးဟု သိကြသော်လည်း မိသားစုတွင် စကားများများစားစား ဝင်ပြောနိုင်ခြင်း မရှိပေ။ သူသည် ကိုယ်ပိုင်စွမ်းရည်ဖြင့်သာ ကူညီနိုင်ပြီး မိသားစုကိစ္စ အများစုကို မပါဝင်နိုင်ပေ။

"ဝမ့် ကမ္ဘာငါးခုကလည်း အင်အားငါးထောင်ထက်မနည်း ရောက်လာတယ်လို့ သိရတယ်... သူတို့တစ်ဦးစီကလည်း မန်ဟွမ်နတ်ဘုရားမျှော်စင်ကို မက်မောနေကြတာ"

"ဟုတ်တယ်... မန်ဟွမ်နတ်ဘုရား မျှော်စင်ကို ဘယ်သူက အရမ်းနာမည်ကြီးအောင် လုပ်ခဲ့တာပါလိမ့်? ဝမ့်ကျစ်ကမ္ဘာက ငါတို့ရဲ့ ရှေးဟောင်း လျှပ်စီးကမ္ဘာနဲ့ ယှဉ်ရင် ကြောက်စရာကောင်းနေသေးတယ်... အဲဒီလူတွေက တခြားသူတွေကို လွှမ်းမိုးဖို့ သူတို့ရဲ့ စွမ်းအားကို သုံးကြပေမယ့် ငါတို့က လုံလောက်တဲ့ အင်အားမရှိဘူး... တခြားနည်းလမ်းကျတော့လည်း မရှိပြန်ဘူး"

"ဒုက္ခအဆိုးဆုံးကတော့ ဒီတစ်ကြိမ် တားဆီးနိုင်ရင် နောက်တစ်ကြိမ် ဘာဖြစ်မလဲ ဆိုတာပဲ"

ဒီစကားလုံးတွေ ထွက်လာပြီးတာနဲ့ ပါးစပ်ပိတ်ဖို့ကလွဲလို့ လူတော်တော်များများ ရွေးချယ်စရာ မရှိတော့ချေ။ မန်ဟွမ်နတ်ဘုရားမျှော်စင်သည် အလွန်ဂုဏ်သိက္ခာ ကြီးမားသောကြောင့် လုရွှမ် ယခင်က စာကြည့်တိုက်က စာအုပ်ဝိညာဥ်ကို မန်းဟွမ်နတ်ဘုရား မျှော်စင်အကြောင်း အသိပညာကို မေးမြန်းခဲ့သည်။

တစ်ချိန်က မန်ဟွမ်နတ်ဘုရားမျှော်စင် မွေးဖွားခဲ့ပြီးနောက် ဝမ့်ကျစ်ကမ္ဘာက ကျူးကျော်သူ အားလုံးကို သုတ်သင်ရှင်းလင်းခဲ့သည်။ တစ်ချိန်က အချမ်းသာဆုံး အစွမ်းထက်ဆုံး ဂိုဏ်းတစ်ခုပင် မန်ဟွမ်နတ်ဘုရား မျှော်စင်ဆီက သုတ်သင်ခံခဲ့ရကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးသည်။ မန်ဟွမ်နတ်ဘု​ရား​ မျှော်​စင်​ဆီက လုံး​၀ သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ ခံ​ရ​ပြီးနောက် ဂိုဏ်း​ကို​လည်း ဖျက်သိမ်းခဲ့ရသည်။

ဒီလောက် အစွမ်းထက်တဲ့ ကမ္ဘာ့ရတနာကို ဘယ်သူက မလိုချင်ကြမှာလဲ?

All Chapters