← Chapters

အပိုင်း (၄၂၁) – ဝိညာဉ်စုစည်းတည်ဆောက်မှု

Vol. 005 Ch. 421

အပိုင်း (၄၂၁) – ဝိညာဉ်စုစည်းတည်ဆောက်မှု

Vol. 005 Ch. 421

ရှီမာယူယူသည် ပြန်လာသည့်အချိန်မှစပြီး တစ်ချိန်လုံး မိမိကိစ္စများကိုသာ ဖြေရှင်းနေရ၍ ဝူလင်းယူ နှင့် ပတ်သတ်သော အသေးအဖွဲကိစ္စများကို သတိမထားမိပေ။

ရှီမာယူယူသည် အဂ္ဂိရတ်ပညာ၊ လက်နက်ပညာနှင့် လူ၏ စိတ်စွမ်းအင်ကို တိုးတက်စေသော စာအုပ် များကို ရွေးကာ ဖက်တီးကျူနှင့် တခြားသူများကို ခေါ်ကာ စာအုပ်များယူပြီး ရှီမာတိုင်အား သွားပေးလေသည်။

ရှီမာတိုင်နှင့် တခြားသူများသည် ရှီမာယူယူ ယူလာသော စာအုပ်များကို ကြည့်ရင်း အံ့သြမိကြလေ သည်။ သူမ အရင်ကပြောခဲ့စဉ်က ဒီလောက် အရေအတွက်များမည်ဟု သူတို့ ထင်မထားခဲ့ကြပေ။ အမျိုးအစား တစ်ခုစီကို စာအုပ် ၁အုပ် ၂အုပ်လောက် ပေးရင်ကို အံ့သြစရာကောင်းပြီဟု ထင်ခဲ့ကြသည်။

သူတို့မသိသည်မှာ ရှီမာယူယူသည် အဆင့်အနည်းငယ်နိမ့်သော စာအုပ်များကို ရွေးပေးခြင်းဖြစ်လေ သည်။ သူမသည် အဆင့်မြင့်သော စာအုပ်များကို ထုတ်မပေးရဲပေ။ သူမ ဂိုဏ်းအတွက် အန္တရာယ်ဖြစ်စေမည်ကို စိုးရိမ်သည်။

ထို့နောက်တွင် ရှီမာယူယူသည် သူမ အိမ်သို့ပြန်လာသည်။ ဒီတစ်ကြိမ်တွင် သူမ ရှီမာယူလင်းကို ခေါ် လိုက်သည်။

ဝူလင်းယူသည် တံခါးအပြင်တွင် ရပ်နေကာ တံခါးပိတ်သွားသည်ကို တိတ်တဆိတ် ကြည့်နေရသည်။ သူသည် တည်ဆောက်မှုနှင့် ပတ်သတ်၍ မသိသဖြင့် ထိုလူကို အခွင့်အရေးပေးလိုက်ရခြင်းကြောင့် မုန်းတီးနေ မိသည်။

ရှီမာယူယူသည် ရှီမာယူလင်းအား သူမ အိမ်အတွင်းခေါ်ကာ တည်ဆောက်မှုအတွက် အသေးစိတ် ရေး ထားသော လုပ်ငန်းစဉ်ကို ထုတ်ကာ သူ့အား ပေးလိုက်သည်။

ရှီမာယူလင်းသည် လုပ်ငန်းစဉ်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများ ပြူးလာပြီး သူမ မျက်နှာအား ကြည့်ကာ အံ့သြမှုနှင့် သိချင်စိတ်များ ရောထွေးနေသည်။

“ဒါက ဆရာရလာတဲ့ တည်ဆောက်မှုပဲ၊ ငါ နှစ်ရက်လောက် လေ့လာပြီးပေမယ့် အောက်အထိ မရောက်  သေးဘူး အဲဒါကြောင့် မင်း ငါနဲ့အတူ လေ့လာပေးဖို့ ခေါ်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“အချိန်အကြာကြီး ပျောက်နေတဲ့ ဒီဝိညာဉ်စုစည်းခြင်း တည်ဆောက်မှု နည်းလမ်းကို ရလာမယ်လို့ ငါ ထင်မထားမိဘူး အရမ်းကို အံ့သြသွားပြီ” ရှီမာယူလင်းသည် တက်ကြွစွာ ပြောလေသည် “ငါတို့ ဒီဟာ ကို သေသေချာချာ လေ့လာမယ်ဆိုရင် အားထုတ်ရတာ တစ်ဝက်လောက် ပိုကောင်းသွားမယ်”

“ငါလည်း အဲလိုထင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ငါတို့က အခုချိန်မှာ တခြားသူတွေထက် အား နည်းနေသေးတယ်၊ ငါတို့ ဒီဝိညာဉ်စုစည်းတည်ဆောက်မှုကို သုံးပြီး ဝိညာဉ်စွမ်းအင်ထူထပ်အောင် လုပ်နိုင်ရင် သူတို့ ကို အချိန်မှီလိုက်နိုင်မှာပဲ”

“ဒါပေမဲ့ မင်းက အပြီးထိ မရောက်သေးဘူးမလား၊ အဘိုးကို သွားပြကြည့်ရမလား” ရှီမာယူလင်း  မေး လိုက်သည်။

“ငါ နည်းနည်းလေ့လာပြီးပြီ၊ ဒါပေမဲ့ ဒီဝိညာဉ်စုစည်းတည်ဆောက်မှုက သာမာန်တည်ဆောက်မှု ကျောက် တုံးတွေနဲ့ မရဘူး အဲဒါကြောင့် မင်းကို ကူညီခိုင်းတာ၊ ငါတို့ လုပ်ပြီးမှ သူတို့ကို ပြောဖို့ နောက်မကျပါဘူး၊ မဟုတ် ရင် ငါတို့ မအောင်မြင်ရင် သူတို့လည်း စိတ်ကောင်းမှာမဟုတ်ဘူး” ရှီမာယူယူ ရှင်းပြသည်။

“အဲဒါလည်း ဟုတ်တာပဲ” ရှီမာယူလင်း ပြောလိုက်သည် “အရင် လုပ်ကြည့်တာပေါ့၊ ငါ ဘယ်လို ကူညီ  ပေးရမလဲ”

“မင်း လောကအသေးမှာတုန်းက ဝိညာဉ်စုစည်းကျောက်တုံးတွေ ရခဲ့တယ်မလား၊ အဲဒါတွေနဲ့ ဒီဝိညာဉ် ပုတီးလုံးတွေနဲ့ ပေါင်းလိုက်ရင် အလုပ်ဖြစ်မှာပါ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆို နေရာရှာပြီး လုပ်ကြည့်တာပေါ့” ရှီမာယူလင်းသည် ကြိုးစားကြည့်ရန် တက်ကြွနေလေသည်။

“ငါတို့ သီးသန့်နေရာတစ်ခုရှာပြီး လုပ်တာ ကောင်းမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ငါ နေရာတစ်ခုသိတယ်၊ လာခဲ့ အဲဒီကိုသွားပြီး လုပ်ကြည့်မယ်” ရှီမာယူလင်း ပြောလိုက်လေသည်။

“အိုခေ”

ရှီမာယူယူ တံခါးဖွင့်လိုက်ရာ ချက်ချင်းပင် အပြင်တွင် ရပ်နေသော ဝူလင်းယူအား တွေ့လိုက်ရသည်။

“မင်းတို့ဘယ်သွားကြမလို့လဲ” ဝူလင်းယူသည် ဂရုမစိုက်ချင်ယောင်ဆောင်ကာ မေးလိုက်သည်။ သို့သော် သူ့အကြည့်သည် ရှီမာယူလင်းအပေါ်တွင် တစ်ချိန်လုံးရှိနေသည်။

“တည်ဆောက်မှုသွားဆောက်မလို့” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ငါလည်း လိုက်မယ်” ဝူလင်းယူ ယပ်ဆောင်ကို ဝေ့ရမ်းကာ ပြောလိုက်သည် “ငါဘယ်နေရာ  ရောက်ရောက် နေတတ်ပါတယ်”

“ခင်ဗျားအပေါ်မှာပဲ မူတည်တာပဲ” ရှီမာယူယူသည် ပြောပြီးသည်နှင့် အပြင်သို့ ထွက်လိုက်သည်။ ဝူလင်းယူသည် အလိုက်သင့်ပင် နောက်က ပါလာသည်။ ရှီမာယူလင်းသည် ဝူလင်းယူ၏ ရှုပ်ထွေးသော အကြည့် ကို သတိထားမိသော်လည်း သူ့အတွေးကို မသိနိုင်ပေ။

သူတို့သုံးယောက်သည် အိမ်၏ နောက်ကျောဖက် မီတာ၁၀၀ကျယ်သော ခန်းမသို့ လာလိုက်ကြသည်။ ထိုနေရာသည် ကျန်မျိုးနွယ်များ အသုံးပြုခဲ့သော နေရာဖြစ်သည်။

သူတို့ဝင်လာချိန်တွင် လူတစ်ယောက်မှ ရှိမနေပါ။ ရှီမာယူယူနှင့် ရှီမာယူလင်းတို့သည် လမ်းညွှန်အတိုင်း ဝိညာဉ်စုစည်းခြင်းကျောက်တုံးများကို နေရာချလေသည်။ သူတို့သည် အဆင့်ဆင့် ဒေါင်လိုက် နေရာချလေသည်။

ဝူလင်းယူသည် ရှီမာယူယူ ခေါင်းငုံ့ကာ ရှီမာယူလင်းနှင့် ဆွေးနွေးမှုတွင် အလုပ်များနေသည်ကို စောင့် ကြည့်နေခဲ့သည်။ သူသည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေကာ သူတို့ပြောသမျှကို အနှောင့်အယှက်မပေးပေ။

ရှီမာယူယူနှင့် ရှီမာယူလင်းတို့သည် ကျောက်တုံးများနေရာ ချခြင်းကို ၁ရက်ကြာအောင် လုပ်လိုက်ရ  သော်လည်း အသုံးမဝင်ပေ။ သူတို့သည် အကုန်ဖျက်ချကာ အစမှ ပြန်လုပ်ရတော့သည်။

နှစ်ကြိမ်မြောက် ကြိုးစားမှုတွင် တစ်နေကုန်သွားသော်လည်း ကျရှုံးပြန်သည်။

သုံးကြိမ်မြောက် ကြိုးစားမှုတွင် အချိန် ၂ရက်ယူရကာ တည်ဆောက်မှုသည် တစ်ဝက် အောင်မြင်သည်။ တည်ဆောက်မှု ပုံစံပေါ်လာကာ လမ်းတစ်ဝက်အရောက်တွင် ပျောက်ကွယ်သွားလေသည်။ ကျရှုံးခြင်း၏ အမှတ် အသားပင်ဖြစ်သည်။

လေးကြိမ်မြောက် ကြိုးစားမှုတွင် သူတို့သည် နောက်ထပ် ၂ရက် အချိန်ယူရာကာ အောင်မြင်လေသည်။ တည်ဆောက်မှု၏ ပုံပေါ်လာကာ အလင်းတန်းသည် တည်ဆောက်မှုမျဉ်းထဲသို့ ဖြည်းညင်းစွာ စီးဆင်းလေ သည်။ ပတ်ဝန်းကျင်မှ ဝိညာဉ်ချီသည်လည်း တဖြည်းဖြည်း စုစည်းလာသည်။

“အောင်မြင်ပြီ” ရှီမာယူယူသည် မျက်လုံးမှိတ်လိုက်ကာ ရှုသွင်းလိုက်ပြီးနောက် ပျော်ရွှင်စွာဖြင့် မျက်လုံးပြန်ဖွင့်လိုက်လေသည်။

“ငါတို့ တကယ်ပဲအောင်မြင်သွားပြီ” ရှီမာယူလင်းသည် အလွန်စိတ်လှုပ်ရှားကာ ရှီမာယူယူအား  တောက်ပစွာကြည့်လေသည်။

ဝူလင်းယူသည်လည်း ပတ်ဝန်းကျင်မှ ဝိညာဉ်ချီ အပြောင်းအလဲကို ခံစားမိသည်။ သူ အံ့သြသဖြင့် မျက်ခုံး ပင့်လိုက်သည်။ သူတို့ တကယ်အောင်မြင်မည်ဟု သူ ထင်မထားပေ။

ရှီမာယူယူ စိတ်လှုပ်ရှားပြီးနောက်တွင် တည်ဆောက်မှု၏ အပြင်ပိုင်းကို အနီးကပ်စစ်ဆေးတော့သည်။ သူမ မျက်မှောင်ကြုတ်ကာ ပြေလာိုက်သည် “ဝိညာဉ်ချီ ဝင်သွားပေမယ့် နှေးနေသေးတယ်၊ နည်းနည်းလောက်ပဲ များနေသေးတာ၊ ဒီမှာ အားလုံးကျင့်ကြံဖို့ဆို မလုံလောက်ဘူး”

ရှီမာယူလင်းသည် အတွေးတစ်ခုရကာ ဝိညာဉ်စုစည်းခြင်းပုတီးစေ့အား ထုတ်ကာ ပြောလိုက်သည် “ဒီဟာကို ထည့်ပြီးစမ်းကြည့်မယ်ဆိုရင်ရော”

“ဒါက အဲဒီဝိညာဉ်စုစည်းခြင်း ပုတီးစေ့မလား” ရှီမာယူယူသည် ထိုအစိမ့်ရင့်ရောင် ပုတီးစေ့အား မြင်သည် နှင့် မေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူလင်း ပြောပြီးခေါင်းညိတ်လေသည် “ငါတို့ တည်ဆောက်မှုထဲကို ထည့်လိုက်တာနဲ့ ဘာပြောင်းသွားမလဲကြည့်ရအောင်”

“အိုခေ”

သူတို့သည် တည်ဆောက်မှုကို ဖျက်ချကာ ဝိညာဉ်စုစည်းခြင်းပုတီးစေ့အား မည်ကဲ့သို့ ထည့်မည်ကို ဆုံးဖြတ်ကြလေသည်။

လတစ်ဝက်အကြာတွင် ရှီမာတိုင်နှင့် တခြားအကြီးအကဲများကို ထိုနေရာသို့ ခေါ်ဆောင်လေသည်။ သူတို့ ဝင်လာလာချင်းတွင် ထိုနေရာသည် အပြင်ဘက်နှင့် ကွဲပြားနေသည်ကို ချက်ချင်း သတိထားမိလိုက်သည်။

“ဝိညာဉ်ချီ ထူလိုက်တာ” အကြီးအကဲဟူသည် အံ့သြစွာ အော်မိလေသည်။

“တခြားနေရာတွေထက် အများကြီးပိုထူထပ်တယ်” အကြီးအကဲဆန်း ထပ်ပြောလေသည်။

ရှီမာတိုင်သည် ရှီမာယူယူအား ကြည့်ကာ မေးလိုက်သည် “မင်းတို့ ဒီမှာဘာလုပ်လိုက်တာလဲ”

“ကျွန်တော်တို့ ဝိညာဉ်စုစည်းခြင်း တည်ဆောက်မှုလုပ်လိုက်တာ၊ သူက ပတ်ဝန်းကျင်က ဝိညာဉ်ချီကို စုပ် ယူပြီး ဒီအထဲမှာ ဝိညာဉ်ချီ များစေတယ်” ရှီမာယူယူ ရှင်းပြသည် “ရလဒ်ကတော့ မဆိုးပါဘူး၊ ကျွန်တော်တို့ တွက် ကြည့်ရသလောက်တော့ တစ်ခါဝင်ရင် လူသုံးယောက် ဝင်လို့ရမယ်”

“အဲလောက် အားကောင်းလား” အကြီးအကဲဟူသည် ရှီမာယူယူအား မယုံသလိုနှင့် ကြည့်လိုက်သည်။

“အားလုံး ခံစားလို့ရတယ်မလား” ရှီမာယူယူ မေးလိုက်သည်။

“မဆိုးပါဘူး” ရှီမာတိုင်သည် အာရုံစိုက်ကာ ခံစားကြည့်သည် “ဒီနေရာမှာ ဘာအစီအစဉ်ရှိလဲ”

“ဒီနေရာကို ဂိုဏ်းရဲ့ လျှို့ဝှက် ကျင့်ကြံခြင်းနယ်မြေလိုပ်မလို့၊ ဒါက ကျွန်တော်တို့ ဂိုဏ်းမှာ ပါဝင်တဲ့ အတွက် ဆုဖြစ်လိမ့်မယ်၊ ကျွန်တော်တို့ ဂိုဏ်းသားတွေကို ဒီမှာလာပြီး ကျင့်ကြံလို့ရအောင် လုပ်ပေးမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမယ့် အကောင်အထည်ဖော်မယ့် နည်းလမ်းကိုတော့ ဂိုဏ်းကိုပဲ အပ်ထားလိုက် ပါမယ်၊ အကြီးအကဲတွေ ဆွေးနွေးကြပါ”

“ဂိုဏ်းခေါင်းဆောင် ဒီကိစ္စကအရေးကြီးတယ်၊ ကျွန်တော်တို့ ဆုံးဖြတ်ချက် မရလာခင်ကို ဘယ်သူ့မှ မပြောတာကောင်းမယ်” အကြီးအကဲဆန်းပြောလိုက်သည်။

“ကောင်းတယ်၊ ငါတို့ အရင်သွားပြီး ဆွေးနွေးကြတာပေါ့၊ ယူယန် ဆွေးနွေးဖို့အတွက် တခြားအကြီးအကဲ  တွေကို အစည်းအဝေးခန်းမမှာ စုဖို့ သွားပြောလိုက်” ရှီမာတိုင် ပြောလိုက်သည်။ ထို့နောက် သူသည် ရှီမာယူယူ နှင့် ရှီမာယူလင်းဘက် လှည့်ကာ ပြောလိုက်သည် “မင်းကတော့ သွားမှာမဟုတ်တော့ ယူလင်း ငါနဲ့လိုက်ခဲ့”

“ဟုတ်ကဲ့ပါ ဂိုဏ်းခေါင်းဆောင်” ရှီမာယူလင်းသည် ရှီမာတိုင်နှင့် တခြားသူများနှင့်အတူ ထွက်သွားလေ သည်။

ရှီမာယူယူနှင့် ဝူလင်းယူသာ ထိုအိမ်တွင် ကျန်ခဲ့လေသည်။ သူတို့နှစ်ယောက်သည် အိမ်သို့ ဖြည်းညင်းစွာ လျှောက်ပြန် ကြလေသည်။

“မင်းဒီလောက် လုပ်စရာများတာ င့ါအတွက် တစ်ရက်လောက် အချိန်ရှိပါ့မလား” သူသည် လေးနက်စွာ  မေးလေသည်။

“ဟင်” ရှီမာယူယူသည် ခေါင်းမော့ကာ ဝူလင်းယူအား ကြည့်ကာ ပြောလိုက်သည် “ခင်ဗျားက ကျွန်တော့် စီနီယာပဲ ကျွန်တော့်ကို တစ်ခုခုလုပ်ခိုင်းမယ်ဆိုရင် အကောင်းဆုံးလုပ်ရမှာပေါ့”

အကောင်းဆုံး.. လုပ်ပေးရုံပဲလား…

All Chapters