← Chapters

အပိုင်း (၄၂၂) – နှုတ်ဆက်အနမ်း

Vol. 005 Ch. 422

အပိုင်း (၄၂၂) – နှုတ်ဆက်အနမ်း

Vol. 005 Ch. 422

သူ့မျက်လုံးများတွင် မျက်ရည်များဝဲနေသည်ကို ရှီမာယူယူ မြင်လိုက်ချိန်တွင် ရင်ထဲတွင် အနည်းငယ် ထူးဆန်းစွာ ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူမသည် မည်ကဲ့သို့ ခံစားရသည်ကို အမည်ဖော်မရ သော ခံစားချက်ဝင်လာကာ သူမသည် ထိုခံစားချက်ကို လျစ်လျူရှုလိုက်သည်။ သို့သော် သူမ ပြောလိုက်သည် “ခင်ဗျားက ကျွန်တော့် စီနီယာအစ်ကိုပဲ အကောင်းဆုံးလုပ်ရမှာပေါ့”

ထိုစကားလုံးများကြားသောအခါ ဝူလင်းယူ၏ ရင်ထဲမှ အထုံးမှာ ပြေသွားလေသည်။ သူသည် သူမ အတွက် သာမန်လူမဟုတ်သည်ကို သိသောကြောင့် စိတ်ချစွာ ထွက်သွားနိုင်သည်။

“ငါသွားရတော့မယ်” သူ ပြောလိုက်သည်။

ရှီမာယူယူ ယိမ်းယိုင်သွားကာ သူ့ကို ကြည့်ပြီး အံ့သြသွားသည်။ “သွားတော့မှာလား ရုတ်တရက်ကြီး လေ”

“ရုတ်တရက် မဟုတ်ဘူ၊ မင်းက တည်ဆောက်မှုတွေရော တခြားကိစ္စတွေနဲ့ရော အလုပ်များနေလို့၊  စောစောမပြောလိုက်ရတာ” ဝူလင်းယူ ပြောလိုက်သည်။ ထိုအဘိုးကြီးက လွန်ခဲ့တဲ့ ၂ရက်ကမှ ဆက်သွယ်လာ ပြီး  သူ့ကို ပြန်ခေါ်မယ်လို့ ဘယ်သူသိမှာလဲ။ သူသည် သူမဘေးတွင် နေချင်သော်လည်း သူမသွားပါက အဘိုး ကြီး လာခေါ်သည်က သူမအား ပိုပြီး အန္တရာယ်ဖြစ်စေသည်။

“မင်း မိန်းကလေးဆိုတာကို ဘယ်သူ့ကိုမှ ထပ်မပြောပြရဘူး၊ အထူးသဖြင့် ပညာရှိစံအိမ်တော်ကလူတွေ ကို”

“ဘာလို့လဲ ဘာကြားထားလို့လဲ” ရှီမာယူယူသည် သူ့အမူအရာကို ကြည့်ကာ သူမ တခြားသူများ ရှေ့ တွင် မိန်းကလေးလိုဝတ်ခြင်းကို မနှစ်သက်သောကြောင့် မဟုတ်ပဲ ထိုမျှမရိုးရှင်းသည်ကို သူမ သိသည်။

“ကိစ္စမရှိတော့ဘူးဆိုတော့ မင်းကိုအခုပြောပြမယ်” ဝူလင်းယူ ပြောလိုက်သည် “လေးမျက်နှာ မိန်းကလေး ဝိညာဉ်သခင်က ပညာရှိစံအိမ်တော်ကို ဖျက်ဆီး မယ်ဆိုတဲ့ အနာဂတ်ဟောထားတာ တစ်ခုရှိတယ် ဒီနှစ်တွေမှာ ပညာရှိစံအိမ်တော်က အဲလိုမိန်းကလေးကို လိုက်ရှာနေတာ၊ သူတို့က တစ်ခုခုခြေချော်သွားတာနဲ့ လူပေါင်း တစ်သောင်းလောက်ကို သတ်တဲ့လူတွေ၊ အဲဒါကြောင့်ပဲ ဒီနှစ်တွေမှာ မိန်းကလေးတွေ အများကြီး အသတ်ခံရပြီးပြီ”

ရှီမာယူယူသည် တုန်လှုပ်သွားသဖြင့် အေးခဲသွားသည်။ ထိုအကြောင်းကြောင့် သူမ အဖေက ဖုံးကွယ် ခိုင်းထားတာလား။

“မင်းအဖေက အဲအကြောင်းကြောင့် မင်းကို အသွင်ပြောင်းခိုင်းတာထင်တယ်၊ မင်းက အဲနေရာမှာ မရှိ ပေမယ့် ပညာရှိစံအိမ်တော်က တခြားအဖွဲ့တွေလိုမဟုတ်ဘူး၊ သူတို့က တခြားတိုင်းပြည်တွေမှာလည်း အဖွဲ့ခွဲ  တွေ ရှိတယ်၊ ပြီးတော့ နေရာမရွေး သူတို့ သံသယဝင်တာနဲ့ မိန်းကလေးတွေက အဲလို အဖြစ်ကြုံရတာပဲ” ဝူလင်းယူပြောလိုက်သည် “မင်းက ဒီက ပညာရှိစံအိမ်တော်ကို ဖျက်ဆီးလိုက်လို့ တော်သေးတယ်၊ မဟုတ်ရင် မင်းတို့ ဘာမှမလုပ်ရင်တောင် ငါက ဖျက်ဆီးပစ်မှာ”

ရှီမာယူယူသည် ဝူလင်းယူအား ကြည့်ရာ သူ ပြောသည့်အရာမှာ အမှန်ဖြစ်သည်ကို သိလိုက်သည်။ သူမ သာ ထိုအဖွဲ့ကို မဖျက်ဆီးပဲ မိန်းကလေးဖြစ်ကြောင်း ပြောလိုက်ပါက သူသည် သေချာပေါက် ထိုအဖွဲ့အား အပြတ်ရှင်းမည့်ပုံပင်။ ထို့အပြင် သူမသည် စွမ်းရည်အားလုံး ပိုင်ဆိုင်ခြင်းဖြစ်သည်ကို အားလုံး မသိကြပေ။

“ကျွန်တော် သိပါပြီ” သူမသည် အားလုံးကို နားလည်သည်။ သူမတွင် ပညာရှိစံအိမ်တော်ကို တိုက်ခိုက် ရန် အရည်အချင်းမရှိမချင်း မိန်းကလေးလို ဝတ်စားခြင်း မပြုရပေ။ “ဒါပေမဲ့ သူတို့ရှာနေတာ ကျွန်တော်ဆိုတာကို ခင်ဗျားဘယ်လိုသိလဲ”

“မင်းငယ်တုန်းက မင်းကိုယ်မင်း မဖုံးကွယ်နိုင်သေးဘူးလေ” ဝူလင်းယူ ပြောလိုက်သည် “မင်းက တစ်ခါ မှ မသုံးဖူးပေမယ့် င့ါကို ဖုံးကွယ်လို့မရဘူး”

“ချောင်းမြောင်းတတ်လိုက်တာ” သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။

“မင်း တောင်ကြားကိုပြန်တဲ့အချိန်ကျရင် ဖုံးကွယ်စရာမလိုပဲ မင်းကြိုက်တာ ဝတ်လို့ရတယ်၊ ဒါပေမဲ့ အဲဒီကို မသွားခင်တော့ ဘယ်တော့မှ မိန်းကလေးလို မဝတ်မိစေနဲ့ ကြားလား”

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ တကယ်ကို ပွစိပွစိနဲ့” သူမသည် နောက်ဆုံးစကားများကို တိုးညင်းစွာ ပြော လိုက်သည်။ ဒီလူက တကယ်ပဲ နားညီးတာပဲ။

ဝူလင်းယူသည် မှော်ဝင်လက်စွပ်အတွင်းမှ လှုပ်ရှားမှုကို ခံစားမိပြီး သူ့မျက်လုံးတွင် စိတ်မရှည်မှုများ ဖြတ်ပြေးသွားလေသည်။ သူ သူမ ခေါင်းအား ဖွပြီး ပြောလိုက်သည် “ငါသွားရတော့မယ်၊ မပျင်းနဲ့ မြန်မြန်လာခဲ့”

“ဝိညာဉ်အရည်ကို လိုအပ်ရင်သုံးဖို့မမေ့နဲ့ ထပ်ပြီး အကြီးအကျယ်ဖြစ်မယ်ဆိုရင် မိုရှားတောင်မှ ကယ်လို့ ရမှာမဟုတ်တော့ဘူး” ရှီမာယူယူ သူ့အား သတိပေးလိုက်သည်။

“ကောင်းပြီ”

ဝူလင်းယူသည် ကျောက်စိမ်းတုံးတစ်တုံးကို ထုတ်ကာ ရှီမာယူယူ၏ သွေးတစ်စက်ကို ချစေသည်။ ထို့နောက်တွင် သူ့သွေးကို ချလိုက်ရာ အခုချိန်ကစပြီး သူမတည်နေရာကို သူ ခြေရာခံနိုင်တော့မည်ဖြစ်သည်။ ရှီမာယူယူသည် ကျောက်စိမ်းတုံးကိုကြည့်ရာ သူမကျောက်တုံးနှင့် အနည်းငယ်ကွဲပြားသည်ကိ တွေ့လိုက်ရ သည်။ ဝူလင်းယူသည် ကျောက်စိမ်းတုံးအား သိမ်းကာ ဝင်ပေါက်ဖွင့်လိုက်သည်။ ဘေးပတ်လည်တွင် ဘယ်သူမှ မရှိသည်ကို တွေ့သည်နှင့် သူ သူအား လျင်မြန်စွာ ဆုပ်ကိုင်ကာ သူမ နှုတ်ခမ်းပေါ်သို့ အနမ်းပေးပြီး ပြော လိုက်သည် “မိန်းကလေး မင်းရင်ထဲမှာ နေရာယူမှာက ငါတစ်ယောက်တည်းဖြစ်ရမယ်” သူမ အနည်းငယ် စိတ် တိုနေသည်ကို ကြည့်ရင်းနှင့် သူကျေနပ်စွာ ပြုံးလိုက်ပြီးနောက် ဝင်ပေါက်ထဲသို့ ပျံသန်းသွားကာ သူမ ဒေါသ မထွက်လိုက်ခင်မှာပင် မြို့တော်မှ ထွက်သွားလေသည်။

“ဘာကြီးလဲ” ရှီမာယူယူသည် သူလွှတ်လိုက်သည်နှင့် အော်လိုက်သည်။ ဒီလူက သူမ တခြားကို အာရုံ ရောက်သွားတာနဲ့ အသားယူတော့တာပဲ။ ထပ်ပြီးတော့ဖြစ်ပြန်ပြီ။ ထိုအရာသည် သူမအား အားနည်းသွား  အောင်လုပ်နိုင်သည်။ “ကျွန်တော် ခင်ဗျားထက်အားကောင်းတဲ့နေ့ကို ကျွန်တော်နဲ့မတွေ့စေနဲ့ မဟုတ်ရင် ခင်ဗျားကို ရိုက်ပြီး လမ်းမမှာ ပစ်ထားပစ်မယ်”

ဝင်ပေါက် နောက်တစ်ဖက်တွင် ဝူလင်းယူသည် ဝင်ပေါက်မှထွက်လာကာ မီးနောက်ရွှီလင်းကို ခေါ်ကာ ပညာရှိစံအိမ်တော်သို့ တိုက်ရိုက်လာလိုက်သည်။ မှော်ဝင်လက်စွပ်ထဲမှ လှုပ်ရှားမှုကို ခံစားရကာ ထပ်ပြီး ဒေါသ ထွက်သွားသောကြောင့် ပြုံးပြီး ပြောလိုက်သည် “ငါအရင် လှုပ်ရှားသင့်တယ်လို့ ထင်လား၊ ဒီကောင်က ပိုပိုပြီး ဒေါသထွက်လာပြီ” သူ့ကြောင့်သာမဟုတ်လျှင် သူသည် ရှီမာယူယူနှင့်အတူ ရှိနေဦးမည်။

“အချိန်မကျသေးပါဘူး” မီးတောက်ရွှီလင်း လေးတွဲ့စွာ ပြောလိုက်သည်။

ဝူလင်းယူသည် ကောင်းကင်အား ကြည့်ပြီး ပြောလေသည် “ဘယ်လောက်တောင် ရက်စက်လိုက်လဲ၊ ဟူး… ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်ရအောင်၊ ပြီးတာနဲ့ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို သွားကြည့်ရမယ်၊ အဲအဘိုးကြီးတော့ စိုးရိမ်နေလောက်ပြီ…”

ရှီမာယူယူသည် အိမ်ရောက်သည်အထိ သူ့အား ကျိန်ဆဲလာသည်။ သူမ စူပုပ်လာသဖြင့် ရှီမာမိသားစု ဝင်များသည် သူမအား နှုတ်မဆက်ရဲကြပေ။ သူမ ဝိညာဉ်စွမ်းရည်နှင့်ဆိုလျှင် သူမ ပေါက်ကွဲလျှင် ဂယက်များ ထ သွားနိုင်သည်။ ဘေဂုံထန်ပင်လျှင် သူမအား တွေ့သောအခါ ဘာမှမမေးပေ။

“နင့် စီနီယာအစ်ကိုရော”

“ပြန်သွားပြီ” ရှီမာယူယူသည် ဒေါသဖြင့် ပြန်ဖြေလေသည် “သူ ငါ့ရှေ့မှာ ထပ်မတွေ့မိစေနဲ့ မဟုတ်ရင် ငါ….” သူမသည် နောက်ဆုံးထိ မပြောသော်လည်း သူမ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသဖြင့် ကိုင်ထားသော ခွက်ပင်ကွဲသွားရာ ဝူလင်းယူ သည် သူမအား စိတ်တိုအောင် လုပ်လိုက်ပြီဖြစ်ကြောင်းကို သိလိုက်ရပြီ။

“ငါတို့ ဝိညာဉ်စုစည်းခြင်းတည်ဆောက်မှု ပြီးသွားပြီ၊ မိသားစုဝင်တွေ စီစဉ်ထားတာသွားကြည့်ရအောင်၊ အားလုံးက ကြိုးကြိုးစားစား လေ့ကျင့်နေကြတာ ငါတို့ အချိန်ရှိတုန်းသွားရအောင်” သူမသည် ခွက်အကွဲမှ အမှုန့် များကို ခါက သူမ အိမ်သို့ ပြန်သွားလေသည်။

“ယူယူ ထူးဆန်းနေတယ်လို့ ငါထင်တယ်” ဖက်တီးကျူ ပြောလိုက်သည်။

“ဘာထူးဆန်းတာလဲ” ဘေဂုံထန် ပြောလိုက်သည် “သွားလေ့ကျင့်ရအောင်၊ မဟုတ်ရင် ယူယူ အပေါ်ကို သွားတဲ့အခါ ငါတို့ကျန်ခဲ့လိမ့်မယ်” သူမသည် လေ့ကျင့်ရန် သူမ အိမ်သို့ ပြန်သွားလေသည်။ ဝေကျိရွှီနှင့် တခြား သူများသည် ရှီမာယူယူ သူတို့ကို စောင့်မည် မဟုတ်ကို သိကြသည်။ သူတို့သည် သူမနှင့် လိုက်ပါလို၍ သူမ ရောက်သောအဆင့်သို့ အမှီလိုက်ရန် လေ့ကျင့်ရမည်။

ဂိုဏ်းသည် စုစည်းခြင်းနယ်မြေကို အိမ်သေးသုံးအိမ်ခွဲကာ လူတစ်ယောက် တစ်အိမ်အနေနှင့် ကျင့်ကြံ ရန် နေရာဖြစ်သွားသည်။ တစ်အိမ်သည် ဂိုဏ်းမှ ဆုပေးသော လူများအတွက်ဖြစ်ပြီး နောက်တစ်အိမ်သည် ကတိ အတိုင်းလိုက်နာသော မျိုးဆက်သစ်များအတွက်ဖြစ်ပြီး နောက်တစ်အိမ်မှာ လွတ်လပ်စွာ သုံးခွင့်ပြုထားသည်။ အစပိုင်းတွင် သူတို့သည် တစ်အိမ်ကို ရှီမာယူယူအား ပေးရန်စီစဉ်ထားသော်လည်း သူမသည် ငြင်းပယ်ကာ သူမ ကိုယ်ပိုင် ဝိညာဉ်စေတီအတွင်းတွင်ပင် လေ့ကျင့်လေသည်။

အဆုံးတွင် ရှီမာယူယူသည် သူမနှင့်အတူ တစ်ဖွဲ့လုံးအား ခေါ်သွာလေသည်။ ရှီမာယူယန်နှင့် တခြား သူများ ရှီမာယူလီ၊ ရှီမာလိုင်၊ ဆန်းမိုယုနှင့် တခြားသူများ ပါဝင်လေသည်။ သူမနှင့်အတူ ဝိညာဉ်စေတီအတွင်း ဝင်သောလူများသည် အတူတကွ ကျင့်ကြံကြသည်။ သူတို့သည် ကမ္ဘာဦးနယ်မြေကို အာရုံစိုက်ကာ ထိုနေရာ သို့ သွားရန် ဆုံးဖြတ်ထားကြသည်။ သူတို့သည် ကျင့်ကြံရာတွင် အာရုံစိုက်ထားကြပြီး မိသားစုများနှင့် အဆက် အသွယ် ဖြတ်ထားလေသည်။

သည်လိုနှင့် တစ်နှစ်ကုန်ဆုံးသွားလေသည်။ ဝိညာဉ်စေတီအတွင်းတွင် ၁၀နှစ်ကုန်ဆုံးလေသည်။

All Chapters