အပိုင်း (၄၂၃) – အလင်းမိုးကြိုး
Vol. 005 Ch. 423
ခွမ်း… ရေပုံးတစ်ပုံးစာလောက် အထူရှိသော လျှပ်စီးအလင်းတန်းသည် မြေပေါ်သို့ ကျရောက်လာရာ မှင်ရည် မြို့တော်တစ်ခုလုံး လှုပ်ခတ်သွားရာ လူများသည် မြို့အစွန်ကို ကြည့်လိုက်ကြသည်။
“အဲဒါ အထွတ်အထိပ်သားရဲအသွင်ပြောင်းတာလား”
“သက်ရောက်မှု ကြီးမားလိုက်တာ၊ သဘာဝအတိုင်း ပေါ်လာတာတော့ မဟုတ်နိုင်ဘူး”
“ဟိုမှာ ဘေးသင့်စေတဲ့ တိမ်တိုက်ပဲ” တစ်စုံတစ်ယောက်သည် လာနေသော အမည်းရောင် တိမ်တိုက် မှာ သာမာန်မဟုတ်သည်ကို သတိထားမိသည်။
“အဲဒါက အထွတ်အထိပ်သားရဲကို အသွင်ေပြောင်းစေတဲ့ဟာလား”
“အထွတ်အထိပ်သားရဲ အသွင်ပြောင်းတာ ငါတစ်ခါမှ မမြင်ဖူးဘူး၊ ပြီးတော့ ဒါက ဘေးသင့်စေတဲ့ တိမ်တိုက် နဲ့ လုံးဝကွဲနေသလိုပဲ”
“မဟုတ်ရင် အဲဒီတိမ်တိုက်က ဘာဖြစ်နိုင်မှာလဲ… အလင်းတန်းကို မြင်လိုက်တယ်မလား၊ ရေပုံးထက် တောင် ထူသေးတယ်”
“လျှပ်စီး အလင်းတန်းတစ်ခုပဲရှိပါသေးတယ် ငါတို့ ဆက်ကြည့်ရင် သိမှာပဲ” ပထမဆုံး လျှပ်စီး အလင်းတန်းကျရောက်ချိန်တွင် မည်သူမှ အာရုံစိုက်မနေပေ။ အားလုံး၏ အာရုံစိုက်မိချိန်တွင် တောင်တန်းကို သာ မြင်ရကာ မိုးကြိုး၏ ပစ်မှတ်ကို မမြင်ရပေ။
ထိုအချိန်တွင် ရှီမာယူယူသည် တောင်ကြားတွင် ရှိနေကာ ဒေါသကြောင့် အံကြိတ်ထားလေသည်။ အံံဖွယ်အဆင့်သို့ တက်သောအခါ မိုးကြိုးရှိလာမည်ဟု သူမကို ဘာလို့ ဘယ်သူမှမပြောခဲ့တာလဲ။ သူမသည် အခုမှပင် အဆင့်တက်ကာ ဂုဏ်ပြုမလိုပင်ရှိသေးသည်… အမည်းရောင်တိမ်တိုက်သည် သူမခေါင်းအပေါ် ရောက်လာကာ လျှပ်စီးများဖြင့် ပြေးလာကာ သူမ နှလုံးသားသို့ ပစ်ခွင်းလိုက်သည်။
ခွမ်း…
လူတစ်ယောက်သည် အဆင့်တက်မည်ဆိုလျှင် မငြိမ်သက်မှုများဖြစ်မည်ကို သူမ သိသည်။ သို့သော် ဘယ်သူမှ မိုးကြီးနှင့် လျှပ်စီးအကြောင်းကို မပြောခဲ့ပေ။ သူမကျမှ ဘာကြောင့်ဖြစ်နေရတာလဲ။ သူမသည် ဝိညာဉ် သားရဲ အသွင်ပြောင်းတာလည်း မဟုတ်ပဲနဲ့၊ သူမသည် အကြောင်းအရင်းကို မသိသော်လည်း ဝိညာဉ်စေတီအတွင်း မှ လူများကို ခေါ်ထုတ်ရန် လျင်မြန်စွာ ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် သူတို့သည် ဝိညာဉ်စေတီအတွင်း ပိတ် မိသွားနိုင်သည်။ ဝေကျိရွှီနှင့် တခြားသူများ ထွက်လာသောအခါ ကြီးမားသော တိမ်တိုက်များကို မြင်လိုက်သည် နှင့် တုန်လှုပ်သွားကြလေသည်။
“မင်းတို့ မြန်မြန်သွားတာကောင်းမယ်” ရှီမာယူယူ အော်လိုက်သည်။
“ငါတို့ မင်းနဲ့ နေပေးမယ်” ရှီမာယူလီ ပြောလိုက်သည်။
“မဟုတ်ဘူး၊ အပြင်လူတွေ လှုပ်ရှားလိုက်တာနဲ့ မိုးကြိုးက ပိုအားကောင်းလာမှာ” ရှီမာယူယူ ပြောလိုက် သည်။ “မင်းတို့ ဒီမှာနေနေရင် မိုးကြိုးက ပိုဆိုးဖို့ပဲရှိတယ်၊ မင်းတို့ သွားကြတော့”
ရှီမာယူလီနှင့် တခြားသူများသည် ကြည့်လိုက်ရာ လျှပ်စီးမိုးကြိုးသည် တိုးများလာသော်လည်း လျင်မြန် စွာ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။ တိမ်တိုက်များသည် ဘာဖြစ်သည်ကို ခံစားမိသည့်အတိုင်းပြင် တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။ ထွက်ပြေးသွားသော ရှီမာယူလင်းနှင့် တခြားသူများသည် သက်ပြင်း ချမိကြသည်။ မိုးကြိုးက ထပ်ကြီးမလာလို့ တော်သေးသည်။ မဟုတ်လျှင် သူတို့သည် တစ်သက်လုံး နောင်တရ သွားမည်ဖြစ်သည်။
ရှီမာယူယူသည် ထိုမိုးကြိုးလျှပ်စီးကို တစ်ခါမှ မကြုံဖူးပေ။ သူမသည် ဟာစွန်ပြောင်းလဲစဉ်ကပင် မြင်ဖူး ခဲ့သည်။ သူမ ဘာလုပ်ရမည်ကို မသိသဖြင့် ဟာစွန်အား ခေါ်ထုတ်လိုက်သည်။ သူသည် မိုးကြိုးအားကြည့်ပြီး သူကြုံတွေ့ခဲ့ရသည်ကို မှတ်မိသွားသဖြင့် ခန္ဓာကိုယ်မှာ တုန်ယင်လာသည်။ သူ့ခန္ဓာကိုယ်မှာ မသိစိတ်မှ မှတ်မိ နေသည်နှင့်တူသည်။
“အဲဒီမိုးကြိုးလျှပ်စီးရဲ့ အားကဘာလဲဆိုတာ ငါ့ကို စစ်ပေးနိုင်မလား” ရှီမာယူယူ မေးလိုက်သည်။
“ငါ့တုန်းကထက်တော့ အားနည်းတယ်” ဟာစွန်ပြော လိုက်သည်။ “မင်းရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် ပြဿနာတော့ အများကြီးမရှိဘူး”
“အဲဒါဆို ငါဘာလုပ်ရမှာလဲ” သူမသည် အရင်က မကြုံတွေ့ဖူးသဖြင့် ဘာလုပ်ရမည်ကို မသိတော့ပေ။
“မစိုးရိမ်ပါနဲ့ မင်းရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်ကို သူ့အတိုင်း အတိုးအလျော့လုပ်ပေးရုံပဲ၊ လျှပ်စီးက မင်းရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားလိမ့်မယ်” ဟာစွန် ပြောလိုက်သည်။
“သိပြီ” လျှပ်စီး ကျလာတော့မည်ကို ကြည့်ရင်းနှင့် သူမ ဟာစွန်အား ပြန်ထည့်လိုက်သည်။
ခွမ်း…
သူမ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်ကို ထိန်းညှိ ပြီး ခန္ဓာကိုယ်ကို အကာအကွယ် လုပ်လိုက်သည်နှင့် ပထမဆုံး မိုးကြိုးသည် သူမပေါ်သို့ ကျလာသည်။ လျှပ်စီးသည် သူမခန္ဓာကိုယ်အား ထိမှန်သည်နှင့် အကာ အကွယ်ကို ချိုးဖောက်ကာ သူမ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျသွားလေသည်။ သူမ ခန္ဓာကိုယ်သို့ ကျရောက် သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို စုတ်ဖြဲပစ်သလို နာကျင်မှုကို ခံစားရလေသည်။ သူမ ဆေးလက်တစ်ဆုပ်စာ ထုတ်ပြီးနောက် စားလိုက်ကာ သူမ ဝိညာဉ်စွမ်းအင်ကို မြင့်လိုက်ရာ ချက်ချင်းပင် အစွမ်းပြလေသည်။ သူမသည် နာကျင်သော်လည်း ဒဏ်ရာအများအပြားမရပေ။ လွန်ခဲ့သည့်နှစ်များတွင် မိုရှား သူမအား သင်ပေးသော နည်းလမ်းများဖြင့် လေ့ကျင့်ရာ သူမသည် သာမာန်လူများထက် ပို၍ ခံနိုင်ရည်ရှိခဲ့သည်။ ငယ်စဉ်ကပင် ခန္ဓာကိုယ် အားကို အသားပေး လေ့ကျင့်ခဲ့သော ဖက်တီးကျူပင်လျှင် သူမနှင့် မယှဉ်နိုင်တော့ပေ။
“ပထမဆုံး မိုးကြိုးက အားအပျော့ဆုံးပဲ” ဟာစွန် သည် သူမ လုပ်မည့်အရာကို ခံစားမိသဖြင့် သူမအား သတိပေးလိုက်သည်။ ရှီမာယူယူသည် ဘေးသင့်စေသော တိမ်တိုက်ကို ကြည့်ကာ ပို၍ အားကောင်းသော လျှပ် စီးလာနေသည်ကို မြင်လိုက်ရသည်။ သူမသည် လျင်မြန်စွာပင် သူမ ဝိညာဉ်စွှမ်းရည်များကို ထိန်းညှိကာ အားလုံး အမြင်တွင် ကြောက်စရာကောင်းလောက်အောင်ပင် မိုးကြိုးလျှပ်စီး အောက်ဆင်းလာသည်နှင့် သူမ အပေါ်သို့ ပျံတက်ကာ ကောင်းကင်တွင် တွေ့ဆုံလေသည်။
ဘုန်း…
လျှပ်စီး သေးငယ်သော အစိတ်အပိုင်း တစ်ခုသည် ပျောက်ကွယ်သွားကာ တချို့မှာ သူမ အကာအကွယ် မှ ပိတ်ထားကာ တစ်ချိုကုသည် သူမခန္ဓာကိုယ်သို့ ပစ်မှန်လေသည်။ မှင်ရည်မြို့တော်မှလူများသည် မိုးကြိုးနှင့် ဆန့်ကျင်တိုက်ခိုက်နေသည် သူကို ဘယ်သူဖြစ်မလဲဆိုသည်ကို စောင့်ကြည့်နေကြသည်။ မိုးကြိုးသည် လူ တစ်ယောက်ကို ပစ်လွှတ်နေသည်ကို မြင်သောအခါ အားလုံးသည် သူတို့မြင်ရသည်ကို မယုံနိုင်ဖြစ်လေသည်။
“အဲလူက ဒုက္ခနဲ့ ရင်ဆိုင်နေရတာလား”
“လူတစ်ယောက်က ဘယ်လိုလုပ် မိုးကြိုးဒုက္ခနဲ့ ရင်ဆိုင်ရတာလဲ”
“အရမ်းကြမ်းတာပဲ”
“အဲဒါ အထွတ်အထိပ်သားရဲမဟုတ်ပဲ လူဆိုတာ သေချာလား”
“အဲဒါ ဘယ်လိုလုပ် အထွတ်အထိပ်သားရဲဖြစ်ရမှာလဲ၊ အထွတ်အထိပ်သားရဲက နောက်ဆုံး မိုးကြိုးအပစ် မခံ ရပဲ လူပုံစံပြောင်းသွားတာ မဖြစ်နိုင်ဘူးလေ၊ နောက်ဆုံးအချက် အပစ်ခံပြီးမှ လူပုံစံပြောင်းသွားတာ၊ ဒါက အခုမှ အစပဲရှိသေးတယ် အထွတ်အထိပ်သားရဲက ဘယ်လိုလုပ်ပြောင်းနိုင်မှာလဲ”
“အဲတော့ မင်းက အဆင့်ကျော်ဖြတ်နေတာ လူလို့ ပြောချင်တာပေါ့”
ယိလင်းဂိုဏ်းမိသားစုဝင်များသည်လည်း တဖြည်းဖြည်း ရောက်လာကာ အဆင့်ကျော်ဖြတ်နေသော လူ အား မြင်သည်နှင့် အလွန်အံ့သြသွားလေသည်။
“အဲဒါ သခင်လေးယူယူပဲ”
“တကယ်ပဲ ယူယူပဲ ဘာလို့ သူမက မိုးကြိုးဒုက္ခကို ကျော်ဖြတ်နေရတာလဲ”
“သူမက မိုးကြိုး လျှပ်စီးလာနေတာကို ဘာလုပ်နေတာလဲ”
“အကြီးအကဲ သူမက မိုးကြိုးဒုက္ခကို ဖြတ်ကျော်နေတာပါ၊ ကျွန်တော်တို့ ကူညီပေးလို့ရမယ့် အစီအစဉ်ကို စဉ်းစားရမယ်” အကြီးအကဲဟူသည် မျက်မှောင်ကြုတ်ထားကာ သူ့မျက်လုံးများတွင် စိုးရိမ်မှုများ ကြီးစိုးနေသည်။
“ငါတို့ကိုယ်တိုင်တောင် ဒါကို မကြုံဖူးဘူး ဘယ်လိုလုပ် ကူညီပေးနိုင်မှာလဲ” ရှီမာတိုင်သည် သူမအပေါ် တွင် ယုံကြည်ချက်ရှိသဖြင့် မစိုးရိမ်ပေ။
“သွားကြည့်ရအောင်” အကြီးအကဲ ဆန်းပြောလိုက်သည်။
“ဟုတ်တယ် သွားရအောင်” အကြီးအကဲလီ ပြောလိုက်သည်။
မိသားစုဂိုဏ်းမှ လူတချို့သည် အကြီးအကဲများနှင့်အတူ မြို့အစွန်မှ တောင်တန်းသို့ ပျံသွားကာ ထိုနေရာ ရောက်သောအခါ ရှီမာယူလင်းနှင့် ကျန်သောသူများကို တွေ့လေသည်။ သူတို့အားလုံးသည် တံခါးပိတ် လေ့ကျင့်နေသည်ဟု ဆိုသည်မှာ တချိန်လုံး ရှီမာယူယူနှင့် ရှိနေခြင်းဖြစ်မည်။ ရှီမာယူလင်းသည် ရှီမာတိုင်နှင့် အကြီးအကဲများကို မြင်သည်နှင့် အရိုအသေပေးလိုက်သည်။
“ယူယူဘာဖြစ်တာလဲ၊ ဘာလို့ မိုးကြိုးဒုက္ခနဲ့တွေ့နေရတာလဲ” ရှီမာတိုင် မေးလိုက်သည်။
“ယူယူက အံ့ဖွယ်အဆင့်တက်တော့မှာ၊ သူမက အခုမှ အောင်မြင်တာရှိသေးတယ်၊ ဘေးသင့်တဲ့ တိမ် တိုက်ကြီးဖြစ်လာတာပဲ” ရှီမာယူရှင်း ရှင်းပြရန် ကြိုးစားလိုက်သည်။
“အံ့ဖွယ်အဆင့်တက်တာဟုတ်လား” လူတိုင်းသည် ထိုစကားကြားသောအခါ အလွန်အံ့သြသွားကာ သိချင်စိတ်များပြင်းထန်သွားသည်။
“အံ့ဖွယ်အဆင့်တက်တာနဲ့ ဘာလို့ ဘေးသင့်တဲ့မိုးကြိုးဖြစ်ရတာလဲ အရင်က ငါတို့အဆင့်တက်တုန်းက အဲလိုမဖြစ်ဖူးပါဘူး” အံ့ဖွယ်အဆင့်ရှိသော အကြီးအကဲကပြောလိုက်သည်။
“ဟုတ်တယ် ကျွန်တော်တို့လည်း မဖြစ်ဖူးဘူး” နောက်ထပ် အကြီးအကဲတစ်ယောက်က ပြောလိုက် သည်။
“ဒါပေမဲ့ သူမက အခုမှ အဆင့်တက်တာလေ” ရှီမာယူလန် ပြောလိုက်သည်။
“ရှီမာယူယူက ငါတို့နဲ့ မတူလို့ဖြစ်နိုင်တယ်၊ အဲဒါကြောင့် ဒီလိုတွေဖြစ်လာတာ” ရှီမာတိုင် ခန့်မှန်းလိုက် သည်။ “အရင်က ယွန်မိသားစု အကြီးအကဲပြောတာကြားဖူးတယ်၊ အပေါ်မှာတော့ လေ့ကျင့်ရင်းကနေ အကြောင်းအရင်းတွေကြောင့် အဆင့်တက်ရာမှာ ဘေးသင့်တဲ့ မိုးကြိုးကြုံတွေ့တဲ့သူ ရှိကြတယ်တဲ့” သို့သော် ထိုအကြောင်းမှာ သိပ်မရှင်းလင်းပေ။
ရှီမာတိုင်နှင့် တခြားသူများရောက်နေသည်ကို ရှီမာယူယူမြင်သော်လည်း သူတို့အား အာရုံမစိုက်နိုင်ပဲ နောက်လာမည့် မိုးကြိုးကိုသာ ကာကွယ်ရန် ဖြေရှင်းနေရသည်။ နောက်မိုးကြိုးများသည် ပိုသန်မာလာကာ နောက်ဆုံးမိုးကြိုးသည် ရှေ့နှစ်ခုကထက် ပို၍ သန်မာလေသည်။ တိမ်တိုက်သည်လည်း ပိုမည်းနက်လာပြီး ပိုထူ ထပ်လာသည်မှာ ရှေ့ကပစ်လိုက်သော မိုးကြိုးများထက် ပိုဆိုးမည့် အဓိပ္ပာယ်ပင်ဖြစ်လေသည်။
ဘုန်း…
ရှည်လျားသော မိုးကြိုးလျှပ်စီးသည် ရှီမာယူယူအား ပစ်လွှတ်လိုက်ရာ ကြည့်နေသော သူများသည် စိုးရိမ်ကာ ကြောက်စိတ်များဖြစ်သွားကြလေသည်။ ရှီမာယူယူ မိုးကြိုးမှန်လိုက်သည်နှင့် သူမ ခန္ဓာကိုယ်သည် မီးသွေးတုံးကဲ့သို့ လောင်ကျွမ်းကာ မြေပေါ်သို့ ကျသွားပြီး လျှပ်စီးသည် သူမ ခန္ဓာကိုယ်အတွင်း စီးဆင်းနေလေသည်။