အပိုင်း (၄၂၄) – မိုးကြိုးနှင့်အတူပေါ်ထွက်လာသော လျှပ်စီးအရည်အချင်း
Vol. 005 Ch. 424
ရှီမာယူယူ မြေပေါ်သို့ ကျသွားသည်နှင့် ဘေးသင့်သော တိမ်တိုက်ကြီးသည် သူတို့လုပ်ဆောင်ချက်အား ကျေနပ်သည့်သဘောနှင့် ပျောက်ကွယ်သွားသည်။
အားလုံးသည် တူးခြစ်နေသော ရှီမာယူယူအားကြည့်ကာ အံ့သြလွန်းဖြင့် ပါးစပ်ကို လက်ဖြင့် ပိတ်မိကြ သည်မှလွဲ၍ မကူညီနိုင်ကြပေ။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာမရသောနေရာမရှိပဲ လောင်ကျွမ်းသော အနံ့ သည် လေတွင်ပျံ့နှံ့နေသည်။ သူမ အသက်ရှုနေသည်ကို သူတို့ခံစားမိခြင်းကြောင့်သာ မဟုတ်လျှင် သူမသည် နောက်ဆုံးမိုးကြိုးကြောင့် လျှပ်စီး၍ သေသွားပြီဟု ထင်ကြမည်ဖြစ်သည်။
ဒါက မိန်းကလေးတစ်ယောက်အတွက် ရက်စက်လွန်းသည်။
“အဟွတ် အဟွတ် ယူရှင်း သူမကို ကူညီပေးလိုက်ဦး” ရှီမာတိုင် ပြောလိုက်သည်။ သူဆိုလိုသည်မှာ သူမ ခန္ဓာကိုယ်အား အဝတ်ဖြင့် ဖုံးပေးရန်ဖြစ်သည်။ သူမ ဒီအခြေအနေနှင့် မည်သူမှ သူမကို မထိရဲပေ။ သူမဆီမှ အသံများ လောင်ကျွမ်းနေသော ထွက်နေဆဲဖြစ်သည်။ သူမ အားထိလိုက်သည်နှင့် သူမအသားမှ လျှပ်စီးဓာတ် စီးနိုင်သည်။ ရှီမာလင်းသည် အဝတ်စထုတ်ကာ သူမဆီသို့ လေဆာက်လာပြီး ရှီမာယူယူခန္ဓာကိုယ်အား ညင်သာ စွာ ဖုံးပေးလိုက်သည်။
“ဒီလိုမျိုးကြီး လဟာပြင်မှာလှဲနေခိုင်းလို့အဆင်မပြေဘူး၊ သူမအတွက် တဲလုပ်ပေးရအောင်” ဝေကျိရွှီ ပြောလေသည်။ ထို့နောက် သူတို့သည် သူမအတွက် တဲထိုးပေးကာ အထဲတွင် လှဲစေလိုက်သည်။
သူမ အဆင်ပြေသည်ကို သေချာအောင် ကြည့်ပြီးမှပင် ရှီမာတိုင်နှင့် တခြားသူများသည် ထွက်ခွာကြ သည်။ ရှီမာယူရှင်းနှင့် လူအနည်းငယ်သာ သူမအား စောင့်ရှောက်ရန်နေခဲ့လေသည်။ မှင်ရည်မြို့တော်မှ လူများ သည် ထိုအဖြစ်အပျက်မှာ ယိလင်းမိသားစုဂိုဏ်းတွင် ဖြစ်ပေါ်ခဲ့သည်ဟု သိသွားသည်နှင့် ထိုမိသားစုအကြောင်း ကို သိချင်ကြသည်။ မငြိမ်သက်မှုပြီးသွားသောအခါ သူတို့သည် ကိုယ့်လမ်းကိုယ်သွားကြလေသည်။
ရှီမာယူယူသည် မြေပေါ်တွင် လှဲနေသော်လည်း ပတ်ဝန်းကျင်မှ ဖြစ်ပျက်သမျှကို သူမ အလုံးစုံသိသည်။ သူမသည် သတိမေ့သွားခြင်းမဟုတ်ပဲ နာကျင်မှုခံစားရခြင်းဖြစ်သည်။
သူမ မိုးကြိုးအပစ်ခံလိုက်ရချိန်တွင် သူမ ခန္ဓာကိုယ်အား ထိန်းချုပ်၍မရတော့ပေ။ သူမသည် လျှပ်စစ် စီး သွားသော အသံကိုသာ ကြားနိုင်ပြီး သူမခန္ဓာကိုယ်ထဲသို့ လျှပ်စီးသွားသည်ကို ခံစားလိုက်ရသည်။ ထိုလျှပ်စီး သည် သူမ ခန္ဓာကိုယ်အတွင်းလှုပ်ရှားကာ ပင်မသွေးကြောများထဲသို့ စီးဝင်ပြီး အမှောင်ဝိညာဉ်စွမ်းအား ဘေးတွင် အောင်မြင်စွာ နယ်မြေတည်ဆောက်လိုက်သည်ကိုပင် ခံစားလိုက်ရသည်။
ထိုအချိန်မှစပြီး သူမ လျှပ်စီးစွမ်းအင်ကို အသုံးပြုနိုင်တော့မှာလား။ လူတစ်ယောက်သည် အသက်ကြီးမှ ထိုကဲ့သို့ အရည်အချင်းမျိုးရလာသည်ကို သူမ မကြားဖူးပေ။ သို့သော် တခြားသူများသည် အံ့ဖွယ်အဆင့်တက် ရာတွင် ဘေးသင့်သော မိုးကြိုးကို မကြုံတွေ့ရပဲ သူမသည်သာ ထိုရူးသွပ်သော မိုးကြိုးကို ဖြတ်ကျော်ရသည် ဖြစ် ၍ ထိုအဖြစ်အပျက်ပြီးသည်နှင့် လျှပ်စီးအရည်အချင်းရသည်မှာ သူမအတွက် အံ့သြစရာမဟုတ်ပေ။ မည်သို့ပင် ဖြစ်စေကာမူ လျှပ်စီးအရည်အချင်း၏ ဝိညာဉ်စွမ်းအားသည် နေရာရှာပြီးနောက်တွင် အမှောင်အရည်အချင်း၏ ရန် သူဖြစ်သည်ကို တွေ့လိုက်ရသည်။ ကလေးနှစ်ယောက် ရန်ဖြစ်သကဲ့သို့ပင် တစ်ခုနှင့်တစ်ခု ဒေါသဖြင့် စိုက် ကြည့်ကာ အချိန်မရွေးတိုက်ခိုက်ရန် အသင့်ဖြစ်နေသလိုပင်။ ကံကောင်းသည်မှာ သူတို့မတိုက်ခိုက်ကြပေ။ သူတို့ တိုက်ခိုက်ပါက အခုလက်ရှိအခြေအနေနှင့် တစ်စစီစုတ်ပြဲကာ အသက်ဆုံးရှုံးရသည်မှာ သူမပင်ဖြစ်လိမ့်မည်။
လျှပ်စီးထိမှန်ပြီး၍ လျှပ်စီးအရည်အချင်းရပြီးနောက်တွင် သူမခန္ဓာကိုယ်သည် အသစ်ပြန်ဖြစ်ကာ သူမ နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးမှ ရလာသော အားထက် ပိုပြီးအားသန်လာသည်ဟု ရှီမာယူယူ ခံစားမိသည်။
“ဖြစ်စဉ်ကကြောက်စရာကောင်းပေမယ့် ရလဒ်ကတော့ ကောင်းသားပဲ၊ တန်ပါတယ်” ရှီမာယူယူ သူမ ဘာသာစဉ်းစားလိက်သည် “ဒါပေမဲ့ အရမ်းနာတုန်းပဲ”
သူမသည် ဆယ်ရက်လောက် လဲနေရသေးသည်။ ဘေဂုံထန်သည် သူမအား အိပ်ရာသို့ ပြောင်းပေးရာ တွင် သူမခန္ဓာကိုယ်အားထိလိုက်တိုင်းပင် သူမသည်ပင်လျှင် ဓာတ်လိုက်သည်ကို ခံစားရသည်။ ရှီမာယူယူ စကားမပြောသော်လည်း မျက်လုံးမှိတ်ပြကာ သူမအားထိကြည့်ရန် ပြောလေသည်။ ထိုအချိန်တွင် သူမသည် သူမ ခန ္ဓာကိုယ်အား မထိန်းချုပ်နိုင်ကာ သူမခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များကိုလည်း မထိန်းချုပ်နိုင်သေးပေ။ ဝိညာဉ်စွမ်းအင်များသည် ပုံသွင်းပြီးသားဖြစ်လေသည်။ သို့သော် လျှပ်စီးအရည်အချင်းသည် သူမအတွက် အသစ် ဖြစ်နေသေး၍ စိတ်တိုင်းကျ ထိန်းချုပ်လို့မရသေးပေ။ သူမ ခန္ဓာကိုယ်တွင် လျှပ်စီးနေကာ သူတို့ ထိလိုက်တိုင်း တွင် ဓာတ်လိုက်တုန်းပင်ဖြစ်သည်။
ထိုဆယ်ရက်တွင် သူမသည် စံတင်ဝိညာဉ်နှင့် အံ့ဖွယ်အဆင့်တို့၏ ကွာခြားမှုကို မှတ်သားလေသည်။ သူမ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်ချီအားလုံးသည် သူမအဆင့်တက်သည်နှင့် တဖြည်းဖြည်း ပြောင်းလဲကုန်သည်။ အခု အချိန်မှစပြီး သူမသည် လေထဲရှိ ဝိညာဉ်ချီများကို စုပ်ယူခြင်းကဲ့သို့ ရိုးရှင်းစွာ အင်အားကြီးလာအောင် လုပ်မရ တော့ပဲ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အားကို ကိုယ်တိုင်မွေးမြူရမည်။ သို့သော် ထိုနည်းလမ်းကို သူမ လေ့လာရန် လိုအပ်သည်။
သူမခန္ဓာကိုယ်ပြောင်းလဲမှုအပြင် တခြားသော ပြောင်းလဲမှုများကိုလည်း သူမ ခံစားမိသည်။ စိတ်ပြောင်း လဲမှုအပြင် ဦးနှောက်၏ အစိတ်အပိုင်းများလည်း ပြောင်းလဲသွားသည်။ အခု သူမစိတ်အခြေအနေသည် ပိုသန်မာ လာကာ ဝိညာဉ်စွမ်းအင်သည်လည်း အရင်ကထက် ပိုသန်မာလာခဲ့သည်။ သူမ ပြန်ကောင်းရန် နားနေစဉ် အတောအတွင်းတွင် သူမ ဒဏ်ရာရစဉ်က ပျောက်ဆုံးသွားသော မှတ်ဉာဏ်များကို ပြန်ဖော်လေသည်။
ရှီမန်ယူယူ… သူမက တကယ်ပဲ ရှီမန်ယူယူပဲ။
သူမ ရင်ထဲတွင် အတိုင်းမသိလောက်အောင် နာကျင်သည်။ သူမ မျက်လုံးမှိတ်လိုက်သော်လည်း ကျဆင်းနေသော မျက်ရည်များကို မတားနိုင်ပေ။
ဘေဂုံထန်နှင့် ရှီမာယူရှင်းသည် တဲသို့ဝင်လာကာ သူမဆံပင်များသည် မျက်ရည်များကြောင်း စိုရွှဲနေပြီး သူမ အကြည့်မှာလည်း အရင်နှင့်မတူတော့သည်ကို မြင်လိုက်ရသည်။
“ယူယူ ဘာဖြစ်လို့လဲ” သူတို့သည် သူမ မျက်လုံးအားကြည့်ကာ သူမဆီမှလာသော ကိုယ်ရောင်အား ခံစားမိသဖြင့် ဘေဂုံထန်သည် စိတ်မကောင်းဖြစ်ရသည်။ သူမဆီမှလာသော ခံစားမှုသည် အားလုံးကို ဆုံးရှုံး လိုက်ရသဖြင့် ဆုံးရှုံးရသလောက်ကို ဒေါသဖြင့် ပြန်လက်စားချေမည့် ခံစားချက်မျိုးဖြစ်သည်။
“ယူယူ နေလို့မကောင်းသေးဘူးလား” ရှီမာယူရှင်း မေးလိုက်သည်။ ရှီမာယူယူသည် မျက်လုံးများ မှိတ် ကာ စကားမပြောပေ။ ဘေဂုံထန်နှင့် ရှီမာယူရှင်းတို့သည် ဘာလုပ်ရမည်ကို မသိတော့ပေ။
ရုတ်တရက်ပင် ဝင်ပေါက်တစ်ခုပေးလာကာ ဝူလင်းယူ ထွက်လာသည်။ နေရာလွတ်တစ်ခုမှ လူ တစ်ယောက်ထွက်လာသည်ကို ကြည့်ပြီး ဘေဂုံထန်သည် တည်ငြိမ်သော်လည်း ရှီမာယူရှင်းသည် အံ့သြသဖြင့် မျက်လုံးပြူးနေလေသည်။ ဝူလင်းယူသည် မြေပေါ်တွင် လှဲနေသော ရှီမာယူယူအား ကြည့်ပြီး အခန်းတွင် တခြား သော လူနှစ်ယောက်ပါရှိနေသည်ကို တွေ့လိုကရသည်။ သူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “ဘာတွေ ဖြစ်တာလဲ”
“ယူယူက အံ့ဖွယ်အဆင့်တက်သွားလို့ မိုးကြိုးတစ်ခုရောက်လာတယ်၊ သူမမိုးကြိုးအပစ်ခံရပြီး ဒီလို ဖြစ် သွားတာပဲ၊ သူမ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့တာ ဆယ်ရက်ရှိပြီ” ဘေဂုံထန် ပြောလိုက်သည်။
ရှီမာယူယူ မျက်လုံးမှာ မျက်ရည်များ ရွှဲနေသည်ကို ဝူလင်းယူမြင်သောအခါ သူမဆီမှ မတူညီသော စွမ်းအင် ထုတ်လွှတ်သည်ကို ခံစားမိလိုက်သည်။ သူမ မျက်လုံးများသည် နာကျင်မှုနှင့် ပဟေဋ္ဌိများ ပြည့်နေ သည်ကိုလည်း တွေ့လိုက်ရသည်။ သူ ဘာမှမပြောပဲ ရှီမာယူယူဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ သူမ လက်မောင်းကို ဆုပ်လိုက်လိုက်သည်။
“ဂရုစိုက်ဦး သူမ…” သူမ အရည်ပြားမှာ လျှပ်စီးနေတုန်းပဲဟု သူတို့ပြောချင်သော်လည်း သူ့အပေါ် သက်ရောက်မှုမရှိသည်ကို တွေ့လိုက်ရသည်။
ဝူလင်းယူသည် သူမအား စစ်ဆေးပြီးနောက် မတ်တပ်ရပ်ကာ သူ့လက်နှစ်ဖက် ပူးလိုက်သည်။ ထို့နောက်တွင် သူ့လက်မှ နွေးထွေးသော အလင်းတန်းပေါ်လာကာ ရှီမာယူယူ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက် သည်။ ရောင်ခြည်များလွှတ်ပြီးနောက် လျှပ်စီးရွှီများသည် သူမ၏ အောက်ပိုင်းဝမ်းဗိုက်သို့ ရောက်သွားသည်ကို ရှီမာယူယူခံစားမိကာ ခန္ဓာကိုယ်အား ထိန်းချုပ်သွားနိုင်လေသည်။
ဝူလင်းယူသည် စွမ်းအင်များကို ပြန်ရုတ်သိမ်းကာ ရှီမာယူယူသည် သတိပြန်ဝင်လာသည်။
“ယူယူ နင်အခုအဆင်ပြေသွားပြီလား” ရှီမာယူရှင်းသည် သူမအား တက်ကြွစွာ ကြည့်လေသည်။
ဒါက ဝူလင်းယူ စွမ်းအားကြီးတာကို ပြလိုက်တာပဲ။ သူသည် တစ်ချက်လှုပ်လိုက်သည်နှင့် သူမကို ကုသနိုင်သည်။
ရှီမာယူယူ ပြန်မဖြေပဲ သူမ ခန္ဓာကိုယ်တွင် အဝတ်စတစ်ခုသာ ကာထားသည်ကိုလည်း ဂရုမစိုက်ပေ။ သူမ ခန္ဓာကိုယ်သည် တူးခြစ်နေသော အသားတုံးကဲ့သို့ပင် ဖြစ်နေသေးသည်။ သူမသည် မျက်နှာမှ မျက်ရည်များ ကို သုတ်ပစ်ချင်သော်လည်း သူမ ဘယ်လောက်ပင်သုတ်စေကာမူ မျက်ရည်များသည် အဆက်မပြတ်ကျနေ လေသည်။
မှတ်ဉာဏ်များသည် ဖျောက်ဖျက်မရပဲ သူ စိတ်အတွင်းမှ ထွက်လာသော ဒေါသနှင့် နာကျင်မှုသည် မျက်ရည်ကျစေသည်။
“ယူယူ ဘာဖြစ်လို့လဲ ခန္ဓာကိုယ်က နေရတာ အဆင်မပြေလို့လား” ရှီမာယူရှင်းသည် စိုးရိမ်စွာ မေးရာ သူမ အသံမှ စိုးရိမ်နေမှုသည် အပြင်ကလူများကိုပါ စိုးရိမ်စေလေသည်။
“ညီလေး၅ ဘာဖြစ်လို့လဲ” ရှီမာယူလီသည် ရှီမာယူယူရှေ့ရောက်လာကာ ရင်နာစွာ မေးလိုက်သည်။ သူမ ထိုကဲ့သို့ ပြုမူသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူမသည် စိတ်ကြီးဝင်ကာ ဘဝင်မြင့်သည်၊ အနည်းငယ် ပုန်ကန်တတ်သော်လည်း အမြဲ တက်ကြွနေသူဖြစ်သည်။ အခုတော့ သူမသည် အလွန်နာကျင်သော ကလေး ငယ် တစ်ယောက်ကဲသို့ မျက်ရည်မတိတ်နိုင်ဖြစ်နေလေသည်။
သူမ ရုတ်တရက်ကြီး ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ။