အပိုင်း (၄၂၅) – သူမအား အဝေးသို့ ခေါ်သွားခြင်း
Vol. 005 Ch. 425
အားလုံးသည် ရှီမာယူယူ၏ အခြေအနေကို ကြည့်ကာ အလွန်အံ့သြကြလေသည်။ သူမ ခန္ဓာကိုယ်သည် နဂိုအတိုင်းပြန်မဖြစ်နိုင်တော့လောက်အောင် ပျက်စီးသွားပြီး ကျင့်ကြံလို့မရတော့ဘူးလား။ သို့သော် ထိုကဲ့သို့ လည်း မထင်ရပေ။ သူမသည် ကျင့်ကြံ၍မရတော့ပြန်လျှင်လည်း အခုလိုငိုနေမည်မဟုတ်ပေ၊ သူမသည် ပြဿနာအားဖြေရှင်းရန် နည်းလမ်းရှာနေမည်။
ရှီမာယူယူသည် သူတို့အား ကြည့်ပြီးနောက် ဝူလင်းယူအား ပြန်ကြည့်လိုက်သည်။ သူမ ဘာကြောင့် ဒီလိုပြုမူသည်ကို သူမသိပေ၊ သို့သော် သူမမျက်လုံးမှ အကြည့်ကို သူနားလည်သည်။ သူသည် ဝင်ပေါက်တစ်ခု ဖန်တီးကာ သူမကိုယ်ပေါ်မှ အဝတ်အစားများ ပြုတ်မကျရန် သတိထားပြီး သယ်သွားကာ ဝင်ပေါက်ထဲဝင်ပြီး ပျောက်ကွယ်သွားလေသည်။
“သူက ယူယူကို ဘယ်ခေါ်သွားတာလဲ” ဝင်ပေါက်ပိတ်သွားမှပင် ရှီမာမိသားစုဝင်များသည် သတိပြန်ဝင် တော့သည်။
“ယူယူ ဘာဖြစ်တာလဲ” သူတို့ ခန့်မှန်းရန် ကြိုးစားသော်လည်း အဓိကအကြောင်းအရင်းအမှန်ကို မပြော နိုင်ကြပေ။
“ယူလင်း အဲကောင်က ယူယူကို ဘယ်ခေါ်သွားတာလဲ” ရှီမာယူယန် မေးလိုက်သည်။
ရှီမာယူလင်းသည် သူ့အားကြည့်ပြီး ပြောလေသည် “ငါဘယ်လိုလုပ်သိမှာလဲ၊ ဒါပေမဲ့ အဲဒါ ယူယူဖြစ်ချင် နေတာပဲ၊ သူမ တစ်ယောက်တည်းနေချင်လို့ ဝူလင်းယူက ခေါ်သွားပေးတာပဲ၊ နောက်ရက်နည်းနည်းကြာရင် သူမ ပြန်လာမှာပါ”
ဝေကျိရွှီနှင့် တခြားသူများသည် ဘေဂုံထန်အား ကြည့်လိုက်ကြသည်။ သူမသည် ရှီမာယူယူနှင့် အရင်းနှီး ဆုံးဖြစ်၍ သူမ ဘာဖြစ်သည်ကို သိမည်။
ဘေဂုံထန်သည် ခေါင်းရမ်းကာ ပြောလိုက်သည် “သူမ တစ်ခုခုကိုပြန်မှတ်မိသွားလို့ တော့ထင်တာပဲ၊ ဟိန်းသံလေးက သူမ အရင်ဘဝကစာချုပ်သားရဲလို့ ပြောတယ်လေ၊ ဒါပေမဲ့ ယူယူက အဲဒါကို လုံးဝမမှတ်မိဘူး၊ သူမ အရင်က မှတ်ဉာဏ်တွေပျောက်သွားတာကို တစ်ခါမှမပြောဖူးဘူးလေ၊ အခု ရုတ်တရက် အရင်က အကြောင်းတွေကို ပြန်မှတ်မိသွားလို့ဖြစ်မယ်”
“တကယ်သာ အဲလိုဆိုရင်… သူမကို ဒီလိုဖြစ်စေတဲ့ အကြောင်းက ဘာဖြစ်နိုင်မလဲ” ဖက်တီးကျူ သက်ပြင်းချလိုက်သည်။ ဘေဂုံထန်ပင်လျှင် မခန့်မှန်းနိုင်ပေ။
“ဂိုဏ်းကို အရင်ပြန်ရအောင်” ရှီမာယူလင်း ပြောလိုက်သည် “သူမ ပြန်လာရင် အဲကိုပဲ လာမှာပါ၊ ငါတို့ ဒီမှာစောင့်လဲ အသုံးမဝင်ဘူး”
“အစ်ကို၃ရော” ရှီမာယူလီသည် ရှီမာယူရန်အား ကြည့်လိုက်သည်။ သူသည် ဝင်လာသည့်အချိန်မှစပြီး စကားမပြောခဲ့ပေ။
“သွားရအောင် ညီလေး၅ အဆင်ပြေမှာပါ” ရှီမာယူရန် ပြောလိုက်သည်။
“သူမ မြန်မြန်ပြန်လာဖို့ မျှော်လင့်ပါတယ်” ရှီမာယူလီ သက်ပြင်းချလိုက်သည်။ သူသည် အဘိုးတစ်ခုခု များသိမလားဆိုပြီး မေးရန်ဆုံးဖြတ်ထားသည်။
ရှီမာယူယူသည် ဝူလင်းယူရင်ခွင်ထဲတွင် မှီကာ သူမအား ဘယ်ခေါ်သွားသည်ကိုပင် မသိပေ။ အားလုံး သည် သူမအား ကြည့်နေသဖြင့် ထိုနေရာမှ ထွက်ပြေးရန်သာ တွေးခဲ့သည်။ သူမအားခေါ်သွားရန် ဝူလင်းယူ အား ဘာကြောင့်ရွေးခဲ့သည်ကိုတော့ သူမ မသိပေ။ သူက ဝင်ပေါက်တွေလုပ်နိုင်လို့လည်း ဖြစ်နိုင်သည်။
အချိန်တစ်ခုကြာသောအခါ ဝူလင်းယူ၏အသံသည် သူမ ခေါင်းပေါ်မှ ပေါ်ထွက်လာလေသည် “မင်းကိုယ်မင်း သတိပြန်ဝင်ချင်လား”
သူမ ကြည့်လိုက်ရာ နေရာစိမ်းတစ်ခုအား တွေ့လိုက်သည်။ ရှုခင်းမှာလှပသည်။ “ကျွန်တော်တို့် ဘယ်ရောက်နေတာလဲ” သူမသည် သူ့အားမှီရင်း မေးလိုက်သည်။
“ငါ့ရဲ့ ကမ္ဘာငယ်လေး” ဝူလင်းယူ ပြောလိုက်သည် “မင်းဒီမှာ ရင်ထဲမှာရှိတာတွေကို ရင်ဖွင့်လို့ရတယ် တခြားသူတွေ ဘယ်သူမှမရှိဘူး”
“ခင်ဗျားက တခြားသူမဟုတ်ဘူးလား” သူမသည် မျက်ရည်များကို သုတ်ကာ ဆင်းလိုက်သည်။ သူမ အဝတ်များကို ကိုင်ထားကာ နေရာအား လှည့်ပတ်ကြည့်လိုက်သည်။ အဆုံးမရှိသော တောင်တန်း၊ ပန်းခင်းများ နှင့် တိရစ္ဆာန်များနှင့် လေတွင် ထူထဲသော ဝိညာဉ်ချီရှိနေသည်။ တကယ့်ကို စိတ်ကျေနပ်စရာ နေရာတစ်ခုပဲ။
“ဒီနေရာက ဘယ်လောက်ကျယ်လဲ” သူမသည် ကမ္ဘာငယ်လေးအား အာရုံစိုက်လိုက်သည်နှင့် သူမ ရင်ထဲမှ ဖြစ်ပေါ်နေသော နာကျင်မှုသည် နည်းပါးသွားသည်။
“အရမ်းမကြီးပါဘူး” ဝူလင်းယူ ပြန်ဖြေလိုက်သည်။ သူမ အဆင်ပြေလာသည်ကို ကြည့်ကာ ထိုနေရာသို့ ခေါ်လာမိသည်ကို ဝမ်းသာသွားသည်။
ထိုကမ္ဘာငယ်သည် သူမဝိညာဉ်စေတီနှင် ဆင်တူသည်ကို ရှီမာယူယူ သိသည်။ တစ်ခုကွာခြားသည်မှာ ထိုကမ္ဘာငယ်သည် ဝိညာဉ်စေတီကဲ့သို့ ပိုင်ရှင်စိတ်တိုင်းကျ ထိန်းချုပ်ရာတွင် မပြောင်းလဲပေ။ ထို့ကြောင့် ဝိညာဉ် စေတီလောက်တော့ မကောင်းပေ။ ထိုနေရာသည် သူတစ်ယောက်တည်း ပိုင်ဆိုင်သော နေရာဖြစ်၍ သူသည် ထိုနေရာအား နှစ်သက်သည်မှာတော့ အမှန်ပင်။
“ခင်ဗျားက ကမ္ဘာဦးနယ်မြေမှာမလား ဘာလို့လာတာလဲ”
ဝူလင်းယူသည် သူမသွားခင်က ပြခဲ့သော ကျောက်စိမ်းတုံးအားထုတ်လိုက်ရာ ကျောက်တုံးတစ်ခုလုံး မှာ နီရဲနေသည်ကိုတွေ့လိုက်ရသည်။ “မင်းက ဒီလောက်ဒဏ်ရာတွေရထားတော့ ဒီကျောက်စိမ်းတုံးလည်း သွေး အနီရောင်ဖြစ်သွားတာလေ” သူရှင်းပြသည်။
သူမ မသိခဲ့ပေ။ သို့သော် သူသည် ကျောက်စိမ်းတုံးမှ ပြောင်းလဲမှုကို မြင်သောအခါ သူမတွင် ဆိုးဝါးသော အခြေအနေတစ်ခုဖြစ်မည်ကို အလွန်စိတ်ပူလေသည်။ ထို့ကြောင့်ပင် သူအားလုံးကို လွှတ်ချကာ သူမဆီသို့ အပြေးလာခြင်းဖြစ်သည်။ သူမ ငိုနေသည်ကို မြင်သည့်အခါ သူ ရင်နာရသည်။ သူမ၏ တောင်းဆို သော မျက်လုံးများကို တွေ့လိုက်သည့်အခါတွင် သူမအား ခေါ်သွားစေချင်သည်ကို သိလိုက်သည်။ သူမ သူ့အပေါ်ထားရှိသော ယုံကြည်မှုကို ခံစားရသောအခါ အလွန်ကျေနပ်ရသည်။ သူမ နာကျင်မှုကို ဘယ်လို ဖြေဖျောက်ပေးရမည်ကို သူစဉ်းစားကာ ဒီနေရာသို့ သူမအား ခေါ်လာရန် ဆုံးဖြတ်လိုက်သည်။
ရှီမာယူယူသည် အရင်က မှတ်ဉာဏ်များကို ပြန်တွေးလိုက်သည်နျင့် အလွန်အရေးကြီးသည်ကိုလည်း တွေးမိလေသည်။
သူမ စိတ်ခံစားချက် အတက်အကျဖြစ်နေချိန်တွင် သူအပြေးလာမည်.. ဒီနေရာသို့ ခေါ်လာမည်ဟု သူမ တစ်ခါမှ မတွေးမိပေ။ သူတို့သည် သူမအရင်ဘဝက တွေ့ခဲ့လျှင် သူသည် ထိုကဲ့သို့ လူတစ်ယောက်ဖြစ်မည်ဟု ထင်ခဲ့မည်မဟုတ်ပေ။
သူမ မျက်လုံးများ မှိတ်ကာ ခံစားချက်များ ထိန်းချုပ်ရန် ကြိုးစားကာ ပြောလိုက်သည် “ကျွန်တော် ရေချိုး ချင်တယ်”
ဝူလင်းယူသည် သူမအား တွဲကာ စိတ်ထဲမှ တွေးလိုက်သည်နှင့် သူတို့သည် အိမ်တစ်အိမ်ရှေ့သို့ ရောက် သွားလေသည်။ ရှီမာယူယူသည် အံ့သြသွားကာ ပြောလိုက်သည် “ခင်ဗျားက တစ်နေရာလုံးကို ဖန်တီးထားတာ လား” ကမ္ဘာသေးတစ်ခုလုံးကို ဖန်တီးထားမှပင် ထိန်းချုပ်၍ရမည်ဖြစ်သည်။ သူမသည် ပြောခဲ့သမျှကို နောင်တ ရသွားသည်… အောက်လောကမှ လူတစ်ယောက်သည် ကမ္ဘာငယ်တစ်ခုကို ဖန်တီးဖို့ ဘယ်လိုသိမှာလဲ။
ဝူလင်းယူသည် မျက်ခုံးပင့်ကာ ဘာမှမပြောပေ။ သူသည် အခန်းငယ်တစ်ခုအား ညွှန်ပြကာ ပြောလိုက် သည် “အဲဒါ ရေချိုးခန်းပဲ”
ရှီမာယူယူ တံခါးတွန်းဖွင့်ကာ ဝင်သွားလေသည်။ သူမ တံခါးပိတ်ပြီး ပြောလိုက်သည် “ခင်ဗျား ချောင်း ကြည့်ဖို့ ဒီကမ္ဘာငယ်ကို အသုံးချတာကို ကျွန်တော်သိလို့ကတော့ ဒီနေရာမှာတင်ပဲ ခင်ဗျားကို ဖျက်ဆီးပစ်မယ်” ထိုစကားပြောပြီးသည်နှင့် သူမသည် တံခါးကို စောင့်ပိတ်လေသည်။
ဝူလင်းယူသည် နှာခေါင်းကိုပွတ်လိုက်သည်။ သူက အဲလို ယုတ်မာတဲ့သူလား။ သူသွားကြည့်ချင်ရင် ပေါ်တင်ကြည့်မှာပေါ့ ဘာလို့ချောင်းကြည့်မှာလဲ။
ထိုနေရာတွင် သူမရေချိုးခန်းနှင့် အရွယ်အစားတူသော ရေပူစမ်းရှိသည်ကို ရှီမာယူယူမြင်လေသည်။ သူမသည် ဝတ်ထားသော အဝတ်စကို ပစ်လိုက်သည်။ ဒါဘယ်သူ့နေရာပဲဖြစ်ဖြစ်လေ.. ဒီလောက်ကျယ်ပြီး ကြီးတာ…
“ငါကပြန်မွေးဖွားတာလား” သူမသည် ခန္ဓာကိုယ်မှ ကွာနေသော အရေခွံများကို ကြည့်လိုက်သည်။ သူမ ပွတ်လိုက်ရာ ကွာကျသွားပြီး အောက်မှ ခန္ဓာကိုယ်အသစ်ပေါ်ထွက်လာလေသည်။ လောင်ကျွမ်းထားသော အရေပြားများသည် လုံးဝပင်မရှိတော့ပေ။ သူမ တစ်ကိုယ်လုံးသည် အရေခွံအဟောင်းများနှင့် ဖုံးထားသလိုဖြစ် ကာ ဝူလင်းယူ သူမကို မနှစ်မြို့ခြင်းမဖြစ်ပဲ ဘယ်လိုများ သယ်လာပေးတာပါလိမ့်။
သူမသည် ရေထဲသို့ ဝင်လိုက်သည်နှင့် သူမကိုယ်သူမ ပြန်မြင်ယောင်လာကာ မျက်ရည်များသည် လွတ်လပ်စွာ ကျဆင်းလာသည်မှာ မြင်ကွင်းများပင် ဝေဝါးသွားလေသည်။
“ရှီမန်ယူယူ…ရှီမန်ယူယူ…အဖေ၊ အဖေ၊ မောင်လေး.. ငါဘာလို့ အားလုံးကို မေ့သွားရတာလဲ၊ တစ်ချိန်လုံးဘာလို့ မေ့နေရတာလဲ တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်”
သူမသည် ဟိန်းသံလေးအား ခေါ်ထုတ်လိုက်ပြီး သူ့မျက်လုံးမှာ နီရဲနေသည်ကိုတွေ့သည်နှင့် ဖက်ထား လိုက်သည်။
“ငါတောင်းပန်ပါတယ်၊ ဟိန်းသံလေး… ငါမင်းကို မေ့သွားလို့ တောင်းပန်ပါတယ်” သူသည် သူမ၏ စာချုပ်ဝိညာဉ်သားရဲဖြစ်သည်။ ဆက်သွယ်မှုတစ်ခုကြောင့်ပင် သူဆက်ပြီး အသက်ရှင်နိုင်ခဲ့သည်။ သူမသည် အရင် အကြောင်းအရာများကို မမှတ်မိသဖြင့် သို့မဟုတ် တိုက်ခိုက်သူများကို လက်စားချေမည် စိုးသဖြင့် သူမ မိသားစု တစ်ယောက်ချင်းစီသေသွားခဲ့သည်ကို ကြည့်ခဲ့ရသည်ကို သူ သူမအား မပြောပဲ ထိုဝန်ထုတ်ဝန်ပိုးအား တစ်ယောက်တည်း ထမ်းနေခဲ့သည်။
“သခင် အားလုံးကို မှတ်မိနေပြီပဲ” ဟိန်းသံလေးသည်လည်း မျက်ရည်ကျသည်။ သူသည် သူမ နာကျင် မှုကို ခံစားရပြီး သူမအတွက်လည်း စိတ်မကောင်းပေ။
“ငါ အားလုံးကို မှတ်မိပြီ.. အခု အားလုံးကိုသိသွားပြီ ငါ့ကြောင့်မို့လို့နဲ့.. ငါ့ကြောင့်..” ရှီမာယူယူသည် ဟိန်သံလေးအား ဖက်ပြီး ငိုလေသည်။
ဝူလင်းယူသည် တံခါးအပြင်တွင် ရပ်ကာ အထဲမှလာသော ငိုသံများကို နားထောင်နေလေသည်။ သူ မျက်မှောင်ကြုတ်ကာ သက်ပြင်းချပြီး ဝမ်းနည်းနေလေသည်။ ထို့နောက် သူထွက်ခွာသွားလေသည်။