အပိုင်း (၄၂၆) – မိုးကြိုးထိမှန်ရခြင်း အကြောင်းအရင်း
Vol. 005 Ch. 426
နောက်တစ်ကြိမ် ဝူလင်းယူ ပေါ်လာချိန်တွင် ရက်အနည်းငယ် ကုန်ဆုံးသွားပြီဖြစ်သည်။ ရှီမာယူယူ သည် ကျောက်ထိုင်ခုံတွင် ထိုင်ကာ ဟိန်းသံလေးအား စကားပြောပြီး ယုယုယယ ပွတ်သပ်နေလေသည်။ သူမအား ကြည့်ရသည်မှာ သူမသည် အရင်ကိစ္စများအတွက် ပြန်ကောင်းလာသည့်ပုံပင်။ သို့သော် သူမ မျက်လုံး များသည် ဒေါသနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေတုန်းပင်။
“ခင်ဗျားပေါ်မလာတော့ဘူးဆိုရင် ဒီနေရာကို ဖျက်ဆီးပစ်တော့မလို့” သူမသည် သူရောက်နေသည်ကို ခံစားမိသောကြောင့် ခေါင်းမော့မကြည့်ပဲ ပြောလိုက်သည်။
“ဒီနေရာက မကောင်းလို့လား” ဝူလင်းယူ လျှောက်လာသည်။
“ကောင်းပါတယ် ကောင်းလွန်းလို့ ဖျက်ဆီးပစ်ချင်နေတာ” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားရဲ့ တန်ဖိုးရှိတဲ့ ဆေးဖက်ဝင်အပင်တွေ၊ ရတနာတွေ အားလုံးကို အားကျလို့ ဖျက်ဆီးပစ်ချင်နေတာ”
“မင်းပျော်မယ်ဆို ဖျက်ဆီးပစ်လိုက်လေ” ဝူလင်းယူသည် ဂရုမစိုက်သလို ပြောလေသည်။
“ရက်ရောလိုက်တဲ့ စီနီယာအစ်ကိုပါလား” သူမ ပြုံးသော်လည်း သူမမျက်လုံးများသည် ခံစားချက်ကို သစ္စာအဖောက်ခံလိုက်ရသလို ဖြစ်နေလေသည်။
“ငါ့မှာ ဂျူနီယာညီကတစ်ယောက်တည်းရှိတာ မင်းကို မရက်ရောရင် ဘယ်သူ့ကို သွားရက်ရောရမှာလဲ” ဝူလင်းယူ ပြောလိုက်သည် “မင်းအခု အဆင်ပြေသွားပြီလား”
ရှီမာယူယူသည် ခေါင်းငုံ့ထားကာ သူမမျက်လုံးများသည် အေးစက်နေသည်။ အဆင်ပြေသွားတာလား။ သူမ ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ။ သူမသည် ထိုဒေါသများနှင့် မုန်းတီးမှုများကို ထွေးပိုက်ကာ တစ်ဘဝလုံး နေသွားရမည်။
“ကျွန်တော် ဒီရောက်နေတာ ဘယ်လောက်ကြာပြီလဲ” သူမ ခေါင်းပြန်မော့လာကာ ခံစားချက်များကို ထိန်းချုပ်လိုက်သည်။ လွန်ခဲ့သော ရက်များတွင် သူမသည် နာကျင်မှုနှင့် ဒေါသများဖြင်နေခဲ့သည်။ အမှန် တကယ်တော့ သူမသည် ရက်များစွာ မှိုင်တွေနေဲ့သည်။ သို့သော် ထိုနေရာသည် နေထွက်ခြင်း၊ နေဝင်ခြင်း မရှိခဲ့ သဖြင့် ထိုနေရာတွင် မည်မျှကြာအောင် နေခဲ့သည်ကို သူမ မပြောနိုင်ပေ။
“သိပ်မကြာသေးပါဘူး ဆယ်ရက်လောက်ပဲရှိသေးတယ်” ဝူလင်းယူ ပြောလိုက်သည်။ သူသည် ကမ္ဘာငယ် အတွင်းမရှိခဲ့သော်လည်း ထိုနေရာနှင့် ဆက်သွယ်မှုရှိသဖြင့် သူမ ခံစားချက်များ အပြောင်းအလဲ ဖြစ် သည်နှင့် သူမ စိတ်အခြေအနေကို ခံစားမိနေသည်။ ဝိညာဉ်စေတီနှင့် ယှဉ်လျှင် ထိုနေရာသည် ကွဲပြားမှု သိပ်မရှိ ပေ။
“ဆယ်ရက်တောင် ရှိသွားပြီပဲ…” ရှီမာယူယူသည် ဟိန်းသံလေးအား ပွတ်ကာ “အဘိုးနဲ့ တခြားသူတွေ တော့ စိတ်ပူနေတော့မှာပဲ”
“အခု ပြန်သွားတော့မှာလား” ဝူလင်းယူ မေးလိုက်သည်။
“စောင့်ပြီး ကြည့်ဦးမယ်” သူ သူမအား စိတ်ပူသည်ကို ရှီမာယူယူ သိသည်။ သို့သော် သူမ ပြန်သွားချိန် တွင် သူတို့အား ဘာပြောရမည်ကို မသိပေ။
“ငါ မင်းအတွက် စာအုပ်တွေ တွေ့လာတယ်” ဝူလင်းယူသည် သူမ ဆုံးဖြတ်ချက်အား မေးခွန်းထပ် မမေးတော့ပဲ စာအုပ်များထုတ်ပေးလေသည် “ဒီစာအုပ်တွေက အံ့ဖွယ်အဆင့်အတွက် စာအုပ်တွေပဲ၊ မင်းလိုအပ် မယ့် လေ့ကျင့်နည်းတွေကို ပြပေးလိမ့်မယ်”
ရှီမာယူယူသည် စာအုပ်အား ယူပြီးနောက် ကျေးဇူးတင်စကားပြောလေသည် “ကျေးဇူးတင်ပါတယ်” သူမ အရင်ဘဝကဆိုလျှင် သူတို့သည် ဒီလိုနီးစပ်ကာ သူ့ဂျူနီယာညီအစ်ကို သို့မဟုတ် အံ့ဖွယ်နတ်ဆိုး တောင်ကြား၏ သခင်လေးဖြစ်မည်ဟု ထင်ခဲ့မည်မဟုတ်ပေ။ သူမသည် သူတို့ပထမဆုံး တွေ့ဆုံသည့် အချိန် ကို ပြန်တွေးမိလေသည်။ ထိုအချိန်က သူသည် မြင့်မြတ်ကာ စင်ကြယ်သော သားတော်တစ်ယောက်၊ သူမသည် အဆင့်နိမ့်မိသားစုမှ သခင်မလေးတစ်ယောက်သာဖြစ်သည်။ ထိုအချိန်က သူသည် သူတော်စင်ကဲ့သို့ ဖြူစင် သည်ကိုပင် သူမခံစားမိသည်။ သူသည် ထင်ထားသကဲ့သို့လည်း နွေးထွေးသော လူတစ်ယောက် မဟုတ်ပေ။
“ဘာတွေ စဉ်းစားနေတာလဲ” ဝူလင်းယူ မေးလိုက်သည်။ သူမသည် သူ့အား ကြည့်ရင်းနှင့် မှိုင်တွေ သွား သည်ကို မြင်လိုက်ရာ သူမသည် ထူးဆန်းသော အကြည့်ဖြစ်နေသည်ကို တွေ့ရလေသည်။
“ဘာမှမဖြစ်ပါဘူး” ရှီမာယူယူသည် စကားလမ်းကြောင်းလွဲကာ ပြောလေသည် “အဲစာအုပ်တွေ ဘယ် က ရတာလဲ”
“တောင်ကြားကရလာတာ” ဝူလင်းယူ ပြောလိုက်သည် “ငါပြန်သွားတော့ အဘိုးကြီးက မင်းအခြေအနေ ကိုမေးနေတယ်” အမှန်ပင် သူ့တွင် လေ့ကျင့်ခြင်း အခြေခံစာအုပ်များ အမြဲရှိမနေပေ။ သူ စာအုပ်များရှာချင်ပါက ပညာရှိစံအိမ်တော် သို့မဟုတ် နတ်ဆိုးတောင်ကြားသို့ သွားရမည်။ သို့သော် သူမ ထိုစာအုပ်များ မလိုအပ်တော့ သည်ကို သူ မသိပေ။
သူမ ယူထားလိုက်သည်။ နောက်ကို ဘေဂုံထန်တို့ လိုအပ်ပါက ပေးရန် သိမ်းထားလိုက်သ်ည။
“ဆရာက ဘာပြောလဲ”
“မင်းမှာ အလင်းရော၊ အမှောင်အရည်အချင်းရောရှိနေတာက ကောင်းကင်ရဲ့ ဥပဒေကို ဆန့်ကျင်တာ ဖြစ်တဲ့အတွက် လျှပ်စီးရဲ့ တိုက်ထုတ်တာခံရနိုင်တယ်တဲ့” ဝူလင်းယူ ပြောလိုက်သည် “ဒါပေမဲ့ စီနီယဦးလေး ပြောတာ ထောက်ခံတယ်”
“တောင်ကြားသခင်လား သူဘာပြောလဲ” ရှီမာူယူသည် တစ်ခါမှမတွေ့ဖူးသော ထိုတောင်ကြား သခင်ကြီးအကြောင်းကိုသိချင်မိသည်။
“စီနီယာဦးလေးကတော့ မိုးကြိုးအပစ်ခံရတာက ကောင်းကင်ရဲ့ လုပ်ပိုင်ခွင့်ပဲတဲ့ ပြီးတော့ ကောင်းကင် က စမ်းသပ်တာကို ခံရပြီးရင် မတူညီတဲ့ ဆက်ဆံမှုကိုခံရမယ်တဲ့၊ အဲဒီမိုးကြိုးလျှပ်စီးက စမ်းသပ်မှုတစ်ခုပဲ” ဝူလင်းယူ ပြောလေသည်။
ထိုကောင်းကင်၏ လုပ်ပိုင်ခွင့်အကြောင်းကို ရှီမန်မိသားစု၏ အကြီးအကဲများလည်း တစ်ခါ ပြောဖူးသည်။
“ဟုတ်မျာပါ” ရှီမာယူယူသည် ထိုပြောဆိုချက်ကို ဘာထင်မြင်ချက်မှ မပေးပေ။ သူမသည် အကြောင်း အရင်းနှစ်ခုလုံးကြောင့် မိုးကြိုးအပစ်ခံရသည်လည်း ဖြစ်နိုင်သည်။ သို့သော် မသိသောသူက ခန့်မှန်းခြင်းတော့ မဟုတ်ပေ။ ထို့အပြင် သူမသည် မိုးကြိုးထိမှန်ပြီးနောက်တွင် လျှပ်စီးအရည်အချင်းရလာကာ ထိုသည်မှာလည်း အဆိုးထဲက အကောင်းပင်ဖြစ်သည်။
“ဒါပေမဲ့ စီနီယာဦးလေးနဲ့ ဆရာပြောတာမှာ တူတာတစ်ခုရှိတယ်” ဝူလင်းယူ ပြောလိုက်သည်။
“ဘာလဲ” ရှီမာယူယူသည် ဝူလင်းယူ၏ မျက်နှာအားကြည့်ပြးနောက် သတင်းကောင်းမဟုတ်သည် ကိုတော့ သိလိုက်သည်။
“သူတို့နှစ်ယောက်လုံးပြောတာက မင်းက အဆင့်တက်သွားတာကို မိုးကြိုးရောက်လာတယ်ဆိုတော့ မင်း အဆင့်တက်တိုင်းမှာ မိုးကြိုးအပစ်ခံရနိုင်တယ်တဲ့” ဝူလင်းယူ ပြောလိုက်သည်။
ရှီမာယူယူ အလွန်တုန်လှုပ်သှားသည်။ သူမ အကြိမ်တိုင်းမှာ မိုးကြိုးအပစ်ခံရမှာလား။ သူမဘဝက ဘာလို့ အဲလောက်တောင် ကြမ်းရတာလဲ။
“ဒါပေမဲ့ မိုးကြိုးအပစ်ခံရပြီးရင် ကောင်းတာပဲဖြစ်မယ်လို့ ငါထင်တယ်၊ အခု မင်းမှာ လျှပ်စီးအရည်အချင်း ရှိနေပြီလေ ဟုတ်တယ်မလား” ဝူလင်းယူသည် တည်ငြိမ်သွားသော သူမအားကြည့်ကာ အားပေးရန် ကြိုးစား လေသည်။
“ဒါဆို အပစ်ခံကြည့်မလား” သူမသည် မျက်စောင်းထိုးလိုက်သည်။ သူ့စကားလုံးများသည် နှစ်သိမ့်မှု မဖြစ်စေပေ။ ရလဒ်မှာကောင်းသော်လည်း တွေ့ကြုံရမည့် ဖြစ်စဉ်မှာ အလွန်ပင် နာကျင်လွန်းလှသည်။
ရှီမာယူယူသည် မျက်စောင်းထိုးရန် အင်အားရှိနေသေးသည်ကို ဝူလင်းယူမြင်သောအခါ စိတ်ချသွားပြီး သူမ ဘေးတွင် ထိုင်ကာ “မင်းအခု အံ့ဖွယ်အဆင့်ရောက်သွားပြီဆိုတော့ မင်း ပြန်လာဖို့ အစီအစဉ်ကို သိချင်ေ တယ်”
“အဲဒါကျ ပြောဖို့ စောနေသေးတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ယူယူ အခု မင်းက အံ့ဖွယ်ဆင့်ရောက်သွားပြီ အဲတော့ မင်းအဲကိုသွားပြီး လေ့ကျင့်တာက ပိုကောင်း မယ်၊ ဒီတိုင်းပြည်က ဝိညာဉ်ချီက ထူထပ်တယ်ဆိုပေမယ့် အဲကိုတော့ မယှဉ်နိုင်ဘူး၊ ပြီးတော့ မင်း တောင်ကြားကို ပြန်မယ်ဆိုရင် လေ့ကျင့်ရာမှလိုတဲ့ အရာတွေ ပိုရှိလိမ့်မယ်” ဝူလင်းယူ ပြောလိုက်သည်။
“ကျွန်တော်သိပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲံ အခုက ကျွန်တော် သွားဖို့ အချိန်မကျသေး ဘူး”
“အခုမသွားတာလည်း ကောင်းတာပဲ၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားနဲ့ တိမ်တိုက်ဂူတို့ အခြေအနေ သိပ် မကောင်းသေးဘူး၊ မင်းသွားရင်လည်း စိတ်မချမ်းသာစရာတွေ့ရမှာပဲ” ဝူလင်းယူ ပြောလိုက်သည်။
ရှီမာယူယူသည် လောကအသေးတွင် ရှိစဉ်က တိမ်တိုက်ဂူနှင့် ပညာရှိစံအိမ်တော် လူများသည် အံ့ဖွယ် နတ်ဆိုးတောင်ကြားနှင့် လကွေးမျိုးနွယ်တို့ကို လိုက်လံသတ်ဖြတ်သည်ကို သွားသတိရမိသည်။ ထိုဆုံးဖြတ် ချက်သည် အလောတကြီးချသည့် ဆုံးဖြတ်ချက်မဟုတ်ပဲ အစကတည်းက စီစဉ်ထားသော အရာပင်ဖြစ်သည်။
“၆လ” သူမ ပြောလိုက်သည်။ ဝူလင်းယူ အံ့သြသွားသည်။ သူမသည် ၆လကြာလျှင် သွားမည်ဟု ပြော သည်ကို သူနားလည်သည်။
“အဲဒါဆိုရင် ၆လကြာရင် ငါမင်းကိုလာခေါ်မယ်” သူ ပြောလိုက်သည်။
“မလိုဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော့်ကို နယ်နိမိတ်ကင်းမဲ့ အိမ်မြောင်သာပေးခဲ့” ထို အိမ်မြောင်သည် လောကအသေးသို့ဝင်မည် ဆိုစဉ်က အဘိုးနတ်ဆိုးပေးခဲ့သော အိမ်မြောင်ပင်ဖြစ်လေသည်။ ထိုပစ္စည်းသည် သူမအား ဝင်ပေါက်ဖန်တီးပေးပြီး ကမ္ဘာဦးနယ်မြေသို့ ဝင်အောင် လုပ်ပေးနိုင်သည်။
“ဒီပစ္စည်းကရှားတယ်၊ ဒါပေမဲ့ ခင်ဗျားမှာ တစ်ခုတော့ရှိမှာပဲမလား” ရှီမာယူယူသည် မျက်မှောင်ကြုတ် ကာ ဘာမှမပြောသော ဝူလင်းယူအား ကြည့်လိုက်လေသည်။
“မရှိဘူး” ဝူလင်းယူသည် ပခုံးတွန့်ကာ “ငါ မင်းကို ပို့ပေးလိုက်မယ်”
“ကောင်းပါပြီ” ရှီမာယူယူ ခေါင်းညိတ်သည်။ သူသည် ကိုယ်ပိုင် ဝင်ပေါက်ဖန်တီးနိုင်ကာ ထိုပစ္စည်းမျိုး ကို သယ်သွားရန် မလိုသည်ကို သူမ မေ့သွားသည်။
“ခင်ဗျားဒီမှာ ရှင်းစရာတွေရှိသေးတယ်မလား တခြားမရှိတော့ရင် အရင်သွားနှင့်လိုက်လေ” သူမ ပြော ပြီး သည်နှင့် ဟိန်းသံလေးအား ဖက်ပြီး ပြန်မှိုင်တွေသွားပြန်သည်။ သူမသည် အရင်အတိုင်းပြန်မဖြစ်ကာ သူမ စိတ်ထဲမှ အရာများကို ပျောက်သွားရန် တစ်ယောက်တည်းရှိချင်သည်။
သူမ မှတ်ဉာဏ်များပြန်ရလာသဖြင့် သူမ တစ်ဘဝလုံးတွင် ထိုသိရှိမှုအသစ်ကို လိုက်နာသွားရဦးမည်။
ရင်ယန်နန်းတော်က အုပ်ချုပ်သူမိသားစု…. သွေးအတွက် သွေးနဲ့ ပြန်ပေးဆပ်မယ်။