← Chapters

အပိုင်း (၄၂၇) – မူလအရင်းအမြစ်အား ရှာဖွေခြင်း

Vol. 005 Ch. 427

အပိုင်း (၄၂၇) – မူလအရင်းအမြစ်အား ရှာဖွေခြင်း

Vol. 005 Ch. 427

တစ်လကြာထွက်သွားပြီးနောက်တွင် ရှီမာယူယူ ဂိုဏ်းသို့ ပြန်လာသည်။ သူမ ပြန်လာသည်ကို တွေ့ကြ သည့်အခါ အားလုံး၏ စိုးရိမ်မှုများ ငြိမ်းသွားရသည်။

“အားလုံးကို စိတ်ပူစေလို့ တောင်းပန်ပါတယ်” ရှီမာယူယူသည် အားနာစွာဖြင့် ပြုံးလေသည်။

“မင်းအဆင်ပြေရင် ရပါတယ်” ရှီမာယူလင်း ပြောလိုက်သည်။

အားလုံးသည် သူမ ဘယ်သွားခဲ့သည်ကို မေးရန် မသင့်တော်သည်ကို နားလည်ကြသည်။ သူတို့သည် သူမ ဘာကြောင့် ထွက်သွားခြင်းဖြစ်သည်ကိုလည်း မမေးပေ။ သို့သော် သူမ ပြောလိုက်သောစကားကြောင့် သူတို့သည် စိတ်မကောင်းဖြစ်သွားရပြန်သည် “ငါ ဒီကနေ နှစ်တစ်ဝက်အတွင်းထွက်သွားတော့မယ်၊ ငါ ကမ္ဘာဦး နယ်မြေကိုသွားရတော့မယ်”

သူမထွက်သွားသည်နှင့် နှစ်ပေါင်းများစွာ မတွေ့ရတော့ပေ။

တစ်သက်လုံးလည်း ဖြစ်သွားနိုင်သည်။

ရှီမာယူယူသည် ဆုံးဖြတ်ချက်အား ပြောပြီးနောက် သူမအိမ်သို့ပြန်လာကာလိုက်သည်။ တခြားသူများ သည် အတွေးကိုယ်စီနှင့် ကျန်ခဲ့လေသည်။

သူမ ထိုအကြောင်းအား ပြောရခြင်းမှာ သူမထွက်ခွာသောအခါ သူတို့၏ စိတ်ကိုပြင်ဆင်ထားစေ လို သောကြောင့်ဖြစ်သည်။ သူမသည် သူမနောက်လိုက်ချင်သောသူများရှိပါက သေချာကျင့်ကြံဖို့အတွက် လည်း ပြောထားသည်။ သူမသည် သူတို့အား မစောင့်နိုင်ပါ။ သူတို့သာ အံ့ဖွယ်အဆင့်သို့ မတက်နိုင်ပါက သူမ နှင့်အတူ ခေါ်သွားဖို့မဖြစ်နိုင်ပေ။

ထို့ကြောင့် ရှီမာယူရှင်းနှင့် တခြားသူများသည် အားတက်သရော ကျင့်ကြံကြလေသည်။ မထင်မှတ်စွာ ပင် သူတို့သည် နှစ်တစ်ဝက်အတွင်း အံ့ဖွယ်အဆင့်သို့ အောင်မြင်စွာ ရောက်ကြလေသည်။

သူတို့သည် ဝိညာဉ်စေတီမှ အချိန်ကွာခြားချက်ကိုတော့ သေချာပေါက် အသုံးပြုရသည်။

ရှီမာယူယူသည် ထိုအချိန်အတောအတွင်းတွင် မကျင့်ကြံခဲ့ပေ။ သူမသည် နေ့စဉ် အခြေခံကျင့်ကြံခြင်း မှ လွဲပြီး ကျင့်ကြံခြင်းကို လက်လွတ်ကာ အဂ္ဂိရတ်ပညာနှင့် တည်ဆောက်မှုများအပေါ်တွင် အာရုံစိုက်ထားခဲ့သည်။

တည်ဆောက်မှုသခင်များသည် လက်သင်တည်ဆောက်မှုသခင်၊ အလယ်အလတ် တည်ဆောက်မှု သခင်၊ တည်ဆောက်မှုသခင်ကြီး၊ တည်ဆောက်မှုပညာရှင်၊ တည်ဆောက်မှုသခင်ဧကရာဇတ်ဟူ၍ ရှိလေသည်။

ရှီမာယူယူသည် သူမအဆင့်အား တွက်ကြည့်သည်။ သူမသည် တည်ဆောက်မှုသခင်ကြီးအဆင့် ကျော် လွန်ကာ တည်ဆောက်မှုပညာရှင်ဖြစ်နေပြီ ဖြစ်သည်။

ဝူလင်းယူ သူမအား ရှာပေးခဲ့သော စာအုပ်ကြောင့်ပင် အဆင့်မြန်မြန်တက်ခြင်း ဖြစ်သည်။

ထိုအဆင့်အပြင် သူမ၏ အဂ္ဂိရတ်ပညာမှာလည်း အဆင့် ၇ရောက်နေပြီဖြစ်သည်။ ထိုအဆင့်သည်လည်း တက်သွားသည်မှာ မကြာသေးပေ။

သူမ အဂ္ဂိရတ်ပညာ အဆင့်၆ ရောက်ပြီးသောအခါ နောက်ပိုင်းအဆင့်များသည် တစ်ဆင့်ပြီးတစ်ဆင့် ပိုပိုခက်လာကာ ချိုးဖောက်ရန် မလွယ်သည်ကို သူမ သိလိုက်သည်။ ထို့ကြောင့်ပင် အဂ္ဂိရတ်ပညာတွင် လက်သင် အဆင့်နှင့် အလယ်အလတ်အဆင့်ရှိသူများ များပြားခြင်းဖြစ်သည်။ အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်များမှာ နည်းပါး သည်။

တစ်နေ့တွင် ဝိညာဉ်လေးသည် သူမရှေ့ပေါ်လာကာ သူမအား မေးလေသည် “မင်းက ဒုတိယအထပ်မှာ ဘာရှိလဲဆိုတာ အမြဲသိချင်နေတာမလား”

ရှီမာယူယူသည် သူမနဖူးကိုယ် ပြန်ရိုက်မိသည်။ ထိုအခါမှပင် သူမ အံ့ဖွယ်အဆင့်ရောက်ချိန်တွင် ဒုတိယ အထပ်သည် ပွင့်နေပြီဖြစ်ကြောင်းကို သတိရတော့သည်။ သို့သော် သူမ အမှန်တကယ်မေ့နေခဲ့ခြင်း ဖြစ် သည်။

“သွားကြည့်ရအောင်” ရှီမာယူယူသည် လက်ထဲမှ တည်ဆောက်မှုစာအုပ်ကို ချလိုက်သည်။ အတွေး တစ်ချက်နှင့်ပင် သူမသည် ဝိညာဉ်စေတီ ပထမအထပ်ကို ရောက်သွားလေသည်။

ပြီးခဲ့သည့်တစ်ခေါက် သူမ ရောက်လာစဉ်က မိုးကြိုးအပစ်ခံထားရသည်။ သို့သော် စဉ်းစားကြည့်လျှင် မိုး ကြိုး ကြောင့် သူမ အံ့ဖွယ်အဆင့်တက်ခဲ့သည်။ ထိုမိုးကြိုးသည် ယားကျိကျိ ဖြစ်စေရုံလောက်ပင် ဖြစ်သည်။

ဝိညာဉ်လေးသည် လေတွင်ပေါ်လောပေါ်ကာ ပြောလေသည် “သွားကြည့်မယ်လေ”

ရှီမာယူယူ ခေါင်းညိတ်ကာ စိတ်လှုပ်ရှားနေမိသည်။

သူမ ဒုတိယအထပ်မှာ ဘာတွေတွေ့မှာလဲ။

သူမ လှေကားများကို တစ်ဆင့်ပြီး တစ်ဆင့်တက်သွားလေသည်။ ပထမအထပ်နှင့် ဒုတိယအထပ်ကြား  လှေကား ထောင့်ချိုးသို့ ရောက်သောအခါ သူမ ရပ်လိုက်သည်။ ပြီးခဲ့သည့် အချိန်တုန်းက သူမသည် ထိုနေရာ တွင် ရပ်ခဲ့ရသည်။

လှုပ်လှုပ်ရှားရှားဖြစ်နေသော လှိုင်းဂယက်များကို ကြည့်ကာ သူမ အသက်ရှုသွင်းလိုက်ပြီး ထိတွေ့ရန် လက်ကို ဆန့်ထုတ်လိုက်သည်။

သူမ အောင်မြင်သွားပြီ။

ထိုအတားအဆီးသည် သူမအား မပိတ်ပင်တော့ပါ။ ပျောက်ကွယ်သွားလေသည်။

သူမ ဆက်တက်လိုက်သည်။ လှေကားအရေအတွက်မှာ နည်းနည်းလာချိန်တွင် သူမ ရင်ခုန်သံများ မြန် လာသည်။

သို့သော် သူမ ဘာမှမမြင်ရသေးပေ။ အမှောင်ထဲမှာ သူမ ဘာကိုများတွေ့မလဲ။

သူမ၏ အာရုံစူးစိုက်မှုသည် ချက်ချင်းပင် နှေးလာသည်။ သူမ မေးလိုက်သည် “ဝိညာဉ်လေး ဒုတိယ အထပ်မှာ ဘာလို့ဘာမှမရှိတာလဲ”

“ဘာမှမရှိဘူးလို့ ဘယ်သူပြောလဲ” ဝိညာဉ်လေးသည် လက်ဖျောက်တီးလိုက်ရာ အမှောင်ထုသည် ချက်ချင်းပင် လင်းသွားလေသည်။ ရှီမာယူယူသည် တောင်တန်းများကို မြင်လိုက်ရသည်။

“တောင်တွေလား၊ ဒီက ပထမအထပ်ကတောင်တွေနဲ့လည်း ဘာမှကွာတာမရှိဘူး” သူမသည် တောင် များနှင့် တောင်ကြားများကိုတွေ့ရာ ကွာခြားကို မသိတော့ပေ။

ဝိညာဉ်လေးသည် မျက်ဖြူလှန်ကာ ပြောလေသည် “ဒါက သတ္တုတွင်း အောက်က သာမာန်တောင်တန်း နဲ့ တော့မတူဘူး၊ ဘယ်လိုလုပ် ကွာခြားချက်မရှိရမှာလဲ”

“သတ္တုတွင်းလား၊ ဘာအတွက်လဲ ဖက်တီးကျူ လက်နက်တွေဖော်ဖို့အတွက် သတ္တုတွင်းပွင့်သွားတာ လား”

“ဒါက ဖန်တုံးသတ္တုတွင်းပဲ၊ ဒီမှာ ဝိညာဉ်ချီနည်းပေမယ့် မင်းရဲ့ ဝိညာဉ်အားတွေ တိုးလာတယ်လို့ မခံစား မိဘူးလား” ဝိညာဉ်လေး သူမကို ငေါက်တော့သည်။

ထိုမှပင် ကမ္ဘာဦးနယ်မြေတွင် အားလုံး၏ ကျင့်ကြံမှုသည် သူတို့၏ ဝိညာဉ်အားပေါ်တွင် မူတည်သည်ကို ရှီမာယူယူ သတိရလိုက်သည်။ သို့သော် စွမ်းအားအရှိန်နှုန်းတိုးရန် တခြားသော နည်းလမ်းများလည်း ရှိသေး သည်။ ဥပမာအနေနှင့် လူတစ်ယောက်သည် ဖန်တုံးများမှ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်သည်။

ထိုသတ္တုများကို ကြည့်ကာ ရှီမာယူယူသည် ငိုရမည်လား ရယ်ရမည်လားကို မသိတော့ပေ။

သဘာဝတွင်းထွက်များသည် ကုန်သွယ်ကြီးများနှင့်တူသည်။ သို့သော် အဲဒါတွေအားလုံးက မြေအောက် ထဲမှာမလား။ ဒါဆို သူမက အားလုံးကို တူးရမှာပေါ့။

ထို့အပြင် ထိုသတ္တုတွင်းများအားလုံးတွင် ဖန်တုံးများ ရှိနေခြင်းလည်း မဟုတ်ပေ။ သူမသည် ရှာဖွေသူ ဝိညာဉ်သခင် မဟုတ်ပေ။ သူမ ဘယ်လိုလုပ် အဲဒီဖန်တုံးတွေကို ရှာနိုင်မှာလဲ။

“ငါ အဲဒီသတ္တုတွင်းကို ဖောက်ခွဲချင်တယ်ဆိုရင် ငါ ရှာဖွေသူဝိညာဉ်သခင် ဖြစ်မှရမယ်” သူမသည် အကူ အညီမဲ့စွာ ပြောလိုက်သည် “ဒီကို လာဖို့အတွက် ရှာဖွေသူဝိညာဉ်သခင်ရှာဖို့ဆိုတာ သဘာဝမကျဘူး၊ ငါ တစ်  ယောက်ရှာတွေ့တယ်ထားဦးတော့ အဲလူကို ဒီကိုခေါ်လာဖို့ မဖြစ်နိုင်ဘူး၊ အဲလိုဆိုရင် ငါက ရှာဖွေသူ ဝိညာဉ် သခင်ဖြစ်မှပဲရမယ်”

ရှာဖွေသူဝိညာဉ်သခင်များသည် ကမ္ဘာဦးနယ်မြေတွင် ရေပန်းအစားဆုံးလူများဖြစ်ကြသည်။ ထိုလူများ သည် တည်ဆောက်မှုသခင်များထက်ပင် အဆင့်မြင့်ကြသည်။ အကြောင်းမှာ သူတို့သည် ကျောက်တုံးများကို ခွဲခြားတတ်ရာ ဖန်တုံးများ၏ သွေးကြောများကိုလည်း ရှာဖွေနိုင်သည်။ သူတို့သည် သတ္တုတွင်းရှိ ရှားပါးသော ဖန်တုံးများကို ရှာနိုင်ကြသည်။

ပြီးခဲ့သည့်တစ်ခေါက် လောကအသေးတွင် ရှိစဉ်ကာ မိုရှားသည် နတ်ဆိုးဖန်တုံးကို ရခဲ့သဖြင့် အလွန် စိတ်လှုပ်ရှားခဲ့သည်။ ထို့ကြောင့် ဖန်တုံးများသည် တန်ဖိုးရှိကြောင်း ထင်ရှားလေသည်။

ထို့ကြောင့် ရှာဖွေသူဝိညာဉ်သခင်များ ရှာထုတ်သော ဖန်တုံးများသည် အတုမရှိဖြစ်လေသည်။

“ဒါပေမဲ့ ရှာဖွေသူသခင်ဖြစ်ဖို့က ပြောဖို့သာလွယ်တာလေ” သူမ သက်ပြင်းချကာ မေးလိုက်သည် “ဝိညာဉ်လေး မင်းရဲ့ အရင်ပိုင်ရှင်တွေထဲမှာ ရှာဖွေသူဝိညာဉ်သခင်မရှိဘူးလား”

“မရှိဘူး” ဝိညာဉ်လေး ပြောလိုက်သည် “ဒါပေမဲ့ ငါ့မှာစာအုပ်ရှိတယ်”

ရှီမာယူယူသည် ဝိညာဉ်လေးပေးသော စာအုပ်ကိုယူလိုက်သည်။ သူမသည် စာဖတ်ကာ အံ့သြစွာ အော် မိလေသည် “အရင်းအမြစ်ကိုရှာခြင်း၊ အဲဒါ တကယ်ပဲ အရင်းအမြစ်ကိုရှာဖို့ သင်ပေးတာပဲ ဒီစာအုပ်ကို ဘယ်က ရတာလဲ”

သူမသည် အရင်ဘဝက ဒီစာအုပ်အကြောင်းကို ကြားဖူးသည်။ ထိုစာအုပ်သည် ဝိညာဉ်များ၏ လျှို့ဝှက် ချက်ကို ရှာဖွေသော အဆင့်မြင့်စာအုပ်ဖြစ်သည်။ ထိုစာအုပ်တွင် ကျောက်တုံးများကို ခွဲခြားသော လျှို့ဝှက် နည်းများစွာ ပါလေသည်။

အရင်းအမြစ်ရှာဖွေခြင်း၏ ပိုင်ရှင်အရင်ဝိညာဉ်သခင်သည် အဆင့်အမြင့်ဆုံးဖြစ်သော ရှာဖွေသူ ဝိညာဉ် ဧကရာဇ် ဖြစ်ခဲ့ကြောင်း သတင်းများရှိလေသည်။

သို့သော် ထိုစာအုပ်သည် ပျောက်သွားသည်မှာ ကြာပြီဖြစ်သည်။ ဒီစာအုပ်က ဝိညာဉ်လေးလက်ထဲမှာ ရှိမယ်လို့ ဘယ်သူထင်မှာလဲ။

“ဘယ်သခင်ရခဲ့တာလဲတော့ ငါလဲမသိဘူး” ဝိညာဉ်လေး ပြောလိုက်သည်။

“ဒါဆို ဘာလို့ မင်းမှာ ရှာဖွေသူဝိညာဉ်သခင်မရှိရတာလဲ” ရှီမာယူယူ သိချင်စိတ်ဖြင့် မေးလေသည်။

“ဘာလို့လဲဆိုတော့ သူက ရှာဖွေသူသခင်မဖြစ်ခင်မှာပဲ သေသွားခဲ့တယ်” ဝိညာဉ်လေး ပြောလိုက်သည်။

ရှီမာယူယူသည် မှင်တက်သွားသည်။ ထိုသခင်သည် သနားစရာကောင်းသည်။ သူ့တွင် ဝိညာဉ်လေး ရှိသော်လည်း အသက်မရှည်ပေ။

သို့သော် သူထားခဲ့သော အရင်းအမြစ်ရှာဖွေခြင်း စာအုပ်သည် ပစ္စည်းကောင်းဖြစ်သဖြင့် သူမအတွက်  တော့ ကံကောင်းသည်။

ထိုအံ့သြစရာကောင်းသော ပစ္စည်းနှင့်ဆိုလျှင် သူမ လက်စားချေရန် အခွင့်အရေးများသွားသည်။

ထို့ကြောင့် ကျန်သောအချိန်များတွင် သူမသည် ဖန်တုံးရှာဖွေခြင်းတွင် စွမ်းအင်များကို အသုံးပြုခဲ့သည်။ သူမသည် အရင်းအမြစ်ရှာဖွေခြင်း၏ အခြေခံအကြောင်းများကို ညက်ညက်ကျေကာ ဖန်တုံးရှာဖွေရန် ဝိညာဉ် စေတီ ဒုတိယအထပ်သို့လာလိုက်သည်။ သူမသည် လေ့ကျင့်ရန် သီအိုရီသုံးလိုက်ပြီး ဝိညာဉ်အရင်းအမြစ်များ ရှာဖွေရန် သူမ အရည်အချင်းအား မြင့်လိုက်သည်။

သည်လိုနှင့် အချိန်များ ကုန်ဆုံးကာ သတ်မှတ်ထားသော နှစ်ဝက်ရောက်လာသည်….

All Chapters