အပိုင်း (၄၂၈) – မတော်တဆမှု
Vol. 005 Ch. 428
ရှီမာယူယူသည် တိတ်တဆိတ်ထွက်ခွာသည်။ ဂိုဏ်းမှ အကြီးအကဲများနှင့် ဝေကျိရွှီနှင့် တခြားသူတို့၏ မိသားစုများအပြင် ဘယ်သူ့မှမသိပေ။
ဝေမျိုးနွယ်နှင့် ကျူမျိုးနွယ်တို့သည် ယိလင်းဂိုဏ်းနှင့် တသားတည်းဖြစ်နေပြီ။ သူတို့သည် အား မကောင်း သဖြင့် ဝေကျိရွှီနှင့် တခြားသူများ နောက်သို့ လိုက်ရန် မဖြစ်နိုင်ပေ။
ဆန်းမူယုသည်သာ ဝူရန်ဖေနောက်ကို လိုက်လာနိုင်လေသည်။ သူမသည် သူတို့နှင့်အတူ ထွက်ခွာနိုင် လေသည်။ ထို့အပြင် သူမသည် ကျင့်ကြံရာတွင်သာ အချိန်ကုန်ဆုံးသဖြင့် သူမ ကျင့်ကြံမှုသည် အဆင့်ကျော် တက်ကာ စံတင်ဝိညာဉ် အဆင့်အမြင့်ဆုံးသို့ ရောက်လေသည်။
ဝေကျိရွှီတို့အပြင် သူမနှင့်အတူ လိုက်ပါသော သူများမှာ ရှီမာလိုင်နှင့် ရှီမာယူမင်တို့ ညီအစ်ကိုများ ဖြစ် ကြလေသည်။ ရှီမာယူလင်းလည်း ပါဝင်လေသည်။
ရှီမာယူရှင်းနှင့် ရှီမာယူယန်တို့သည် လိုက်ပါချင်သော်လည်း ရှီမာတိုင်သည် အားလုံးကို သွားခွင့်မပြုပေ။ မဟုတ်လျှင် လူငယ်မျိုးဆက်များ ပြတ်သွားကာ ဂိုဏ်းအတွက် ဆိုးကျိုးများဖြစ်လာမည် စိုးသောကြောင့်ပင်။ သူ သည် သူတို့ထွက်သွားသည်နှင့် သူတို့နေရာအား အစားထိုးရန် လူရှာထားရသည်။
ရှီမာယူယန်တို့သည် နေခဲ့ရခြင်းကြောင့် ဝမ်းနည်းကာ နောက်မှပင် လိုက်လာမည်ဖြစ်ကြောင်း ပြောလေ သည်။
ဒီနေ့တွင် သူမသည် အိမ်မြောင်အသုံးပြုရန် အားလုံးကို ဝိညာဉ်စေတီအတွင်းထည့်လိုက်သည်။ အိမ်မြောင်သည် သူမတစ်ယောက်သာ ဖြတ်သွားခွင့်ပြုသည်ကို သူမ သိသည်။
ရှီမာတိုင်၊ ရှီမာယူယန်၊ ရှီမာရှင်းနှင့် ရှီမာယူလန်တို့သည် နှုတ်ဆက်ရန် သူမ အိမ်သို့လာလေသည်။
“မင်းတို့ လာတဲ့အချိန် ငါ့ကို ရှာချင်ရင် အံ့ဖွယ်နတ်ဆိုးတောင်ကြားကိုသာ လာခဲ့လိုက်” ရှီမာယူယူ ပြော လိုက်သည်။
“ကောင်းပြီ လာခဲ့ပါမယ်” ရှီမာယူယန် ပြောလိုက်သည်။
“ယူယူ နင်ဂရုစိုက်ဦး ငါတို့လာရှာတာကိုလည်း စောင့်ဦးနော်” ရှီမာယူရှင်းသည် စိုးရိမ်စွာ ပြောလေ သည်။
ပြီးခဲ့သည့်တစ်ခေါက်က သူမကြုံတွေ့ခဲ့သည့် အဖြစ်အပျက်ကို မြင်ဖူးထားသဖြင့် သူတို့သည် စိုးရိမ် ကြသည်။
“စိတ်ချပါ ငါ မင်းတို့အားလုံးကို အဲမှာ စောင့်နေမှာပါ” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။
သူမသည် အိမ်မြှောင်ထုတ်ကာ ဝိညာဉ်စွမ်းအင်အား ထည့်လိုက်သည်။ ထို့နောက်တွင် သူမသည် လေထဲ သို့ ပစ်ကာ အိမ်မြှောင်သည် ဝင်ပေါက်ဖွင့်ပေးလေသည်။
“ငါတို့သွားပြီနော်” သူမသည် သူတို့အား စိတ်မပါစွာ ကြည့်လိုက်သည်။ နောက်တွင် သူမ ပျံဝင်သွား လေသည်။
ရှီမာတိုင်နှင့် တခြားသူများသည် သူမ ထွက်သွားသည်ကို ကြည့်ကာ ဝင်ပေါက်ပိတ်သွားသည်ကို စောင့် ကြည့်နေခဲ့သည်။ ရှီမာယူယန်နှင့် တခြားသူများ၏ မျက်လုံးထဲမှ စိတ်မပါမှုကို ကြည့်ကာ ရှီမာတိုင် ပြောလိုက် သည် “စိတ်အေးအေးထားပါ၊ မင်းတို့ သွားနိုင်ဖို့ အချိန်သိပ်မလိုဘူးလို့ ငါထင်တယ်”
“အင်း မင်း လူငယ်မျိုးဆက်တွေကို မြန်မြန်ပျိုးထောင်နိုင်မှရမယ်” ရှီမာယူယန် ပြောလိုက်သည်။
….
ဝူလင်းယူ သူမအားပေးသော အိမ်မြောင်သည် နေရာအား ချိန်ထားပြီးဖြစ်လေသည်။ သူမ ဝိညာဉ် စွမ်းအင်ထည့်လိုက်သည်နှင့် အံ့ဖွယ်နတ်ဆိုးတောင်ကြား လမ်းသို့ တိုက်ရိုက်ပင် ပို့ပေးမည်။
ရှီမာယူယူသည် ဝင်ပေါက်သို့ ဝင်လိုက်ချိန်တွင် သူမ အားနည်းချက်ကို ဝမ်းနည်းရုံအပြင်မရှိပေ။ သူမ ဖန်တီးလိုက်သော ဝင်ပေါက်သည် မတည်ငြိမ်ပေ။
အရင်က သူမဖန်တီးခဲ့သော ဝင်ပေါက်သည် အကောင်းဆုံးမဟုတ်သော်လည်း အခုလက်ရှိအရာ လောက်တော့ မလှုပ်ရမ်းပေ။ အချိန်မရွေး ပြိုချသွားနိုင်သည့် ခံစားမှုမျိုးပင်ဖြစ်သည်။
သည်လိုနှင့် ဝင်ပေါက်သည် မတည်ငြိမ်သဖြင့် အားလုံးသည်လေဆင်နှာမောင်းစီးရသလို ခံစားရလေ သည်။ အလွန်ကို နာကျင်စရာကောင်းတဲ့ အတွေ့အကြုံပဲ။
“အုန်း”
ပဲ့တင်သံသည် ဝင်ပေါက်တစ်လျှောက် ထွက်လာကာ ရှီမာယူယူသည် စိတ်ထဲမှ ကျိန်ဆဲမိလေသည်။ သူမ ဘာမှလုပ်ရန် အခွင့်အရေးမရခင်မှာမင် အားလုံးသည် လှဲကျကြလေသည်။
သူမ ဝင်ပေါက်မဝင်ခင်တွင် ဒီအခြေအနေအား ကြိုသိသောကြောင့် ပြင်ထားခြင်းကြောင့် တော်သေး သည်။ ဝင်ပေါက်သည် ငှက်ဥတစ်လုံး အရွယ်အစားရှိလေသည်။
နေရာရှိ မူးဝေသော ခံစားမှုသည် သူမ ခန္ဓာကိုယ်အား ထိန်းချုပ်ရန်ခက်လေသည်။ မတော်တဆမှု မဖြစ်ခင်ကို သူမ ဝိညာဉ်စွမ်းအင် ထည့်ထား၍ ကံကောင်းသွားသည်။ လျင်မြန်စွာပင် အိမ်မြောင်သည် နောက် ဝင်ပေါက်တစ်ခုပွင့်သွားကာ လေဟာပြင်သို့ ခေါ်ထုတ်သွားလေသည်။
ထို့အပြင် သူမ ထွက်လိုက်သည်နှင့် ချက်ချင်းပင် မေ့မြောသွားလေသည်…
ကမ္ဘာဦးနယ်မြေရှိ ကန္တာရတစ်ခုတွင် လူတစ်စုသည် လျှောက်လာသည်။
ကုလားအုပ် ၁၀ကောင်ပေါ်တွင် လူအယောက် ၃၀စီးလာကြသည်။ သူတို့သည် စကားပြောလာကြ သည်။
“အဖေ သမီးတို့ နေ့တစ်ဝက်လောက် ဆက်လျှောက်သွားရင် ကန္တာရကနေ ထွက်နိုင်မှာပါ” အနီရောင် ဝတ်ထားသော အသက် ၂၀အရွယ်ကောင်မလေးသည် ကုလားအုပ်စီးရင်း ပြောလိုက်သည်။ သူမသည် တစ်ခေါင်းလုံး ကျစ်ဆံမြီးကျစ်ထားကာ အဖျားနားတွင် ချူလုံးများ ချိတ်ဆွဲခားလေသည်။ သူမ လှုပ်ရှားလိုက် သည်နှင့် အသံများမြည်လေသည်။
ထိုလူသည် အယောက် ၃၀ထဲတွင် ခေါင်းဆောင်ဖြစ်သည်။ သူသည် သမီးဖြစ်သူ ပြောစကားကို ကြား သောအခါ ပြုံးပြီး ပြန်ပြောလေသည် “ဒီလမ်းက လုံခြုံပါတယ်၊ တစ်လမ်းလုံးဆက်ပြီး လုံခြုံသွားဖို့လည်း မျှော် လင့်ပါတယ်”
သူသည် ရုတ်တရက် တစ်စုံတရာအား စဉ်းစားမိကာ အပြုံးမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး စိုးရိမ်စွာ မျက်မှောင်ကြုတ်လိုက်သည်။
အနီရောင်ဝတ်ထားသော မိန်းကလေးသည် သူမ အဖေအပြုအမူအား ကြည့်ကာ ပြောလိုက်သည် “အဖေ ချောင်မျိုးနွယ် တစ်ခုခုလုပ်မှာကို စိုးရိမ်နေတာလား”
“ငါတို့ တခြားလက်ဆောင်ပဏ္ဏာ မရရင် ကောင်းကင်ကျားအိမ်တော်က ငါတို့ကို ကာကွယ်ပေးနိုင်တော့ မှာ မဟုတ်ဘူး” သက်သတ်ပိုင်းအရွယ်အမျိုးသားက ပြောလိုက်သည်။
“အရင်က လက်ဆောင်ပစ္စည်းအကောင်းတွေ အများကြီးပြင်ထားတာပဲ ဒါပေမဲ့ ချောင်မျိုးနွယ်က ဖျက်ဆီးပစ်လိုက်တာလေ၊ သူတို့က တိုက်ရိုက်လာပြီး လုတာတော့မဟုတ်ဘူး၊ ခိုးတာမဟုတ်ရင် ဖျက်ဆီးပစ် တာပဲ၊ သူတို့ကြောင့်သာမဟုတ်ရင် နောက်ဆုံးတစ်ခုနဲ့တင် ကိစ္စကပြီးနေပြီ” အနီရောင်ဝတ် မိန်းကလေး ပြော လိုက်သည်။ သူမသည် ပြုံးကာ ဆက်ပြောလေသည် “ဒါပေမဲ့ ဒီတစ်ခေါက် သမီးတို့ရှာတွေ့တဲ့ အရင်းအမြစ်ရှာ ဝိညာဉ်ကတော့ မဆိုးပါဘူး၊ ကျောက်တုံးတွေ ထုတ်ပေးနိုင်လောက်တယ်၊ အဲဒါကို ကောင်းကင်ကျားအိမ်တော် ကို ပေးလိုက်ရင် ဒီတစ်ခေါက် အန္တရာယ်ကနေ ကျော်လွှားနိုင်မှာပါ”
“ငါတို့ သတ္တုတွင်း အသေးတစ်ခုတွေ့ထားတာကို ချောင်မျိုးနွယ်သိသွားမှာ ကြောက်တာ၊ သူတို့လာပြီး ထပ်လုမှာကို စိုးတာ” သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ပြောလေသည်။
“မျိုးနွယ်ခေါင်းဆောင် ဒီတစ်ခေါက် ကျွန်တော်တို့ ခေါ်လာတဲ့လူတွေက အားတော့မနည်းဘူး၊ ချောင် မျိုးနွယ်က ထပ်လာပြီး ပြဿနာရှာရင် သူတို့ အသက်ရှင်လျက်ထွက်မသွားနိုင်အောင် လုပ်ရမယ်” လူ တစ်ယောက်သည် ဘေးမှ ပြောလေသည်။
“ဟင် အဖေ ဟိုမှာ တစ်ယောက်ယောက်ရှိနေတဲ့ပုံပဲ” အနီရောင်ဝတ်ထားသော မိန်းကလေးသည် သဲ ပေါ်တွင် လဲနေသော လူတစ်ယောက်အား ညွှန်ပြလေသည်။
သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ကြည့်လိုက်ရာ အမှန်တကတယ်ပင် သဲထဲတွင် လူတစ်ယောက် ရှိနေလေသည်။ ထိုလူမှအပ တခြားရှိမနေပေ။
“မျိုးနွယ်ခေါင်းဆောင် သူသေသွားတာလား” အစောက ပြောလိုက်သော လူသည် မေးလိုက်သည်။
“အဖေ ဆင်းပြီး သွားကြည့်ရအောင်” အနီရောင်ဝတ်ထားသော မိန်းကလေး ပြောလိုက်သည်။
“မိန်းကလေး အဲလူက ချောင်းမျိုးနွယ်က ကျွန်တော်တို့ကို ချောင်းတိုက်မယ့်လူဖြစ်နေဦးမယ်”
အနီရောင်ဝတ်ထားသော မိန်းကလေးသည် တွေဝေသွားကာ တုန်ယင်စွာ ပြောလေသည် “မဟုတ်လောက်ပါဘူးနော်”
သို့သော် သူမသည် မသေချာသောကြောင့် သူမအဖေအား ကြည့်ကာ ဆုံးဖြတ်ချက်ကို စောင့်နေလေ သည်။
“ဒီနေရာက ချောင်းမြောင်းတိုက်ဖို့ မသင့်တော်ဘူး၊ ချောင်မျိုးနွယ် မဖြစ်နိုင်ဘူး” သက်လတ်ပိုင်း အမျိုးသားသည် နောက်မှ ထပ်ပြောလေသည် “လူတစ်ယောက်လောက် သွားကြည့်လိုက်ဦး”
ကိုယ်ရံတော်တစ်ယောက်သည် ကုလားအုပ်ပေါ်မှဆင်ကာ ပြေးသွားလေသည်။ သူသည် သူတို့အား အော်ပြောလေသည် “မျိုးနွယ်ခေါင်းဆောင် လူငယ်တစ်ယောက်ပဲ သူ အပြင်းအထန် ဒဏ်ရာရထားတယ် ထင် တယ်”
ချောင်းမြောင်းတိုက်ခိုက်ခြင်း မဟုတ်သည်မှာ သေချာပြီးနောက်တွင် အဖွဲ့သည် ရပ်ပြီးနောက် ကိုယ် ရံတော် အချို့မှလွဲပြီး ကုလားအုပ်ပေါ်မှ ဆင်းကြလေသည်။
“အဖေ ဒီလူက တကယ်ပဲ ဒဏ်ရာရထားတာပဲ၊ သူ့ကို ကယ်သင့်တယ်” အနီရောင်ဝတ်ထားသော မိန်းကလေးသည် ခေါင်းမထောင်နိုင်သော ရှီမာယူယူအားမြင်သောအခါ မျက်မှောင်ကြုတ်ပြီး ပြောလေသည်။
“မျိုးနွယ်ခေါင်းဆောင် ကျွန်တော်တို့တောင် ဒီနေရာမှာ စိတ်တိုင်းကျ လျှောက်မသွားရဲဘူး၊ လူငယ် တစ်ယောက်က ဘယ်လိုလုပ် ဒီမှာ ဒဏ်ရာရပြီးလဲနေရတာလဲ” တစ်စုံတစ်ယောက် ပြောလိုက်သည်။ သူသည် ရှီမာယူယူ၏ ပုံစံမှာ သာမာန် မဟုတ်သည်ကို ခံစားမိသည်။
“ဒါပေမဲ့ အဖေ ဒီကိုလာတဲ့သူနည်းတယ်၊ သမီးတို့ သူ့ကို မကယ်ရင် သဲထဲမှာ လောင်သွားမှာပဲ” ထို မိန်းကလေးသည် ရှီမာယူယူအား ထိုနေရာတွင် ထားမသွားချင်သည့်အနေနှင့် ပြောလေသည်။
သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ရှီမာယူယူအား ဘယ်လိုစီစဉ်ရမည်ကို အလေးအနက် စဉ်းစား လေသည်။ သူသည် သူမဘယ်ဘက်လက်မှ လက်စွပ်ကို မသိသဖြင့် သူမသည် မည်သူဖြစ်သည်ကို သိရန် အထောက်အထားမရှိပေ။
သူ နောက်ဆုံးတွင် သက်ပြင်းချကာ ပြောလိုက်သည် “ငါတို့ သူ့ကိုတွေ့မှတော့ ခေါ်သွားရအောင်၊ သဲကန္တာရကထွက်တာနဲ့ သူသွားရမယ့် မြို့ကို ရှာပေးကြတာပေါ့”