← Chapters

အပိုင်း (၄၂၉) – ကျောင်မျိုးနွယ်မှ ကျောင်မာ

Vol. 005 Ch. 429

အပိုင်း (၄၂၉) – ကျောင်မျိုးနွယ်မှ ကျောင်မာ

Vol. 005 Ch. 429

နာကျင်မှု…

ထိုသည်မှာ ရှီမာယူယူ သတိဝင်ဝင်လာခြင်း ခံစားရခြင်းဖြစ်သည်။

ဒီတစ်ခေါက် နာကျင်မှုသည် ပြီးခဲ့သည့်တစ်ခေါက်က မိုးကြိုးအပစ်ခံရသည့် နာကျင်မှုနှင့်ပင် ယှဉ်လို့ရ သည်။ သို့သော် ဒဏ်ရာသည် ပြီးခဲ့သည့်တစ်ခေါက်ကထက် ပိုပြင်းထန်သည်။

သူမ သတိထားမိလိုက်သည်မှာ ခန္ဓာကိုယ်မှ ဒဏ်ရာများအပြင် လေဟာပြင်တွင် ရရှိသော ဒဏ်ရာများ လည်း ရှိနေသည်။ သူမ၏ ကိုယ်ပိုင်နေရာသည်လည်း ပျက်ဆီးသွားလေသည်။ သူမသည် မှော်ဝင်လက်စွပ်နှင့် ဝိညာဉ်စေတီများနှင့်လည်း အဆက်အသွယ်ပျက်သွားလေသည်။

ဆိုလိုသည်မှာ ဘေဂုံထန်နှင့် တခြားသူများသည် ထွက်မလာနိုင်ကြပေ။

သူမ အနည်းငယ်စိုးရိမ်သည်၊ သို့သော် သူမသည် အားနည်းနေသေးသဖြင့် ခဏတာမျှသာ သတိပြန် ဝင်လာပြီးနောက် ပြန်မေ့မြောသွားလေသည်။

သူမ သတိပြန်ဝင်လာချိန်တွင် ဝိညာဉ်စေတီကို ခဏတာမျှ ခံစားလို့ရသည်။ သူမ ဆက်သွယ်လို့ရတော့မှ ပင် စိတ်အေးသွားရသည်။

တော်သေးသည်။ သူမသည် မှော်ဝင်လက်စွပ်နှင့် ဝိညာဉ်စေတီကို ဖွင့်လို့မရသေးသော်လည်း ဆက်သွယ် လို့ရသေးသည်။ ဆိုလိုသည်မှာ သူမ ပြန်ကောင်းလာသည်နှင့် ချက်ချင်း ပြန်ဖွင့်နိုင်မည်ဖြစ်သည်။

သူမ၏ ခြောက်သွေ့သော လည်ချောင်းသည် ရေခဲရေကြောင့် ရေငတ်ပြေသွားပြီး သူမ၏ ပူပြင်းကာ စိုးရိမ်မှုဖြစ်နေသော ခန္ဓာကိုယ်သည် သက်သာသွားရသည်။ သူမ၏ လေးလံသော မျက်ခွံသည် ဖြည်းညင်းစွာ ပွင့်လာသည်။

“နိုးလာပြီလား” လန်းဆန်းသော အသံတစ်သံသည် သူမဘေးမှ ထွက်လာသည်။

သူမ ရထားလုံးတစ်ခုအတွင်းရှိနေသည်ကို ရှီမာယူယူခံစားမိသည်။ သူမ ခန္ဓာကိုယ်အားလွှဲလိုက်ရာ  တောက်ပသော မျက်လုံးများနှင့် လှပသော မျက်နှာတစ်ခုသည် သူမရှေ့တွင် ပေါ်လာ လေသည်။

သူမ စကားပြောမည်အလုပ်တွင် ထိုမိန်းကလေးသည် သူမ သိချင်သည်များကို စတင်ပြောတော့သည်။

“ကျွန်မက ကျောင်မာ၊ ကျွန်မအဖေက ကျောင်ရန်၊ ကျွန်မတို့က ရှင့်ကို သဲထဲမှာ လွန်ခဲ့တဲ့ ၂ရက်က  တွေ့ခဲ့တာ၊ အဲတုန်းက ရှင့် သဲလောင်တော့မလိုဖြစ်နေတာ၊ အခု ကျွန်မတို့ သဲကန္တာရကို ဖြတ်ပြီး ယုံ့ရှင်း မြို့တော်ကိုသွားမလို့”

ကျောင်မာက သူမကို ကယ်ခဲ့တာလား။

“ကျေးဇူးတင်ပါတယ်” သူမသည် ပါးစပ်ဟကာ ပြောသော်လည်း သူမအသံသည် တိုးညင်းစွာပင် ထွက် လာလေသည်။

“ရှင်စကားမပြောတာ ကောင်းမယ်၊ ကျွန်မအဖေက ရှင့်ကို ဆေးကျွေးပေးထားတယ်၊ ဒါပေမဲ့ ဆေးက အဆင့်တော့မမြင့်လို့ ရှင့်ခန္ဓာကိုယ်က သိပ်ကောင်းဦးမှာမဟုတ်ဘူး” ကျောင်မာ ပြောလိုက်သည် “လာပါ ထပ် သောက်လိုက်ဦး”

ကျောင်မာသည် ရှီမာယူယူ၏ နှုတ်ခမ်းများဆီသို့ ရေထပ်ယူလာပြီး နှစ်ငုံတိုက်လိုက်လေသည်။

အမှန်တကယ်တော့ သူမသည် ရှီမာယူယူ၏ ဒဏ်ရာများကို တွေ့သောအခါ အလွန်အံ့သြသွားသည်။ ရှီမာယူယူ၏ ခန္ဓာကိုယ်တစ်ခုလုံး ကျိုးကြေလုနီးပါးဖြစ်သည်ဟု သူမ အဖေပြောသည်။ သူသည် သူမအား ဆေး တချို့ပေးထားသော်လည်း ထိုဆေးများသည် အဆင့် ၃မျှသာဖြစ်လေသည်။ ထိုမျှ များပြားသော ဒဏ်ရာများ အတွက် မည်မျှ သက်ရောက်မှုဖြစ်သလဲဆိုသည်ကိုတော့ မသိနိုင်ပေ။

သို့သော် သူမ ဒဏ်ရာများသည် မျက်စိရှေ့မှာပင် ၂ရက်အတွင်း လျင်မြန်စွာ ပျောက်သွားလေသည်။ အားလုံးသည် အံ့သြသွားကြသည်။ ကျောင်ရန်ပင်လျှင် ပေါ့သေးသေး မဟုတ်ဟု ပြောရသည်။

ရှီမာယူယူ ရေအနည်းငယ်သောက်လိုက်သည်။ ကျောင်မာသည် တစ်စုံတရာပြောချင်သော်လည်း သူမ ဘာမှမမေးပေ။ သူမ ပြောလိုက်သည် “ရှင်ကောင်းကောင်း အနားယူသင့်တယ်၊ ကျွန်မတို့ ယုံ့ရှင်းမြို့တော်  ရောက်ဖို့ ရက်နည်းနည်းလိုသေးတယ်၊ ကျွန်မ ထွက်သွားလိုက်ဦးမယ်”

ပြောပြီးနောက်တွင် သူမသည် ရှီမာယူယူအား ပြုံးပြကာ ရထားလုံးခန်းဆီးကို ဆွဲပြီးထွက်သွားလေ သည်။

ရှီမာယူယူသည် သူမ ထွက်သွားသည်အထိ စောင့်ပြီး ဝိညာဉ်စေတီနှင့် ဆက်သွယ်ရန် အာရုံပြုလိုက် သည်။ အားလုံးအဆင်ပြေသည်ဟု သေချာမှပင် သတိပြန်ထားကာ ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးနေလေသည်။

သူမသည် ဝင်ပေါက်မှ ထွက်လာပြီးနောက် သဲပြင်တွင် နာရီများစွာ နေခဲ့ရသည်။ သူမ ဒဏ်ရာများမှာ လည်း အလွန်ပြင်းထန်သည်။ ထို့အပြင် ထိုနှစ်များတွင် သူမခန္ဓာကိုယ်သည် ဝိညာဉ်သားရဲများနှင့် ထိန်းကျောင်း ထားသော ကြောင့် သာမန်လူထက် ပို၍ သန်မာသည်။ သို့သော် သူမနေရာတွင် တခြားတစ်ယောက် ဖြစ်နေပါက စက္ကန့်ပိုင်းအတွင်းကိ ုအစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်သည်။

သူမ လက်ထဲတွင် အိမ်မြောင်ရှိနေကာ သူမသည် အက်ကြောင်းနေရာသို့ လျင်မြန်စွာ ဝင်လိုက်  ခြင်းကြောင့်ကံကောင်းသွားသည်။ သူမ အသံကြားလိုက်သည့် အချိန်တွင် ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းခဲ့သည်။ သူမ အရင်က မပြင်ဆင်ခဲ့ပါက သို့မဟုတ် လုပ်ဆောင်မှု နှေးကွေးသွားပါက သူမသည် ထိုနေရာမှ ဘယ်တော့မှ ထွက်နိုင်မည် မဟုတ်ချေ။

သူမ ထိုအသံအား ပြန်တွေးလိုက်ရာတွင် အနည်းငယ်သိချင်သွားသည်။ ထိုအသံသည် တိုက်ပွဲမှ ထွက် လာသော အသံဖြစ်သည်။ ဘယ်အဆင့်ရှိတဲ့သူတွေ တိုက်နေလို့ အဲနေရာထိ လာသက်ရောက်ရတာလဲ။

သူမသည် သဲပြင်တွင်ရှိစဉ်က သူမမည်မျှ လမ်းချော်သွားသည်ကို မသိပေ။ ထို့အပြင် သူမ ဘယ်ရောက် နေသည်ကို မသိတော့ပေ။ သူမသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် မည်မျှ အကွာအဝေးတွင် ရောက်နေ သည်ကို မသိတော့ပေ။

ကျောင်မာထွက်သွားပြီးနောက်တွင် လှည်းပေါ်တွင် ထိုင်ကာ ကျောင်ရန်နှင့် စကားပြောနေသည်ကို ကြား လိုက်ရသည်။

“အဖေ သူနိုးနေပြီ” ကျောင်မာပြောလိုက်သည်။

“ဘယ်လိုနေလဲ” ကျောင်ရန် မေးလိုက်သည်။

“သူ တော်တော်ပြန်ကောင်းလာပါပြီ” ကျောင်မာ ပြန်ဖြေသည် “သမီးမြင်ဖူးသမျှထဲမှာ အမြန်ဆုံးပြန်  ကောင်းလာတဲ့သူပဲ”

“မျိုးနွယ်ခေါင်းဆောင် ကျွန်တော်တို့ ယုံ့ရှင်းမြို့တော်ကို၂ရက်အတွင်းရောက်တော့မယ်၊ သူ့ကိုပါ ခေါ် သွားမယ်ဆိုရင် အကုန်ရှုပ်ကုန်လိမ့်မယ်” ကျောင်ရန် ပြောလိုက်သည်။

“ဒါပေမဲ့ အဖေ သူက ချောတဲ့လူတစ်ယောက်ပဲ အဲဒီယုံ့ရှင်းမြို့တော်ဝန်က လည်း ယောက်ျားချင်း စိတ်ဝင်စားတဲ့သူလေ၊ သူက ဒဏ်ရာအပြင်းအထန်ရထားတော့ သူ့ကို မြို့မှာပဲ ထားသွားရင် အခြေအနေ ဆိုး လိမ့်မယ်” ကျောင်မာသည် သဘောမတူသလို ပြောလိုက်သည်။

“ဒါပေမဲ့ ချောင်မျိုးနွယ်က ငါတို့ကို လမ်းမှာ ကြားဖြတ်လုမယ်ဆိုတဲ့ အစီအစဉ်ရှိတယ်လို့ကြားတယ်၊ သူ့ကိုခေါ်သွားရင် ငါတို့ ပြန်တိုက်နိုင်ပါ့မလား၊ သူ့ကြောင့်မို့လို့နဲ့ ငါတို့အကုန်အသေခံရမှာလား” ကျောင်ယန်  ပြောလိုက်သည်။

“တော်တော့ ကျောင်ယန်” ကျောင်မာသည် သူ့အား ညင်သာစွာ ငေါက်လေသည် “သူက ငါတို့ ကယ်ထားတဲ့သူပဲ ဘယ်လိုလုပ်အဲလိုပြောနိုင်ရတာလဲ၊ ငါတို့ သေသွားရင် ငါတို့အားနည်းလို့ပဲ၊ တခြားသူကို အပြစ်တင်လို့မရဘူး”

“ကျောင်ယန် မင်းအစ်မပြောတာဟုတ်တယ်၊ တခြားသူတွေရှေ့ကို ဒီလိုမပြောတာကောင်းမယ်”  ကျောင်ရန် ပြောလိုက်သည် “ဟုတ်သားပဲ အဲဒီမြို့ဝန်နာမည်ကဘာတဲ့လဲ”

“သမီးမေးဖို့မေ့သွားတယ်” ကျောင်မာသည် သူမ နဖူးသူမ ရိုက်ကာ စိတ်ဆိုးစွာ ပြောလေသည်။

“ငါ အသုံးမဝင်တာ ပြောတမဟုတ်ဘူး” ကျောင်ယန် ပြောလိုက်သည် “အဲလူက အကြောင်းအရင်းမရှိ လူမရှိတဲ့ သဲကန္တာရထဲမှာ ပေါ်လာတယ်၊ ပြီးတော့ သူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုတစ်ခုတောင် မရှိဘူး၊ သူက ဝိညာဉ်သခင်တောင် မဟုတ်ဘူး၊ သာမာန်လူူကို ခေါ်သွားရင် ငါတို့ ပြန်တိုက်နိုင်မှာမဟုတ်ဘူး”

“ကျောင်ယန် မင်း သေရမှာကြောက်နေရင် အခုထွက်သွားလိုက်၊ ငါတို့နဲ့ နေစရာမလိုဘူး” ကျောင်မာ သည် စိတ်ဆိုးစွာ ပြောလေသည်။

ကျောင်ယန်သည် ကျောင်မာ၏ ဝမ်းကွဲမောင်လေးဖြစ်သည်။ သူတို့သည် ဆက်ဆံရေး သိပ်မကောင်း  သော်လည်း အခုလိုမျိုး အပြစ်တင်ပြောဆိုခြင်း မပြုခဲ့ပေ။ အခုတော့ သူစိမ်းတစ်ယောက်အတွက် သူ့ကို ဒီလိုမျိုး အပြစ်တင်နေတာပေါ့လေ။

“သူက ဒီအတိုင်း လူချောတစ်ယောက်ပဲလေ ဘာလို့ သူ့ကို ဒီလိုကာကွယ်ပေးနေတာလဲ ကျွန်တော်က အားလုံးအတွက် စဉ်းစားပေးတာ၊ အစ်မက ဒီလူချောအတွက်နဲ့ အားလုံးရဲ့ အသက်ကို ရင်းမလို့လား”

“မင်းက အသုံးမဝင်တာတွေပြောနေတာပဲ” ကျောင်မာသည် ဒေါသထွက်ကာ ပြောလေသည် “ဘယ်လို ပဲဖြစ်ဖြစ် ငါသူ့ကို ယုံ့ရှင်းမြို့မှာ ထားမသွားနိုင်ဘူး၊ ငါသဘောမတူဘူး”

ကျောင်ရန်သည် သူ့သမီးဒီလောက် စိတ်ပိုင်းဖြတ်ထားမည်ဟု ထင်မထားပေ။ သူစဉ်းစားကာ ပြောလိုက် သည် “ဒီလိုလုပ်ရအောင် ငါတို့ ယုံ့ရှင်းမြို့ကို ဖြတ်ပြီးတာနဲ့ သူ့ကို နောက်တစ်နေရာမှာ ထားခဲ့မယ်လေ”

“ဟူး” ရှောင်မာသည် အေးစက်စွာ အသက်ရှုထုတ်လိုက်သည်။ ကျောင်ရန်၏ အကြံသည် လက်ခံနိုင် စရာဖြစ်လေသည်။

သူမသည် အပြင်တွင်နေနေပါက ကျောင်ယန်၏ မျက်နှာကို မြင်နေရမည်ဖြစ်၍ ရထားလုံး တံခါးဖွင့်ကာ ဝင်လာလေသည်။

ရှီမာယူယူ နိုးနေလိမ့်မည်ဟု သူမ ထင်မထားပေ။ သူမ မျက်လုံးများသည် နားလည်သည့်ပုံစံဖြစ်နေ သဖြင့် ကျောင်မာသည် နေရခက်စွာ ပြောလေသည် “အဲဒါ.. ကျွန်မမောင်က အဲလိုပဲ၊ သူ့ကို စိတ်ထဲမထားပါနဲ့”

“ရှီမာယူယူ” ရှီမာယူယူ ပြောလိုက်သည်။

“ရှင်” ကျောင်မာ မှင်တက်သွားသည်။ နောက်မှပင် ရှီမာယူယူသည် သူမနာမည်အား ပြောသည်ကို သတိထားမိလိုက်သည်။ သူမ ပြုံးပြီးပြောလိုက်သည် “ယူယူ ဘယ်လိုလုပ် သဲကန္တာရထဲရောက်နေတာလဲ၊ ဘယ်လိုဒဏ်ရာရလာတာလဲ ဘယ်မှာနေတာလဲ”

သူမမျက်လုံးထဲတွင် ရှီမာယူယူကို လူကောင်းဟု ခံစားမိသော်လည်း ဘယ်လိုဒဏ်ရာရခဲ့သည်ကိုတော့ သိချင်ဆဲပင်ဖြစ်သည်။

“အံ့ဖွယ်နတ်ဆိုးတောင်ကြားက ဘယ်လောက်ဝေးလဲသိလား” ရှီမာယူယူ မေးလိုက်သည်။

“အံ့ဖွယ်နတ်ဆိုးတောင်ကြား ဟုတ်လား၊ ကျွန်မတို့ဆီမှာ အံ့ဖွယ်နတ်ဆိုးတောင်ကြားဆိုတာ မရှိပါဘူး” ကျောင်မာ ပြန်ဖြေလိုက်သည်။

All Chapters