အပိုင်း (၄၃၀) – ကမ္ဘာဦးနယ်မြေတွင် ရှင်သန်ရမည့်နည်းလမ်းများ
Vol. 005 Ch. 430
ကျောင်မာပြောသည့်စကားကို ကြားပြီးနောက် ရှီမာယူယူ တုန်လှုပ်သွားသည်။ သူမ မေးလိုက်သည် “လကွေးမျိုးနွယ်တို့ တိမ်တိုက်ဂူတို့ရော ရှိလား”
ကျောင်မာ ခေါင်းရမ်းကာ ပြောလေသည် “အဲဒါတွေ တစ်ခါမှ မကြားဖူးဘူး”
အဲအဖွဲ့တွေက တိုင်းပြည်အလယ်ပိုင်းဒေသရဲ့ အင်အားကြီးတွေပဲ သူမ တစ်ခါမှ မကြားဖူးဘူးလား။
ဒါဆို ဒါက ကမ္ဘာဦးနယ်မြေမဟုတ်ဘူးလား။
“ဒါက ကမ္ဘာဦးနယ်မြေရောဟုတ်လား” သူမ ဆက်မေးလေသည်။
“ဟုတ်တယ်လေ” ကျောင်မာ ပြောလိုက်သည် “ဘာလဲ ရှင်က ကမ္ဘာဦးနယ်မြေကလူမဟုတ်ဘူးလား”
ကမ္ဘာဦးနယ်မြေဖြစ်သည်ဟု ကြားပြီးမှပင် ရှီမာယူယူ သက်ပြင်းချနိုင်တော့သည်။ သူမ ပြောလိုက်သည် “ကျွန်တော်က အခုမှ ကမ္ဘာဦးနယ်မြေကိုရောက်တာ၊ ပြဿနာတစ်ခုကြောင့် သွားမယ့်နေရာကို မရောက်လိုက် ဘူး”
“အံ့ဖွယ်နတ်ဆိုးတောင်ကြားကို သွားမလို့လား” ကျောင်မာသည် ပြုံးပြီး မေးလေသည်။
ရှီမာယူယူ မငြင်းပဲ ခေါင်းညိတ်လိုက်သည်။
“ဒီနေရာက အလယ်ပိုင်းဒေသလား အစွန်အဖျားလား”
ကျောင်မာ အင်အားမကောင်းသည်ကို ကြည့်ကာ သူမသည် အတွင်းပိုင်းဒေသမှ မဖြစ်နိုင်ဟု ခန့်မှန်း လိုက်သည်။
“ဒါက အပြင်ပိုင်းဒေသပါ” ကျောင်မာပြောလိုက်သည် “ပြီးတော့ ဒီနေရာကအရမ်းသေးတယ်၊ ကျွန်မတို့ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို မကြားဖူးဘူး”
“အံ့ဖွယ်နတ်ဆိုးတောင်ကြားက အလယ်ပိုင်းဒေသတွေရဲ့ အင်အားကြီးထဲက တစ်ခုပဲ၊ မင်းမသိလည်း ကိစ္စတော့မရှိပါဘူး” ရှီမာယူယူ ညင်သာစွာ ပြောလေသည်။
သူမ ကိစ္စမရှိဟုသာပြောသော်လည်း စိတ်ထဲတွင်တော့ အဆင်မပြေပေ။ အပြင်ပိုင်းဒေသမှ အလယ်ပိုင်း ဒေသသို့ သွားရသည်မှာ သေချာပေါက် မလွယ်ကူပေ။
သူမသည် အပြင်ပိုင်းဒေသသို့ လာရန် အစီအစဉ်မရှိသဖြင့် အလယ်ပိုင်းဒေသကို သွားရန် နည်းလမ်းရှာ ရမည်။
ပြီးတော့ ထိုသို့သွားရန်မှာလည်း သူမရောက်နေသည့်နေရာကို သိရန်လိုသေးသည်။
ကျောင်မာသည် ရှီမာယူယူ၏ မျက်လုံးထဲမှ စိုးရိမ်မှုများကို မြင်တွေ့သည်။ သူမ ပြောလိုက်သည် “မစိုးရိမ်ပါနဲ့ ကျွန်မတို့ မသိပေမယ့် တခြားကြီးတဲ့ဒေသတွေက သိကြမှာပါ၊ ရှင်ဒဏ်ရာတွေ သက်သာရင် အဲဒီ မြို့ကြီးတွေသွားလို့ရပါတယ်”
“တခြားရွေးစရာလည်းမရှိတော့ဘူး” ရှီမာယူယူ သက်ပြင်းချလိုက်သည် “ဒီက မင်းတို့အခြေနေ အကြောင်းပြောပြလို့ရလား”
သူမ ဒဏ်ရာများသည် ပြင်းထန်သဖြင့် ရက်အနည်းငယ် အနားယူခဲ့ရသည်။
“ကောင်းပါပြီ” သူမသည် အနိမ့်ပိုင်းတိုင်းပြည်မှ လာသဖြင့် ဒီနေရာနှင့် ပတ်သတ်သမျှကို မသိဟု ကျောင်မာ သိသည်။ ထို့ကြောင့် သူမသည် ထိုနေရာ၏ အခြေအနေများကို ရှင်းပြလေသည်။
ကျောင်မာ ရှင်းပြချက်များကို နားထောင်ပြီးနောက် ရှီမာယူယူ ပိုစိတ်ညစ်သွားသည်။
အရင်ကမ္ဘာမှာဆိုလျှင် နေရာတစ်နေရာ၏ ဧရိယာမှ ကြီးမားသည်ဟု ကြားခဲ့ရသည်။ ထိုသည်မှာ ချဲ့ကား ပြောသည်ဟု သူမ ထင်ခဲ့သော်လည်း အမှန်ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားပေ။
ထိုအပြင်ပိုင်းဒေသများသည် တိုင်းတာ၍မရနိုင်ပဲ တောင်များသည်လည်း ကောင်းကင်သို့ အဆုံးမရှိ မြင့်မားကာ တောင်ရိုးများသည်လည်း တိုင်းတာ၍မရပေ။ အင်အားငယ်များသည် အင်အားကြီးများကို အမှီလိုက် ကြသည်။
ပတ်ဝန်းကျင် ဧရိယာမှာ ကြီးမားလွန်းသဖြင့် ကျောင်မာကဲ့သို့ လူမျိုးသည် သူတို့ဘဝတွင် တခြား အဝေး ကြီးသို့ မသွားဖူးကြပေ။ အဘယ်ကြောင့်ဆိုသော် ဖြတ်လမ်းတည်ဆောက်မှုများသည် ဂိုဏ်းအတွင်းသာ အသုံး ပြု၍ ရသည်။ အဲဒီ တည်ဆောက်မှုတွေကို သာမာန်လူတွေက ဘယ်လိုသုံးနိုင်မှာလဲ။
“အဲဒီဖြတ်လမ်းတည်ဆောက်မှုတွေကို အပြင်လူတွေ သုံးလို့မရဘူး၊ အပြင်လူဆိုရင် ဂိုဏ်းထဲ ဝင်ပြီး သူတို့ ပင်တိုင်အဖွဲ့ဝင်ဖြစ်မှာရတယ်၊ အဲလိုဆိုရင်တော့ ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် တည်ဆောက်မှုကို သုံးလို့ ရတယ်” ကျောင်မာ ပြောလေသည် “အဲမှာဆိုရင် ကောင်းကင်ကျားအိမ်တော် တစ်ခုပဲ ဖြတ်လမ်းတည်ဆောက်မှု ရှိတာ၊ ဒါပေမဲ့ သူတို့က စကားပြောရတာ အဆင်မပြေဘူး”
ကျောင်မာ၏ ရှင်းပြချက်ကို နားထောင်ပြီး ရှီမာယူယူသည် ထိုကောင်းကင်ကျားအိမ်တော်သည် အကျိုး သင့်အကြောင်းသင့် ပြောရန်ပင် ခက်သည်ကို သိလိုက်ရသည်။ သူတို့သည် အင်အားကြီးတစ်ခုတော့ မဖြစ်နိုင် ပေ။
“အခုလေးတင်ပဲ မင်းချောင်မျိုးနွယ်အကြောင်းပြောတာလည်း ကြားတယ်၊ အဲဒါဘာလဲ” သူမ မေးလိုက် သည်။
ကျောင်မာသည် သူမအားပြောပြရန် အခွင့်အရေးရလာသဖြင့် သူမကိုယ်သူမ ပြင်ဆင်ကာ ပြောလိုက် သည် “ချောင်မျိုးနွယ်နဲ့ ကျွန်မတို့ မျိုးနွယ်နှစ်ခုလုံးက ကောင်းကင်ကျားအိမ်တော် လက်အောက်မှာရှိတယ်၊ ကျွန်မတို့က ကောင်းကင်ကျားအိမ်တော်ရဲ့ ကာကွယ်မှုအောက်မှာရှိပေမယ့် အချိန်ကျရင် လက်ဆောင်ပဏ္ဏာ တွေ ပေးရတယ်၊ သူတို့တောင်းဆိုတာ မပေးနိုင်ရင် ကောင်းကင်ကျားအိမ်တော်ရဲ့ ကာကွယ်မှုကို မရတဲ့အပြင် တခြားအင်အားကြီးတွေရဲ့ အနိုင်ကျင့်တာကိုလည်း ခံရမယ်”
ရှီမာယူယူသည် ထိုကဲ့သို့ ဘဝမျိုးကို စာနာသည်။ ထိုအခြေအနေမျိုးသည် အလယ်ပိုင်းဒေသ၏ တခြား သော နေရာများနှင့်ဆင်တူသည်။ ဇုန်မျိုးနွယ်သည် ရင်ယန်မျိုးနွယ်တွင် မှီခိုနေရသကဲ့သို့ ရင်ယန်မျိုးနွယ်သည် လည်း တခြားသော အင်အားကြီးကို မှီခိုနေရသည်။
“အဲဒီ ချောင်မျိုးနွယ်က် အမြဲတမ်း ကျွန်မတို့ ကျောင်မျိုးနွယ်နဲ့ ဆန့်ကျင်နေတာပဲ၊ လွန်ခဲ့တဲ့ ၂နှစ်က ဆိုရင် ကျွန်မတို့ ကောင်းကင်ကျားအိမ်တော်အတွက် လက်ဆောင်တွေကို သူတို့ ခိုးရင်ခိုး မခိုးရင် ဖျက်ဆီး ပစ်တာပဲ၊ အဲဒါနဲ့ အဲ၂နှစ်အတွင်းကို ကောင်းကင်ကျားအိမ်တော်က ကျွန်မတို့ကို အတွေ့မခံတော့ဘူး၊ ဒီနှစ်တော့ ကောင်းကင်ကျားအိမ်တော်က နောက်ဆုံးအကြိမ် ကမ်းလှမ်းတယ်၊ ဒီနှစ်ကို လက်ဆောင်ကောင်းကောင်း မပေး နိုင်ဘူးဆိုရင် သူတို့က ကျွန်မတို့ကို မကာကွယ်ပေးတော့ဘူးတဲ့” ကျောင်မာ ဒေါသထွက်လေသည်။
“ဒီနှစ်ကို ပစ္စည်းကောင်းရထားလား” ရှီမာယူယူ မေးလိုက်သည်။
“ရထားတယ်” ကျောင်မာ ခေါင်းညိတ်လိုက်သည် “ကျွန်မတို့ သဲကန္တာရထဲမှာ သတ္တုတွင်း သေးတစ်ခုကို မတော်တဆတွေ့ခဲ့တယ်၊ ကျောက်တွေကလည်း မဆိုးဘူး၊ တကယ့်ကို ရှားတဲ့ဖန်ကျောက်တွေ ထွက်တယ်၊ ပြီးတော့ ကျွန်မတို့ သတ္တုတွင်းကနေ ဖန်တုံးတွေကို တူးလိုက်နိုင်တယ်၊ အဲဒါတွေကို သူတို့ကို ပေးရင် ဒီတစ်ချီ တော့ ကျော်ဖြတ်နိုင်မယ်လို့ အဖေပြောတယ်”
ရှီမာယူယူ အနည်းငယ်သိချင်သွားသည်။ သူတို့သည် ဖန်တုံးများ အများအပြားရှာရခြင်းသည် သူတို့ ကဲ့သို့ မျိုးနွယ်သေးတစ်ခုအတွက်တော့ ကံကောင်းခြင်းဖြစ်သည်။
သို့သော် သူတို့ရလာသော်လည်း မပိုင်ဆိုင်ရပေ။
“အဲဒီ ချောင်မျိုးနွယ်က မင်းတို့ကို လုလိုက်တာလား” သူမ မေးလေသည်။
“ချောင်မျိုးနွယ်က သတ္တုတွင်းအကြောင်းကို သိတယ်လို့ မနေ့က သတင်းကြားတယ်၊ သူတို့က ကျွန်မတို့ ကို လုဖို့ လာနေလောက်ပြီ” ကျောင်မာသည် ဒေါသထွက်လေသည် “အဲဒီချောင်မျိုးနွယ်မှာ ကျွန်မတို့ဆီက အမြဲခိုးနေတဲ့ နတ်ဘုရားမျိုးနွယ်ဆိုတာ ရှိတယ်၊ ကျွန်မတို့ သန်မာလာတယ်ဆိုရင် သူတို့ကို သေချာပေါက် အမြစ်ဖြုတ်ပစ်မယ်”
သူတို့တွင် အံ့ဖွယ်အဆင့်အများအပြားမရှိပါ။ အံ့ဖွယ်ဘုရင်၊ အံ့ဖွယ်အရှင်သခင်၊ အံ့ဖွယ် သူတော် စင်နှင့် စံတင်အံ့ဖွယ်အဆင့်ဟူ၍ ရှိသည်။ တစ်ဆင့်တစ်ဆင့်စီတွင် အဆင့် ၁မှ ၉အထိ ရှိပြီး အခြေခံအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အဆင့်ဟူ၍ ရှိသည်။
နတ်ဘုရားမျိုးနွယ်သည် ဒီနေရာ၏ ကျွမ်းကျင်သူများ စုဝေးရာ အင်အားကြီးဖြစ်သည်။
“ကျွန်မတို့ ချောင်မျိုးနွယ်ရဲ့ နယ်မြေကို ဖြတ်ရမှာ အန္တရာယ်များနိုင်တယ်” ကျောင်မာ ပြောလိုက်သည် “ဒါပေမဲ့ ကျွန်မတို့ ယုံ့ရှင်းမြို့မှာ ရှင့်ကို ထားခဲ့မယ်ဆိုရင် မြို့ဝန်ကလည်း လူကောင်းမဟုတ်ပဲ ယောကျ်ားလေး တွေကို သဘောကျတတ်တဲ့သူ၊ ရှင်က ချောတော့ ပိုပြီးတောင် အန္တရာယ်ရှိနေသေးတယ်”
“ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် ကျေးဇူးတင်စွာ ပြောလေသည်။
သူမ အရင်ကမ္ဘာမှာဆိုလျှင် မျိုးတူချင်းစားသည့် ကမ္ဘာဖြစ်သည်။ ဒီမှာ ဒီလိုကြင်နာတတ်တဲ့ မိန်းကလေး တွေ့မယ်လို့ ဘယ်သူထင်မှာလဲ။
“ရှင်က ဘာအတွက်ကျေးဇူးတင်တာလဲ၊ တကယ်တော့ ရှင် ကျွန်မတို့နဲ့ ရှိနေတာ ပိုအန္တရာယ်များပါ တယ်၊ ရှင့်ကို ယုံ့ရှင်းမြို့တော်ကျော်တာနဲ့ ထားခဲ့မယ်လို့ အဖေကပြောပေမယ့် ယုံ့ရှင်းမြို့ကျော်တာနဲ့ ချောင် မျိုးနွယ်ရဲ့ နယ်မြေထဲဝင်ပြီ၊ သူတို့ စောပြီးလာရင်တော့ ကျွန်မတို့…”
ကျောင်မာသည် စကားဆုံးအောင် မပြောသော်လည်း ဆိုလိုရင်းကို ရှီမာယူယူသိသည်။
သို့သော် သူမ အနည်းငယ်မျှ စိုးရိမ်ခြင်း မရှိပေ။
သူတို့တွင် နှစ်ရက်ရှိသေးတယ်မလား။ ဒီနှစ်ရက်အတွင်းကို သူမ မည်မျှ ပြန်ကောင်းမည်ကို ဘယ်သူ မှ မသိနိုင်ပေ။
နှစ်ရက်ကြာသောအခါ သူမ လှုပ်ရှားနိုင်လာသည်။ သူမသည် ဝိညာဉ်စေတီကို မဖွင့်နိုင်သေးသော်လည်း မှော်ဝင်လက်စွပ်ကို ထိန်းချုပ်နိုင်လာသည်။
သူတို့သည် ယုံ့ရှင်းမြို့တော်ကို မဝင်ပဲ ယုံ့ရှင်းမြို့တော်ဘေးရှိ မြို့ရှောင်လမ်းမှ သွားကြလေသည်။ သူတို့ သည် မြို့ထဲဝင်ရန် တတ်နိုင်သမျှ ရှောင်ရှားကြလေသည်။
ညမိုးချုပ်အချိန်တွင် သူတို့သည် နားရန် နေရာလွတ်တစ်ခုကို တွေ့လေသည်။
သူတို့ တောင်အတွင်းမဝင်ခင်တွင် ရှီမာယူယူ စီးခဲ့သော သားရဲဆွဲရထားလုံးကို ပစ်ထားခဲ့လေသည်။ လမ်း မှာ ကြမ်းတမ်းသဖြင့် သားရဲရထားလုံး ဖြတ်သွားလို့မရပေ။
သူမ ခန္ဓာကိုယ် ပြန်ကောင်းလာလို့ တော်သေးသည်။ သူမ ဝိညာဉ်စွမ်းအင်သည် အပြည့်အဝ မသက်သာ သေးသော်လည်း လှုပ်ရှားရာတွင် ပြဿနာမရှိပေ။
သူတို့ စခန်းချရာတွင် ရှီမာယူယူ နေရာအား လှည့်ပတ်နေသည်ကို ကျောင်မာ မြင်လိုက်ရသည်။ သို့သော် သူမ အရမ်းမတွေးတော့ပေ။
ရှီမာယူယူသည် မီးပုံသို့ လာပြီးထိုင်လိုက်သည်။ ကျောင်ယန်သည် သူမအား အေးစက်စွာ ကြည့်ကာ မကျေနပ်ချက်ကို ပြလေသည်။
သူသည် ကျောင်မာ ဒီလူကို ခေါ်လာသည့် အကြောင်းအရင်းကို နားမလည်ပေ။ အဲဒီ အစ်မကတော့….
ညနေရာက်သောအခါ အားလုံးသည် နားကြသည်။ သို့သော် ရှီမာယူယူသည် ရုတ်တရက် မျက်လုံးပွင့် လာကာ ယုံ့ရှင်းမြို့တော်ဘက်သို့ ကြည့်လိုက်သည်။