← Chapters

အပိုင်း (၄၃၁) – သန်းခေါင်အချိန်ကူးကျော်ခြင်း

Vol. 005 Ch. 431

အပိုင်း (၄၃၁) – သန်းခေါင်အချိန်ကူးကျော်ခြင်း

Vol. 005 Ch. 431

သူမသည် သူတို့မရှိခင်အချိန်တွင် မှော်ဝင်လက်စွပ်ကို ဖွင့်ကာ အဆင့် ၆ဆေးကို စားလိုက်သည်။ သူမ ပြန်ကောင်းရန် အံ့ဖွယ်နတ်ဆိုးခန္ဓာကိုယ်အပေါ်တွင် မူတည်သော်လည်း ဆေးစားလိုက်ခြင်းမှာ ပိုမြန်မည်။

ကမ္ဘာဦးနယ်မြေများသည် အောက်မှတိုင်းပြည်များထက် ပို၍ ရက်စက်သည်။ သူတို့အရင်က ပြောဖူး သလိုပင် တစ်နေ့တွင် လူပေါင်းထောင်ချီသေဆုံးနေသည်။ ဘယ်အချိန် အန္တရာယ်ဖြစ်မည်လည်း မည်သူမှ မသိ နိုင်ပေ။

အားလုံးသည် သန်မာလာရန် အခွင့်အရေးရှာနေမှ တော်ရုံကျမည်။

ယုံ့ရှင်းမြို့တော်မှ ရောင်ဝါအား အာရုံခံကာ ကျောင်မျိုးနွယ်ဝင်များ သတိထားမိလားဆိုသည်ကို သူမ စောင့်ကြည့်နေသည်။

သူမ ဆုံးဖြတ်ချက်မချမီတွင် ကျောင်ရန် နိုးလာကာ ယုံ့ရှင်းမြို့တော်ဘက်သို့ ကြည့်လိုက်သည်။

ရှီမာယူယူ နိုးနေကာ ထိုနေရာသို့ ကြည့်နေသည်ကို မြင်သောအခါ သူအနည်းငယ်သိချင်သွားသည်။

ဒီကောင်လေးက အားနည်းနေပုံပေါက်သော်လည်း နီးကပ်လာတဲ့ အဲရောင်ဝါကို ဘယ်လိုများ အာရုံခံ မိ တာလဲ။

သူ မတ်တပ်ရပ်ကာ ကျောင်မျိုးနွယ်ဝင်များသည် သူလှုပ်ရှားသည်ကို ခံစားမိပြီး နိုးလာကြသည်။

“အဖေ ဘာဖြစ်တာလဲ” ကျောင်မာ ထကာ မေးလိုက်သည်။

ကျောင်ရန် တည်ငြိမ်စွာ ပြောလေသည် “ချောင်မျိုးနွယ်က အဖေတို့ ထင်ထားတာထက် ပိုပြီး စိတ်မချ ရတာပဲ”

“မျိုးနွယ်ခေါင်းဆောင် ချောင်မျိုးနွယ်တွေလာတာလား” ကျောင်ယန် မေးလိုက်သည်။

ရောင်ဝါများ နီးကပ်လာသည်ကို ကြည့်ရင်းနှင့် ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ လာနေသော လူအရေအတွက်သည် သူမ ထင်ထားသည်ထက် များနေသည်။

ကျောင်ရန်သည် အာရုံခံမိကာ သူ့အမူအရာ ပြောင်းသွားသည် “ကျောင်မာ အဲကျောက်တွေ ယူပြီး  မြန်မြန်သွားတော့၊ ဘာပဲဖြစ်ဖြစ် ပြန်မလာနဲ့ သမီးပြန်ရောက်တာနဲ့ အဲဒါကို ဦးလေး ၃ဆီပေးပြီး သူ့ကို  ကောင်းကင်ကျားအိမ်တော်ကို သွားပေးခိုင်းလိုက်”

သူ ပြောသည်ကို ကြားပြီးနောက် ကျောင်မာ၏ မျက်နှာမှာ ဖြူဖျော့လာပြီး ပြောလိုက်သည် “အဖေ  ချောင်မျိုးနွယ်က လာတဲ့သူများတာလား”

“အနည်းဆုံးတော့ အံ့ဖွယ်ဘုရင် နှစ်ယောက်ပါတယ်” ကျောင်ရန် ပြောလိုက်သည်။

သူသည်လည်း အံ့ဖွယ်ဘုရင်ဖြစ်သည်။ သို့သော် တစ်ဖက်မှာ နှစ်ယောက်ဖြစ်လျှင် သူသည် မနိုင်နိုင်ပေ။

“ဟားဟား မင်းတို့က လျင်တုန်းပဲထင်တယ်” အသံတစ်သံသည် တောင်များအကြားမှ သစ်တောမှ ထွက်လာလေသည်။ မည်သည့်ဘက်မှ အသံထွက်လာသည်ကို ဘယ်သူမှ မပြောနိုင်ပေ။

“ပြေးချင်တာလား၊ ဒီနေ့ ဘယ်သူမှ ပြေးမလွတ်နိုင်ဘူး”

ပုံရိပ်များသည် တောထဲမှ ထွက်လာကာ သူတို့အား ဝိုင်းလိုက်ကြသည်။

သူတို့လျှောက်လာသည်ကို ရှီမာယူယူ မြင်သောအခါ ဒီနေရာ၏ အဆင်မပြေလှဟု ခံစားမိသည်။ အဘယ့်ကြောင့်ဆိုသော တစ်နေရာနှင့် တစ်နေရာ စည်းမျဉ်းများကွာသဖြင့် အံ့ဖွယ်ဘုရင်များသည် ပျံခွင့်မရှိပေ။ သူမသည် အနိမ့်တိုင်းပြည်တွင် ပျံခွင့်ရှိသော်လည်း ဒီနေရာတွင် လုပ်လို့မရပေ။

ကျောင်ရန်သည် လာနေသော လူများကိုကြည့်ကာ အေးစက်စွာပြောလေသည် “ချောင်ဖေ မင်းဖြစ်လိမ့် မယ်လို့ ထင်မထားမိဘူး”

“ဟားဟား တစ်ယောက်တည်းထွက်လာတာ ကျောင်ရန် မင်းဆိုတာကို င့ါအစ်ကိုကြီးပြောတယ်၊ ငါတို့ တစ်နေရာတည်းရှိလို့တော့ မဖြစ်ဘူးပေါ့၊ ဒါပေမဲ့ သူက နည်းနည်းအလုပ်များနေလို့ ငါလာခဲ့တာ” ကျောင်ဖေ သည် ပြုံးပြီးပြောလေသည် “မင်းမှာ ကျောက်အကောင်းတွေရှိတယ်လို့ ကြားတယ်၊ မင်းငါတို့ ချောင်မျိုးနွယ်ရဲ့ နယ်မြေကိုဖြတ်ချင်ရင် ငါတို့ကို ဖြတ်သန်းခပေးသင့်တယ်မဟုတ်ဘူးလား”

“ရှင်တို့ ချောင်မျိုးနွယ် အနိုင်မကျင့်တာကောင်းမယ်” ကျောင်မာ အေးစက်စွာ ပြောလိုက်သည်။

“ကောင်မလေး ငါတို့ဘယ်မှာမင်းကို အနိုင်ကျင့်လို့လဲ၊ မင်းတို့ အရင်ကဖြတ်သွားတာကို ဖြတ်သန်းခ မတောင်းဘူးလေ၊ အခု မင်းတို့ ပြန်လာတော့ တောင်းရမှာပဲ” ချောင်ဖေ ပြောလိုက်သည်။

“ကျွန်တော်တို့ ပစ္စည်းတွေကို မခိုးတာကောင်းမယ်” ကျောင်ယန်သည် ချောင်မျိုးနွယ်ဝင်များကို ကြည့် လိုက်သည်။

အံ့ဖွယ်ဘုရင် နှစ်ယောက်အပြင် မထင်ထားပဲနှင့် လက်သင်နှင့် အလယ်အလတ်အဆင့် အံ့ဖွယ်ဘုရင် သုံးယောက်ပါ ပါဝင်လေသည်။ သူတို့တွင် စံတင်ဝိညာဉ်အဆင့် ၇ယောက်၊ ၈ယောက်ပါ ရှိလေသည်။

လက်ရှိကျောင်မျိုးနွယ်နှင့် ယှဉ်လျှင် သူတို့သည် များစွာ အားကောင်းလေသည်။

ချောင်မျိုးနွယ်မှ ချောင်ဖေလာမည်ဟု ကျောင်ရန် ထင်မထားမိပေ။ သူသည် မျိုးနွယ်ခေါင်းဆောင်၏ ညီ ဖြစ်ကာ သာမာန်လူမဟုတ်ပေ။

ထိုသည်မှာ ကျောက်များ၏ အရေးပါပုံကို ပြသနေသည်။

“တကယ်တော့ မင်းကို ဒါတွေပြောနေရတာ လေကုန်တယ်၊ မင်းတို့ အဲဒါတွေ ပေးချင်တာ မပေးချင်တာ အရေးမကြီးဘူး” ချောင်ဖေပြုံးပြီး ပြောလိုက်သည်။

“မင်း ငါတို့ကို တိတ်တဆိတ်ရှင်းချင်တာလား” ကျောင်ရန် ပြောလိုက်သည်။

“မှားတယ် ငါတို့ မင်းတို့အားလုံးကို သတ်ဖို့အစီအစဉ်မရှိဘူး၊ အနည်းဆုံးတော့ သတ္တုတွင်းရှိတဲ့နေရာကို သိတဲ့ လူတစ်ယောက်တော့ချန်ရမှာပေါ့ ဟုတ်တယ်မလား” ချောင်ဖေ၏ မျက်လုံးများသည် သတ္တုတွင်းအား  လောဘတက်ကာ သားရည်များကျလုနီးပါး ဖြစ်လေသည်။ “မင်းတို့ စဉ်းစားတတ်တယ်ဆိုရင် အဲသတ္တုတွင်း ဘယ်မှာလဲဆိုတာ ပြောပြလိုက်၊ မဟုတ်ရင် ငါတို့ အတင်းအကျပ်ယူရင် ဆုံးရှုံးမှုတွေ များလိမ့်မယ်”

“ဆုတောင်းနေလိုက်” ကျောင်ရန်သည် နောက်မဆုတ်ပေ “ငါတို့ သေသွားရင်ောတင် မင်းတို့ကို သတ္တုတွင်းမပေးဘူး”

“သခင်ကြီးကျောင် အဲလူကိုကြည့်ပါဦး…” အံ့ဖွယ်ဘုရင်နောက်စတ်ယောက်သည် ထိုင်နေသော ရှီမာယူယူအားမြင်သောအခါ လက်သီးဆုပ်ထားကာ သားရည်များကျနေလေသည်။

ဒီလူက တကယ်ကိုချောတာပဲ။ သူက မြို့က ချောတယ်ဆိုတဲ့ လူတွေထက် အများကြီးချောတယ်။

ဒီလိုနေရာမှာ ဒီလိုလူကိုတွေ့ရမယ်လို့ ထင်တောင်မထားဘူး။ သူရောက်လာကတည်းက ရှီမာယူယူကို သတိထားမိသည်။ သူမ၏ ပုံရိပ်သည် သူ့ရင်ထဲနေရာယူပြီးဖြစ်ကာ သူမအား အိမ်ခေါ်သွားကာ ပျော်ပါးရန် မစောင့်နိုင်တော့ပေ။

ချောင်ဖေသည် ထိုမှပင် ရှီမာယူယူကို သတိထားမိတော့သည်။ သူသည် သူမ ပုံစံကြောင့် မှင်တက်သွား လေသည်။ ယုံ့ရှင်းမြို့ဝန်၏ စိတ်တက်ကြွနေမှုကို မြင်သောအခါ သူပြောလိုက်သည် “မစိုးရိမ်ပါနဲ့ သူ့ကို ခင်ဗျား ကိုပေးမှာပါ”

“သခင်ကြီးချောင် ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်” မြို့ဝန်သည် ရှီမာယူယူအား စိတ်အား တက်ကြွစွာကြည့်ပြီး သူ့အကြည့်မှာ ရှီမာယူယူအတွက်တော့ မနှစ်မြို့စရာပင်။

ကျောင်မာသည်လည်း သတိထားမိသဖြင့် ရှီမာယူယူအား အားနာစွာ ပြောလိုက်သည် “တောင်းပန်ပါ တယ်၊ ကျွန်မတို့ ရှင့်ကို ဒုက္ခဖြစ်စေမယ်လို့ ထင်မထားမိဘူး”

“စိုးရိမ်စွာ မရှိပါဘူး” ရှီမာယူယူသည် ပေါ့ပါးစွာ ပြောလိုက်လေသည။ သူမသည် စိုးရိမ်ခြင်း  ကြောက်ရွံ့  ခြင်းများမရှိပေ။

“ဟင် သူ့ကို ထားခဲ့ဖို့ ပြောတယ်မလား၊ အခုတော့ မမိုက်ဘူးလား သူက ပစ်မှတ်ဖြစ်သွားပြီ” ကျောင်ယန် သည် အေးစက်စွာ ပြောလေသည်။

ကျောင်ရန်သည် တည်ငြိမ်နေသော ရှီမာယူယူကို ကြည့်ကာ သူ့မျက်လုံးထဲတွင် နားမလည်သော အကြည့်များဖြစ်နေလေသည်။

သူသည် ဒီလောက် ကျွမ်းကျင်သူများ များပြားနေသည်ကိုပင် အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိပေ။ သူက ဘာကို ယုံကြည့်ထားတာလဲ။

ရှီမာယူယူ အေးဆေးစွာ ရပ်လိုက်ကာ သူမ ခန္ဓာကိုယ်မှ မြက်များကို ခါကာ ပြောလိုက်သည် “ကျောင် မျိုးနွယ်ခေါင်းဆောင် သခင်ကြီးက ကျွန်တော့်ကို တစ်ခါကယ်ဖူးတော့ ဒီနေ့ ကျေးဇူးပြန်ဆပ်ရမှာပေါ့”

“မင်းကလား” ကျောင်ရန်သည် ယုံကြည်ချက်အပြည့်ဖြစ်နေသော ရှီမာယူယူအား ကြည့်ကာ သူမကို ယုံသင့်မယုံသင့်ကို မသိတော့ပေ။

သို့သော် သူမကို ယုံခြင်းအပြင် ဘာမှလုပ်နိုင်တာမရှိတော့ပေ။

“ယူယူ ရှင့်မှာ အစီအစဉ်ရှိတာလား” ကျောင်မာသည် ရှီမာယူယူအား တွေဝေစွာ ကြည့်လိုက်သည်။

ထိုနှစ်ရက်တွင် ရှီမာယူယူ အပြည့်အဝပြန်မကောင်းသေးဘူးဆိုသည်ကို သူမသိသည်။ ပြိုင်ဘက်များ သည် သူမ အဖေထက်ပင် သန်မာသည်။ သူ့မှာ တကယ်ပဲ နည်းလမ်းရှိနေတာလား။

ရှီမာယူယူ ကျောင်မာအားကြည့်ပြီး ပြောလိုက်သည် “စိတ်ချပါ မင်းတို့အားလုံး အဆင်ပြေမှာပါ”

ပြောပြီးနောက်တွင် သူမသည် ယုံ့ရှင်းမြို့ဝန်အားကြည့်ပြီး ပြောလိုက်သည် “ကျွန်တော် အမုန်းဆုံးက တခြားသူက ကျွန်တော့်ကို ကြံစည်တဲ့သူပဲ အထူးသဖြင့် ခင်ဗျားလိုလူပေါ့ ရွံစရာကောင်းတယ်”

“ဟေး ကောင်လေး မင်းက င့ါလက်ထဲမှာပဲ မင်းငါ့ကို ရွံတာကအရေးမကြီးဘူး၊ မင်းကို ရအောင်ယူဖို့ ငါ့မှာ နည်းလမ်းတွေရှိတယ်” ယုံ့ရှင်းမြို့ဝန်သည် တပ်မက်စွာ ပြုံးပြီးပြောလေသည်။

“ဒါဆို ဒီနေ့ဘယ်သူက အသက်ရှင်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့” ရှီမာယူယူသည် အေးစက်စွာ ပြုံး  ပြီးကြည့်လေသည်။

ချောင်ဖေသည် ရှီမာယူယူ အပြုအမူအားမြင်သောအခါ တစ်စုံတရာကို ခံစားမိလိုက်သည်။ အန္တရာယ် တစ်ခုခုအား သူ့စိတ်ထဲမှ ခံစားမိလိုက်သည်။

“မင်းကဘယ်သူလဲ”

သူသည် ကျောင်မျိုးနွယ်မှ မဟုတ်ကာ ဝိညာဉ်စွမ်းအင်လည်း ရှိမနေပေ။ သို့သော် သူသည် တည်ငြိမ် လွန်း သည်။

“ကျွန်တော်လား ခင်ဗျားတို့ အသက်ကိုယူမယ့်သူပဲ” ရှီမာယူယူ ပြုံးလိုက်ရာ သူမသည် သေမင်းကဲ့သို့ ထင်ရသည်။

သူမသည် ပတ်ပတ်လည်အား ဝိညာဉ်စွမ်းအင်ထည့်လိုက်ရာ တော်ထဲတွင် စူးရှသော အလင်းဖြစ်သွား  လေသည်။ အမှောင်ထုကြီးစိုးနေသော ညတွင် အလင်းတန်းသည် ကောင်းကင်သို့ ထိုးထွက်သွားလေသည်။

ထို့နောက်တွင် အလင်းလှိုင်းသည် တောတစ်ခုလုံးကို ဝန်းရံလိုက်သည်။ အားလုံးသည် ထိုနေရာတွင် ပိတ်မိကာ ထွက်ပြေးလို့မရတော့ပေ။

All Chapters