← Chapters

အပိုင်း (၄၃၂) – သူမက နတ်ဆိုးပဲ

Vol. 005 Ch. 432

အပိုင်း (၄၃၂) – သူမက နတ်ဆိုးပဲ

Vol. 005 Ch. 432

“တည်ဆောက်မှုသခင်လား”

မမြင်ဖူးသော ပြောင်းလဲမှုကို ကြည့်ကာ ကျောင်မိသားစုနှင့် ချောင်မိသားစုဝင်များသည် တုန်လှုပ်သွား ကြလေသည်။ ကျောင်မိသားစုဝင်များသည် စိတ်ထဲတွင် ပျော်မိကြသော်လည်း ချောင်မိသားစုဝင်များသည် အလွန်တုန်လှုပ်ကြသည်။

“မင်းက တည်ဆောက်မှုသခင်ဖြစ်မယ်လို့ ထင်မထားဘူး၊ ငါ မင်းကို အထင်သေးမိတာပဲ” ချောင်ဖေ သည် မမြင်ဖူးသော အရာအားယူဆောင်လာသော ရှီမာယူယူအား ကြည့်လေသည်။ သို့သော် သူသည် သူမ တည်ဆောက်မှုသည် သူတို့အားပိတ်ထားသည်ကို သတိရသွားပြန်သည်။

တည်ဆောက်မှု ကျွမ်းကျင်သောလူများသည် ပြုလုပ်သူနှင့် ဆက်သွယ်နိုင်သည်။ ရှီမာယူယူသည် ထူးချွန်သည့်ပုံမပေါက်ကာ အံ့ဖွယ်အဆင့်ပင် ရောက်သည့်ပုံမပေါ်ပေ။ ထို့အပြင် ထိုတည်ဆောက်မှုကို  အောင်မြင်အောင် တည်ဆောက်နိုင်သူမှာ ဆယ်စုနှစ်တစ်ခုကြာအောင် ရှာမတွေ့ခဲ့ပေ။ ရှီမာယူယူသည် ငယ်ရွယ်သေးကာ သူမသည် တည်ဆောက်မှုကို လေ့လာသည်မှာ အချိန်လည်းမကြာသေးသည့်ပုံပေါက်  နေသဖြင့် မထူးချွန်လောက်ပေ။

သူတို့သည် ထိုအတွေးများတွေးလိုက်သည်နှင့် စိတ်အေးသွားကာ ရှီမာယူယူနှင့် တခြားသူများအား ကြည့်ပြီး ပြောလေသည် “ဒါက သာမာန် ကာကွယ်ရေးတည်ဆောက်မှုပဲမလား၊ အဆင့်မြင့် အံ့ဖွယ်ဘုရင် နှစ်ယောက်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ သိချင်မိတယ်၊ မင်း တည်ဆောက်မှုတွေကို ဖယ်ပေးရင် မင်းအသက်ကို ချမ်းသာပေးဖို့ အခွင့်အရေးပေးမယ်”

“ကျွန်တော့်ကို အသက်ချမ်းသားပေးမယ်ဟုတ်လား” ရှီမာယူယူ လှောင်ပြောင်လိုက်သည် “ခင်ဗျားတို့ က ကိုယ့်ကိုယ်ကို အထင်ကြီးနေတယ်ထင်တယ် ဒါဆိုရင် ကျွန်တော့် တည်ဆောက်မှုကို တိုက်ခိုက်ကြည့် လိုက်လေ”

“ဟင် ရိုးရိုးတည်ဆောက်မှုအသေးလေးပါ” အလယ်အလတ်အဆင့် အံ့ဖွယ်ဘုရင်သည် လှောင်ပြောင် ကာ ဝိညာဉ်စွမ်းအင်များ စုစည်းကာ တိုက်ခိုက်ကြည့်လေသည်။

ထိုအချိန်တွင် ကျောင်မိသားစုဝင်များသည် အံ့ဖွယ်ဘုရင် တည်ဆောက်မှုကို တိုက်ခိုက်နေပုံကို ကြည့်  နေလေသည်။ ကျောင်ရန်သည် ကြားဝင်ခြင်းမရှိသည်ကို ကြည့်ကာ သူတို့သည် ဆက်ကြည့်နေရာ သူတို့ စိတ် များလှုပ်ရှားကြသဖြင့် နှလုံးများ ခုန်ထွက်မတတ်ဖြစ်နေလေသည်။ တိုက်ခိုက်မှုသည် တည်ဆောက်မှုအား ထိရာ တွင် သူတို့ထင်မထားသော အဖြစ်အပျက်ဖြစ်သွားလေသည်။ ဝိညာဉ်စွမ်းအင်ကို တည်ဆောက်မှုက စုပ်ယူသွား ရာ တိတ်ဆိတ်စွာပင် ပျောက်ကွယ်သွားလေသည်။

“ဘာ…” ထိုအံ့ဖွယ်ဘုရင်သည် တည်ဆောက်မှုမှ အလင်းတန်းများကို ကြည့်ကာ ဆွံ့အသွားလေသည်။ သူ့တိုက်ခိုက်မှုသည် မည်မျှ အားကောင်းသည်ကို သူသိသည်။ သူသည် အနည်းငယ် အားစိုက်ထုတ်သော် လည်း အရာမထင်ပေ။

ကျောင်မိသားစုသည် တက်ကြွသွားလေသည်။ ထိုတည်ဆောက်မှုသည် အလွန်အားကောင်းကာ အလယ်အလတ်အဆင့် အံ့ဖွယ်ဘုရင်ကိုပင် သက်ရောက်မှုမဖြစ်ပေ။ ထိုသည်မှာ ချောင်ဖေသည် တစ်ယောက် တည်း လှုပ်ရှားလျှင်တောင် မဖျက်ဆီးနိုင်ပေ။

“ခင်ဗျားတို့က တိုက်ခိုက်ပြီးပြီဆိုတော့ ဒီတစ်ခါတော့ ခင်ဗျားတို့ ပြန်ပြီး အရသာခံရမယ့် အလှည့်ပဲ” ရှီမာယူယူသည် တည်ဆောက်မှုအလယ်တွင်ရပ်ကာ ကျောင်ယန်အား ဘေးသို့ သွားရန် ပြောလိုက်သည်။ သူ သွားသည်နှင့် သူမသည် တည်ဆောက်မှု ကျောက်တုံးအား ယူကာ သူအရင်ရပ်ခဲ့သော နေရာတွင် အက် ကြောင်းဖြစ်အောင်လုပ်လိုက်လေသည်။ သူမ တည်ဆောက်မှုကျောက်တုံးအား ထည့်ပြီးနောက် တည်ဆောက် မှုတွင် သိသာသော ပြောင်းလဲမှုမဖြစ်ပေ။ သို့သော် အလင်းတန်းများသည် တည်ဆောက်မှုအပြင်ဘက်တွင် ဖြာ ထွက်နေလေသည်။ ထို့နောက်တွင် အလင်းတန်းများ ပျောက်ကွယ်သွားရာ ချောင်မိသားစုဝင်များသည် ရူးတော့ မလိုပင်ဖြစ်လေသည်။

“အာ.. ငါမင်းကို သတ်မယ်” လူငယ်တစ်ယောက်သည် စတင်လိုက်ကာ သူ့ဘေးတွင် ရပ်နေသော လူ အား တိုက်ခိုက်လေသည်။

“မင်း သတ်ချင်တိုင်းသတ်လို့ရမယ်ထင်လား”

“ငါမင်းကို တစ်ချိန်လုံးကြည့်မရဖြစ်နေတာ”

“မင်း၊ မင်း ကိုယ့်ထက်အသက်ကြီးတဲ့လူကို ရိုက်ရဲတယ်၊ ငါမင်းကို ငါကိုယ်တိုင် သတ်မယ်”

“သခင်ကြီးချောင် မင်းကို မကျေနပ်တာ ကြာပြီ ငါတို့တိုက်ကြမယ်” မြို့ဝန်ပင်လျှင် အဓိပ္ပာယ်မရှိသည် များ စလာသည်။

“ထွက်ခဲ့”

လူများသည် အသုံးမဝင်သည်များ ပြောကြကာ တစ်ယောက်နှင့် တစ်ယောက်တိုက်ခိုက်ရာ သူတို့သည် ကိုယ့်ရန်သူကိုယ် တိုက်နေသည်ဟု ထင်ကြလေသည်။

ချောင်ဖေနှင့် ယုံ့ရှင်းမြို့ဝန်သည်တစ်ယောက်နှင့် တစ်ယောက် တိုက်ကြရာ စံတင်ဝိညာဉ်များသည် အဆင့်မြင့် အံ့ဖွယ်ဘုရင်များဆီတွင် အရိုက်ခံရရာ ဒဏ်ရာရပြီး သေကြလေသည်။ တည်ဆောက်မှုနှင့် ရိုက် မိသော သူများသည် ကာကွယ်ရေးအပြင်သို့ ရောက်ကြလေသည်။ ထိုအချိန်တွင် တည်ဆောက်မှုထဲတွင် ရှိနေ သော ကျောင်မိသားစုဝင်များသည် ထူးခြားမှုတစ်စုံတစ်ရာမှ မခံစားရပေ။

“အဲလူတွေက ပျော့လိုက်တာ၊ မြန်မြန်သေသွားရတယ်လို့” ရှီမာယူယူသည် အလောင်းများကို ကြည့် ကာ ခံစားချက်ကင်းစွာ ပြောလိုက်သည်။

ကျောင်မိသားစုများသည် အလွယ်တကူဖြေရှင်းလိုက်ကာ အေးအေးဆေးဆေး ဖြစ်နေသော သူမ အမူအရာကို ကြည့်နေသည်။ သူမသည် အံ့ဖွယ်ဘုရင်ကို ဖျက်ဆီးလိုက်သည်။ ကျောင်ယန်သည် အရင်က သူမ ကို ဆက်ဆံခဲ့ပုံများကို ပြန်တွေးကာ ချွေးအေးများ ပျံလာသည်။ သူမသည် လေးစားဖွယ်ကောင်းသော တည်  ဆောက်မှုသခင်ဖြစ်လိမ့်မည်ဟု သူမထင်ခဲ့ပေ။ သူသာ အရင်ကတည်းကသိခဲ့ပါက သူမအား မလေးမစား ဆက်ဆံခဲ့မည် မဟုတ်ပေ။ အခု အားလုံးဖြစ်ပျက်ပြီးသွားတော့ သူမက ရန်ငြိုးထားရင် သူဘာလုပ်ရမလဲ။ သူ သည် သူအား သေချာစွာကြည့်ကာ သူ့အား အပြင်သို့ ပစ်လိုက်ကာ လက်စားချေမည်ကို စိုးရိမ်နေသည်။

“ယူယူ သူတို့ ဘာဖြစ်ကြတာလဲ၊ သူတို့ တစ်ယောက်နဲ့ တစ်ယောက်သတ်နေကြတယ်” ကျောင်မာ မေး လိုက်သည်။

“ငါ အထဲမှာ ထင်ယောင်ထင်မှားတည်ဆောက်မှု ထည့်လိုက်တာ၊ စတာနဲ့ သူတို့ဘေးက လူကို မမှတ်မိ  တော့ပဲ သူတို့ရန်သူလို့ ထင်သွားကြတယ်၊ အဲအချိန်မှာပဲ သူတို့ရဲ့ အတွင်းပိုင်းက မသိစိတ်တွေ ထွက်လာတယ်  လေ” ရှီမာယူယူ ရှင်းပြသည်။

“ဒါပေမဲ့ အဲဒါ ကာကွယ်ရေးတည်ဆောက်မှုမဟုတ်ဘူးလား” ကျောင်မာ နားမလည်သေးပေ။ သူမသည် ကာကွယ်ရေးတည်ဆောက်မှုအတွင်းတွင် ထင်ယောင်ထင်မှား တည်ဆောက်မှုထပ်လုပ်သည်ကို မမြင်ဖူးပေ။

ရှီမာယူယူသည် စိတ်ရှည်စွာ ရှင်းပြလေသည် “အရင်ဆုံးငါ ကာကွယ်ရေးတည်ဆောက်မှုလုပ်တယ်၊  ပြီးတော့ အထဲမှာ ထင်ယောင်ထင်မှား တည်ဆောက်မှု လုပ်လိုက်တယ်၊ တည်ဆောက်မှု နှစ်မျိုးက တစ်ခု နှင့် တစ်ခု ထပ်သွားပြီး တည်ဆောက်မှုထဲမှာ တည်ဆောက်မှုဖြစ်သွားတယ်လို့ တွေးလိုက်ရင်ရပြီ” ကျောင်မာသည် ရှီမာယူယူအား အံ့သြစွာ စိုက်ကြည့်နေလေသည်။ သူမသည် သူမ ပြောလိုက်သည့်အရာသည် ကြောက်မက် ဖွယ်ကောင်းသည်ကို မသိဘူးထင်သည်။ တခြားသော တည်ဆောက်မှု သခင်များအတွက် တည်ဆောက်မှု တစ်ခု လုပ်လျှင်တောင် ခက်ခဲနေပြီ။ သို့သော် သူမက တည်ဆောက်မှုထဲမှာ နောက်ထပ် တည်ဆောက်မှု.. သူမက ဘယ်လောက်တောင် အားကောင်းတာလဲ။

“အဲဒီအံ့ဖွယ်ဘုရင်တွေတိုက်တာပြီးဖို့ အချိန်လိုသေးတယ်၊ နားလို့ရသေးတယ်ထင်တယ်” ပြောပြီးသည် နှင့် သူမသည် မူလနေရာတွင် ပြန်ထိုင်ကာ သူမ ဒဏ်ရာအား ကုသနေလေသည်။

ကျောင်မိသားစုဝင်များသည် အပြင်တွင် တိုက်ပွဲများဖြစ်နေသော်လည်း သူမသည် တည်ငြိမ်နေသည်ကို ကြည့်ကာ ပခုံးတွန့်ကြသည်။ သူတို့သည် ရှီမာယူယူ သူတို့ဘက်ရှိနေသည်ကို ကျေးဇူးတင်ကြသည်။ မဟုတ်လျှင် သူတို့သည် ဒီညတွင်သေကြလိမ့်မည်။ သူတို့သည် တိုက်ပွဲပြီးဆုံးမည့်အချိန်ထိ ကြည့်ကာ သူတို့ ဘယ်နေရာသို့ သွားစေကာမူ အလင်းတန်းအပြင်ထွက်မရသည်ကို သိသဖြင့် တိုက်ပွဲကိုသာကြည့်နေရတော့ သည်။ ဆိုလိုသည်မှာ ထိုအချိန်ကစပြီး သူတို့သည် အပြင်ထွက်မရတော့ပဲ အပြင်မှအဖြစ်အပျက်များကို အထဲမှ မြင်နေရလေသည်။ သူတို့ သတိဝင်လာချိန်တွင် ရှီမာယူယူအား ကြောက်သော အကြည့်များဖြင့် ကြည့်မိ ကြ လေသည်။

ကြောက်စရာကောင်းလိုက်တဲ့လူပါလား။ သူမ ဘေးမှာ သွေးကွက်တွေဖြစ်နေတာတောင် မတုန်လှုပ်ပဲ သူတို့ သေတာကိုနောက်ဆုံးအချိန်ထိ စောင့်ကြည့်နေတဲ့သူပဲ…

ညကုန်ဆုံးပြီးသည့်နောက်တွင် နေရောင်ထွက်လာသည်။ ထိုအချိန်မှပင် ရှီမာယူယူ မျက်လုံးပြန်ပွင့်လာ သည်။

“အဲတော့ နောက်ဆုံး သူတစ်ယောက်ပဲကျန်တာပေါ့၊ နောက်ဆုံးကျန်တဲ့သူက ချောင်မိသားစုဝင် တစ်  ယောက်ယောက်ဖြစ်မယ်လို့ ထင်ထားတာ” သူမသည် လက်တစ်ဖက်ပြတ်ကာ သွေးများစီးကျနေကာ မြေတွင် လဲနေသော ယုံ့ရှင်းမြို့ဝန်အားကြည့်လိုက်သည်။ သူ့ခြေထောက်များသည် လည်း အဖြတ်ခံရကာ ခန္ဓာကိုယ်မှ ဒဏ်ရာများမှာလည်း မနည်းမနောပင်။ သူ့အရည်အချင်းသည် ချောင်ဖေနှင့် သိပ်မကွာသော်လည်း ချောင်ဖေ အားအနိုင်ရလိုက်ခြင်းမှာ ကံကောင်းသွားသောကြောင့်ဖြစ်မည်။

သူသည် တည်ဆောက်မှုအတွင်းတွင် တစ်ဦးတည်းသော အသက်ရှင်ကျန်သူကာ တည်ဆောက်မှုသည် တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါးဖြစ်လေသည်။ ထိုမှပင် ပတ်လည်တွင် သွေးအိုင်များနှင့် အလောင်းများ ကို တွေ့ရလေသည်။ သူသည် ရှီမာယူယူအား အလွန်တုန်လှုပ်စွာကြည့်လိုက်သည်။ ဒီလောက်ဆိုရင် နတ်ဆိုး အဆင့်ဖြစ်နေပြီ။

ကျောင်မိသားစုဝင်များသည် အဖြစ်အပျက်ကို အစမှအဆုံးမြင်လိုက်ရသည်ဖြစ်၍ စိတ်တွင် ကြောက် စိတ်များအမြစ်တွယ်သွားကြလေသည်။ ရှီမာယူယူသည် ထကာ လျှောက်လာပြီး တည်ဆောက်မှု ကျောက်တုံး များကို ယူလိုက်ရာ ကာကွယ်ရေးတည်ဆောက်မှုနှင့် ထင်ယောင်ထင်မှားတည်ဆောက်မှုသည် ပျောက်ကွယ် သွားလေသည်။

“သခင်ကြီး အဲလူတွေက…” ကျောင်ရန်သည် ရှီမာယူယူအား ကြည့်ကာ မေးလေသည်။ သူသည် သူမအား အခေါ်အဝေါ်ပင် ပြောင်းခေါ်လေပြီ။

“သူတို့က သခင်ကြီးကို ပစ်မှတ်အနေနဲ့လာတာဆိုတော့ ဘယ်လိုလုပ်မလဲဆိုတာ သခင်ကြီးပဲ ဆုံးဖြတ် ပါ၊ ဒီနေ့ကိစ္စကို ချောင်မိသားစုကိုတော့ သိစေချင်မှာမဟုတ်ဘူးထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။ သူမ သည် နေထိုင်မကောင်းသေးသဖြင့် ထိုအခြေအနေအား ဖြေရှင်းရန် မဖြစ်နိုင်ပေ။

ကျောင်ရန်သည် ခေါင်းညိတ်ကာပြောလေသည် “မင်းတို့ ဒီအလောင်းတွေနဲ့ သွေးတွေကို ရှင်းလိုက်  တော့”

“ဟုတ်ကဲ့ပါ ခေါင်းဆောင်”

ရှီမာယူယူသည် အနီးရှိမြစ်သို့သွားကာ မျက်နှာသစ်လိုက်သည်။ သူမ ပြန်လာချိန်တွင် ကျောင်မိသားစု သည် ရှင်းလင်းပြီး ဖြစ်လေသည်။ သူမ ပြန်လာသည်ကို မြင်သောအခါ အားလုံးသည် အေးခဲသွားကြလေသည်။

All Chapters