← Chapters

အပိုင်း (၄၃၃) – စစ်ဆေးကြည့်ခြင်း

Vol. 005 Ch. 433

အပိုင်း (၄၃၃) – စစ်ဆေးကြည့်ခြင်း

Vol. 005 Ch. 433

ရှီမာယူယူသည် အခြေအနေပြောင်းလဲသွားသည်ကို သတိထားမိသော်လည်း ဂရုမစိုက်တော့ပေ။ ကမ္ဘာ ဦးနယ်မြေတွင် တည်ဆောက်မှုသခင်များကို မတူညီသော အဆင့်ဖြင့် ကြောက်ရွံ့ လေးစားစွာ ဆက်ဆံကြ သည်။ ထို့အပြင် သူတို့သည် မနေ့ညကပင် သူမ၏ ပြောင်မြောက်သော စွမ်းရည်ကို တွေ့ခဲ့ရသည်။ သူတို့သည် သူတို့အသက်ရှင်ခဲ့ရသည့်အတွက် ထိုမြင်ကွင်းကို မေ့နိုင်မည် မဟုတ်ပေ။

“သခင်ကြီး” ကျောင်မိသားစုဝင်များသည် သူမအား တောင့်တင်းစွာ နှုတ်ဆက်လေသည်။ အခုတော့ သူတို့သည် ရှီမာယူယူအား မြင်တိုင်းတွင် ကြောက်ရွံ့ကာ ပို၍ နေရခက်လေသည်။ အရင်က သူမအပေါ် အထင်သေးခဲ့ သည်ကိုပင်လျှင် နောင်တရကြသည်။ ကြောက်မက်ဖွယ်အခြေအနေသို့ ရောက်သောအခါ သူမ သည် သူတို့၏ ကယ်တင်ရှင်ဖြစ်မည်ဟု ထင်မထားခဲ့ကြပေ။

ရှီမာယူယူ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ကျွန်တော့်ကို သခင်ကြီးလို့မခေါ်ပါနဲ့ ယူယူလို့ပဲ ခေါ် ပါ” သူမသည် သခင်ကြီးဟူသော အမည်နှင့် အသားမကျပေ။

ကျောင်မိသားစုဝင်များသည် မငြင်းသော်လည်း သူသည် အကျင့်ကောင်းသော လူဖြစ်နေသဖြင့် ပို၍ နေရခက်ပြီး ရှက်ရွံ့ကြလေသည်။ သူတို့သည် သူမအား မြှောက်ပင့်ပြောဆိုပါက လှည့်ထွက်သွားနိုင်သည်။ ထို့အပြင် ကျောင်မာသည် သူမကို ကြင်နာစွာ ဂရုစိုက်ခဲ့သဖြင့် အရင်ကကိစ္စနှင့် ပတ်သတ်၍ သတိထားရန် မလို အပ်တော့ပေ။

“ယူယူ ရှင်ဆေးကြောပြီးပြီလား” ကျောင်မာ ပြုံးပြီး မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်ကာ မေးလိုက်သည် “ချောင်မိသားစုအိမ်တော်က ဒီကနေ ဝေးသေးလား”

“နည်းနည်းတော့ဝေးတယ်… ကျွန်တော်တို့ သားရဲပျံစီးသွားရင် တစ်ရက်လောက်နဲ့ ရောက်နိုင် တယ်” ကျောင်ရန် ပြန်ဖြေလေသည်။

“ဘာလို့ သားရဲပျံမစီးတာလဲ” ရှီမာယူယူ မေးလိုက်သည်။

ကျောင်မိသားစုဝင်များသည် နေရခက်စွာ ပြန်ဖြေလေသည် “ကျွန်တော်တို့မှာ… သားရဲပျံမရှိဘူး”

ကမ္ဘာဦးနယ်မြေတွင် လူတိုင်းတွင် စာချုပ်သားရဲများ မရှိသည်ကို ရှီမာယူယူ သတိပြန်ရသွားသည်။ အဘယ့်ကြောင့်ဆိုသော် ထိုနေရာမှ ဝိညာဉ်သားရဲများသည် မြင့်မြတ်သော သွေးသားများဖြစ်၍ မည်သူနှင့်မှ စာချုပ် ချုပ်ခွင့်မပြုပေ။ အခု သူမ စဉ်းစားကြည့်ရာ ကမ္ဘာဦးနယ်မြေတွင် အံ့ဖွယ်အဆင့်အောက်ဆိုလျှင် ပျံသန်းရန် မဖြစ် နိုင်ကာ ဝိညာဉ်သားရဲများနှင့်လည်း စာချုပ်မချုပ်နိုင်ပေ။ သူတို့သည် ဖြတ်လမ်းတည်ဆောက်မှုကိုလည်း လွတ်လပ် စွာ အသုံးမပြုရပေ။ ထိုသည်မှာ လောကအနိမ့်များထက်ပင် တင်းကြပ်သော အရာများဖြစ်လေသည်။

“ခင်ဗျားတို့ အိမ်တော်နဲ့ရော ဘယ်လောက်ဝေးသေးလဲ” သူမ မေးလိုက်သည်။

“အခုလက်ရှိနေရာနဲ့ ဆိုရင် လတစ်ဝက်စာလောက်” ကျောင်ရန် ပြန်ဖြေလေသည်။

ရှီမာယူယူသည် အလောမကြီးသော်လည်း သူမအချိန်များကိုတော့ လမ်းတွင် မကုန်ဆုံးချင်ပေ။ သို့သော် တစ်ချိန်တည်းမှာပင် သူမသည် ငှက်လေးနှင့် ဆက်သွယ်လို့မရသဖြင့် ခေါ်ထုတ်လို့မရပေ။

“ကျွန်တော်တို့ သွားဖို့ တစ်ခုခုရမယ်ဆိုရင်” ရှီမာယူယူပြောလိုက်သည် “မသွားလို့မဖြစ်ဘူး… သားရဲပျံ ရှာ ရအောင်”

“သခင်…ယူယူ ဒီလိုစကားကို လက်လွတ်စပယ်ပြောလို့မရဘူး၊ ဝိညာဉ်သားရဲတွေကြားရင် ပြဿနာကို ဖိတ်ခေါ်သလိုဖြစ်နေမယ်” ကျောင်ရန် ပြောလိုက်သည်။

“သူတို့ အလိုရှိတယ်ဆိုရင် ပြဿနာမရှိပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒီမှာ သားရဲပျံရှိလား”

“ရှိတယ်” ကျောင်မာ ပြောလိုက်သည် “ဒီတောင်ကို ဖြတ်လာတော့ ဖီးနစ်ငှက်ကိုတွေကခဲ့တယ်၊ အထွတ်အထိပ်သားရဲပဲ”

“ဒါဆို သွားရှာရအောင်” ရှီမာယူယူသည် မျက်လုံးအရောင်တောက်ကာ ပြောလေသည်။

“ကောင်းပြီ ကျွန်မခေါ်သွားပေးမယ်” ကျောင်မာ စိတ်လှုပ်ရှားသွားသည်။ သူတို့သာ သားရဲပျံကို ရှာနိုင်ပြီး သူတို့ကို ခရီးစဉ်တစ်လျှောက်ခေါ်သွားနိုင်ပါက ပိုလုံခြုံပြီး ပိုမြန်နိုင်သည်။ ကျောင်ရန်သည် သူတို့အား တားရန် စဉ်းစားလိုက်သော်လည်း ရှီမာယူယူ ယုံကြည်ချက်အပြည့်ရှိနေသည်ကို တွေ့သည်နှင့် မနေ့က သူမအမူအရာ အားပြန်မြင်ယောင်ကာ သူ့အတွေးများသည် လေတွင် ပျောက်သွားလေသည်။ သားရဲပျံ ရှာတွေ့ပါက အကောင်း ဆုံးပင်။ သူတို့သည် ပစ္စည်းများသိမ်းဆည်းကာ ဖီးနစ်ငှက်မြင်ခဲ့သော နေရာသို့ သွားကြလေသည်။

နေ့လည်ရောက်သောအခါ သူတို့သည် ဖီးနစ်ငှက်မြင်ခဲ့သော နေရာသို့ ရောက်လေသည်။ သူတို့အဝေး မှ ကြည့်လိုက်သောအခါ ကျောက်ကမ်းပါး အလယ်တွင် ကြီးမားသော ငှက်အသိုက် တွဲလျားကျနေသည်ကို  တွေ့လိုက်ရသည်။

“အဲဒါပဲ” ကျောင်မာသည် ငှက်သိုက်အား ညွှန်ပြကာ ပြောလေသည်။ “ကျွန်မတို့ ဖြတ်သွားတော့ ဒီမှာ ဖီးနစ်ကိုမြင်ခဲ့တာပဲ” ရှီမာယူယူ ကြည့်လိုက်ရာ ထိုဖီးနစ်ငှက်သည် အသိုက်တွင် ရှိမနေပေ။ အစာရှာထွက်နေ သည့်ပုံပင်။

“ကျောင်မာ သားရဲပျံလိုချင်လား” ရှီမာယူယူသည် ကျောင်မာ၏ မျက်နှာမှ လိုချင်စိတ်ပြင်းပြနေသော အကြည့်ကို မြင်သောကြောင့် ပြောလိုက်သည်။

“လိုချင်တာပေါ့၊ ဒါပေမဲ့ ရှင်စာချုပ်မချုပ်နိုင်မချင်း စိတ်ဝင်စားဖို့မလိုဘူး ဒီမှာ သားရဲထိန်းကျောင်းသူက များများစားစားရှိတာမဟုတ်ဘူး၊ ကောင်းကင်ကျား အိမ်တော်မှာတောင် သားရဲထိန်းကျောင်းသူ နှစ်ယောက်   တောင် မရှိဘူး” ကျောင်မာသည် စိတ်ပျက်စွာ ပြောလေသည်။

ရှီမာယူယူသည် သူမနှာခေါင်းအား ပွတ်လိုက်သည်။ သားရဲထိန်းကျောင်းခြင်းအလုပ်သည် ကမ္ဘာဦး နယ်မြေတွင် ထူးခြားသော အလုပ်အကိုင်ဖြစ်သည့် ပုံပင်။ ဒီနေရာမှ လူသားများသည် ရာထူးအရမြင့်သော်လည်း အရေအတွက်နည်းပါးကာ ဝိညာဉ်သားရဲများသည် သားရဲထိန်းကျောင်းသူများကို မုန်းတီးသဖြင့် သားရဲထိန်းကျောင်းသူ  ဖြစ်လာခြင်းမှာ အလွန်အန္တရာယ်များသော အလုပ်ဖြစ်သည်။

“အဲအကောင်က စိတ်ပါတယ်ဆိုရင် လိုချင်လား” သူမသည် ကျောင်မာအား လှည့်ကြည့်လိုက်သည်။

ကျောင်မာသည် အံ့အားသင့်ကာ “လိုချင်တာပေါ့”

“ဒါဆို ဒီမှာပဲစောင့်ရအောင်” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် ကျောင်မာအား ကြည့်ကာ မေး လိုက်သည် “အဲဖီးနစ်က အဆင့်ဘယ်လောက်လဲ၊ မင်းထိန်းချုပ်နိုင်ပါ့မလား”

“မဖြစ်နိုင်လောက်ဘူး” ကျောင်ရန် ပြောလိုက်သည် “အဲအကောင်က အထွတ်အထိတ် အဆင့် ၁ မဟုတ်ရင် အဆင့်၂ပဲ” အဆင့်၁ အထွတ်အထိပ်သားရဲသည် အဆင့်၂ အံ့ဖွယ်သားရဲနှင့် ယှဉ်နိုင်သည်။ သူတို့၏ ခန္ဓာ ကိုယ်သည် သန်မာလွန်းသဖြင့် တိုက်ပွဲကို ကြာကြာတိုက်နိုင်သည်။ အဆင့်၂ အထွတ်အထိပ်သားရဲသည် အံ့ဖွယ် ဘုရင်နီးပါး အားကောင်းသည်။ အဆင့် နောက်ပိုင်းရောက်လျှင် အံ့ဖွယ်အရှင်အဆင့် လောက် အားကောင်း သည်။ ကျောင်ရန်သည် အံ့ဖွယ်ဘုရင်အစပိုင်းဖြစ်ကာ ထိုဖီးနစ်နှင့် မယှဉ်နိုင်ပေ။

ရှီမာယူယူ ခေတ္တမျှ စဉ်းစားကာ ပြောလိုက်သည် “ကျွန်တော် သွားကြည့်မယ် ဒီမှာပဲ စောင့်နေပါ”  ပြောပြီးနောက် သူမသည် တစ်ဖက်မှ ချောက်ကမ်းပါးသို့ သွားလိုက်သည်။ သူမ လှုပ်ရှားလိုက်သော အမြန်နှုန်း ကိုကြည့်လျှင် သူမ ခန္ဓာကိုယ်သည် ပြန်ကောင်းနေသည်ကို တွေ့နိုင်သည်။ သူမသည် ကမ်းပါးအောက်ခြေသို့  ရောက်သောအခါ သူမ တစ်စုံတစ်ရာအား ပစ်လိုက်ကာ ကမ်းပါးကို တစ်ပတ်ပတ်ပြီး ပြန်လာသည်ကို တွေ့ လိုက်ရသည်။

“အဲအတိုင်းပဲလား” ကျောင်မာသည် ရှီမာယူယူအား မသေချာစွာ ကြည့်လိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည် “ငါ မင်းကို ဒီနေ့ ဖီးနစ် လက်ဆောင်ပေးမယ်”

“ကောင်းပြီ” ကျောင်မာသည် ရှီမာယူယူအား ကြည့်ကာ ရှက်ရွံ့စွာ ပြုံးလိုက်သ်ည။

သူတို့သည် မျက်နှာချင်းဆိုင် ကမ်းပါးတွင် တစ်နာရီလောက်စောင့်ပြီးနောက်တွင် ဖီးနစ်ငှက် ပေါ်လာ သည်။ လေတွင် အနည်းငယ်မှ ပတ်ပြီးနောက် သူ့အသိုက်သို့ ပြန်လေသည်။

“ဒီဖီးနစ်က သွေးမသန့်ဘူး” ရှီမာယူယူသည် ဖီးနစ်ငှက်အားမြင်ပြီးနောက် ပြောလိုက်လေသည်။ သူမ သည် သန့်စင်သော ဖီးနစ်ငှက်အားတွေ့ဖူးသည်။ အရင်ကတွေ့ဖူးသော အကောင်ထက် အခု မျက်စိရှေ့မှ အကောင်သည် ပိုကောင်းသည်။ အင်း.. အရသာတော့ ရှိတော့မယ်။ ထို့အပြင် ဒီအကောင်သည် ဖီးနစ်ငှက် သွေးသားအနည်းငယ်သာပါသည်။ ထို့ကြောင့်ပင် ဖီးနစ်ငှက်အသွင် ပေါက်နေခြင်းဖြစ်သည်။ ထိုငှက် သည် သွေးမသန့်သော်လည်း အထွတ်အထိပ်သားရဲ အဆင့်ရောက်သည့်အချက်မှာ သူသည် အလွန်သန်မာ သည့် အဓိပ္ပာယ်ပင်ဖြစ်သည်။

ငှက်သည် သူ့အသိုက်သို့ ဝင်လိုက်သည်နှင့် တည်ဆောက်မှုသည် အသိုက်အား ထိန်းချုပ်ထားသဖြင့် ငှက်သည် အသိုက်အတွင်း ပိတ်မိနေလေသည်။ ရုတ်တရက် အခြေအနေပြောင်းလဲကာ ငှက်သည် အပြင်း အထန် လှုပ်ရှားလိုက်သဖြင့် လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ သို့သော် မကြာခင်တွင် ငြိမ်သက်သွားလေ သည်။ ရှီမာယူယူနှင့် တခြားသူများ အနောက်တွင် ရောက်နေသည်ကို သိသောအခါ ငှက်သည်  ပြောလိုက်လေသည် “ဒါမင်းလုပ်ထားတာလား”

သူ ပျံလာစဉ်တွင် သူ့အသိုက်နှင့် မျက်နှာချင်းဆိုင်မှ လူသားအနံ့ရခဲ့သည်။ သူတို့သည် အစီအစဉ်ချ ထားသည့်ပုံပင်။

ရှီမာယူယူလျှောက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော ငှက်အား ကြောက်ရွံ့ခြင်းမရှိပဲ “ဟုတ်တယ် အဲဒါ ငါလုပ်ထားတာပဲ”

“မင်းကို တစ်စစီ စုတ်ဖြဲပစ်မယ်” ငှက်သည် အတောင်ပံခတ်ကာ သူတို့ဆီသို့ လာသော်လည်း တည်ဆောက်မှုကြောင့် ထွက်မရပေ။

“အသုံးမဝင်ဘူး၊ ငါ့ ထောင်ချောက်က အဆင့်မြင့် အံ့ဖွယ်အရှင်တောင် ချုပ်ထားနိုင်တယ်၊ မင်းလို အဆင့် ၂ အထွတ်အထိပ်သားရဲကတော့ မရဘူး” ရှီမာယူယူ ကြွားဝါလိုက်သည်။

“မင်း င့ါဆီကနေ ဘာလိုချင်တာလဲ” ငှက်သည် ရှီမာယူယူအား ဒေါသဖြစ်စွာ ကြည့်လေသည်။

“မင်းဆီက ဘာမှမလိုချင်ပါဘူး” ရှီမာယူယူ ပြုံးကာ ပြောလိုက်သည် “မင်းကို ငါ့တို့ရဲ့ သားရဲပျံပဲ ဖြစ်ခွင့်  ပေးမှာပါ”

ကျောင်မိသားစုဝင်များသည် သူမ စကားများကို ကြားသောအခါ အလွန်အံ့သြသွားကြလေသည်။ သူမသည် သူမ သားရဲပျံလုပ်ချင်သည်ဟု ပြောသော်လည်း ဘာမှမလိုချင်ဘူးဆိုတာ ဘာကို ပြောတာလဲ။

All Chapters