← Chapters

ပါရမီရှင်နှစ်ယောက်၏တွေ့ဆုံခြင်း

Vol. 008 Ch. 749

ပါရမီရှင်နှစ်ယောက်၏တွေ့ဆုံခြင်း

Vol. 008 Ch. 749

လီခိုင်ရှင်းနှင့် တခြားလူများက ထိုနေရာတွင်ပင် ဆက်စောင့် နေကြသည်။ ကျောက်စီရီနှင့် တခြားလူများကလည်း ရီဖူရှင်းတို့အဖွဲ့ ထွက်သွားသည်ကို ကြည့်နေကြ၏။ ရီဖူရှင်းကား နတ်နဂါးကစားပွဲကို လျူကျောင်းနှင့် ပြိုင်တူ ယှဉ်ပြိုင်မိခြင်းကား အလွန်ကံဆိုးသော အချက်ဖြစ်သည်။ အကယ်၍ လျူကျောင်းသာ မရှိလျှင် စစ်တုရင်ရှန့်ထို၏ အမွေအား ရီဖူရှင်းကသာ ဆက်ခံရပေလိမ့်မည်။

စစ်တုရင်ရှန့်ထိုက လျူကျောင်းအား ကြည့်သည်… “လျူကျောင်း… မင်းက ရှီဟွာတောင်က ရှန့်ထိုသုံးပါးရဲ့ တပည့်ပဲ ... အခု မင်းက စစ်တုရင်ကျေးရွာကို ရောက်လာတယ်… ငါက တကယ်တမ်း ဒီမှာ ရှိမနေဘူး ဆိုတာ မင်းသိလိမ့်မယ်…”

“အမှန်ပါပဲ…” လျူကျောင်းကလည်း ခေါင်းညိတ်ကာ ပြောသည်… “ဆရာ့ဆီက ကြားရသလောက် စီနီယာက အဲဒီနေရာကို ထွက်သွားခဲ့ပြီး အခုထိ ပြန်မလာ နိုင်သေးဘူး…”

“အမှန်ပဲ…” စစ်တုရင်ရှန့်ထိုက ခေါင်းညိတ်သည်… “အခုထိ ငါ့ရုပ်ခန္ဓာက အဲဒီမှာ ပိတ်လှောင်မိနေတုန်းပဲ…”

လျူကျောင်းက သူ့ရှေ့မှ ရုပ်တုအလားလူကို ကြည့်သည်။ စစ်တုရင်ရှန့်ထိုကဲ့သို့ သူပင်လျှင် ထိုနေရာတွင် ပိတ်လှောင်ခံရမည်ဟု သူမထင်ထားပေ။ ထိုနေရာက ကောလာဟလများ အတိုင်းပင် အလွန် ကြောက်မက်ဖွယ် ကောင်းလွန်း လှပေသည်။ သို့တိုင်အောင် သူကလည်း အနှေးနှင့်အမြန် ထိုနေရာကို အပိုင်စိုး ရရပေမည်။

“ငါ့ရဲ့ ပညာအမွေတွေကို မင်းဆီ လက်ဆင့်ကမ်းပေးခဲ့မယ်… ဒီနေ့ကစပြီး ငါ့တပည့် ကိုးယောက်ကလည်း မင်းကို ကူညီကြလိမ့်မယ်… မင်းက စစ်တုရင်ကျေးရွာက ကြွယ်ဝမှုတွေကို သင့်တော်သလို အသုံးချနိုင်တယ်…” စစ်တုရင်ရှန့်ထိုက ပြောသည်တွင် လျူကျောင်းကလည်း ဘာကို ဆိုလိုသည်ကို နားလည်သည်။

စစ်တုရင်ရှန့်ထိုက တခြား ကိစ္စရပ်များအား ပြောဆိုဆွေးနွေးကာ ထိုအထဲတွင် ရန်ရှောင်တို့အတွက် ညွှန်ကြားချက်များလည်း ပါဝင်ကြသည်။

ထို့နောက်တွင် လျူကျောင်းနှင့် ရန်ရှောင်တို့ နှစ်ယောက်လုံးက ထိုနေရာမှ ပြန်ထွက်ခွာ လာကြ၏။

လီခိုင်ရှင်း၊ ကျောက်စီရီနှင့် တခြား စောင့်နေကြသူများ အားလုံးက လျူကျောင်း ပြန်ရောက်လာသည်တွင် ပြုံးလျက် ဆီးကြိုကြသည်။ သည်မြင်ကွင်းက သူတို့ မျှော်လင့်ထားသည့် အရာပင်ဖြစ်ကာ အရာရာတိုင်းက စိတ်ကျေနပ်ဖွယ်ရာ ပြီးဆုံးခဲ့သည်။

***

ယွီကျင့်အိမ်တော်မှ ဂုဏ်ပြုပွဲကား စည်ကား သိုက်မြိုက်ပေသည်။ အရှေ့ဘက်ပြည်နယ်၏ ဂုဏ်ယူရသော သားတော် သမီးတော် အတော်များများက ညစာစားပွဲကို ရောက်လာကြသည်။

“လျူကျောင်း၊ မိသားစု ခေါင်းဆောငနဲ့ တခြားလူတွေက တောင်ပေါ်က ဆင်းလာကြပြီ... မိသားစု ခေါင်းဆောင်က လူကျောင်းနောက်က ခြေတစ်လှမ်း အကွာ လိုက်လာတယ်… ဒါက ဘာကို ဆိုလိုတယ်ဆိုတာ ခင်ဗျားတို့ သိလား…” တစ်ယောက်က ပြောသည်။

အားလုံးက ပြုံးလိုက်ကြသည်။ သူတို့အားလုံးက ထိုသို့သော ထုံးတမ်းစဉ်လာကို အဓိပ္ပာယ် ဖော်ထုတ်ခြင်းငှာ သိပ်ခက်ခက်ခဲခဲ စဉ်းစားစရာပင် မလို။

စစ်တုရင်ရှန့်ထိုက လျူကျောင်းအား သူ၏ဆက်ခံသူအဖြစ် ရွေးလိုက်ကာ တပည့်အကြီးဆုံး ရန်ရှောင်ပင် ယခုအချိန်မှစ၍ လျူကျောင်း၏ အမိန့်များကို နာခံရမည်ဟု ဆိုလိုသည်။

“ရှီဟွာတောင်ရဲ့ လျူကျောင်း... ရှန့်ထိုသုံးပါးရဲ့ လက်အောက်မှာ ပညာနို့ စို့သောက်ခဲ့သူပဲ… ဒီနေ့ဖြစ်လာတာက အားလုံး မျှော်လင့်ထားတဲ့ အတိုင်းပဲ…”

“အမှန်ပဲ… လျူကျောင်းက အနာဂတ်မှာ သေချာပေါက် နာမည် ကျော်ကြားလိမ့်မယ်…”

ထိုအခိုက်တွင် အားလုံးက တခြားအရပ်ကို လှမ်းကြည့်ကြသည်။ ရီဖူရှင်းနှင့် ကျင့်ကုန်းစီတို့ကား တခြား တစ်နေရာတွင် ထိုင်နေကြ၏။ အတော်များများက သူတို့အား ကြည့်ကာ သက်ပြင်း ချကြသည်။ နတ်နဂါး ကစားကွက်ကို ဖြိုဖျက်နိုင်ခြင်းက ရီဖူရှင်း၏ အရည်အချင်းကို ထင်သာမြင်သာ စေသည်။ အနည်းဆုံး သူ့တွင် စစ်တုရင်ပညာ၌ မြင့်မားသော ပါရမီများ ရှိနေသည်။

လျူကျောင်း ရှိနေခြင်းက ရီဖူရှင်းအတွက် စိတ်မကောင်းစရာ ကိစ္စဖြစ်သည်။

လူတစ်စုက ညစာစားပွဲကို ရောက်လာကြသည်။ သူတို့ကား ရန်ရှောင်နှင့် လျူကျောင်းတို့အုပ်စု ဖြစ်ကြ၏။ ရီဖူရှင်းက သူတို့အား လှမ်းကြည့်သည်တွင် တိုက်ဆိုင်စွာပင် လျူကျောင်း၏ မျက်လုံးများကလည်း ရီဖူရှင်းနှင့် ဆုံမိသည်။ ထို့နောက် လျူကျောင်းက ပြုံးလျက် ခေါင်းညိတ်ပြသည်။

ရီဖူရှင်းကလည်း ပြန်လည်၍ ပြုံးပြသည်။ မည်သို့ပင်ဖြစ်စေ လျူကျောင်းကား သူနှင့် မည်သည့်အခါကမှ ပြဿနာ မရှိဖူးပေ။ လျူကျောင်းအား ယခုထက်ထိ နားလည်နိုင်စွမ်း ငှာလည်း မတတ်နိုင်ပေ။

လျူကျောင်းကား အသိပညာနှင့် အတတ်ပညာများတွင် ကြွယ်ဝသူဟု နာမည် ကျော်ကြားပေသည်။ သူက ရှေးဟောင်း ဗုဒ္ဓကျမ်းစာများကိုပင် နားလည် ဆင်ခြင်နိုင်စွမ်း ရှိသည်။ သူ့အား ရှားပါးသော ပါရမီရှင်အဖြစ် သတ်မှတ် နိုင်ပေသည်။

လျူကျောင်းက နတ်နဂါး ကစားကွက်ကို ဖြိုခွင်းနိုင်ကတည်းက သူကား အလွန်အမင်း ထူးခြား ထက်မြက်သူဟု ဝန်ခံခဲ့ရပေသည်။ သူ့တွင် စစ်တုရင်ဝိညာဉ် မရှိပါဘဲနှင့်ပင် လျူကျောင်းကား ထိုမျှ စွမ်းဆောင်နိုင်ခဲ့သည်။

လျူကျောင်းက တစ်ဖက် လှမ်းထွက် သွားသည်တွင် မကြာခင် ရီဖူရှင်း၏အနီးကို ချောမောသော လူငယ်တစ်ယောက် ရောက်လာသည်။ သူကား လျူကျောင်း၏ ဂျူနီယာဖြစ်သူ မိုကျွမ်ဖြစ်သည်။ သူက မျက်မှောင် အနည်းငယ် ကွေးလျက် ရီဖူရှင်းကို ပြုံးကာ နှုတ်ဆက်သည်… “နန်းတော်သခင်ရီ... ကျုပ်မှာ ပြောစရာ တစ်ခုရှိတယ်…”

“အဲဒါက ဘာများဖြစ်မလဲ…” ရီဖူရှင်းက မေးသည်။

“ညစာစားပွဲပြီးရင် အစ်ကိုက ခင်ဗျားနဲ့ တွေ့ပြီး စကားနည်းနည်း ပြောချင်တယ်... အချိန်ကျရင် ကျုပ်လာခေါ်ပါ့မယ်...” မိုကျွမ်က ပြောသည်။

“ကောင်းပြီ…” ရီဖူရှင်းက ငြင်းပယ်ခြင်း မပြုပေ။ လျူကျောင်းနှင့် စကားပြောခြင်းက သူ၏စိတ်နေ သဘောထား အချို့ကိုလည်း အကဲခတ်ခွင့် ရပေမည်။

“ကျေးဇူးတင်ပါတယ် နန်းတော်သခင်ရီ…” မိုကျွမ်က ပြောသည်။ ထို့နောက် မိုကျွမ်က တစ်ဖက်လှည့်ကာ ထွက်သွားသည်။

လျူကျောင်းက ညစာစားပွဲတွင် အချိန်ကြာကြာ မနေဘဲ ထွက်သွားသည်။ သူကား သူ ခင်မင်သူများဖြင့်သာ ပြောဆို ပေါင်းသင်း တတ်သည်ဟု အများစုက သိကြရာ သိပ်မထူးဆန်း ကြတော့ပေ။

ယွီကျင့်အိမ်တော်၏ အခန်းတစ်ခု၌ လျူကျောင်းက ရပ်နေသည်။ ထိုနေရာကို လူတစ်ယောက် လျှောက်လာကာ ထိုလူကား စစ်တုရင်ရှန့်ထို၏ ဒုတိယတပည့် လီခိုင်ရှင်း ဖြစ်သည်။

လီခိုင်ရှင်းက လျူကျောင်းထံကို လျှောက်လာကာ တိတ်ဆိတ်စွာ ရပ်သည်။

“ဂုဏ်ပြုပါတယ်…” လီခိုင်ရှင်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“ဒါက ဖြစ်စဉ် တစ်ခုတည်းပါပဲ… ဂုဏ်ယူစရာ သိပ်မရှိပါဘူး…” လျူကျောင်းက ခံစားချက်ကင်းမဲ့သော လေသံဖြင့် ပြောသည်။

“အနည်းဆုံးတော့ ဒီဖြစ်စဉ်က ပြီးပြည့်စုံခဲ့တာပေါ့...” လီခိုင်ရှင်း ပြောသည်။

“ခင်ဗျားလည်း အတူတူပါပဲ... နောက်ထပ် ရှန့်ထိုတိုက်ပွဲမှာ ခင်ဗျားကို ကျုပ်ကူညီမယ်…” လျူကျောင်းက ရှေ့ကို ကြည့်ကာ ပြောသည်… “ခင်ဗျားက ရှန့်ထိုအဆင့်ကို တက်လှမ်းဖို့ နည်းလမ်းရဖို့ ကျုပ်မျှော်လင့်တယ်...ကျုပ်ကို စိတ်မပျက်စေပါနဲ့…”

“ဒါက ကျုပ်အတွက် တစ်ခုတည်း မဟုတ်ပါဘူး... ကျုပ်ဆရာ အတွက်လည်း ပါတယ်… မင်းကဒါကို အောင်မြင်အောင် လုပ်ဖို့ အသင့်တော်ဆုံးလူပဲ…” လီခိုင်ရှင်းက ပြောသည်။

“ကျွန်တော် နားလည်တယ်…” လျူကျောင်းက ပြောသည်။

“လျူကျောင်း…” အသံတစ်သံအား ကြားရသည်တွင် လှပသော မိန်းကလေး တစ်ယောက် ပြုံးလျက် လျှောက်လာသည်ကို မြင်ရသည်... “ဆရာအားလည်း ဒီမှာ ရောက်နေတာကိုး…”

လီခိုင်ရှင်းက ကျောက်စီရီအား ပြုံးလျက် ပြောသည်… “ကျုပ် သွားလိုက်ပါဦးမယ်…” ထို့နောက် သူက အဝေးကို ထွက်သွားသည်။ ကျောက်စီရီက လျူကျောင်းထံကို လျှောက်လာကာ ပြောသည်… “ရှင်က တသီးတသန့် နေထိုင်တတ်တယ်လို့ ကြားတယ်… ဒါမှန်လား…”

လျူကျောင်းက ကျောက်စီရီကို ကြည့်ကာ ပြုံးလျက် ခေါင်းယမ်းသည်။ သည်လောကတွင် သူ့အားနားလည်သော လူအနည်းငယ်သာ ရှိသည်။

“ဒါက အခြေအနေပေါ် မူတည်ပါတယ်…” လျူကျောင်းက ပြုံးလျက် ပြောသည်။

“ကျွန်မကိုရော…” ကျောက်စီရီက လျူကျောင်းအား အနည်းငယ် ရှက်ရွံ့ဟန်ဖြင့် ပြောသည်။ သူမက ခေါင်းငုံ့ကာ တီးတိုးပြောသည်… “အနာဂတ်ကို နင်နဲ့အတူ လျှောက်လှမ်းလို့ ရမလားဟင်…”

လျူကျောင်းက ကျောက်စီရီအား ကြည့်ကာ သူမဘာကို ဆိုလိုသည်ကို နားလည်သည်။ သူမကား သူ့အပေါ် ခံစားချက်များအား ထုတ်ဖော်နေခြင်း ဖြစ်သည်။

လျူကျောင်းက လက်ကို ဆန့်တန်းကာ ရှက်သွေးများ ဖြာနေသော သူမ၏ မျက်နှာလေးအား သွားရောက် ထိတွေ့သည်။ သူမ၏ရှက်ရွံ့သော အပြုအမူအား မြင်သည်တွင် လျူကျောင်းက ဆက်ပြောသည်... “မင်းဆန္ဒရှိရင်ပေါ့… စီရီ…”

“အင်း…” ကျောက်စီရီက အနည်းငယ် ခေါင်းညိတ်ကာ နောက်ကို လှည့်၍ ပေါ့ပါးစွာ ပြေးထွက်သွားရင်းက ပြောသည်… “သေချာပေါက် ဆန္ဒရှိတာပေါ့…”

သူမက အပြင်ကို ရောက်သွားသည်တွင် မိုကျွမ်နှင့် ရီဖူရှင်းတိုအား တိုက်ဆိုင်စွာ သွားတိုးသည်။ သူမက သူတို့ နှစ်ယောက်လုံးအား ပြုံးလျက်ကြည့်ကာ ထွက်သွားသည်။ ရီဖူရှင်း၏ အမူအရာက ထူးဆန်းသလို ဖြစ်သွားသည်။ သူမက ရီဖူရှင်းအား အေးစက်စွာ မကြည့်သော အခိုက်အတန့်ကား အလွန် ရှားပါးလွန်းလှသည်။ သူမက ပျော်ရွှင်ဖွယ်ရာ တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရဟန် တူသည်။

“အစ်ကို… သခင်ရီ ရောက်လာပြီ…” မိုကျွမ်က လျူကျောင်း၏ဘေးကို ရောက်လာသည်။

လျူကျောင်းက နောက်လှည့်ကာ ပြောသည်… “မင်း သွားလို့ရပြီ…”

“ကောင်းပါပြီ…” မိုကျွမ် ထွက်သွားသည်။

လျူကျောင်းက အဆောင်တစ်ခုအား လက်ညှိုးထိုးပြကာ ပြောသည်... “သွားထိုင်ရအောင်…” ယခင်လူများ သူ့ထံကို မည်သို့ ရောက်လာကြပါစေ လျူကျောင်းကား ထိုမျှ လေးနက်စွာ ပြုမူခြင်းမရှိပေ။ သို့သော် သူက ရီဖူရှင်းအား မြင်သည်နှင့် ထိုင်ခုံတွင် ထိုင်ရန် ပြောဆိုခဲ့သည်။

ထိုအရာက လီခိုင်ရှင်းနှင့် ကျောက်စီရီတို့ သတိမထားမိသော အသေးစိတ် အပြုအမူတစ်ခုပင် ဖြစ်သည်။

“အဲဒါ မလိုပါဘူး... ကျုပ်တို့ ဒီမှာပဲ ရပ်ပြီး ပြောကြတာပေါ့… ဘာကိစ္စလဲ…” ရီဖူရှင်းက တဲ့တိုးပြောသည်။

“ကျုပ်က မင်းကို ပြည်နယ်ကိုးခု ညီလာခံကို ဖိတ်ခေါ်ချင်တယ်… မြေရိုင်းပြည်နယ်ရဲ့ တော်ဝင်မြေ အဖြစ်နဲ့ပေါ့…” လျူကျောင်းက ပြောသည်။

ပြည်နယ် ကိုးခုညီလာခံကား ရှီဟွာတောင်တွင် ကျင်းပမည် ဖြစ်သည်။ လျူကျောင်းကား ရှန့်ထိုသုံးပါး၏ တပည့်ဖြစ်ရာ သူက ရှီဟွာတောင်တွင် မြင့်မားသော အဆင့်အတန်း တစ်ခုအား ပိုင်ဆိုင်သည်။ ဤသို့ ဖိတ်ခေါ်ခြင်းက အပျော်တမ်း ပြောသော စကားမဟုတ်ပေ။ အကယ်၍ သူက မြေရိုင်းပြည်နယ်အား ဖိတ်ခေါ်သည်ဆိုပါက အမှန်ပင် မြေရိုင်းပြည်နယ်က ဖိတ်ကြားခြင်း ခံရသည်ဟု သတ်မှတ်၍ရသည်။

“ဘာလို့လဲ…” ရီဖူရှင်း၏ အမူအရာက လေးနက်သွားသည်။ သူက လျူကျောင်း၏ အပြုအမူများအား ယခုထိ နားမလည်သေးပေ။

“မြေရိုင်းပြည်နယ်မှာ ရှန့်ထိုမမွေးဖွားခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ… မင်း တစ်ယောက်တည်းနဲ့ မြေရိုင်းပြည်နယ်ကို မြင့်မားအောင်လုပ်ဖို့ ခက်လိမ့်မယ်… ဘာလို့ ပြင်ပ အကူအညီ မယူတာလဲ… နောက်ထပ် ရှန့်ထိုတိုက်ပွဲမှာ မြေရိုင်းပြည်နယ်က လူတွေကို ငါက အကူအညီ ပေးနိုင်တယ်… ရှန့်ထိုတိုက်ပွဲ လုပ်တဲ့အခါ ကျုပ်ကို အနိုင်ရနိုင်တဲ့သူ လက်ချိုးရေလို့ ရလောက်တယ်…” လျူကျောင်းက အလွန်အမင်း ယုံကြည်ချက် မြင့်ဟန်ဖြင့် ပြောသည်။

“မင်းက ငါ့မေးခွန်းကို မဖြေသေးဘူး…” ရီဖူရှင်းက ဆက်ပြောသည်။ လျူကျောင်းက သူနှင့် တော်ဝင်ကျဲ နန်းတော်အား အဘယ်ကြောင့် ကူညီပေးနေသနည်း။

“ငါက တစ်ယောက်တည်း တသီးတသန့် နေရတာကို ကြိုက်တယ်လို့ လောကကြီးက ထင်တယ်… ငါက ဘာလို့ ဒီလိုနေတာလဲ သိလား…” လျူကျောင်းက ရီဖူရှင်းကို မေးသည်။

“ကျုပ်မသိဘူး…” ရီဖူရှင်းက ပြောသည်။

“အရှေ့ဘက်ပြည်နယ်မှာ ကျုပ်နဲ့အတူ လျှောက်လှမ်းဖို့ ထိုက်တန်တဲ့လူ အရမ်းနည်းလို့ပဲ…” ထိုစကားလုံး အနည်းငယ်တွင် သူ၏ အတိုင်းအဆမဲ့သော မောက်မာမှုများ ပါဝင်နေသည်။ သူက ရီဖူရှင်းအား ကြည့်ကာ ပြောသည်... “မင်းက ခေတ်သစ်တစ်ခုကို ဖန်တီးဖို့အတွက် ငါနဲ့အတူ လျှောက်လှမ်းဖို့ ထိုက်တန်တဲ့လူ အနည်းငယ်ထဲက တစ်ယောက်ပဲ…”

ရီဖူရှင်းက လျူကျောင်းအား ကြည့်သည်။ ဒါဆို ဒါက အစစ်အမှန် လျူကျောင်းပေါ့။

လျူကျောင်းနှင့် ပတ်သက်၍​ သူနားမလည်ခြင်းအား ရီဖူရှင်း ထူးဆန်းသလို ခံစားရသည်။ သူကား အလွန်ကောင်းမွန်သော နောက်ခံ အသိုင်းအဝိုင်းကို ပိုင်ဆိုင်ပြီး ရှန့်ထိုများ၏ လက်ထပ် သင်ကြားပေးခြင်း ခံရသူဖြစ်သည်။ အနာဂတ်တွင် ရှန့်ထိုဖြစ်မည့်လူ ဖြစ်ကာ အရှေ့ဘက် ပြည်နယ် ပါရမီရှင်များ၏ လေးစားအားကျရသူ ဖြစ်သည်။ ကျောက်ပြည်ထောင်မှ မင်းသမီးပင် သူ့အား ချစ်ခင် နှစ်သက်သည်။

ဂုဏ်မြင့်သော သားတော် သမီးတော်များပင် သူအောင်မြင်ရန် နတ်နဂါး စစ်တုရင်ကားကွက်အား ပါဝင်၍​ ယှဉ်ပြိုင်ပေးကြသည်။ လျူကျောင်းကား သူ့မျိုးဆက်၌ အမြင့်ဆုံးသော အဆင့်အတန်းတွင် ရပ်နေသူဖြစ်ကြောင်း အလွယ်တကူ မြင်နိုင်သည်။

***

All Chapters