အပိုင်း (၄၃၄) – သေခြင်းတရားအား တွေ့ကြုံခြင်း
Vol. 005 Ch. 434
ရှီမာယူယူ ပြောလိုက်သောစကားများကြောင့် ဖီးနစ်သည် ဒေါသများ ထွက်လေသည်။ သို့သော် သူ မည်မျှပင် ရုန်းစေကာမူ တည်ဆောက်မှုကို ဖျက်ရန်မဖြစ်နိုင်ပေ။
“မင်း စွမ်းအားတွေကို ချွေတာဦး” ရှီမာယူယူသည် ပခုံးပေါ်သို့ တက်ကာ ပြောလေသည် “မင်း အသိုက် ကို မပြန်ဘူးဆိုရင် င့ါတည်ဆောက်မှုကို ရှောင်နိုင်မှာပဲ၊ မင်းက ဒီနေရာမှာ လူသားအနံ့ရတာနဲ့ ပြန်သွားလိုက်တာ လေ၊ အဲဒါက မင်းကို ကျဆုံးစေတာပဲ” ဖီးနစ်ငှက်၏ တစ်ကိုယ်လုံးသည် အေးစက်သော ရောင်ဝါထွက်ကာ လူသတ်မည့် အကြည့်ဖြင့် ရှီမာယူယူအား ကြည့်လိုက်သည်။
သူမ မှန်သည်။ သူ ပြန်လာသောအခါ လေတွင် လူသားအနံ့ရကာ ထိုရောင်ဝါသည် အားကောင်း သောကြောင့် သူမယှဉ်နိုင်သဖြင့် အသိုက်အတွင်းဝင်လိုက်ရာ အန္တရာယ်အတွင်းကျသွားလေသည်။
“မင်းဘာလိုချင်တာလဲ” အကြိမ်အနည်းငယ်မျှ လူးလွန့်ပြီးနောက် အသုံးမဝင်သည်ကို သိသောအခါ စတင်ပြောလေသည်။
“ငါပြောပြီးပြီလေ၊ မင်းကို ငါ့ဟာဖြစ်အောင်လုပ်မယ်လို့” ရှီမာယူယူ ပြောလိုက်သည် “မင်းကို သူမရဲ့ စာချုပ်သားရဲလုပ်ပေးမယ်”
“မရဘူး” ဖီးနစ်သည် ထပ်တလဲလဲပြောလေသည်။
“ကောင်းပြီ မင်းမှာရွေးချယ်ဖို့ နှစ်ခုရှိတယ်၊ သူမ မဟုတ်ရင် သေဖို့ပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို ငါသေတာကို ရွေးမယ်” ဖီးနစ်သည် တွေဝေခြင်းမရှိပဲ ပြန်ဖြေလေသည်။
“ကောင်းပြီ မင်းဆန္ဒကို ဖြည့်ပေးရမှာပေါ့” ရှီမာယူယူသည်လည်း တွေဝေခြင်းမရှိပေ။ သူမသည် တည်ဆောက်မှုအား ဝိညာဉ်စွမ်းရည်လွှတ်ကာ ကြက်သွေးရောင်မီးတောက်ကိုလည်း ထုတ်လိုက်သည်။ ဖီးနစ် သည် ကြက်သွေးရောင်မီးတောက်အား မြင်သောအခါ မျက်လုံးတွင် ကြောက်စိတ်များဖြစ်ပေါ်လေသည်။ ထို မီးတောက်၏ အပူနှင့် အား… ထိုသည်မှာ ဘာမီးတောက်ဆိုသည်ကို သူသိသည်။ သူ တစ်စုံတစ်ရာပြောရန် ပါးစပ်ဟလိုက်သော်လည်း မီးတောက်ကြောင့် ပြန်ပိတ်သွားလေသည်။ မီးအပူသည် သူ့အား ပါးစပ်ပိတ်သွား စေပြီး သူ့စိတ်ထဲတွင် သေခြင်းတရားကို ကြောက်ရွံ့နေမှုများ ပြည့်နှက်နေသည်။ သူ ခေါင်းငုံ့လိုက်ရာ အတောင်ပံနှင့် ခြေထောက်များသည် လောင်ကျွမ်းနေပြီး မကြာမီတွင် သူ့နှလုံးသားနှင့် ခေါင်းသို့ ရောက်လာ တော့မည်။
“အာ….” မီးတောက်သည် တစ်ကိုယ်လုံးကို မဝါးမြိုခင် သူနောင်တရလာသည်။ သူဘာလို့ သေခြင်း တရားကို ယုံကြည်ချက်အပြည့်နဲ့ ရွေးချယ်ခဲ့တာလဲ။
ထိုကျမှပင် လောကတွင် အသက်ရှင်ခြင်းထက် ပိုအရေးကြီးတာ မရှိတော့သည်ကို သိလာသည်။ စာချုပ်သားရဲဖြစ်ရခြင်းသည် သေဆုံးခြင်းထက်စာလျှင် သာသည်။ နောက်ဆုံးအချိန်မှ သိလာသဖြင့် ဖီးနစ်သည် သေဆုံးခြင်းအရသာကို ခံစားရပြီး နောက်ဆုံးတွင် အမည်းရောင်အဖြစ် ပြောင်းသွားလေသည်။
ဘုန်း…. ဖီးနစ်သည် အသိုက်မှ မြေပေါ်သို့ ပြင်းထန်စွာ ကျသွားလေသည်။ သူ မျက်လုံးဖွင့်လိုက်ရာ သူ့ မျက်လုံးများတွင် နောင်တတရားများဖြစ်ပေါ်နေလေသည်။ သူက မီးတောက်ကြောင့် လောင်သွားပြီမဟုတ်ဘူး လား။ ဘာလို့ အသက်ရှင်နေသေးတာလဲ။ ရှီမာယူယူသည် တည်ဆောက်မှု နားသို့ သွားကာ သူ့မျက်လုံးမှ အကြည့်များကို ကြည့်ကာ ပြောလိုက်သည် “မင်းဘာလို့ အသက်ရှင်နေသေးလဲဆိုတာ မသိချင်ဘူးလား”
“မင်းဘာလုပ်လိုက်တာလဲ” ဖီးနစ်သည် ရှီမာယူယူအား ကြည့်ကာ တုန်လှုပ်နေလေသည်။
“ဘာမှမလုပ်ပါဘူး မင်းကို ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ပြီး အရသာခံခိုင်းလိုက်တာပဲ” ရှီမာယူယူ ပြောလေသည် “ဒါပေမဲ့ အဲဒါ ထင်ယောင်ထင်မှားပဲ၊ ဒါပေမဲ့ အဲဒါကို တကယ်လိုခံစားရတယ်မလား သေတာ ဘယ်လိုခံစားချက်မျိုးလဲ၊ မင်း သေချင်နေတုန်းပဲလား၊ မင်းခံနိုင်တယ်ဆိုရင် ဒီတစ်ခါတော့ ထင်ယောင်ထင်မှား မဟုတ်တော့ဘူး” သူမသည် လက်ထဲတွင် မီးတောက်များဖြင့် ကစားကာ ပြုံးလိုက်သည်။ သူမ ထိုသို့ ပြုမူလိုက် သောအခါ ဖီးနစ်သည် တုန်လှုပ်သွားသည်။ ရှီမာယူယူ နောက်ပြောင်နေခြင်းမဟုတ်သည်ကို သူသိသည်။ ထို့အပြင် သူမသည် သူ့အား နောက်ထပ်အခွင့်အရေးမပေးတော့ပေ။
သေခြင်း မဟုတ်ရင် ချုပ်နှောင်ခြင်း။
သူ မသေချာသေးသော်လည်း ရှီမာယူယူလက်ထဲမှ လှုပ်ရှားနေသော မီးတောက်များကို မြင်သောအခါ သေခြင်းတရားကို ဆုံးဖြတ်လိုက်သည့်အချိန်ကို ပြန်တွေးမိသည်။
“ငါ… ငါသဘောတူပါတယ်” သူသည် ထင်ယောင်ထင်မှားကြောင့် ရှုံးသွားပြီဖြစ်သည်။ ထိုကဲ့သို့ ကြောက်ရွံ့မှုမျိုးကို မခံစားနိုင်တော့ပေ။
“ကောင်းပြီ” ရှီမာယူယူ မီးတောက်အား ပြန်သိမ်းပြီး ပြောလိုက်သည် “ဒါဆို လာခဲ့ မင်းကိုငါ ထိန်းကျောင်းပေးမယ်” ဖီးနစ်သည် ထကာ လျှောက်လာပြီးနောက် သူ့ခေါင်းကို တည်ဆောက်မှု အစွန်သို့ တိုး လိုက်သည်။
ရှီမာယူယူသည် လက်ဆန့်ကာ သူ့ခေါင်းကို ထိလိုက်သည်။ သူမသည် ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်ကာ စတင် ထိန်းကျောင်းတော့သည်။ ဖီးနစ်သည် သဘောတူလိုက်သော်လည်း သူ့စိတ်သည် တောင့်ခံနေဆဲဖြစ်ကာ ရှီမာယူယူ လုပ်ငန်းစဉ်လုပ်ရာတွင် ပင်ပန်းခဲ့သည်။ သူမသည် အပြည့်အဝ ပြန်မကောင်းသေးသောကြောင့် လည်းဖြစ်မည်။ သို့သော် ကံကောင်းစွာပင် သူမသည် သန်မာသောကြောင့် ဖီးနစ်၏ စိတ်အား ထိန်းချုပ်ရန် သူမ စွမ်းအင်အား အာရုံပြုနိုင်ပြီး နောက်ဆုံးတွင် ဖီးနစ်သည် အသိအမှတ်ပြုရတော့သည်။ သူ့စိတ်မှ အလျော့ပေး လိုက်သည်နှင့် ရှီမာယူယူအတွက် ထိန်းကျောင်းရန် ပိုလွယ်ကူသွားခဲ့သည်။
နေ့တစ်ဝက်ကုန်ပြီးနောက်တွင် ရှီမာယူယူသည် လက်ကိုဖယ်လိုက်ကာ ဝေ့ရမ်းလိုက်သည်။ ထို့နောက် တွင် တည်ဆောက်မှုကျောက်တုံးများကို သိမ်းလိုက်ပြီးနောက် တည်ဆောက်မှုကို သိမ်းလိုက်သည်။ သူမသည် ကျောင်မာနှင့် တခြားသူများဘက်လှည့်ပြီး ပြောလေသည် “လာပြီး စာချုပ်ချုပ်လိုက်တော့”
ကျောင်မိသားစုဝင်များသည် သူမ ဖီးနစ်ငှက်အား ထိန်းကျောင်းနေသည်ကို စောင့်ကြည့်ရာတွင် မှင် တက်နေကြသည်။ နောက်မှပင် သတိပြန်ဝင်ကြလေသည်။ သူတို့သည် အနှောင့်အယှက်ဖြစ်မည်စိုး သောကြောင့် စကားလည်းမပြောနိုင်၊ အသက်ပင်ဖြောင့်ဖြောင့်မရှုရဲကြပေ။ သူမ ဘေးသို့ ဖယ်လိုက်မှပင် ဖီးနစ် အားထိန်းကျောင်းပြီးဖြစ်သည်ကို မြင်လိုက်ရကာ ထိုငှက်၏ ပုန်ကန်သော ဒေါသအစား ကျိုးနွံသော အကြည့်ကို တွေ့လိုက်ရလေသည်။
ကျောင်မာသည် အော်ပြီးပြေးကာ ဖီးနစ်အား စိတ်လှုပ်ရှားစွာ ကြည့်လိုက်လေသည်။ သူမသည် ရှီမာယူယူ ဘက်လှည့်ကာ ပြောလိုက်သည် “ရှင် တကယ်ပဲ ကျွန်မကို ပေးတာလား”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
“ယူယူ ရှင်က တကယ် မိုက်တာပဲ၊ ရှင် သားရဲထိန်းကျောင်းသူ ဖြစ်လိမ့်မယ်လို့ ထင်မထားမိဘူး” ကျောင်မာသည် စိတ်လှုပ်ရှားစွာ ပြောလေသည်။
“မြန်မြန်သွားပြီး စာချုပ်ချုပ်တော့ ပြီးတာနဲ့ ငါတို့ ခရီးဆက်ကြမယ်” ရှီမာယူယူ လောလိုက်သည်။
“ဟုတ်” ကျောင်မာသည် ခေါင်းညိတ်ကာ သူမအဖေအား လှည့်ကြည့်လိုက်သည်။ သဘောတူသည့် အနေနှင့် ခေါင်းညိတ်ပြသည်ကို မြင်ပြီးနောက် သူမသည် ဖီးနစ်၏ နဖူးပေါ်လက်တင်ကာ စာချုပ်ချုပ်လေသည်။ မကြာခင်တွင် စာချုပ်ပြီးမြောက်သော အလင်းတန်းသည်သားရဲနှင့် လူအကြားလှည့်ပတ်ကာ မျက်ခုံးကြားသို့ ဝင် သွားလေသည်။ ကျောင်မိသားစုဝင်များသည် စာချုပ်အောင်မြင်စွာ ချုပ်ဆိုပြီးသည်ကို မြင်သောအခါ ကျောင်မာ ဆီသို့ ပြေးပြီး စကားပြောချင်ကြသည်။ သို့သော် ဖီးနစ်နှင့် သူမအသည် အဆင့်တက်သည့် အလင်းတန်းထွက် ပေါ်လာသည်ကို မြင်သောအခါ နောက်ဆုတ်မိကြသည်။
“မင်းအဆင့်တက်သွားပြီ”
“သခင်မလေးနဲ့ စာချုပ်သားရဲနဲ့က တစ်ချိန်တည်းအတူတူ အဆင့်တက်သွားကြတယ်၊ အဲဒါစာချုပ်ကြောင့် လား”
“ဒါပေမဲ့ သားရဲနဲ့ စာချုပ်ချုပ်ပြီးတာနဲ့ အဆင့်တက်သွားတာ မမြင်ဖူးဘူး”
“သခင်လေးရှီမာရဲ့ စွမ်းအားကတော့ ကြောက်စရာပဲ”
“ဟုတ်တယ်၊ သူက တည်ဆောက်မှုသခင်ဖြစ်ရုံတင် မဟုတ်ဘူး၊ သားရဲထိန်းကျောင်းသူလည်း ဖြစ်နေ သေးတယ်၊ သူ ထိန်းကျောင်းတာ ဘာနည်းလမ်းသုံးလဲတော့ မသိဘူး၊ ဒါပေမဲ့ စာချုပ်ချုပ်ပြီးတာနဲ့ အဆင့်ပါ တက်သွားသေးတယ်”
“သခင်မလေးရဲ့ စာချုပ်သားရဲက အဆင့်၂ အထွတ်အထိပ်သားရဲကနေ အခု အဆင့်၃ အထွတ်အထိပ်သားရဲ ဖြစ်သွားပြီ၊ ဒါဆိုရင် သူ့ရဲ့စွမ်းအားက အံ့ဖွယ်အရှင်အဆင့် ဖြစ်သွားတာပေါ့၊ ဒါဆိုရင် ငါတို့မိသားစုထဲမှာ အား အကောင်းဆုံးဖြစ်သွားပြီ”
“ဟုတ်တယ်၊ အဲလိုဆိုရင် ငါတို့ ချောင်မိသားစုကို ကြောက်စရာမလိုတော့ဘူး”
“ကောင်းလိုက်တာ”
မိသားစုဝင်များသည် စိတ်အားထက်သန်စွာ ဆွေးနွေးနေချိန်တွင် ကျောင်ရန်သည် စိတ်တွင် အလွန် ကျေနပ်ကာ ပီတိဖြစ်မိလေသည်။ သူတို့ မိသားစုတစ်ခုလုံး၏ ကံကြမ္မာသည် ချက်ချင်းပင် ပြောင်းလဲ သွားသည်။ သူမသည် ရှီမာယူယူအား ကျေးဇူးတင်စွာ ကြည့်မိသည်။ သူသည် သဲကန္တာရထဲမှ သူ့ကို မကယ်တင် ခဲ့ပါက ဒီနေ့လိုမျိုးအပြောင်းအလဲကို ခံစားရမည် မဟုတ်ပေ။ သူ့အားကယ်တယ်ခြင်းသည် လွန်ခဲ့သည့် နှစ်များ အတွင်း လုပ်ခဲ့သမျှထဲတွင် အကောင်းဆုံးဖြစ်သည်။
လျင်မြန်စွာပင် သူတို့နှစ်ယောက်လုံး၏ အဆင့်တက်ခြင်းများ ပြီးဆုံးသွားပြီး ကျောင်မာသည် ပျော်ရွှင် စွာ ထခုန်မိလေသည်။ ဖီးနစ်သည်လည်း အဆင့်တက်ခြင်းကို ပျော်ရွှင်နေလေသည်။
“ကျေးဇူးပဲ ယူယူ” ကျောင်မာသည် ပျော်ရွှင်စွာ ကျေးဇူးတင်စကား ပြောလေသည်။
“မင်းတို့က ငါ့ကိုကယ်ထားတာပဲ” ရှီမာယူယူ ရိုးရှင်းစွာ တုန့်ပြန်လေသည်။ သူတို့သာ သူမကို မကယ် ခဲ့ပါကာ ဒီနေ့ ပြန်ကူညီပေးနိုင်မည် မဟုတ်ပေ။
“ဒါပေမဲ့ ကျေးဇူးတင်တုန်းပဲ” ကျောင်မာ ပြောလိုက်သည် “ယူယူ ရှင်က သားရဲတွေကို ထိန်းကျောင်းနိုင် တယ်ဆိုတာ့ ကျွန်မတို့ကို နည်းနည်းလောက် ကူညီပေးနိုင်မလား” သူတို့မိသားစုတွင် စာချုပ်သားရဲများ ထပ်ရှိ လာပါက သူတို့ပိုပြီး မသန်မာလာနိုင်ဘူးလား။
ကျောင်မိသားစုဝင်များသည် သူမ အကူအညီအားကြားသောအခါ စိတ်လှုပ်ရှားသွားကြကာ သူမ အဖြေအားစောင့်နေကြလေသည်။
ရှီမာယူယူသည် စဉ်းစားကာ ခေါင်းညိတ်ပြီး ပြောလေသည် “ရတာပေါ့၊ ဒါပေမဲ့ ငါ့ကိုတော့ ခေါ်လာပေးရမယ်”