အပိုင်း (၄၃၅) – အဟန့်အတားအားဖြတ်ကျော်ခြင်း
Vol. 005 Ch. 435
“ကောင်းလိုက်တာ၊ ယူယူ ကျေးဇူးတင်ပါတယ်” ကျောင်မာသည် ရှီမာယူယူအား ကျေးဇူးတင်စွာ ကြည့်လေသည် “စိတ်မပူနဲ့ ကျွန်မတို့လုပ်ပေးမယ်” သားရဲအားထိန်းကျောင်းရန် သားရဲထိန်းကျောင်းသူ ခန့်အပ် ခြင်းသည် အလွန်ဈေးကြီးသည်ကို သူတို့သိကြသည်။ သို့သော် သူတို့သည် သူတို့မိသားစု၏ စွမ်းကို မြင့်တင် လိုပါက ပိုင်ဆိုင်ထားသမျှကို ရောင်းချရမည်ဖြစ်သ်ည။
ရှီမာယူယူသည် ထိုအပေးအယူနှင့် ပတ်သတ်ပြီး ဘာမှမပြောပေ။ သူမ သူတို့အား ကူညီပေးရန် အကြောင်းအရင်းမှာ သူမ ဖီးနစ်အား ထိန်းကျောင်းနေစဉ်တွင် လုပ်ငန်းစဉ်မှ တစ်ဆင့် ပြန်ရသော စွမ်းအင် သည် သူမ ဝိညာဉ်စွမ်းအား ပြန်ကောင်းရန် ကူညီပေးသောကြောင့်ဖြစ်သည်။ အထောက်အကူ အနည်းငယ်ဖြစ် သော်လည်း ထိုအထောက်အကူအနည်းငယ်သည် အကျိုးပြုသည်။
“အဆင့်၄ အထွတ်အထိပ်သားရဲအဆင့်အောက်ဆို အဆင်ပြေတယ်၊ ဒါပေမဲ့ အဲထက်အဆင့်မြင့်တာ ဖမ်းမိရင်တော့ ပိုအားကောင်းတဲ့ ဝိညာဉ်သားရဲရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ငါ သွားဖို့ ပျင်းနေပြီ ဒီမှာပဲ စောင့်နေမယ်”
“ကောင်းပြီ ကျွန်မတို့ ဖမ်းပြီး ပြန်လာမယ်” ကျောင်မာ ပြုံးပြီး ပြောလိုက်သည် “ဖီးနစ်နဲ့ဆိုရင် မဖမ်း နိုင်စရာမရှိဘူး” သူမသည် ဖီးနစ်ကျောပေါ်တက်ကာ သူမ မိသားစုဝင်များကို ခေါ်ဆောင်ကာ ကောင်းကင်သို့ ပျံ တက်သွားလေသည်။
ရှီမာယူယူသည် အသိုက်အောက်ရှိ ကျောက်တုံးများဆီသို့ လျှောက်လာကာ ထိုင်ပြီး နားနေလိုက် သည်။ ဖီးနစ်ငှက်၏ ရောင်ဝါကြောင့်ပင် တခြားသော ဝိညာဉ်သားရဲများသည် ထိုနေရာသို့ မကပ်ရဲကြပေ။
“ယူယူ ငါတို့ နောက်ဆုံးတော့ မင်းနဲ့ ဆက်သွယ်လို့ရပြီ မင်းအဆင်ပြေရဲ့လား” ဟိန်းသံလေး သည် စိတ်လှုပ်ရှားမှုနှင့်အတူ စိုးရိမ်စွာ အသံထွက်လာသည်။
“ငါအဆင်ပြေတယ်” ရှီမာယူယူသည် ဖျော့တော့စွာ ပြုံးပြီး ပြောလိုက်သည် “အားလုံး ဘယ်လိုလဲ”
“ငါတို့အားလုံးအဆင်ပြေတယ်၊ မင်းကို ငါတို့ ဆက်သွယ်လို့မရတော့ စိုးရိမ်လို့သေတော့မယ်” ဟိန်းသံလေး ပြောလေသည် “အဲမှာ ဘာဖြစ်သွားတာလဲ”
“လေဟာပြင်မှာတုန်းက တိုက်ခိုက်ချင်တဲ့သူတွေနဲ့တွေ့တယ်၊ ပြီးတော့ နေရာပျက်စီးသွားပြီး ငါလည်း ဒဏ်ရာရသွားတယ်၊ အဲဒါကြောင့်ပဲ ငါ ဝိညာဉ်စေတီနဲ့ မှော်ဝင်လက်စွပ်နဲ့ အဆက်သွယ်ပြတ်သွားတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အခုငါကောင်းသွားတော့ မှော်ဝင်လက်စွပ်ကို ဖွင့်နိုင်ပြီ၊ မကြာခင်တော့ ဝိညာဉ်စေတီလည်း ပွင့်သွားမှာပါ၊ အဲအချိန်ကျရင် မင်းတို့လည်း ထွက်လာလို့ရပြီ”
“အဲဒါကောင်းတယ်” ဟိန်းသံလေးပြောလိုက်သည် “ယူယူ မင်းအခုဘယ်မှာလဲ”
“ငါ အစွန်ပိုင်းဒေသမှာ ဒါပေမဲ့ အခုဘယ်မှာလဲဆိုတာ အတိအကျမသိဘူး” ထိုအကြောင်းစဉ်းစား လိုက်လျှင် ရှီမာယူယူ ခေါင်းကိုက်ရသည်။
ဟိန်းသံလေးသည် ပတ်ဝန်းကျင်မှ အသံများနားထောင်ကာ ပြောလိုက်သည် “အစွန်ပိုင်းဒေသမှာ ဟုတ်လား၊ အစွန်ပိုင်းဒေသကလူတွေက အလယ်ပိုင်းဒေသကို သွားဖို့မလွယ်ဘူး၊ မင်း အံ့ဖွယ်နတ်ဆိုး တောင်ကြား ကိုဘယ်လိုသွားမှာလဲ”
ရှီမာယူယူလည်း မစဉ်းစားတတ်တော့ပဲ ပြောလိုက်သည် “ငါလည်း မသိတော့ဘူး၊ ငါ ဒီအစွန်အဖျားကို ရောက်ဖူးတာမဟုတ်ဘူး၊ ပင်မနေရာကို ရောက်တာနဲ့ ဘယ်လိုသွားရမလဲဆိုတာ ရှာကြည့် ရမှာပဲ”
“နည်းလမ်းတစ်ခုပဲ ရှိမယ်ထင်တာပဲ” ဟိန်းသံလေးပြောလိုက်သည်။
“သူတို့ကို စိတ်မပူအောင် ပြောထားပေး၊ မင်းတို့ထွက်လာရမှာ သိပ်မကြာတော့ပါဘူး” ရှီမာယူယူ ပြော လိုက်သည်။
“ကောင်းပြီ”
ရှီမာယူယူနှင့် ဟိန်းသံလေးသည် ကျောင်မာတို့ ပြန်မလာခင်အထိ စကားပြောကြသည်။
“ယူယူ ကျွန်မတို့ ဝိညာဉ်သားရဲသုံးကောင် ဖမ်းမိလာတယ်၊ နှစ်ကောင်က အဆင့်၁ အထွတ်အထိပ် သားရဲ ဖြစ်ပြီး တစ်ကောင်က အဆင့်၉ အံ့ဖွယ်အဆင့် သားရဲပဲ” ကျောင်မာ ပြောလိုက်သည် “ရှင်က အထွတ်အထိပ် သားရဲ ကို အခုမှ ထိန်းကျောင်းထားတာဆိုတော့ ရှင် အားပြန်ပြည့်မှပဲ ထိန်းကျောင်းလည်းရတယ်”
ရှီမာယူယူသည် သားရဲသုံးကောင်အားကြည့်လိုက်ရာ အုပ်လိုက်မနေတတ်သော သားရဲများဖြစ်သည် ကို တွေ့လိုက်ရသည်။ သူတို့သည် အုပ်လိုက်နေသော သားရဲများကို မထိရဲသည့်ပုံပင်။
“ဒီမှာပဲ ထိန်းကျောင်းမယ်” သူမ ထကာ လျှောက်လာသည်။
“ဒီမှာပဲလား မနားတော့ဘူးလား” ကျောင်မာ မေးလိုက်သည်။
“မနားတော့ဘူး” ထိုသားရဲသုံးကောင်သည် လှုပ်ရှားရန် စွမ်းအားမရှိတော့သည်ကို ရှီမာယူယူ တွေ့ လိုက်ရသည်။ ထိုဖီးနစ်သည် သူတို့အား ဒေါသပြခဲ့သည့်ပုံပင်။
“မင်း သူတို့ကို ဒီမှာထားခဲ့ပြီး ထပ်ပြီး သွားဖမ်းလို့ရတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီနှစ်ရက်အတွင်း ဖမ်းလို့ရတာကို လုပ်ပေးမယ်”
“တ…တကယ်လား” ကျောင်မာသည် မယုံကြည်စွာ မေးလိုက်သည်။ ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့… ကျွန်တော်တို့မှာ ပေးစရာပိုက်ဆံမရှိဘူး” ကျောင်ရန် ပြောလိုက်သည်။
ရှီမာယူယူ သူတို့ သားရဲအား ထိန်းကျောင်းပေးခြင်းမှာ ကိစ္စကြီးဖြစ်သည်။ ပုံမှန်ဆိုလျှင် သားရဲတစ်ကောင် ကို ထိန်းကျောင်းရန် သားရဲထိန်းကျောင်းသူ ရှာရသည်မှာ မလွယ်ပေ။ သို့သော် မိစ္တာထိန်းကျောင်းရာတွင် ကုန်ကျ စရိတ် မနည်းသည်ကို သူတို့ သိကြသည်။ သူတို့သည် အကောင်ရေ အနည်းငယ်ကို ထိန်းကျောင်းရန် အားထုတ် နိုင်သော်လည်း တစ်သုတ်လိုက် ထိန်းကျောင်းရန် အတွက်တော့ မတတ်နိုင်ပေ။
“ဒီနှစ်တွေမှာ ကျွန်မတို့ ပိုက်ဆံမစုမိဘူး” ကျောင်မာသည် အိမ်၏ အခက်အခဲကို ပြန်တွေးလိုက်ရာ ရှက် လာသဖြင့် မျက်နှာရဲလာသည်။
“တစ်ကောင်ကို အလယ်အလတ်ဖန်တုံး တစ်ထောင်” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားတို့ အချိန် နှစ်ရက်ရမယ်” သားရဲတစ်ကောင်ကို အလယ်အလတ်ဖန်တုံးတစ်ထောင်ပဲလား။ ကျောင်မိသားစုတစ်ခုလုံး အံ့သြ သွားသည်။ သူတို့သည် မြန်မြန်သတိပြန်ဝင်လာကာ နောက်ထပ် သားရဲများဖမ်းရန် စိတ်လှုပ်ရှားစွာ ထွက်သွား လေသည်။ သားရဲတစ်ကောင် ထိန်းကျောင်းပေးလျှင် အလယ်အလတ်ဖန်တုံးတစ်ထောင်ပဲလား၊ ဒါဆိုရင် သားရဲ ဆယ်ကောင်ဆိုရင် ဖန်တုံးတစ်သောင်းပဲကျတော့မှာပေါ့။ အရင်ကဆိုလျှင် ချောင်မိသားစုသည် သားရဲတစ်ကောင် အတွက် အဆင့်မြင့်ဖန်တုံးနှစ်သောင်းယူသည်။ ရှီမာယူယူ ဈေးသည် အလွန်သက်သာသည်။
ကျောင်မိသားစုဝင်များ ထွက်ခွာသွားသည်ကို ရှီမာယူယူမြင်သောအခါ သားရဲသုံးကောင်ကို ကြည့်ပြီး လျှောက်သွားကာ တစ်ကောင်ချင်းစီကို ထိန်းကျောင်းပေးလေသည်။
ထိုနှစ်ရက်အတွင်းတွင် ကျောင်မိသားစုဝင်များသည် အံ့ဖွယ်အဆင့်သားရဲများနှင့် အထွတ်အထိပ် သားရဲ တချို့ကို ဖမ်းမိလေသည်။ သူတို့ ပြန်လာချိန်တိုင်းတွင် ရှီမာယူယူသည် ဖမ်းလာသမျှကို ထိန်းကျောင်းပေးရာ မရပ်တန့်ခဲ့ပေ။ သူတို့သည် သူမ ခန္ဓာကိုယ် ထိခိုက်မည်ကို စိုးရိမ်ခဲ့သည်။ ထိုအချိန်တွင် သူတို့သည် ဝိညာဉ်သားရဲ ၁၅ကောင်ဖမ်းမိကာ ရှီမာယူယူသည် အားလုံးကို ထိန်းကျောင်းရန် ၃ ၄ ရက် အချိန်ယူရသည်။
ထိုသားရဲများကို ကျောင်မိသားစု၏ အရေးပါသော အဖွဲ့ဝင်များအတွက် အသုံးပြုလေသည်။ သူတို့သည် တခြားသော အဖွဲ့ဝင်များအတွက် ၄ကောင်ချန်ထားပြီး ထိုလူများသည် ပျော်ရွှင်ကြလေသည်။
ရှီမာယူယူ အားလုံးကို ထိန်းကျောင်းပြီးသောအခါ သူမသည် နှစ်ရက်မျှ သီးခြားနေလိုသည်ဟု ကျောင်မာ အားပြောပြီး ချက်ချင်းပင် ကာကွယ်ရေးတည်ဆောက်မှု ပြုလုပ်လိုက်သည်။ ထိုနေရာသည် မလုံခြုံ သဖြင့် လျင်မြန်စွာပင် သဘောတူလိုက်သည်။ ကျောင်မိသားစုဝင်များသည် ဝိညာဉ်သားရဲများပိုင်ဆိုင်သွားသဖြင့် တောင်အတွင်းဝင်ကာ အရင်းအမြစ်များရှာရန် ထွက်သွားလေသည်။ ကျောင်ရန်နှင့် ကျောင်မာသည် ရှီမာယူယူ အားစောင့်ကြည့်ပေးရန် ကျန်ခဲ့လေသည်။
တည်ဆောက်မှုအတွင်းတွင် လေ့ကျင့်နေသော ရှီမာယူယူအား ကြည့်ကာ ကျောင်ရန်သည် သက်ပြင်း ချမိလေသည်။ သူ့သမီးသည် မှန်နေခဲ့သည်။ ကျောင်မာ၏ အပြုအမူအား ကြည့်ပြီး သက်ပြင်းချမိပြန်ကာ ပြော လိုက်သည် “သမီး၊ သူက ဒီကလူမဟုတ်ဘူး ပြီးတော့ ဒီမှာလည်း နေမှာမဟုတ်ဘူး”
ကျောင်မာ၏ အမူအရာမှာ တောင့်တင်းသွားသော်လည်း ပြန်ဖြေလေသည် “သမီးနားလည်ပါတယ် အဖေ”
“နားလည်ရင်ပြီးတာပါပဲ” ကျောင်ရန်သည် သူ့သမီးကို ကြည့်ကာ ခေါင်းကိုက်လာသည်။ သူမသည် အဆင့်အတန်းမြင့်သော မိန်းကလေးဖြစ်ကာ အခု သူမ မျက်စိကျသော အမျိုးသားတစ်ယောက် ရှာတွေ့ပြီ ဖြစ် သော်လည်း အခြေအနေမှာ မဖြစ်နိုင်ပေ။ ကျောင်ရန်သည် ရှီမာယူယူ လေ့ကျင့်နေသည်ကို ကြည့်လိုက်သည်။
အရင်နေ့ကပင် သူမ ရှီမာယူယူအား ကြည့်တိုင်းတွင် သူသည် နောက်ကြောင်းရာဇဝင်ရှိကာ ဒီလို နေရာတွင် မနေမည့်သူဖြစ်ကြောင်းကို သိခဲ့သည်။ သို့သော် ထိုအကြောင်းသည် သူ့အပေါ်တွင် ထားသော သူမ ခံစားချက်အား မပြောင်းလဲစေပါ။ သို့သော် ရှီမာယူယူသည် မိန်းကလေးဖြစ်ကြောင်း ကျောင်မာကို ပေးသိလိုက် ပါက ကျောင်မာသည် သူမ ဆုံးဖြတ်ချက်ကို ပြတော့မည်မဟုတ်ပေ။
ရက်အနည်းငယ်ကြာသောအခါ ရှီမာယူယူ၏ ခန္ဓာကိုယ်သည် တည်ငြိမ်စွာ ပြန်ကောင်းလာသည်။ သားရဲ များကို ထိန်းကျောင်းရာမှ ရလာသော ဝိညာဉ်စွမ်းအင်များနှင့်အတူ ချုပ်နှောင်ခံထားရသော ဝိညာဉ်စွမ်းအင် များ သည် ဖြေလျော့လာသည်ကို ခံစားမိသည်။ ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံခြင်းသည် ဝိညာဉ်စွမ်းအင်များကို မဟန့်တားနိုင်သော်လည်း အားအင်များ ပြန်ပြည့်လာသည်။
ခွမ်း
အားလုံးကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးအချုပ်နှောင်သည် ပျက်ဆီးသွားလေသည်။ သူမသည် ပျက်ဆီးသွားသော အသံကိုပင် ကြားလိုက်ရသည်။ သူမ ဝိညာဉ်စွမ်းအင်များသည် လုံးဝလွတ်လပ်သွားပြီး သူမ ခန္ဓာကိုယ်အတွင်း လှည့်ပတ်ကာ အားအင်များပြန်ရလေသည်။
ဟူး…
သူမသည် သက်ပြင်းကို သက်တောင့်သက်သာချလိုက်ကာ မျက်စိဖွင့်လိုက်ရာ သူမ မျက်လုံးများသည် မီးရောင်ကဲ့သို့ တောက်ပနေလေသည်။