← Chapters

ရန်သူကိုအနိုင်ယူပြီ

Vol. 65 Ch. 488.4

ရန်သူကိုအနိုင်ယူပြီ

Vol. 65 Ch. 488.4

"ခေါင်းဖြတ်!"

လေထဲက စွမ်းအင်များဟာ အောင့်လင်ရဲ့ နှလုံးသားထဲသို့ အဆက်မပြတ် ထိုးဖောက် ဝင်ရောက်လာကာ အလိုအလျောက် လှုံ့ဆော်ပေးသည့် ပဲ့တင်သံများ ထွက်ပေါ်လာသည်။

ဒီအချိန်မှာ သူဘာကြောင့် အလင်းတန်းထဲ ရောက်နေရတာလဲ ဆိုတာ အဆုံးမရှိ နောင်တတွေရလာတော့သည်။ သူက အလွန်အကျွံ အသုံးမကျခြင်းထက် သူသည် စစ်မှန်သော ပါရမီရှင်ဖြစ်ကြောင်းကို သက်သေပြလိုခဲ့တာ ဖြစ်လေသည်။

မျက်နှာကို ပါးရိုက်ခံလိုက်ရမယ်လို့ မမျှော်လင့်ထားပါဘူး။ တစ်ဖက်လူက လူတိုင်းကို နှိပ်စက်နိုင်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်နေချေသည်။

လုရွှမ်၏ ခန္ဓာကိုယ်ရှိ အသက်စွမ်းအင်များက စုစည်းနေဆဲဖြစ်ပြီး ယင်နှင့်ယန်တို့သည် လည်ပတ်ပြီး သေခြင်းစွမ်းအင် အဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် တဖြည်းဖြည်း ထိန်းမရတော့ဘဲ ဒီလှုပ်ရှားမှုက ခံပြင်းလွန်းပြီး ဒီလိုစွမ်းအင်မျိုးကို လုပ်ဆောင်ဖို့ဆို လူငါးယောက်ရဲ့ ခွန်အားကို စုစည်းဖို့ လိုပေသည်။

ဤလုပ်ငန်းစဉ်သည် ဆယ်စက္ကန့်သာ ကြာသော်လည်း လုရွှမ်ဘက်မှ ဝိညာဉ်စွမ်းအား၊ ယွမ်ချီ၊ ခန္ဓာခွန်အားနှင့် စိမ်းပြာနဂါးစွမ်းအင် အားလုံးကို လုံးလုံးလျားလျား ဆုံးရှုံးသွားခဲ့သည်။

အောင့်လင်၏ မျက်နှာသည် နာကျင်ကိုက်ခဲနေသော်လည်း ပြင်းထန်သော ဒဏ်ရာများ မရရှိခဲ့ပေ။

ဟမ့် တိုက်ကြတာပေါ့!

လုရွှမ်သည် ရန်သူကို နာကျင်စွာ မရိုက်နှက်ပါက သူတို့သည် ပို၍ မာနကြီးလာလိမ့်မည်ဟု စိတ်ထဲတွင် တွေးရင်း အော်ဟစ်လိုက်သည်။

"ခေါင်းဖြတ်!"

ပတ်ဝန်းကျင်မှ စွမ်းအင်များသည် လုရွှမ်ဆီသို့ ပို၍ပင် ပြင်းထန်စွာ ချီတက်လာ​ကြသည်။

ကျယ်လောင်သော တီးမှုတ်သံတစ်ခု ထွက်ပေါ်လာပြီး ဓားရှည်များစွာသည် တစ်ခုပြီးတစ်ခု လွင့်ပျံသွားသည်။ အောင့်မိသားစုမှ ဓားရှည်များစွာလည်း လုရွှမ်နဲ့အတူ အောင့်လင်ကို ထိုးနှက်ရန် ရည်ရွယ်ချက်ဖြင့် လိုက်သွားခဲ့သည်။

"ဓားတစ်သောင်းရိုက်ချက်!"

ရှေး​ဟောင်းသိုင်းကမ္ဘာ၏ ကောင်းကင်ဘုံသခင် တစ်ယောက်မှ အော်ဟစ်လိုက်သည်။

အောင့်လင် ဒေါသတကြီး ​ဖြစ်သွားသည်။ လုရွှမ် သည်းမခံနိုင်တော့ဟု သူထင်ခဲ့သော်လည်း ဒီသိုင်းကွက်ကိုပါ ဆက်လက် အသုံးပြုနိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ့ရင်ထဲမှာ ဆုပ်ကိုင်ထားတဲ့ အသက်ရှုသံက နောက်ဆုံးတော့ ထိန်းမရတော့ဘဲ ဖြစ်လာ၏။

အေးစက်သော နှာချေသံနှင့်အတူ သူ့လက်ထဲက ကောင်းကင်ဘုံသခင်က ကြည်လင်သော သစ်သားပြားကို လုရွှမ်ဆီသို့ လွင့်ထွက်သွား​စေသည်။

ကောင်းပြီ မင်း တိုက်ချင်တာဆိုတော့ ငါ မင်းကို အဖော်ပြုပေးမယ်!

လုရွှမ်ရဲ့ ဓားရှည်သည် ကောင်းကင်ပေါ် ထိုးနက်လာသော ကြည်လင်သည့် သစ်သားကို ထိမှန်ကာ ဓား ကွဲအက်သွားကာ ကောင်းကင်မှ ကြည်လင်သော သစ်သားသည်လည်း တိမ်မည်းထဲသို့ ပြုတ်ကျကာ ပြာဖြစ်သွားသည်။

ချွင်း!

ရုတ်တရက် ဓားရှည်တစ်စင်းသည် စိတ်ဝိညာဉ် စွမ်းအား၏ အလွှာများကို ထိုးဖောက်ဝင်ရောက်ကာ အောင့်လင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားခဲ့သည်။

အောင့်လင် မယုံကြည်နိုင်စွာ ဆွံ့အသွား၏။ ဒါပေမဲ့ အခုအချိန်မှာတော့ လုရွှမ် ကောင်းကင်ကနေ မြေပြင်ပေါ် ပြန်လည် ဆင်းသက်လာပြီး သူ့လက်ထဲက မိုးနတ်ဘုရားဓားကိုတော့ ဘယ်မှာမှ မတွေ့ရတော့ချေ။

မိုးနတ်ဘုရားဓားကို ဘယ်လိုမျိုး ဓားထုတ်လိုက်​ပြီး ဘယ်လို သုံးလိုက်တာလဲဆိုတာ ဘယ်သူမှ မမြင်ဖူးလိုက်ပေ။

အရိပ်တစ်ခုက ပျံတက်သွားပြီး ကောင်းကင်က ကျလာတဲ့ လုရွှမ်ကို သူ့လက်ထဲမှာ ဖမ်းထားလိုက်သည်။ သူမက အောင့်ယွဲ့ပဲ ဖြစ်လေ၏။ သူမမျက်နှာမှာ မျက်ရည်တွေ ဖုံးလွှမ်းနေပေမယ့် မာနအပြည့်နဲ့ အမူအရာကို ထိန်ထားတုန်းပင်။

ဒါ သူမ ကြိုက်တဲ့လူ၊ သူမကို ဂုဏ်ယူ​စေတဲ့လူပဲ။

​​အောင့်လင်သည် ပါးစပ်မှ သွေးများ ထွက်ကာ မြေပေါ်သို့ လဲကျသွားသည်။ သူ၏ဒဏ်ရာမှာ ပြင်းထန်နေတာတော့ မဟုတ်ပေ။ သူ့လို ကောင်းကင်ဘုံသခင် အတွက် သူ့​ဦးခေါင်းကို မဖြတ်မတောက် သရွေ့ သို့မဟုတ် နှလုံးမဖောက်သရွေ့ သေးငယ်သော ဒဏ်ရာမျှသာ ဖြစ်သည်။

သူ့ခမျာ ဒေါသအရမ်းထွက်ပြီး ရှက်လွန်းလို့ မူးလဲသွားတော့မတတ် ဖြစ်လာ၏။

အောင့်ထျန်းက ဟစ်အော်ပေမယ့် ရပ်တန့်ဖို့ ရည်ရွယ်ချက် မရှိသေးဘဲ သူ့လက်ဖဝါးကို စုပ်ယူလိုက်သည်။ မိုးနတ်ဘုရားဓားကို အောင့်လင်ရဲ ရင်ဘတ်မှ ဆွဲထုတ်လိုက်ပြီး သူလက်ဖဝါးထဲသို့ ပြုတ်ကျလာစဥ် အောင့်ယွဲ့ကို ပြန်ပေးလိုက်သည်။

အောင့်လင်မှာ နောက်ထပ် သွေးတစ်လုတ်ကို အန်ထုတ်ပြီး မေ့လဲသွားပြန်သည်။ သူ့ရဲ့ လူငယ်တပည့်တွေ အလျင်အမြန် ပြေးထွက်လာကြပြီး သူ့ကို ကောက်ယူကာ အမြန်ပဲ ထွက်သွားကြသည်။

အောင့်ယွဲ့လည်း လုရွှမ်ကို တွဲထူမရင်း လူတိုင်းရဲ့ အကြည့်ကို မျက်နှာမူကာ ခေါင်းကို မြင့်တင်လိုက်သည်။ ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်လုံးများသည် ငြူစူမှုအပြည့်ဖြင့် သူမကို ကြည့်နေကြသည်။

အောင့်ထျန်းက ခပ်ကျယ်ကျယ် ရယ်မောလိုက်သည်။ သူ အရမ်းသတိထားပြီးတော့ လုရွှမ်ကို ကြည့်နေခဲ့သည်။ လုရွှမ် ထိခိုက်သွားပေမယ့် အကောင်းဆုံး ပြသသွားခဲ့၏။ ဒီလို ပါရမီရှင်မျိုးကို သားမက်တော်ရလျှင် ရှုံးစရာ အကြောင်းမရှိ။ သူက လက်ကိုဝှေ့ယမ်းကာ လုရွှမ်တစ်ကိုယ်လုံးကို အကာအကွယ် ပေးလိုက်သည်။

"မင်းတို့အားလုံးက သူ့သူငယ်ချင်းတွေပဲ ဆိုတော့ တံခါးနားရောက်ရင် ဧည့်သည်တွေပဲပေါ့... ယွဲ့အာ သူ့ကို အ​ဖေ့အခန်းထဲ ပြန်ခေါ်သွားလိုက်... မင်းအမေက သူ့ကို ကုသပေးလိမ့်မယ်"

အောင့်ယွဲ့လည်း ခေါင်းညိတ်ရင်း လုရွှမ်ကို ပွေ့ဖက်ကာ ထွက်လာခဲ့သည်။ နတ်သမီးကျင်းဟုန်နဲ့ တခြားသူများက သူမကို ကာကွယ်ပေးသည့် အနေဖြင့် ဘေးမှ လိုက်ပါသွား၏။ သူတို့ရဲ့ ကျင့်ကြံမှုက မမြင့်သော်လည်း လူတိုင်းရဲ့ ကြည်ညိုလေးစားမှု ကြောင့် သူတို့​သည် ထူးထူးခြားခြား အရှိန်အဟုန်ဖြင့် ထွက်ခွာသွားခဲ့သည်။

အောင့်ထျန်းက အကြာကြီး ရယ်မောလိုက်ပြီး

"ရှေးဟောင်းသိုင်းကမ္ဘာက ချစ်လှစွာသော မိတ်ဆွေတို့....ကျုပ်တို့ မဟာမိတ်ဖွဲ့မယ့် အကြောင်း ဆက်ပြောကြရအောင်လေ ဘယ်လိုထင်လဲ?"

ရှေးဟောင်းသိုင်းကမ္ဘာမှ လူများမှာ မည်းမှောင်သော မျက်နှာထားများ ဖြစ်သွားကြသည်။ ဒီအခြေအနေမျိုးမှာ မဟာမိတ်ဖွဲ့ဖို့ သူတို့ ဘယ်လိုလုပ် လုပ်နိုင်တော့မှာလဲ။ လှည့်ပြီးတောင် ထွက်သွားချင်လာပြီ။

အောင့်ထျန်းရဲ့ အသံက ဆက်ထွက်လာသည်။

"အစ်ကိုထျန်းယိ... ရပ်လိုက်ပါတော့ ဒီလိုအခြေအနေမျိုးမှာ မဟာမိတ်ဖွဲ့ဖို့ ပိုသင့်တော်တယ်လို့ မထင်ဘူးလား"

သူက သူ့လက်ညှိုးကို တစ်နေရာသို့ ညွှန်ပြလိုက်သည်။ ထျန်းယိလည်း အောင့်ထျန်းရဲ့ လက်ညှိုးသွားရာသို့ ကြည့်လိုက်ရာ ရွှံ့ဗွက်အိုင်နှင့်တူသော ထျန်းရွှမ်ကို မြင်လိုက်ရလေ၏။

သူ့မျက်နှာက မည်းမှောင်သွားပြီး လက်ဖဝါးနဲ့ စွမ်းအင်တချို့ကို စုပ်လိုက်သည်။ ထျန်းရွှမ်ကို ရိုက်ဖို့ လက်ဖဝါးကို မြင့်တင်လိုက်ပေမယ့် နောက်ဆုံးတော့ ထျန်းရွှမ်ကို မထိသွားခဲ့ပေ။

သာမာန်လူတွေ မပြောနဲ့ အဲဒီလူငယ်ရဲ့ အရည်အချင်းကြောင့် သူတောင် ကြောက်ရွံ့နေတာမို့ ထျန်းရွှမ်ကို အပြစ်တင်လို့ မရချေ။

"ကောင်းပြီ မဟာမိတ်ဖွဲ့ကြစို့!"

ထျန်းယိက ​ပြန်အော်လိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်?"

ထျန်းမျိုးနွယ်မှ လူများစွာက လှမ်းအော်သည်။ ထျန်းယိက သက်ပြင်းချလိုက်ပြီး

"ရှက်စရာပဲ... ငါတို့က မဟာမိတ်မဖွဲ့ဘဲ မစည်းလုံးရင် အဆုံးသတ်က တစ်ခုပဲ ရှိတော့မှာ... ဆိုလိုတာက ငါတို့ တစ်ယောက်ကို တစ်ယောက် အနိုင်ယူရလိမ့်မယ်.. အောင့်​​မိသားစုက ဒီလိုအရည်အချင်းရှိတဲ့ သားမက်နဲ့ ကြီးပြင်းဖို့ ရည်မှန်းထားတယ်... ငါတို့ကရော?"

နတ်မီးနယ်ပယ်က သခင်နှစ်ဦးသည် တိတ်ဆိတ်နေ၏။

ဟုတ်ပါတယ်။ ထျန်းဝူရဲ့ အရည်အချင်းက တကယ်ကို ထူးထူးခြားခြားပါပဲ။ ဒါပေမဲ့ သူ ပျောက်ဆုံးနေတာ ကြာပါပြီ။ သေသွားခဲ့တာလည်း ဖြစ်နိုင်၏။ ထို့အပြင် ထျန်းဝူ ပြန်လည်မွေးဖွားလာရင်တောင် ကျင့်ကြံမှု အဆင့်နဲ့ ပတ်သက်ရင်တော့ လုရွှမ်နောက်တွင် များစွာနောက်ကျ ကျန်ခဲ့သည်။

အမှန်တော့ အောင့်မိသားစုက မြင့်တက်လာနိုင်ပေမယ့် ထျန်းမျိုးနွယ်စုကရော ဘယ်လိုလဲ?

ထျန်းယိနှင့် သူ့အဖွဲ့သည် အစည်းအဝေး ခန်းမသို့ ပြန်လာပြီး အတူတကွ ဆွေးနွေးကြသည်။ ထျန်းရွှမ်ကို ဘေးဖယ်ထားခဲ့ပြီး လူလေးရာထဲက လူတစ်ဦးအဖြစ်သာ သတ်မှတ်ခံရကာ သူ့ကို ဘယ်သူမှ ဂရုမစိုက်​တော့ပေ။

သူ့မိသားစုဆီ ပြန်သွားရင်တောင် သူ့ရဲ့ အထောက်အထား အဆင့်အတန်းက ပျောက်ကွယ်သွားလိမ့်မည်။ သူရဲ့ အနာဂတ် အောင်မြင်မှုဟာ ဒဏ်ခတ်မှုကနေ လွတ်မြောက်နိုင်မလားဆိုတာပေါ်မှာ မူတည်ပါသေး၏။

အောင့်လင်သည် အခန်းထဲသို့ ပြန်လာကာ ပြင်းထန်စွာ သောင်းကျန်းနေတော့သည်။ ဒုတိယ အကြိမ်က သူတမင်ရည်ရွယ်ကာ မူးလဲသွားခဲ့ကြောင်း ဘယ်သူမှ မသိသွားခဲ့ပေ။ တစ်စုံတစ်ယောက်ကတော့ သိသွားလောက်ပေမယ့် သူက ထုတ်ဖော်လိုခြင်း မရှိတာ ဖြစ်မည်။

ဒါပေမဲ့ ဒီနေ့မှာ ဖြစ်ပျက်ခဲ့တာတွေကို လူတိုင်းက သတိရနေကာ သူကတော့ အရှုံးသမားအဖြစ် ဆက်သွားရတော့မည်။

သူ့လို မာနကြီးပြီး မောက်မာတဲ့လူက ဒီလိုကိစ္စမျိုးကို လုံးဝ လက်မခံနိုင်ချေ။ သူနဲ့ ထိတွေ့စကားဆိုခဲ့သော ဝမ့်ကျစ်ကမ္ဘာမှ သခင်များကို တွေးတောရင်း သူ့စိတ်သည် လှုပ်ရှားရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

လုရွှမ်သည် သဲကန္တာရထဲတွင် အချိန်အတော်ကြာ ပိတ်မိနေသလို အလွန်ပင် ပင်ပန်းနွမ်းနယ်လာသည်။ နောက်ဆုံးတွင် ရေကန်ကို တွေ့လိုက်ရကာ ခွန်အားအပြည့်ဖြင့် ရှေ့သို့ ပြေးသွားပြီး ပြင်းပြင်းထန်ထန် စုပ်လိုက်သည်။

လုရွှမ် နိုးလာပြီး မျက်လုံးကို ဖွင့်လိုက်တော့ သူ့ပတ်ဝန်းကျင်က လူတွေကို မြင်လိုက်ရသည်။ ကျင်းဟုန်က သက်ပြင်းတစ်ချက်ချကာ အံ့သြစွာဖြင့်

"လုရွှမ် နိုးလာပြီ!"

တံခါးအပြင်ဘက်က လူတွေအားလုံး ပြေးဝင်လာကြပြီး မျက်နှာတွေက ရွှင်လန်းမှု အပြည့်နဲ့ လုရွှမ်ဆီ လျှောက်လာကြသည်။

လုရွှမ်သည် အလွန် စိတ်လှုပ်ရှားနေသဖြင့် သူသည် လူတိုင်းကို တစ်ယောက်ပြီး တစ်ယောက် ပွေ့ဖက်လိုက်သည်။ နတ်သမီးရှန်းရှဲ့ပင်လျှင် နီရဲသော မျက်နှာဖြင့် သူ့ကို ပွေ့ဖက်လာသည်။ လုရွှမ် အဲဒီတုန်းက တကယ်ကို အံ့မခန်း စွမ်း​ဆောင်ခဲ့ပြီး သူ့ကို မချီးကျူးဘဲ မနေနိုင်လောက်အောင်ကို အံ့သြခဲ့ရသည်။

ဒီလိုသူငယ်ချင်းမျိုး ရှိတာကမှ ဘဝက တန်ဖိုးရှိမှာပါ။ ခဏကြာ စကားပြောပြီးနောက် အားလုံးထွက်သွားပြီး အောင့်ယွဲ့ တစ်ယောက်ထဲ ထားခဲ့သည်။

အောင့်ယွဲ့၏ မျက်နှာသည် ရှက်ကိုးရှက်ကန်းဖြင့် နီရဲလာပြီး နှုတ်ခမ်းကို ကိုက်ကာ ခဏအကြာတွင်မှ မေးလာခဲ့သည်။

"တန်ရဲ့လား"

"တန်တယ်!"

"ကျွန်မ ရှင့်ကို အမြဲတမ်းစောင့်နေမယ်! ထာဝရ"

ထို့နောက် ရှက်ရွံ့ခြင်း သို့မဟုတ် မက်မောခြင်း မရှိဘဲ သူတို့နှစ်ယောက်က ရိုးရိုးရှင်းရှင်း စကားတွေ ပြော​နေကြသည်။

လုရွှမ်ဟာ မောပန်းနွမ်းနယ်နေပြီး ဒဏ်ရာပြင်းပြင်းထန်ထန် မရသွားသော်လည်း အချိန်အတော်ကြာ အနားယူပြီးနောက်တွင်မှ ပြန်သက်သာသွားခဲ့သည်။

အပြင်မှာတော့ အခြေအနေတွေက ပိုဆိုးလာပုံရသည်။

All Chapters