← Chapters

အပိုင်း (၄၃၇) – မင်းက ငါ့ကို တွေ့ဖို့ အရည်အချင်းမရှိဘူး

Vol. 005 Ch. 437

အပိုင်း (၄၃၇) – မင်းက ငါ့ကို တွေ့ဖို့ အရည်အချင်းမရှိဘူး

Vol. 005 Ch. 437

ကျောင်ရန်နှင့် ကျောင်ရှောင်သည် သတင်းရရခြင်း အပြင်သို့ အလောတကြီးထွက်ကြလေသည်။ သူတို့ အိမ်ရှေ့အရောက်တွင် သားရဲရထားလုံးလည်းရောက်လေသည်။

သားရဲရထားလုံးသည် ကျောင်မိသားစု တံခါးရှေ့ရောက်သောအခါ ရပ်သွားပြီး ကျောင်ရန်နှင့်  ကျောင်  ရှောင်တို့ ရှေ့ထွက်လာကြသည်။ သူတို့သည် တလေးတစား အရိုအသေပေးပြီး ပြောလေသည် “သခင် ကြီး ကျောင်ကို ကျောင်မျိုးနွယ်က ကြိုဆိုပါတယ်”

ရထားလုံးကို မောင်းလာသူသည် မုတ်ဆိတ်အပြည့်နှင့်လူဖြစ်လေသည်။ တစ်ချက်တည်းကြည့်ရုံနှင့်ပင် သူသည် လက်သီးနှင့်သာ စကားပြောတတ်သော ကြမ်းတမ်းသောသူဖြစ်ကြောင်း သိနိုင်သည်။

သူ သားရဲရထားလုံးမှ ဆင်းကာ လှည့်ပြီး ရထားလုံးတံခါးကို ဖွင့်ပေးလေသည်။ ထို့နောက်တွင် အဖြူရောင် ဝတ်ထားသော အမျိုးသားတစ်ယောက် အထဲမှ ထွက်လာလေသည်။

ထိုလူသည် အဖြူရောင်ဝတ်စုံကို ဝတ်ထားသော်လည်း ကြောက်မက်ဖွယ်ရောင်ဝါနှင့် ပြည့်နေလေသည်။

“အိမ်တော်သခင်ကြီးကျောင်ကို နှုတ်ဆက်ပါတယ်” ကျောင်ရန်သည် ထပ်ပြီး အရိုအသေပေးလေသည်။

“အင်း” ကျောင်ရှုရန်သည် ဘဝင်မြင့်ကာ ကျောင်ရန်အား တစ်ချက်သာကြည့်ပြီးပြောလေသည် “ငါ  ကောင်းကင်ကျားအိမ်တော်ရဲ့ လုပ်ငန်းကို စစ်ဆေးဖို့ လာခဲ့တာ၊ ဒီမှာ ရက်နည်းနည်းလောက်နေပြီး မင်းတို့  ကျောင် မျိုးနွယ်ကို ဒုက္ခပေးရတော့မှာပဲ”

“အိမ်တော်သခင်ကြီးကျောင် ကျွန်တော်တို့ ကျောင်အိမ်တော်ကိုလာတာ ဂုဏ်ယူရမှာပါ” ကျောင်ရန် သည် ပြုံးပြီးပြောလေသည်။

“မင်းတို့ ကျောင်မျိုးနွယ်မှာ ငါတို့ကောင်းကင်ကျား အိမ်တော်ထက် ကောင်းတဲ့အိမ်ရှိတယ်လို့ ကြား တယ်၊ ထိပ်တန်းဥယျာဉ်လို့ခေါ်တာလားပဲ ငါအဲမှာနေမယ်” ကျောင်ရှုရန်ပြောလိုက်သည်။

ကျောင်ရန်သည် အကြပ်ရိုက်သွားသည်။ သူတို့ ခန့်မှန်းတာမှန်သွားသည်။ ကျောင်ရှုရန်သည် ထို ဥယျာဉ်ထိပ်ဖျားတွင် သေချာပေါက်နေတော့မည်။

ကျောင်ရှုရန်သည် အိမ်တော်၏ သခင်တစ်ယောက်သာ ဖြစ်လေသည်။ သို့သော် ကောင်းကင်ကျား အိမ်တော်၏ အကြီးဆုံးအပိုင်းဖြစ်ကာ အာဏာအသင့်အတင့်ရှိလေသည်။

“ကျွန်တော်တို့ တကယ်အားနာလိုက်တာ၊ အိမ်တော်သခင်ကြီးကျောင် အခု ထိပ်တန်းဥယျဉ်မှာ နေ နေတဲ့ သူ တစ်ယောက်ရှိပါတယ်” ကျောင်ရန် ပြောလိုက်သည် “ကျွန်တော်တို့ ကျောင်မျိုးနွယ်မှာ နောက် အိမ်တစ် အိမ် ရှိပါတယ်…”

“ဘာ ငါတို့ အိမ်တော်သခင်ကြီးက မင်းတို့ ကျောင်မျိုးနွယ်နေရာမှ လာနေတာကိုက မျက်နှာသာပေး  နေတာကို မင်းတို့က တခြားနေရာမှာ သွားနေခိုင်းနေတာလား” သူနှင့်အတူပါလာသော ကိုယ်ရံတော် သည် ပြစ်တင် ကျိန်းမောင်းလေသည်။

“ဟုတ်တယ်၊ မင်းတို့က ငါတို့ ကောင်းကင်ကျားအိမ်တော်ကို လေးစားမှုတောင်မရှိတော့ဘူးလား” တခြား ကိုယ်ရံတော်သည် ပြောလိုက်သည်။

ထိုရထားလုံးမောင်းနှင်သူသည် သူတို့အားကြည့်လိုက်ရာ သူ့မျက်လုံးမှ ဒေါများသည် သူတို့အား ကျော ချမ်းသွားစေသည်။

“အဲလိုလား” ကျောင်ရှုရန်သည် ပြောရဲရင် အပြစ်ပေးမည်ဆိုသည့် သဘောနှင့် ကျောင်ရန်အား ကြည့် လိုက်သည်။

“မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်တော်တို့က ကောင်းကင်ကျားအိမ်တော်ရဲ့ ကာကွယ်ပေးမှုအတွက် အကြွေးအကြီးကြီးတင်နေတာ၊ ဘယ်လိုလုပ်လုပ်ရဲပါ့မလဲ” ကျောင်ရန်သည် ပြုံးပြီးပြောလေသည် “အဲဒီ အဲဒီ ဧည့်သည်က အရင်ရက်တွေကတည်းကရောက်နေလို့ပါ၊ သူ့ကို အခုထွက်သွားခိုင်းရင်လည်း အိမ်တော် သခင်ကြီးက သူများနေသွားတဲ့နေရာကို နေနေရမှာမို့လို့ပါ၊ အဲဒါဆို အိမ်တော်သခင်ကြီးကျောင် အတွက် မကောင်းဘူးလေ”

ကျောင်ရှုရန်သည် ထိုစကားမှန်သည်ဟု ခံစားရသည်။ သူက ဘယ်လိုလုပ် သူများနေသွားတဲ့  နေရာကို နေရမှာလဲ။

“ဒါဆို အဲလူကဘယ်သူလဲ၊ ငါတို့အိမ်တော်သခင်ကြီးနေမယ့်နေရာကို နေရဲတယ်ပေါ့” အစေကပြော ခဲ့သော ကိုယ်ရံတော်သည် ထပ်ပြီးပြောလေသည်။

“သူက သခင်ကြီးတစ်ယောက်ပါ ကျွန်တော်တို့ ကျောင်မျိုးနွယ်ရဲ့ ကယ်တင်ရှင်ပါ” ကျောင်ရန် ပြန် ဖြေ လေသည်။

“ငါတို့ကို တွေ့ဖို့ သူ့ကိုလာခိုင်းလိုက်၊ ငါတို့ကို လျစ်လျူရှုရဲလောက်အောင် ဘယ်သူလဲလို့ကြည့်ဦးမယ်”

ကျောင်ရန် မှင်တက်သွားသည်။ သူသည် ထိုမျှလောက်ဖြစ်သွားမည်ဟု ထင်မထားပေ။ သို့သော် သူသည် ရှီမာယူယူအား အမိန့်မပေးရဲသဖြင့် ရှောင်တိမ်းလိုက်သည် “အိမ်တော်သခင်ကြီးကျောင်၊ သူက အခု တံခါးပိတ်လေ့ကျင့်နေလို့ပါ၊ အခုခေါ်လိုက်ရင် မကောင်းဘူးလို့ထင်ပါတယ်”

“မင်းတို့ မသွားဘူးလို့ ပြောနေတာလား” ကျောင်ရှုရန်သည် လူကောင်းမဟုတ်သော်လည်း လူအ မဟုတ်ပေ။ အကြိမ်များစွာပင် ကျောင်ရန်သည် ရှီမာယူယူကို ကာကွယ်ပေးနေသည်ကို သိနေသည်။ “မဆိုးဘူး မဆိုးဘူး မင်းတို့ ကျောင်မျိုးနွယ်က အပြင်လူတစ်ယောက်အတွက် ငါတို့ ကောင်းကင်ကျားအိမ်တော်ကိုတောင် မကြောက်တော့ဘူး”

“အိမ်တော်သခင်ကြီးရဲ့ စကားတွေလွန်နေပါပြီ ကျွန်တော်တို့က ကောင်းကင်ကျားအိမ်တော်ကို ဘယ်လိုလုပ် အမိန့်ပေးရဲမှာလဲ၊ အဲလိုလုပ်ဖို့ သတ္တိတောင်မရှိပါဘူး” ကျောင်ရန်သည် လျင်မြန်စွာ ရှင်းပြလေ သည်။

ကောင်းကင်ကျားအိမ်တော်၏ အိမ်တော်သခင်ကြီးသည် အံ့ဖွယ်အရှင်သခင် အဆင့်ဖြစ်သည်။ သူသည် အံ့ဖွယ်သူတော်စင်အဆင့် ရောက်တော့မည်ဖြစ်ကာ ဧရိယာတစ်ခုလုံးတွင် အင်အားအကြီးဆုံးဖြစ်သည်ဟူသည့်  ကောလဟလလည်းရှိသည်။ ထို့အပြင် ကောင်းကင်ကျားအိမ်တော်သည် အရေအတွက်များသည်။ ကျောင် မျိုးနွယ်၏ အင်အားသည် အတော်အများတိုးတက်လာသော်လည်း ကောင်းကင်ကျားအိမ်တော်နှင့် ယှဉ်နိုင်ရန် မဖြစ်နိုင်သေးပေ။

“ဒင်၃… အဲလူကို သွားခေါ်လိုက်၊ ကျောင်မျိုးနွယ်က ခေါင်းမာပြီး ကာကွယ်နေတဲ့လူက ဘယ်လိုမျိုးလဲ ဆိုတာ ငါကြည့်ချင်တယ်” ကျောင်ရှုရန် အေးစက်စွာ ပြောလေသည်။

“ဟုတ်ကဲ့ပါ သခင်” အစောကလူသည် ပြောပြီး ကျောင်ရန်အား ဖြတ်လျှောက်သွားကာ ကျောင်မျိုးနွယ် သို့ ဝင်ရန် ပြင်လေသည်။

မိန်းဝင်ပေါက်တွင် ပုန်းနေသော ကျောင်မာသည် အဖြစ်အပျက်များကို ကြားသောအခါ အမူအရာ  ပြောင်းသွားပြီး နောက် ထိပ်တန်းဥယျာဉ်သို့ ပြေးလေသည်။

ကျောင်ရန်နှင့် ကျောင်ရှောင်တို့သည် မှင်တက်မိကြလေသည်။ သူတို့သည် အလျင်စလို အရိုအသေ  ပေးကာ “အိမ်တော်သခင်ကြီးကျောင် ထိပ်တန်းဥယျဉ်က လူသူဝေးတဲ့နေရာမှာရှိတာပါ၊ ကျွန်တော်တို့ ထဲက တစ်ယောက်ပဲ သွားခေါ်လိုက်ပါမယ်၊ သခင်ကြီး ဒင်၃က အားကုန်ခံစရာမလိုပါဘူး”

“မလိုဘူး မင်းတို့က သူ့ကိုပါ မဖိတ်ချင်ဘူးထင်တယ်၊ ဒင်၃ကိုသာ လုပ်ခွင့်ပေးလိုက်ပါ၊ ဒင်၃ မင်း သွား  တော့” ကျောင်ရှုရန် အေးစက်စွာ ပြုံးလိုက်သည်။

“ဟုတ်ကဲ့ပါ အိမ်တော်သခင်ကြီး” ဒင်၃သည် လှည့်ပြီး ဆက်သွားလေသည်။

“အိမ်တော်သခင်ကြီး သခင်ကြီးဒင်၃က အဲနေရာကို တစ်ခါမှ မရောက်ဖူးဘူးလေ၊ သူ နေရာကို ရှာ နိုင်မှာမဟုတ်ဘူး၊ ကျွန်တော်တို့ခေါ်သွားပေးလိုက်ပါမယ်” ကျောင်ရန် ပြောလိုက်သည်။

ဒင်၃သည် ရပ်သွားပြန်သည်။ ဟုတ်တော့ဟုတ်သည်၊ သူသည် အရင်က ဒီကို တစ်ခါမှ မရောက်ဖူးပေ၊ သူသည် ထိပ်တန်းဥယျာဉ်မည်သည့်နေရာတွင် ရှိသည်ကို မသိပေ။

“ဒါဆို သူ့ကို လမ်းပြလိုက်” ကျောင်ရှုရန် ပြောလိုက်သည်။

“လုပ်လိုက်ပါမယ်” ကျောင်ရန်သည် လက်အုပ်ချီကာ အရိုအသေပေးပြီး ဒင်၃ရှေ့လာကာ ပြောလိုက် သည် “သခင်ကြီးဒင်၃ ဒီဘက်ကိုကြွပါ”

ကျောင်ရန်သည် ဒင်၃ကို ခေါ်ကာ ထိပ်တန်းဥယျာဉ်ဘက်သို့ လာလိုက်သည်။ ကျောင်မာနှင့် တခြား သူများသည် ရှီမာယူယူအား ကြိုပြီးသတိပေးထားမည်ကို သူသိသည်။

ထင်ထားသည့်အတိုင်းပင် သူ ထိပ်တန်းဥယျာဉ်သို့ရောက်သောအခါ ရှီမာယူယူသည် တံခါးပိတ်ကျင့်ကြံ ရာမှ ထွက်လာပြီးဖြစ်လေသည်။

သူ တံခါးခေါက်ကာ ပြောလိုက်သည် “သခင်ကြီးရှီမာ ကောင်းကင်ကျားအိမ်တော်ရဲ့ အိမ်တော် သခင်ကြီးက သခင်ကြီးကို ဖိတ်ခိုင်းလိုက်ပါတယ်”

“ကောင်းကင်ကျားသခင်ကြီးလား၊ အဲဒါဘယ်သူလဲ၊ သူက ဘယ်သူမို့လို့ င့ါကိုဖိတ်ခိုင်းရတာလဲ” ရှီမာယူယူ၏ အသံသည် အထဲမှ ထွက်လာသော်လည်း လူပေါ်မလာပေ။

ထိုအဖက်မလုပ်သော အသံကို ကြားသောအခါ ဒင်၃၏ အမူအရာ ပျက်သွားလေသည်။ သူသည် တကယ်ကို ကောင်းကင်ကျားအိမ်တော်ကို အထင်သေးရဲတာပဲ။

“မင်းက ဘယ်သူလဲ၊ အဲဒီကနေ ထွက်လာတာကောင်းမယ်” သူ အော်လိုက်သည်။

“မင်းကရောဘာလဲ၊ ငါက မင်းထွက်လာခိုင်းတိုင်း ထွက်လာရမှာလား၊ မင်းကိုမင်း အဆင့်မြင့်လှပြီ ထင် နေတာလား” ရှီမာယူယူ ပြောလိုက်သည်။

ကျောင်မာသည် ရှီမာယူယူ၏ အိမ်တွင် ရှိနေဆဲဖြစ်သည်။ ရှီမာယူယူသည် ကောင်းကင်ကျားအိမ်တော် မှ လူအား ထိုကဲ့သို့ ပြန်ပြောသည်ကို ကျောင်မာကြားသောအခါ သူမ ရင်များခုန်လာသည်။

သူသည် ကောင်းကင်ကျားအိမ်တော်မှ အရေးမပါသောလူဖြစ်သော်လည်း ကောင်းကင်ကျားအိမ်တော် ၏ ဖြတ်လမ်းတည်ဆောက်မှုကို သုံးခွင့်ရသည်။

သူမ ထိုအကြောင်းအားတွေးမိသောအခါ သူတို့သည် ကောင်းကင်ကျားအိမ်တော်ကို ပစ်မှားလိုက်ပါက သူတို့ ကျောင်မျိုးနွယ်က ဘယ်လိုရှင်သန်နိုင်မှာလဲ။

ရှီမာယူယူသည် ကျောင်မျိုးနွယ်အား ပြန်သည့်လမ်းတွင်ပင် ကောင်းကင်ကျား အိမ်တော် အကြောင်း အားလုံးကို နားလည်သွားသည်။ သူတို့အကြောင်းကို သိသွားသောအခါ သူမသည် သူတို့အား အကောင်းမမြင် နိုင်တော့ပေ။

ထို့အပြင် ကောင်းကင်ကျားအိမ်တော်မှ လူသည် ထိပ်တန်းဥယျာဉ်တွင် နေလိုကြောင်း၊ သူမအား ထွက်ပေးရန် ကျောင်မာလာပြောသောအခါ သူတို့အား စိတ်ပျက်မိလေသည်။

သူတို့ ထွက်ခိုင်းချင်တိုင်း သူမကို ထွက်ခိုင်းလို့ရမလား။ သူတို့က သူတို့ကိုယ် သူတို့ အထင်ကြီးနေကြ တာပဲ။

ကောင်းကင်ကျားအိမ်တော်မှာ အဆင့်မြင့် အံ့ဖွယ်အရှင်သခင် တစ်ယောက်ပဲရှိတာမလား။ သူက အံ့ဖွယ် သူတော်စင်အဆင့် ဆက်ခံရင်တောင် အဆင့်၃ အထွတ်အထိပ်သားရဲနှင့် အဆင့်တူဖြစ်လေသည်။

ကျောင်မျိုးနွယ်သည် သူတို့အား မတော်လှန်ရဲသည်မှာ သူမက မလုပ်ရဲခြင်း မဟုတ်ပေ။

ဒင်၃သည် ရှီမာယူယူကြောင့် မယုံနိုင်စရာဖြစ်လေသည်။ သူ ကောင်းကင်ကျားအိမ်တော်သို့ ဝင်ပြီး  ကျောင်ရှုရန်နောက်လိုက်ကတည်းက သူ့ကို ဘယ်သူမှ ထိုကဲ့သို့ မပြောရဲပေ။ ဒီရှီမာယူယူက ဘဝင်မြင့်လွန်း တာပဲ။

သူ ဒေါသထွက်လာသည်နှင့် ချက်ချင်းပင် ဝိညာဉ်စွမ်းအင် ထုတ်ကာ တံခါးအားတိုက်ခိုက်လိုက်သည်။

အစက သူ တံခါးကို ဖွင့်ပြီး အထဲကို မြင်ရမည်ဟု ထင်ထားသည်။ သို့သော် ဝိညာဉ်စွမ်းအင်အား တစ်ခုခု မှ ကာထားပြီး ပြန်ကန်ထွက်လာသည်။

ကျောင်ရှောင်သည် အနောက်တွင် တစ်ချိန်လုံးရပ်နေခဲ့သည်။ သူသည် ဝိညာဉ်စွမ်းအင် ပြန်ကန်ထွက် လာသည်ကို မြင်သောအခါ ချက်ချင်းပင် နောက်ဆုတ်လိုက်လေသည်။

သို့သော် ဒင်၃၏ တုန့်ပြန်မှုသည် မမြန်ဆန်သဖြင့် ပြန်ကန်ထွက်လာသော ဝိညာဉ်စွမ်းအင် ထိမှန်သွား လေသည်။

“ဘုန်း”

ဒင်၃သည် နောက်ပြန်လန်သွားကာ အိမ်ဝင်ပေါက်ရောက်သွားကာ ခြေကားရားဖြစ်သွားလေသည်။

“မင်းတစ်ယောက်လောက်နဲ့ ငါ့ကို တွေ့ဖို့အဆင့်မမှီဘူး၊ ပြန်သွားပြီး မင်းရဲ့ သခင်ကို ခေါ်လိုက်” ရှီမာယူယူသည် မောင်းထုတ်လေသည်။

All Chapters