တိုက်ခိုက်ရေးသားရဲကွင်း
Vol. 65 Ch. 489.4
"ကောင်းကင်ကို ကြည့်လိုက်!"
ခြံဝင်းထဲတွင် ထိုင်ကာ ထူဖူး၊ တခြားသူများနှင့် စကားစမြည်ပြောရင်း လုရွှမ်သည် ရုတ်တရက် သူ့နှလုံးခုန်သံနဲ့အတူ တစ်စုံတစ်ခုကို ခံစားလိုက်ရတာကြောင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
အရောင် ကိုးရောင်ရှိတဲ့ တိမ်တိုက်ပဲ ဖြစ်ကာ တစ်ခုတည်းလို့တောင် မပြောနိုင်ပေ။ တိမ်များသည် အလွန်ကြီးမားပြီး ကောင်းကင်နှင့် နေကို ဖုံးအုပ်ကာ အရောင်ကိုးရောင် အလင်းတန်းများ တဖျပ်ဖျပ် ခတ်လျက်ရှိသည်။ ထိုအရောင်များက အဝေးမှ တဖြည်းဖြည်း ကျဆင်းလာကာ နောက်ဆုံးတွင် အောင့်အိမ်တော် နောက်ကွယ်က ကောင်းကင်ကိုပါ ဖုံးလွှမ်းသွားခဲ့သည်။
"အဲဒါက ဘာလဲ?"
"ကျွန်မတို့ အောင့်မိသားစုရဲ့ ဘိုးဘွားခန်းမနဲ့ ဘိုးဘေးတွေကို သင်္ဂြိုဟ်တဲ့နေရာ!"
အောင့်ယွဲ့ရဲ့ မျက်နှာက ဖြူဖျော့သွားပြီး အကြောင်းပြချက်မရှိ ထိတ်လန့်သွားသည်။
ကောင်းကင်ဘုံသခင် နယ်ပယ်မှ သခင်များစွာသည် အောင့်မိသားစုဆီသို့ ပျံသန်းလာနေတာကို တွေ့လိုက်ရသည်။ မျိုးနွယ်စု ကာကွယ်ရေး အခင်းအကျင်း ဖွဲ့စည်းမှုအောက်ကို ဘယ်သူမှ မဝင်ရောက် သေးသော်လည်း ကျူးကျော်ဝင်ရောက်လာဖို့ အချိန်ကာလတစ်ခုသာ ကြာနိုင်ကြောင်း ထင်ရှားပါသည်။
"အောင့်ယွဲ့ မန်ဟွမ်နတ်ဘုရား မျှော်စင်ကို မင်းတို့ အောင့်မိသားစုရဲ့ အောက်မှာ မြှုပ်ထားတယ်ဆိုတဲ့ ကောလဟာလတွေက အမှန်ပဲလား"
ရှန်ယီးရှောင်ဟဲက အော်လိုက်သည်။ အောင့်ယွဲ်က ခေါင်းခါလိုက်ပြီး
"မသိဘူး"
သူမ တကယ်မသိခဲ့ပါ။ ဒီလိုကိစ္စမျိုးက အရမ်းအရေးကြီးပြီး သူမ သိနိုင်တဲ့အရာတော့ မဟုတ်ပါဘူး။
လုရွှမ်သည် ထိတ်လန့်နေတဲ့ အောင့်ယွဲ့ကို ညင်သာစွာ ထောက်ကူပေးရင်း လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။
"ဟုတ်လား မဟုတ်လားဆိုတာ အခုလောက် အရေးကြီးသေးလို့လား?"
လူငယ်အုပ်စုလည်း နှုတ်ဆိတ်နေခဲ့သည်။ အမှန်ပဲ အရေးကြီးလို့လား။ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အတွေးအခေါ် သက်သက် ဖြစ်သည်။
ဒုန်းဒုန်း!
လုရွှမ်စိတ်ထဲမှ အသံတစ်ခုကို ခံစားလိုက်ရသည်။ သိုလှောင်လက်စွပ်ထဲက ကိုယ်ရေးကိုယ်တာ ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်ပြီး တစ်ချက် ကြည့်လိုက်တဲ့အခါ မျက်မှောင်တွေ ကြုတ်သွားတော့သည်။
"ဘာဖြစ်လို့လဲ?"
"ကောင်းကင်အရိပ်ဂိုဏ်းကို တိုက်ခိုက်ရေးသားရဲကွင်းကို သွားခိုင်းနေတာ... ဆွေးနွေးစရာတွေ ရှိတယ်ဆိုပြီး ဂိုဏ်းတွေဆီက အကြောင်းကြားစာ ထွက်လာတယ်... အဒေါ်ယွင်နဲ့ ကောင်းကင်အရိပ်ဂိုဏ်းက လုံလောက်တဲ့ အင်အား မရှိသလို ရာထူးတွေမှာ ပါဝင်ဖို့ မသင့်တော်ဘူးလို့ ငါနဲ့အဒေါ်ယွင်တို့ နှစ်ယောက်လုံးက ယုံကြည်ထားတယ်"
လုရွှမ်က ဆက်သွယ်ရေး ကျောက်စိမ်း သင်္ကေတကို ကြည့်ပြီး
"ဒါကြောင့် ဒီဆက်သွယ်ရေး ကျောက်စိမ်းပြားကို တောင်းထားလိုက်တာ... ဒီအရာက ဆက်သွယ်လို့ မရဘူး... တစ်ဖက်သတ် စာတွေကိုပဲ လက်ခံလို့ ရတယ်... သည်းမခံနိုင်စရာပဲ"
ထိုအခါ လိရှောင်း ရယ်ရင်း။
"သည်းမခံနိုင်စရာပဲ ဟုတ်လား? လုရွှမ် တိုက်ခိုက်ရေးသားရဲကွင်းက ဘယ်လို နေရာလဲ ဆိုတာ မင်းသိလား? သည်းမခံနိုင်စရာ ကောင်းတဲဲ့ နေရာမဟုတ်ဘူး... ရက်စက်တဲ့နေရာပဲ!"
ထို့နောက် ရဟန်လေး ရှန်ယီးရှောင်ဟဲကလည်း ဝင်ဆိုလာခဲ့သည်။
"လိရှောင်း အရင်တုန်းက တိုက်ခိုက်ရေးသားရဲကွင်း ဆိုတဲ့ နေရာကိုဝင်ပြီး သေရေးရှင်ရေးကြားက ခံစားချက်ကို နားလည်စေဖို့ တစ်နှစ်လောက် နာမည်ဝှက်နဲ့ တိုက်ပွဲဝင်ခဲ့ဖူးတယ်"
လိရှောင်းက "တကယ်တော့ တိုက်ခိုက်ရေးသားရဲကွင်းက အပြင်လူတွေ ပြောသလို ကြောက်စရာ ကောင်းနေတာတော့ မဟုတ်ပါဘူး...သေချာတာကတော့ တိုက်ပွဲတွေချည်းပဲ သန်မာတဲ့သူတွေ ရှင်သန်ပြီး အားနည်းတဲ့သူတွေက သေကုန်ကြတယ်"
"လုရွှမ်... လိရှောင်းရဲ့ ပေါက်ကရတွေကို နားမထောင်နဲ့... အဲဒီတုန်းက သူက ဘယ်နယ်ပယ် ရောက်နေလဲ ဆိုတာ စဥ်းစားကြည့်ဦး... ဒါက လုံးဝကို ကွဲပြားတယ်.. တိုက်ခိုက်ရေးသားရဲကွင်းမှာ နယ်ပယ်မတူတဲ့ လူတွေကို မသတ်ရဘူးဆိုပြီး တားမြစ်ထားတဲ့ စည်းမျဉ်းမရှိဘူး... တိုက်ခိုက်ရေးသားရဲကွင်းမှာ တွေ့ပြီဆိုကတည်းက ကျွန်မတို့ကို ကြင်နာဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ဆိုလိုတာပဲ... ရှင်းရှင်းပြောရရင် နောက်ကွယ်မှာ ဘယ်သူပဲ ရှိနေပါစေ... လက်ရှိ အနေအထားက သေရေးရှင်ရေးကို ဆုံးဖြတ်ပေးသွားမှာ"
နတ်သမီးရှန်းရှဲ့ရဲ့ အသံမကျသွားခင် လုရွှမ်ဟာ နတ်သမီးကျင်းဟုန်ရဲ့ ဆက်သွယ်ရေး ကျောက်စိမ်းပြားက မြည်သွားတာကို ခံစားလိုက်ရသည်။ သူမက အလျင်အမြန် တစ်ချက်ကြည့်လိုက်ပြီး
"ဒါ ဒုတိယဦးလေး သတင်းပို့နေတာပဲ... အမေ ပျောက်သွားပြီတဲ့!"
ပြောစရာ မလိုအောင် သူမကို တိုက်ခိုက်ရေးသားရဲကွင်းထဲ ခေါ်သွားတာ ထင်ရှားနေပြီ။
မုန်တိုင်းကတော့ လာနေပြီ။
လုရွှမ် တုန်လှုပ် ခြောက်ခြားသွားကာ ဒေါသလည်း ထွက်သွားသည်။ သူတို့နောက်ကွယ်က အင်အားကြီးများသည် ဆော့ကစားချင်ရုံဖြင့် တခြားသူများကို အတင်းအကျပ် ခိုင်းစေနေတာက ဘာအဓိပ္ပာယ်မှ မရှိချေ။ ထိုလူများသည် တခြားသူများကို အပေါင်တွေလို သုံးနိုင်လောက်အောင် သူတို့ကိုယ်သူတို့ အစွမ်းထက်တယ်လို့ ထင်မြင်နေပုံရသည်။
"တိုက်ခိုက်ရေးသားရဲကွင်းက ဘယ်သူပိုင်တာလဲ?"
လုရွှမ်က သူ့အသံထဲ လူသတ်ချင်သည့် ရည်ရွယ်ချက်များဖြင့် မေးလိုက်သည်။ အောင့်ယွဲ့က ခါးသက်စွာ ပြုံးပြရင်း။
"အရင်က ကျွန်မတို့ အဓိက မိသားစုရှစ်စုက ပိုင်ခဲ့ဖူးတယ်..... မိသားစု တစ်ခုစီမှာ ရှယ်ယာတချို့ ရှိပေမယ့် အခုတော့ ဘယ်သူသိမှာလဲ?"
ဤညံ့ဖျင်းသော ရှင်းပြချက်သည် အောင့်ယွဲ့နှင့် နတ်သမီးကျင်းဟုန်တို့ အကြားက ကွာဟချက်ကို အလွယ်တကူ ဖန်တီးနိုင်တာကို သိသဖြင့် နတ်သမီးရှန်းရှဲ့က ၎င်းကို အသေးစိတ် ရှင်းပြလာခဲ့သည်။
ရှေးဟောင်း လျှပ်စီးမြို့တော်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော တိုက်ခိုက်ရေးသားရဲကွင်းဟု ခေါ်သော နေရာသည် သွေးထွက်သံယို အပြင်းထန်ဆုံးနှင့် အကြမ်းတမ်းဆုံး နေရာအဖြစ် ရှေးဟောင်း လျှပ်စီးမြို့တော်၏ အလယ်ပိုင်းဒေသတွင် တည်ရှိသည်။
ဟိုးရှေးရှေးတုန်းက မိသားစုကြီးတွေက အဲဒီနေရာကို တည်ထောင်ခဲ့ကြတာ ဖြစ်လေသည်။ ဖန်လုံအိမ်ထဲက ပန်းများလို လေနှင့်မိုးကို ခံနိုင်ရည် မရှိသော သို့မဟုတ် အတွေ့အကြုံ မရှိသေးသော မိသားစုနှင့် လူမျိုးပေါင်းစုံမှ ပါရမီရှင်များသည် အလောင်းအစား တချို့အတွက် ယှဉ်ပြိုင်ကြတဲ့ နေရာဟုလည်း သဘောတူခဲ့သည်။
ဆွေးနွေးရန် နေရာတစ်ခု ရှိခဲ့ဖူးသော်လည်း တဖြည်းဖြည်းနဲ့ ထိုနေရာက ပို၍ ထူးခြားလာသည်။ လူတချို့က ထိုနေရာကို နာမည် ကျော်ကြားလာမည့် နေရာတစ်ခုအဖြစ် တဖြည်းဖြည်း မှတ်ယူလာကြသည်။ နာမည်ကောင်း ရနိုင်သရွေ့ သူတို့သည် အဓိက မိသားစု ရှစ်စုတွင် ပါဝင်လာနိုင်ပြီပဲ ဖြစ်ပေ၏။
ဧည့်သည်ဖြစ်ရန်၊ တပည့်ဖြစ်ရန်၊ သားမက်ဖြစ်ရန် စသည်ဖြင့် စုဆောင်းခံရပြီး ချက်ချင်းပင် သခင်ဖြစ်လာသူများလည်း ရှိသည်။
ထိုအချိန်က တိုက်ခိုက်ရေးသားရဲကွင်း နေရာသည် အချမ်းသာဆုံး၊ အတက်ကြွဆုံးနှင့် အကျော်ကြားဆုံး နေရာဖြစ်သည်။ အဲဒီအချိန်ကတည်းက အဓိက မိသားစုရှစ်စုသည် ပိုမိုကြီးမားလာပြီး တခြားမိသားစုများနှင့် ကွာဟချက်ကို လုံးဝ ချဲ့ထွင်နိုင်ခဲ့သည်။
စည်းစိမ်ချမ်းသာ လာပြီးရင် ဆုတ်ယုတ်ပျက်စီးခြင်းတွေ ရောက်လာတတ်ပါသည်။ ဤအကျိုးစီးပွားများသည် အဓိက မိသားစုကြီးရှစ်ခုကို သေသေချာချာ တွေးတောစေပြီး တခြားမိသားစုများကို လှည့်စားဖို့ပါ သုံးလာစေခဲ့သည်။
ထို့နောက် သခင်များစွာသည် ထိုအချိန်ကာလကို သည်းခံနိုင်စွမ်း ကုန်စပြုလာရာ အဓိက မိသားစု ရှစ်စုရဲ့ သားသမီးများကို သတ်ပစ်တဲ့အထိ ရက်စက်စွာ ပြုမူလာကြသည်။ အဝေးက လာတဲ့ လူတွေကလည်း ရှေ့ကို ဆက်တိုးချင်ကြရာ အခြေအနေက ပိုပိုပြီး ပြင်းထန်လာ၏။
တချိန်က ပါရမီရှင်များကို ကြည့်ရှုရန် စိတ်အားထက်သန်သော ကျင့်ကြံသူများပင် ထိုနေရာသည် လာဘ်စားရန် နေရာကောင်း တစ်ခုဖြစ်ကြောင်း တဖြည်းဖြည်း သိရှိလာကာ တချို့သောသူများသည် လောင်းကစားရုံများ တည်ထောင်ကာ လောင်းကစား လုပ်လာကြသည်။
ရှေ့ဆက်နိုင်ဖို့၊ အနိုင်ယူဖို့၊ ရှင်သန်ဖို့အတွက်၊ ဒီနေရာရဲ့ သဘောသဘာဝက အမြဲ ပြောင်းလဲနေပြီး လူတွေကို ကြည့်ရှုတိုက်ခိုက်ဖို့ နေရာမျိုး လုံးဝ ဖြစ်လာခဲ့သည်။
မိသားစုကြီးများက သားသမီးများသည်လည်း လောင်းကစားရုံတွင် ရန်ဖြစ်ပြီး နာမည်တွေလည်း တဖြည်းဖြည်း ဆုတ်ယုတ်လာကြသည်။ ထိုနေရာကို လျှို့ဝှက်ခြယ်လှယ်ပြီး အကျိုးစီးပွားအုပ်စု တစ်ခုအဖြစ် ပြောင်းလဲထားသည်။ ကျင့်ကြံသူတွေ အကြားက ဆက်ဆံရေးများက အလွန် ရှုပ်ထွေးပြီး အဓိက မိသားစုရှစ်စု၏ ထိန်းချုပ်မှုထက် ကျော်လွန်သွားခဲ့သည်။
အဓိကမိသားစု ရှစ်စုရဲ့ အင်အားကလည်း အရမ်းပြင်းထန်ခဲ့သည်။ ဒါပေမဲ့ အခုချိန်မှာတော့ အဓိက မိသားစု ရှစ်စုဟာ အကွဲကွဲ အပြားပြား ဖြစ်သွားပြီ ဆိုတာ သိသာထင်ရှားလှ၏။
အောင့်မိသားစုသည် ယခုအခါ နစ်မြုပ်သွားသော သင်္ဘောကြီး ဖြစ်သွားပြီ။ မည်သူမဆို လွတ်မြောက်ရန် နောက်ကျနေပြီ ဖြစ်တာကြောင့် အောင့်မိသားစုထဲ ပါဝင်ဖို့ ဘယ်သူကများ သတ္တိရှိပါတော့မလဲ။
"အစ်မကျင်းဟုန် စိတ်မပူပါနဲ့... ကျွန်မ အဖေ့ကို ပြောလိုက်မယ်... ကျွန်မတို့ အောင့်မိသားစု ရှေ့ကိုထွက်လိုက်ရင်... "
လုရွှမ်က အောင့်ယွဲ့ရဲ့ စကားကို ဝင်နှောက်ယှက်လိုက်သည်။
"အောင့်ယွဲ့ မဖြစ်ဘူး... မင်းတို့ ရှေ့ထွက်လိုက်ရင် မင်းတို့ အောင့်မိသားစုနဲ့ ကောင်းကင်အရိပ် ဂိုဏ်းက ပူးပေါင်းနေပြီ ဆိုတဲ့ ကောလဟာလတွေကို လုံးလုံး အတည်ပြုမိသွားလိမ့်မယ်... အဲဒါက ကောင်းကင်အရိပ် ဂိုဏ်းအတွက်တော့ ဖျက်ဆီးခံရဖို့ အလွယ်လေးပဲ"
ဒီလိုပြောရတာ နည်းနည်းခက်ပေမယ့် လုရွှမ်ကတော့ အဲဒီ အင်အားစုကြီးတွေရဲ့ ပုံစံတွေကို သိပ်သဘောပေါက်ပါ၏။
သူတို့အခု ယွင်ယင်ကို ဖမ်းထားတာ သိသာနေပြီ!
ဒါကကျားကို ထိတ်လန့်စေဖို့ တောင်ကို ခေါက်လိုက်ရုံသာ ဖြစ်သည်။ နတ်သမီးကျင်းဟုန်၊ လုရွှမ်နဲ့ နတ်သမီးအောင့်ယွဲ့တို့ရဲ့ ဆက်ဆံရေးကြောင့် ကောင်းကင်အရိပ်ဂိုဏ်းက နာမည်ပျက် စာရင်းသွင်းခြင်း ခံရနိုင်သည်။ အောင့်မိသားစု ရှေ့ထွက်လာသည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူတွေက ပိုမိုပြင်းထန်လာမည် ဖြစ်သည်။
ဒါ့အပြင် အောင့်မိသားစု ရှေ့ထွက်မလာခင် ထိုအင်အားစုတွေက ကောင်းကင်အရိပ် ဂိုဏ်းကို အပြီးအပိုင် သုတ်သင်ပစ်ဖို့ ဆုံးဖြတ်လိုက်နိုင်သည်။ ယခုအချိန်မှာ ကောင်းကင်အရိပ်ဂိုဏ်းက စစ်တုရင် အပိုင်းအစ တစ်ခုမျှသာဖြစ်ပြီး ခုခံရန် အင်အားမရှိဘဲ အနိုင်ကျင့်ခြင်းကိုသာ ခံနေရသည်။
အောင့်မိသားစု ဘာလုပ်နိုင်မှာလဲ? ကောင်းကင်အရိပ်ဂိုဏ်း အတွက် သူတို့အင်အားကို ထုတ်ပြမှာလား?
အခု လူတွေက ဒါကို စောင့်မျှော်နေကြတာ ဖြစ်နိုင်သည်။