အပိုင်း (၄၃၈) – ခင်ဗျားအောက်ကလူတွေကို ဆုံးမထား
Vol. 005 Ch. 438
ဒင်၃သည် မြေမှ တွားသွားပြီးထကာ ထပ်တိုက်ခိုက်ရန် စဉ်းစားလိုက်သော်လည်း ကျောင်ရှောင် သည် လျင်မြန်စွာ သူ့အရှေ့ပြေးသွားပြီး ပြောလိုက်သည် “သခင်ကြီးဒင်၃ ထပ်ပြီးမတိုက်တာကောင်းပါမယ်၊ ဒီမှာ တည်ဆောက်မှုလုပ်ထားတာ၊ သခင်ကြီးတိုက်လိုက်ရင် အဲတည်ဆောက်မှုက သခင်ကြီးကို ပစ်မှတ်ထားလိမ့် မယ်”
ဒင်၃၏ ဝိညာဉ်စွမ်းအင်သည် သူ့လက်အတွင်းကျန်နေသော်လည်း သူ့မျက်နှာသည် ကြောက်မက်ဖွယ် ဖြစ်လေသည်။
“အဲမှာ တည်ဆောက်မှုသခင်ရှိနေတာလား”
“ဟုတ်ပါတယ်၊ တည်ဆောက်မှုသခင်ပါ၊ အဲတည်ဆောက်မှုကြောင့်ပဲ သခင်ကြီးရဲ့ ဝိညာဉ်စွမ်းအင်က ပြန်ကန်ထွက်လာတာပါ” ကျောင်ရှောင်၏ အမူအရာသည် တည်ငြိမ်နေသော်လည်း ရယ်မောမည့်အတိုင်း ဖြစ်နေသည်။
မင်းက ဝင့်ကြွားနေခဲ့တာ မဟုတ်လား။ အခုတော့ ပျာယာခတ်နေပြီ။
တည်ဆောက်မှု သခင်… ကျားအိမ်တော်တစ်ခုလုံးတောင်မှ တည်ဆောက်မှုသခင်မရှိဘူး၊ ဒါပေမဲ့ မင်းက တည်ဆောက်မှုသခင်ကို လှုံ့ဆော်ရဲတယ် ဟုတ်လား။ မင်း လုပ်စရာမရှိဘူးထင်တယ်။
သေချာကို အမှုထမ်းနေတာပဲ။
“သွားတော့” ရှီမာယူူယူ အသံထပ်ထွက်လာသည်။ အအော်ခံရသော ဒင်၃သည် မီးတောက်များ အပြည့် ရှိသော်လည်း မပစ်ရဲပေ။ သူသည် အံကြိတ်ကာ ဒေါသထွက်ကာ ထွက်သွားလေသည်။
သူထွက်သွားသည်နှင့် ရှီမာယူယူသည် ကျောင်မာအား ပြောလိုက်လေသည် “မင်းအရင်သွားလိုက် တော့”
ကျောင်မာသည် အနည်းငယ်စိုးရိမ်မိသည်။ သို့သော် ရှီမာယူယူ၏ ပုံမှန်ဖြစ်သော အမူအရာအား ကြည့် ပြီးနောက် ခေါင်းညိတ်ကာ ပြောလေသည် “အဲဒီ ကျောင်ရှုရန်က နည်းနည်းအားနည်းပေမယ့် သူက ကောင်းကင်ကျားအိမ်တော် သခင်ကြီးရဲ့ အမျိုးပဲ၊ သူ့ရာထူးကလည်း ကောင်းကင်ကျားအိမ်တော်မှာ မြင့်တဲ့ အထဲပါတယ်”
“သိပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
ကျောင်မာသည် တစ်စုံတစ်ရာ ပြောချင်သော်လည်း ခံစားမှုကင်းသော ရှီမာယူယူ၏ အမူအရာကို ကြည့် ပြီး ပြောမည့်စကားကို မျိုချကာ ပြောလိုက်သည် “ဒါဆို ကျွန်မအရင်သွားနှင့်မယ်နော်”
ရှီမာယူယူသည် ကျောင်မာ၏ တုံးအသော အကြည့်ကို မြင်သောအခါ တိတ်တဆိတ် သက်ပြင်းချမိ သည်။ သို့သော် သူမထွက်သွားသည်ကို ဘာမှမပြောလိုက်ပေ။
“ယူယူ မင်း လိပ်ပြာလေးတွေကို ဒီလိုမျိုးဆွဲဆောင်နိုင်လိမ့်မယ်လို့ ငါမထင်ထားဘူး” ဟိန်းသံလေး သည် သူမရင်ခွင်ထဲပေါ်လာကာ မဲ့ပြုံးပြုံးပြီး ပြောလေသည်။
သူမသည် ဝိညာဉ်စေတီကို မဖွင့်နိုင်သဖြင့် ငှက်လေးနှင့် တခြားသူများ မထွက်လာနိုင်ပေ။ ဟိန်းသံလေး သည် သူမ၏ ဝိညာဉ်နှင့် စာချုပ်ချုပ်ထားသဖြင့် ထိုနှစ်ရက်အတွင်း ထွက်လာနိုင်လေသည်။
ဟိန်းသံလေးထွက်လာနိုင်သည်ကို ရှီမာယူယူ မြင်သောအခါ ဝိညာဉ်စေတီကို မကြာခင်ဖွင့်နိုင်တော့မည် ကို တွေးနေမိသည်။
သူမ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ဘာလို့လဲတော့ ငါလည်းမသိဘူး၊ သူမက တကယ့်ကို မိန်းမကောင်းလေးပဲ… ငါအစက ဝိညာဉ်စေတီပွင့်လာမှ ထွက်သွားမလို့ပဲ အခုတော့ စောစောထွက်သွားမှနဲ့တူ တယ်”
“တကယ်တော့ ငါတောင်ထွက်လာနိုင်ပြီပဲ မင်းလည်း ဝိညာဉ်စေတီကို ဖွင့်နိုင်တော့မှာပါ” ဟိန်းသံလေး ပြောလိုက်သည် “ဒါပေမဲ့ အပြင်ပိုင်းဒေသကနေ အတွင်းပိုင်းဒေသကို သွားတာ အရမ်းအန္တရာယ်များတယ်၊ ဘယ်နေရာကနေ ဘယ်လိုသွားလို့ရမလဲဆိုတာ သိချင်တယ်”
“ငါ ဒီနေရာထက်ပိုကြီးတဲ့နေရာ သွားပြီး စုံစမ်းမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီကောင်းကင် ကျားနေရာက တော်တော် နောက်ရောက်တယ်ထင်တယ်”
“အရင်ကဆိုရင် အပြင်ပိုင်းဒေသကို သွားကြည့်မယ်ဆိုပြီး ပြောခဲ့ကြသေးတယ်၊ အရင်ကတည်းက လာ ကြည့်သင့်တာ” ဟိန်းသံလေးသည် ရှီမာယူယူ၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသည်။ သူသည် ကျောဆန့်လဲကာ သူ၏ ခြေလက်များသည် သူမ ဆံပင်များနှင့် ဆော့ကစားနေလေသည်။
“ငါတို့ လာဖူးတယ်ဆိုရင်တောင် အသုံးမဝင်ဘူး၊ ဒီကောင်းကင်ကျားဧရိယာက အရမ်းသေးလွန်းတယ်၊ ငါတို့ ဒီလိုလာစရာ လမ်းရှိမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ ငါတို့ အနည်းဆုံးတော့ အလယ်ပိုင်းဒေသကို ဘယ်လိုသွားရမလဲဆိုတာ သိတာပေါ့၊ အခုလို လမ်းမှာ လည်နေမှာမဟုတ်တော့ဘူး”
“ငါတို့ သွားတဲ့အချိန်ကျရင် လှည့်ပတ်ပြီးမေးသွားရမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ရွေးစရာမှမရှိတာ” ဟိန်းသံလေးသည် ရှီမာယူယူအား အတုခိုးကာ သက်ပြင်းချလိုက်လေသည်။ ထို့နောက်တွင် သူ၏ ရှည်လျားသော နားရွက်များ လှုပ်ရှားသွားပြီး ပြောလိုက်သည် “သူတို့လာနေကြပြီ”
သူတို့လာနေပြီဖြစ်ကြောင်းကို ရှီမာယူယူလည်း သတိထားမိသဖြင့် ဟိန်းသံလေးကို စားပွဲပေါ်တင်ကာ တည်ဆောက်မှုကျောက်တုံးများကို ပတ်ပတ်လည် ထပ်ပစ်လိုက်လေသည်။
ကျောင်ရှုရန်သည် အိမ်သို့ ဒေါသတကြီးဖြင့် လာရာ အနောက်တွင် ဒင်၃နှင့် ကျောင်ရန်တို့ လိုက်ပါလာ ကြသည်။
ဒင်၃သည် သူထွက်သွားချိန်တွင် အားနာသောပုံစံဖြင့် ပြန်လာခဲ့သည်။ သူသည် အမိန့်ပေးခေါ်ခိုင်းထား သော သူကို မခေါ်နိုင်သဖြင့် နှင်ထုတ်ခံလိုက်ရသေးသည်။ ထို့ကြောင့် သူ ဆူပူခံရပြီး သခင်ကြီးကို လမ်းညွှန်ပြ ရတော့သည်။
တစ်စုံတစ်ယောက်သာ သူတို့ကို စိန်ခေါ်ခဲ့ပါက သူတို့သည် ချက်ချင်းပင် လူခေါ်ပြီး ချီတက်သည်။
သူသည် အစပိုင်းတွင် ရှီမာယူယူအား နေရာတွင်ပင် အပြစ်ပေးချင်ခဲ့သော်လည်း ရှီမာယူယူသည် တည်ဆောက်မှုသခင်ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူသည် အနည်းငယ် ပြဿနာတက်နေလေသည်။
တည်ဆောက်မှုသခင်သည် လေးစားရလောက်သော ရာထူးဖြစ်သည်။ ထို့ကြောင့်ပင် ကျောင်မျိုးနွယ် သည် သူမအား ထိပ်တန်းဥယျာဉ်တွင် နေခိုင်းသည်မှာ မထူးဆန်းတော့ပေ။
စကားပုံမှာ မှန်သည်…. ခွေးအားမရိုက်ခင် ပိုင်ရှင်မျက်နှာကို ကြည့်ရမည်။ သူ၏ သစ္စာရှိခွေး အရိုက်ခံ ရသည်ကို ဂရုမစိုက်ပဲနေပါက ဘယ်လိုလုပ် သူ ကောင်းကင်ကျား၏ အဖွဲ့ဝင်အတိုင်းပြုမူရမလဲ။ အိမ်တော် သခင်များကို ဘယ်လို ခေါင်းမော့ကြည့်ရမလဲ။
“အိမ်တော်သခင်ကြီး ဒီနေရာပါပဲ” ဒင်၃သည် ရှီမာယူယူ၏ အခန်းကိုညွှန်ပြကာ ပြောလေသည်။
“အဲမှာ တည်ဆောက်မှုသခင်ရှိတာလား” ကျောင်ရှုရန်သည် ထူးခြားမှုမရှိသော အခန်းကိုကြည့်ကာ ဒင်၃ အား သံသယဖြင့် ကြည့်လိုက်သည်။ သူ့အကြည့်သည် ကြင်နာခြင်းကင်းမဲ့ကာ သူ့အား လိမ်လည်ပါက ချက်ချင်းပင် အပြစ်ပေးမည့်ပုံအတိုင်းဖြစ်လေသည်။
“အိမ်တော်သခင်ကြီး ဟုတ်ပါတယ်၊ ကျွန်တော် တည်ဆောက်မှုကြောင့်ပဲ တကယ် ဒဏ်ရာရခဲ့တာပါ” ဒင်၃သည် ခေါင်းညိတ်ကာ သေချာစွာ ပြောလေသည်။
သို့သော် ကျောင်ရှုရန်သည် မယုံသေးပေ။ ဒီကမ္ဘာမှာ ဘယ်လိုလူက တိုက်ခိုက်နိုင်သည့် တည်ဆောက် မှုကို လုပ်နိုင်မှာလဲ”
“သွားစမ်းကြည့်” သူ အမိန့်ပေးလိုက်သည်။
“အိမ်တော်သခင်ကြီး…” ဒင်၃သည် ကျောင်ရှုရန်အား အသနားခံသည့် အမူအရာဖြင့် ကြည့်လေသည်။ ရှောင်ရှုရန်သည် ဒေါသဖြင့် ပေါက်ကွဲတော့မည်ကို မြင်လိုက်သောအခါ ပြောမည့်စကားလုံးများကို မြိုသိပ်ကာ ရှေ့သို့တိုးသွားလေသည်။
ကျောင်မျိုးနွယ်ဝင်များသည် မသိလိုက်ဘာသာပင် ဒင်၃နှင့် ဝေးသွားသည့်တိုင်အောင် နောက်ဆုတ်မိ ကြသည်။ ကျောင်ရှုရန်သည်လည်း နောက်ဆုတ်ချင်တေသာ်လည်း သူပါ ဆုတ်လိုက်ပါက သူပြောသည်ကို ယုံ ကြည်သည်ဟု မှတ်ယူသွားမည်။
“သွား” သူ အမိန့်ပေးလိုက်သည်။
ဒင်၃သည် သူ ဆုံးဖြတ်ပြီးဖြစ်သည်ကို မြင်သောအခါ ဝိညာဉ်စွမ်းအင် ထုတ်ပြီး ရှီမာယူယူ၏ ပင်မ တံခါးကို တိုက်ခိုက်လေသည်။
ဝိညာဉ်စွမ်းအင်သည် တံခါးမရောက်ခင်တွင် လှိုင်းထသွားပြီး လာရာလမ်းအတိုင်း ပြန်လာလေသည်။ သူ၏ တိုက်ခိုက်မှုအားသည် အဆပေါင်းများစွာ အားကောင်းလာလေသည်။
တိုက်ခိုက်မှု ပြန်လာသည်နှင့် ဒင်၃သည် ဘေးသို့ရှောင်လိုက်လေသည်။ ပြန်သော တိုက်ခိုက်မှုသည် ကျောင်ရှုရန်အား ထိမှန်လေသည်။
“ဘုန်း”
ကျောင်ရှုရန်သည် တိုက်ခိုက်မှုကြောင့် လွင့်သွားကာ တံခါးအရှေ့သို့ ရောက်သွားလေသည်။
“တော်တယ် ဒင်၃ ငါ မင်းကို စမ်းကြည့်ရုံပဲ စမ်းကြည့်ခိုင်းတာ မင်းက အားအများကြီးသုံးလိုက်တယ် အဟွတ်အဟွတ် ဒီသခင်ကြီးက မင်းကို သတ်တော့မယ်” ကျောင်ရှုရန်သည် ထရင်းနှင့် ကျိန်ဆဲကာ ဒင်၃အား စိုက်ကြည့်လေသည်။
“တောင်ကြားသခင်ကြီး ကျွန်တော် ဘယ်တုန်းက အားအများကြီးသုံးမိလို့လဲ သခင်ကြီးလည်း မြင်တာပဲ ကျွန်တော် အားနည်းနည်းပဲ ထည့်လိုက်တာ” ဒင်၃သည် တရားခံရသလို စောဒကတက်လိုက်သည် “အဲတည် ဆောက်မှုက အားတွေ တက်သွားစေတာ ကျွန်တော့်အမှားမဟုတ်ဘူး”
“အဲဒါကို မင်းက အရှေ့မှာ ရပ်မနေဘူး၊ ပြေးရဲသေးတယ် မင်းတော့ သေချင်ပြီထင်တယ်” ကျောင်ရှုရန် သည် သူ့အား ဆက်ပြီး ဆူပူလေသည်။
“အိမ်တော်သခင်ကြီး အဲတာ ပြန်ကန်ထွက်တယ်လို့ ကျွန်တော် ပြောပြီးပြီလေ၊ သခင်ကြီးမှ ကျွန်တော့် ကို မယုံတာ…” ဒင်၃သည် သူ့သခင်အား စောဒက တက်စွာ ကြည့်လိုက်သည်။ သို့သော် သူသည် စိုက်ကြည့်ခံ နေရသဖြင့် စကားသံမှာ တိုးတိုးသွားလေသည်။
“နားငြီးလိုက်တာ” ရှီမာယူယူ၏ အသံသည် အိမ်ထဲမှ ထွက်လာသည်။ အပြင်ဘက်သည် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
အထူးသဖြင့် ဒင်၃ နှင့် ကျောင်ရှုရန်တို့သည် ပါးစပ်ဟပြီး စကားပင် မပြောရဲကြတော့ပေ။ တစ်ဖက်လူ သည် တည်ဆောက်မှုသခင် ဖြစ်ကာ သူတို့အား ပုံဆိုးပန်းဆိုးဖြစ်အောင် လုပ်နိုင်သည်။ သူတို့ ဘယ်လိုလုပ် ဒီ နေရာကို တောင်းရဲတော့မှာလဲ။
ကျောင်ရှုရန်သည် ကျောင်ရန်အား စိုက်ကြည့်လိုက်သည်။ ဒီကျောင်မျိုးနွယ်တွေက ဒီလို အားကောင်း တဲ့ တည်ဆောက်မှုတွေကို လုပ်နိုင်တဲ့ တည်ဆောက်မှုသခင်ကို ဘယ်ကနေသိလာတာပါလိမ့်။ သူတို့ ကောင်း ကင်ကျားကို နားလည်ထားသလောက်ဆိုရင် ဒီလူက အဲဒီကတော့ မဖြစ်နိုင်ဘူး။
“ကျွန်တော့်ကို ဒီနေရာကနေ ထွက်သွားခိုင်းတယ်လို့ သိထားပါတယ်” ကျောင်ရှုရန်နှင့် တခြားသူများ ဘာမှ မပြောရသေးခင်တွင် ရှီမာယူယူ၏ အသံထပ်ထွက်လာသည်။ သူမသည် သူတို့အား စတင် စစ်ဆေးတော့ သည်။
ကျောင်ရှုရန်သည် ရှီမာယူယူအား ဘယ်လိုလုပ် လှုံ့ဆော်ရဲမှာလဲ။ သို့သော် တည်ဆောက်မှုသည် သက်မဲ့ဖြစ်သည်။ လူသည် သက်ရှိဖြစ်သည်။ သူတို့သည် သူမ အထဲတွင် ရှိနေသော်လည်း မထိရဲပေ။ သူမကို အပြင်ကို ဘယ်လိုဆွဲခေါ်ရမှာလဲ။
ထိုအကြောင်းအားတွေးလိုက်သည်နှင့် သူတို့ပြုံးလိုက်သည်။ သူတို့သည် လေးစားစွာ ပြောလိုက်သည် “သခင်ကြီးက ဒီမှာနေနေမှတော့ ကျွန်တော်တို့က ဘယ်မှာပဲနေနေကိစ္စမရှိပါဘူး၊ ကျောင်မျိုးနွယ်က သခင်ကြီး ကို ဖိတ်ထားတယ်လို့ကြားပါတယ်၊ ကျောင်မျိုးနွယ်က သခင်ကြီးကို ကောင်းကောင်း ဧည့်မခံနိုင်မှာစိုးပါတယ်၊ ကျွန်တော်တို့ ကောင်းကင်ကျားအိမ်တော်ကို သခင်ကြီးကို ဧည့်သည်အဖြစ်ဖိတ်ကြားချင်ပါတယ်”