← Chapters

အပြင်က အခြေအနေ

Vol. 65 Ch. 490.4

အပြင်က အခြေအနေ

Vol. 65 Ch. 490.4

ဒါပေမဲ့ တကယ်ပဲ ဖြစ်နိုင်ပါ့မလား။ ​အောင့်မိသားစုက လူတစ်ယောက် နှစ်ယောက်တည်း ရှိတာ မဟုတ်ချေ။ ရှုပ်ထွေးပွေလီသော ဆက်ဆံရေးနှင့် နှလုံးသား ကွဲလွဲမှုများရှိသော မိသားစုကြီး ဖြစ်သည်။ အသံတစ်ခုတည်းသာ ရှိလျှင်ပင် လက်ရှိ အခြေအနေတွင် အောင့်မိသားစုသည်လည်း လှုပ်ရှားရမည့် အဓိပ္ပာယ်ကို နားလည်ပါသည်။

ဂိုဏ်းငယ်တစ်ခု အတွက် မိသားစုကြီး တစ်ခုက စွန့်စားထိုက်ရဲ့လား?

အောင့်ယွဲ့ ပါဝင်လာရင် သူမမျက်နှာက ရုပ်ဆိုးသွားရလိမ့်မယ်။ အလယ်အလတ်အဆင့် မိသားစုရဲ့ အကြီးအကဲတွေဟာ အောင့်ထျန်းရဲ့ သမီးကို အရှက်ခွဲဖို့ ရည်မှန်းထားတာကြောင့် ဒီသတင်း ထွက်လာတာနဲ့အမျှ ​​​အောင့်မိသားစုရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်သွားပါလိမ့်မည်။

​အောင့်မိသားစုဘက်တွင် ဘယ်သူမဆို ပါဝင်နိုင်ကြတာ မဟုတ်ချေ။ အောင့်မိသားစုက စားဝတ်နေရေး အတွက် အားကိုးတကြီးနဲ့ ရှိနေတဲ့လူတွေ၊ မိသားစုက ထိုင်​​နေပြီး သူတို့ရဲ့ မဟာမိတ်တွေ ဖျက်ဆီးခံရတာကို စောင့်ကြည့်နေတဲ့ လူတွေလည်း ရှိနေရာ ဘယ်သူက ပါဝင်ချင်ဦးမလဲ။

ဒါပေမဲ့ ရိုးရိုးရှင်းရှင်း လှုပ်ရှားဖို့ ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။ အနည်းဆုံးတော့ အခုက အောင့်မိသားစု ရှေ့ထွက် လှုပ်ရှားရမယ့်အချိန်လည်း မဟုတ်သေးဘူးလေ။

ထို့ကြောင့် ဤမျက်နှာဖုံး အလွှာသည် ယခုချွတ်ရမှာ မဟုတ်သေးချေ။ အောင့်မိသားစုက လှုပ်ရှားနိုင်ပေမယ့် လျှို့ဝှက်စွာပဲ လှုပ်ရှားနိုင်ပြီး တခြားသူတွေကို ဘယ်တော့မှ အသိပေးလို့ရမှာ မဟုတ်ပေ။

ယခုအချိန်တွင် အောင့်​မိသားစုထဲတွင် လူဘယ်လောက်က ယုံကြည်နိုင်မလဲ မပြောနိုင်​သေးပေ။ ပြီးတော့ အောင့်မိသားစုက သူတို့ရဲ့ ထင်ရှားကျော်ကြားတဲ့ နေထိုင်မှုက သူ့ဟာသူ အာရုံစိုက်စရာ နေရာတစ်ခု ဖြစ်​နေပြီး သူတို့ပြောသမျှ လုပ်သမျှကို လူတိုင်းက သတိထားမိနေမှာပင်။

သူတစ်ပါးအပေါ် တည်မြဲသော အထင်အမြင် ကျန်ရစ်စေမည့် အရာကို ဘယ်တော့မှ မလုပ်သင့်ပေ။ ထို့ကြောင့် ယခု အောင့်မိသားစုသည် ပါဝင်ပတ်သက်နိုင်မှု အနည်းဆုံး ဖြစ်သည်။

လုရွှမ်သည် အောင့်ယွဲ့ကို ခေါင်းယမ်း​ပြလိုက်ပြီး အောင့်မိသားစု၏ ဘိုးဘွားခန်းမ ရှိရာနေရာကို တစ်ချက် လှမ်းကြည့်လိုက်သည်။ အောင့်ထျန်းသည် ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ အကြီးဆုံးမိသားစု ဖြစ်သည့် ​အောင့်မိသားစုကို တာဝန်ယူနိုင်သည့် ထက်မြက်သူတစ်ဦး ဖြစ်ကာ ဉာဏ်အမြော်အမြင် အရှိဆုံးနှင့် အသင့်တော်ဆုံး လှုပ်ရှားမှုကို သေချာပေါက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

"အောင့်ယွဲ့... လူတွေကို ရှာဖို့ အောင့်မိသားစုရဲ့ နာမည်ကို သုံးစရာမလိုဘူး... အဲဒီလူတွေကို ရယ်အောင် လုပ်ပေးသလိုပဲ ဖြစ်နေမှာ သူတို့က ငါတို့ကို လိုက်ရှာနေတာ အဲဒါကြောင့် ငါ့ဆီ စာပို့လာတာ... တိုက်ခိုက်ရေးသားရဲကွင်းရဲ့ နာမည်ကို သုံးပြီး ငါတို့ကို လှုံ့ဆော်နေတာ... အမှန်တော့ ဒီနည်းနဲ့ ငါတို့လူငယ်တွေက ဆူညံပွက်လောရိုက်အောင် လုပ်နိုင်တဲ့ အရည်အချင်းတွေကို သိဖို့ အဲဒီကို ကိုယ်တိုင် သွားကြည့်သင့်တယ် ထင်တယ်”

တခြားသူတွေက လုရွှမ်လောက် လျင်မြန်ပြီး ပြတ်သားတဲ့စိတ် မရှိကြပေမယ့် လုရွှမ်ပြောတာက အဓိပ္ပါယ် ရှိတယ်လို့လည်း သူတို့ခံစားရသည်။ ဒါက ကောင်းကင်ဘုံအထိ ဂုဏ်ယူစရာကောင်းတဲ့ သူတို့အတွက် ဒေါသ ထွက်စေတယ်ဆိုတာ ထင်ရှားပါ၏။

"ကောင်းပြီ သူတို့နဲ့ သွားတွေ့ပြီး ငါတို့ ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ သူတို့ သိအောင် ပြလိုက်ကြမယ်"

အောင်ရှင်းက အရင်အော်လိုက်သည်။ သူမက လူတိုင်းအတွက် စိတ်လှုပ်ရှားဆုံး ဖြစ်သည်။ နတ်သမီးကျင်းဟုန်ကလည်း ခေါင်းညိတ်ပြီး ဓားရှည်ကြီးကို သူမလက်ထဲမှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ဓားသံတွေကို အစီအရီထွက်ပေါ်လာစေ၏။

တခြားသူတွေက ဘာမှ မပြောဘဲ ဂုဏ်ယူစွာ ရယ်မောရင်းနဲ့ သူတို့အဖွဲ့ဟာ တိုက်ခိုက်ရေးသားရဲကွင်းသို့ ချီတက်လာခဲ့ကြလေသည်။

လူငယ်တစ်စု အောင့်မိသားစုမှ ထွက်ခွာသွားပြီးနောက် ​အောင့်မိသားစု၏ ဘိုးဘွားခန်းမထဲက အောင့်ထျန်းဟာ ရုတ်တရက် လှည့်၍ လျှို့ဝှက်စွာ ခေါင်းညိတ်လိုက်သည်။ လုရွှမ်ရဲ့ နောက်ဆုံးအကြည့်ကို သူ့မျက်လုံးထဲကနေ သဘာဝကျကျ မြင်လိုက်ရပြီး လုရွှမ်ရဲ့ ဆိုလိုရင်းကို နားလည်သွား၏။

သူ့ခေါင်းထက်မှာ ပေါ်လာတဲ့ ကိုးရောင်ကောင်းကင် တိမ်တိုက်တွေကို ငုံ့ကြည့်လိုက်တော့ သူ့မျက်နှာက မုန်တိုင်းဝင်လာသလိုပဲ အုံ့မှိုင်းနေတော့သည်။

"ညီမ၉ကို တိတ်တိတ်ဆိတ်ဆိတ် လိုက်သွားပြီး သူတို့ ဘာပဲလုပ်လုပ် ကာကွယ်ခိုင်းလိုက်ပါ...သေသေချာချာ ဆုပ်ကိုင်ထားနိုင်သရွေ့ လွယ်လွယ်နဲ့ ပေါ်မသွား​စေနဲ့... ဒါပေမဲ့ ဘယ်သူမဆို သူတို့အပေါ် မကောင်းတာ တစ်ခုခုကို တကယ်လုပ်ရဲရင် သတ်ပစ်လိုက်!!"

"ဟုတ်​ကဲ့!"

အသံတစ်သံက တိတ်​ဆိတ်​စွာ ​အော်​လိုက်​သည်​နှင့်​ အနက်​​ရောင်​ အရိပ်​တစ်​ခု ​ပျောက်​ကွယ်​သွားသည်​။

လမ်းမပေါ်တွင် လမ်းလျှောက်ရင်း ကောင်းကင်က အရောင် ကိုးရောင်ရှိသော တိမ်တိုက်များကို လှမ်းကြည့်​နေသည့် လမ်းသွားလမ်းလာများက လူငယ်တစ်စုကို ​ပြန်​ကြည့်လိုက်ရာ နားမလည်နိုင်လောက်အောင် အေးစက်သွားသည့် ခံစားချက်တစ်ခုကို ရရှိသွားကြသည်။

လိရှောင်းသည် ထိုကဲ့သို့ရနံ့မျိုးကို အထိခိုက်မခံနိုင်ဆုံး ဖြစ်သည်။ သူက သူ့လျှာနဲ့ နှုတ်ခမ်းကို သပ်လိုက်ပြီး

"ဒါက သွေးဆာနေတဲ့ အနံ့ပဲ... ဒီခရီးက မငြိမ်းချမ်းမှာကို ကြောက်ရတယ်"

လုရွှမ်က အနည်းငယ် ခေါင်းညိတ်ပြပြီး လမ်းတလျှောက်မှာ လူတွေက သူတို့ကို စောင့်ကြည့်နေကာ ရယ်ချင်စရာ ကောင်းတယ်လို့တောင် ခံစားရသည်။

"အခု ငါတို့က ကိုယ့်ကိုကိုယ် ကိုယ်စားပြုတာမဟုတ်ဘဲ ​အောင့်မိသားစုကို ကိုယ်စားပြုတာ... တစ်စုံတစ်ယောက်က ငါတို့ကို ရန်စရဲတာရှိရင် သတ်ပစ်လိုက်!"

လုရွှမ် အော်ပြောလိုက်သည်။ သူ့အသံက လူတိုင်းရဲ့ နားစည်ကို တုန်လှုပ်သွား​စေပြီး သူ့လက်ဝါးတစ်ဖက်က အောင့်ယွဲ့ရဲ့ လက်လေးက်ု ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

သူပြောပြီးပြီးချင်း မကြာခင်မှာပဲ လူငယ်တစ်ယောက်က သူတို့ရှေ့မှာ ဓားရှည်တစ်လက်ကို ကိုင်လျက် လမ်းလယ်မှာ ပိတ်ရပ်နေ၏။ သူ့ပုံစံက သူတို့ကို အလွန်ညစ်ပတ်တဲ့ လူတွေလိုမျိုး ကြည့်နေသည်။

"လုရွှမ်... မင်းကို လူကြီးမင်းဟော်ရှန်းက ​ရှေးဟောင်း ကမ္ဘာတွေထဲမှာ နံပါတ်တစ်ပါရမီရှင်အဖြစ် အဆင့် သတ်မှတ်လိုက်တယ်လို့ ငါကြားတယ်... ငါမင်းဆီက သင်ယူချင်ပါတယ်... ဒီသခင်လေးက ..."

လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းပြီး

"မင်းနာမည်ကို မပြောနဲ့... အမှိုက်နာမည်ကို ငါ မှတ်မိနေစရာ မလိုဘူး... သေ​​တော့မယ့် လူကိုလည်း စကား မပြောဘူး"

လူငယ်ရဲ့ မျက်နှာမှာ တခဏအတွင်း မည်းမှောင်နေပြီး အသံက မြင့်သွားသည်။

"လုရွှမ်! မင်း အရမ်းမောက်မာနေတယ်ပေါ့လေ!"

"ကျင်းဟုန်.... ဒီတိုက်ပွဲက မင်းအတွက်ပဲ!"

လုရွှမ်ကတော့ လူငယ်ရဲ့အော်သံကို လျစ်လျူရှုကာ နတ်သမီးကျင်းဟုန်​ထံသို့ လှည့်ပြောလိုက်သည်။

ကျင်းဟုန်ကလည်း ခေါင်းညိတ်လိုက်သည်။ သူ့အမေ ပြန်ပေးဆွဲခံရပြီး အရမ်း စိတ်ပူနေတာကြာပြီ။ သူ့နှလုံးသားက ဒေါသတွေနဲ့ ပြည့်နှက်နေပြီး အဲဒါ​တွေကို လွှတ်ထုတ်ပစ်ချင်နေ၏။

သူမက ရှေ့ထွက်လာကာ သူမဓားကို သံကြိုးတစ်ချောင်း ဆွဲထုတ်လိုက်သလို အသံဖြင့် ဆွဲထုတ်ရင်း လူငယ်ဆီကို ပြေးဝင်သွားသည်။

"ဟားဟား... သေချာပါတယ် မင်းက မိန်းမတွေနောက်မှာ ပုန်းနေတဲ့ ခပ်ချောချော ကောင်လေးတစ်ယောက်ပဲ ဆိုတာ ငါသိတယ်"

လုရွှမ်က မိန်းက​လေး တစ်ယောက်ကို အမှန်တကယ် လှုပ်ရှားခွင့် ပေးထားတာကို မြင်လိုက်ရတော့ လူငယ်လေးက ကျယ်လောင်စွာ ဟားတိုက် ရယ်မောလိုက်ပါ၏။

ထိုအခိုက် နတ်သမီး ကျင်းဟုန်၏ မျက်လုံးများသည် လူသတ်ချင်လာသည့် အငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။ သူမသည် သူမ၏ ညာလက်တွင် ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ လေထဲမှ ဖျတ်ကနဲ ပြေးလာ၍ လူငယ်လေးကို ဘယ်လက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။

"ဟမ် ဒါက ဘယ်လို သိုင်းပညာလဲဟ?"

စကားပြောရင်း လမ်းတစ်ဝက်လောက်မှာပဲ လူငယ်လေးဟာ သူ့ခန္ဓာကိုယ်ကို မမြင်နိုင်တဲ့ တွန်းအားတစ်ခုက ထိန်းချုပ်ထားတာကို ခံစားလိုက်ရပြီး အံ့သြသွားသည်။ သူ့အား ချည်နှောင်ထားသည့် အရာမှာ မမြင်နိုင်သော ကြိုးကဲ့သို့ ထူးဆန်းပြီး စေးကပ်နေသော စွမ်းအင်ကလည်း အလွန်ထူးဆန်းသည်။

သူဘယ်လောက်ပဲ ရုန်းကန်ကြိုးစား ကြိုးက ပြတ်မသွားချေ။

"ငလူး!"

လူငယ်က အော်ဟစ်လိုက်ပြီး နတ်သမီးကျင်းဟုန် သူ့ကို ဓားတစ်ချောင်းနဲ့ သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ လှီးဖြတ်လိုက်ချိန်အထိ ကူကယ်ရာမဲ့ ကြည့်နေခဲ့ရသည်။

အနောက်ကနေ ကြည့်နေတဲ့လူတိုင်းဟာ ရင်တထိတ်ထိတ်နဲ့ ဆွံ့အသွားကြသည်။ လူငယ်လေးဟာ ကံဆိုးခြင်းနဲ့ ထိုက်တန်ပါ၏။ နတ်သမီးကျင်းဟုန်ဟာ ​​လက်ရှိအချိန်မှာ စိတ်ဆိုးနေပြီဆိုတာ သိထားသင့်ပါသည်။ သူမနဲ့ သွားရှုပ်နေရင် သေမင်းကိုရှာနေတာပဲ ဖြစ်လိမ့်မည်။

လုရွှမ်သည် မီးလုံးတစ်လုံးဖြင့် ပစ်လွှတ် ဖောက်ခွဲကာ ထိုလူငယ်ရဲ့ ခန္ဓာကိုယ်ကို ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

နတ်သမီးကျင်းဟုန်က ငြိမ်သက်စွာ ပြန်လာခဲ့ပြီး လိရှောင်းနဲ့ ရှန်ယီးရှောင်ဟဲလည်း အနည်းငယ် အံ့သြသွားခဲ့သည်။

မူလက လုရွှမ်က အဖွဲ့ထဲတွင် အင်အားအကောင်းဆုံးဖြစ်ပြီး သူ့ကိုလူတိုင်းက အသိအမှတ် ပြုခဲ့သည်။ နတ်သမီးကျင်းဟုန်ကတော့ အရည်အချင်း အညံ့ဆုံးဖြစ်ပြီး ခွန်အား အညံ့ဆုံးလည်း ဖြစ်သည်။ ၎င်းကို အများသူငှာနှင့် အတူတူပဲဟု ထင်မြင် ယူဆနိုင်သည်။

ယခုမူ နတ်သမီးကျင်းဟုန်သည် သစ်သားဒြပ်စင် နတ်ပုတီးစေ့ကို ထိန်းချုပ်ရာတွင် ပိုကောင်းလာပြီး သူမ စွမ်းဆောင်နိုင်သော စွမ်းအားသည်လည်း ပို၍ အားကောင်းလာလေပြီ။

လူငယ်များကြားတွင် သူတို့ကသာ ခွန်အားနှင့်ပတ်သက်ပြီး နောက်ဆုံး ဖြစ်​နေသည်ကို တွေ့ရှိလိုက်ရသဖြင့် သူတို့နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။

ဒါတွေအားလုံးက လုရွှမ်ကြောင့် ဖြစ်ပြီး သူတို့နှစ်ယောက်ခမျာ လုရွှမ်ကို စိတ်အားထက်သန်စွာ လှမ်းကြည့်ဖို့ပင် မထိန်းနိုင်ကြတော့ချေ။ အရင်တုန်းကတော့ ထူဖူးဟာ ခွန်အားနဲ့ ပတ်သက်လာရင် အောက်ခြေမှာ ရှိခဲ့ပြီး သူ့ကိုထောက်ပံ့ဖို့ မိသားစု မရှိတာကြောင့်လည်း ပါသည်။ ဒါပေမဲ့ အခုတော့ ထူဖူးရဲ့ စွမ်းအားက သူတို့ထက် သိသိသာသာကို မြင့်မားလာခဲ့ပြီ။

သူတို့နှစ်ဦးသည် လုရွှမ်ပေါင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရန် စိတ်ပိုင်းဖြတ်ထားလိုက်သည်။ စွန့်စားမှုတချို့ကို အတူတူ လုပ်လိုက်တာနဲ့ ကြံ့ကြံ့ခံ အားကောင်းလာပေလိမ့်မည်။

"လုရွှမ်..."

"ငါ့ကို လှုပ်ရှားခွင့်ပေးပါ!"

"ငါလုပ်မယ်!"

လိရှောင်းနဲ့ ရှန်ယီးရှောင်ဟဲတို့က တစ်ချိန်တည်းတွင် အော်ဟစ်ကာ အတူတူ ပြေးထွက်လာခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ ၎င်းတို့ကို တားလာသူ နှစ်ဦးရှိကာ တစ်ဦးစီကလည်း အနည်းငယ် လှုပ်ရှားလိုက်တာနဲ့ ဖြေရှင်းနိုင်ခဲ့သည်။

"ဟမ့်... မင်းတို့ကများ ငါတို့ရဲ့ ခွန်အားကို စမ်းသပ်ချင်တယ်ပေါ့...မင်းတို့က ကောက်ကျစ်တဲ့ ဖရဲသီးတွေလိုပဲ ငါတို့နဲ့ယှဥ်နိုင်ဖို့ ဝေးနေပါသေးတယ်... ငါတို့ကို တကယ်တားချင်ရင် မင်းတို့ရဲ့ ကောင်းကင်ဘုံသခင်ကိုသာ လွှတ်လိုက်စမ်းပါ!"

All Chapters