← Chapters

အပိုင်း (၄၃၉) – ဧည့်သည်ဖြစ်ရန်သွားရောက်ခြင်း

Vol. 005 Ch. 439

အပိုင်း (၄၃၉) – ဧည့်သည်ဖြစ်ရန်သွားရောက်ခြင်း

Vol. 005 Ch. 439

ကျောင်မျိုးနွယ်ဝင်များသည် ကျောင်ရှုရန်ပြောသည်ကို ကြားသောအခါ မဲ့ပြုံးပြုံးမိကြသည်။ ဒီလူက တကယ်ကို အရှက်မရှိတာပဲ။ အစက ရှီမာယူယူကို နှင်ထုတ်ဖို့ပြောခဲ့တယ်၊ အခုတော့ သူမကို မျက်နှာချိုသွေး  နေပြီ။

“ကျွန်တော့်ကို ဧည့်သည်အဖြစ် ဖိတ်မယ် ဟုတ်လား” ရှီမာယူယူ၏ အသံသည် သွားချင်သည့် သဘော ရောစပ်နေသည်။

ကျောင်ရှုရန်သည် သူမ လေသံအားကြားသောအခါ ကစားလို့ကောင်းမည့် ကစားပွဲဟု ခံစားမိပြီး ပြော  လေသည် “ဟုတ်ပါတယ်၊ သခင်ကြီးက ကျွန်တော်တို့ ကောင်းကင်ကျားအိမ်တော်ကို လာရင် ဧည့်ဝတ်ကျေစေ ရပါမယ်၊ ရက်နည်းနည်းလောက်နေဖို့ ဖိတ်ကြားပါတယ်”

“ကောင်းကင်ကျားအိမ်တော်က ကောင်းကင်ကျားဧရိယာမှာ အင်အားအကြီးဆုံးလို့ ကြားတယ်၊ ကျွန်တော် လည်း ကျောင်မျိုးနွယ်က ခင်ဗျားတို့ဆီ လက်ဆောင်သွားပေးတဲ့အချိန်ကျရင် လိုက်ခဲ့မလို့ပဲ…”

“သခင်ကြီးသာ လာချင်တယ်ဆိုရင် ဘာလို့ လက်ဆောင်ပေးတဲ့အချိန်ထိ စောင့်နေမှာလဲ၊ အခုသွားလို့ ရပါတယ်” ကျောင်ရှုရန် ပြောလိုက်သည် “ကျွန်တော် အခုပဲ သခင်ကြီးကို ကောင်းကင်ကျားအိမ်တော်ကို ခေါ် သွားပေးပါမယ်”

“ခင်ဗျားကလား၊ ခင်ဗျားက ကောင်းကင်ကျားအိမ်တော်ရဲ့ တာဝန်ကို လုပ်ဖို့ ဒီကိုလာတာမလား” ရှီမာယူယူ မေးလိုက်သည်။

“အာ.. ကျွန်တော်အခု အဲဒီတာဝန်ကို ရပ်ဆိုင်းထားလို့ရပါတယ်၊ အရေးအကြီးဆုံးက သခင်ကြီးကို  ကောင်းကင်ကျားအိမ်တော်ကို ခေါ်သွားပေးဖို့ပဲလေ”

“မလောပါနဲ့ ကျွန်တော် နောက်နှစ်ရက်အတွင်းကို လုပ်စရာရှိသေးတယ်၊ ခင်ဗျားရဲ့ ကိစ္စကို အရင် ဖြေရှင်းပါ၊ နောက်နှစ်ရက်ကြာမှ ကောင်းကင်ကျားအိမ်တော်ကို သွားကြမယ်”

“ဒါက…” ကျောင်ရှုရန်သည် အနည်းငယ် သံသယဝင်မိသည်။ ဒီနှစ်ရက်အတွင်းကို ရှီမာယူယူ ထွက်ပြေး သွားရင် ဘယ်လိုလုပ်မလဲ။

အခန်းတံခါးပွင့်လာပြီး ရှီမာယူယူ ထွက်လာသည်။ သူသည် တည်ဆောက်မှုသခင်သည် ငယ်ရွယ်သူ ဖြစ်သည်ကို မြင်လိုက်ရသောအခါ ကျောင်ရှုရန်သည် ဆွံ့အသွားလေသည်။

“အိမ်တော်သခင်ကြီးကျောင်က ကိုယ့်ကိစ္စကို သွားလုပ်လိုက်ပါ၊ ကျွန်တော် ခင်ဗျားတို့ ကျောင်မျိုးနွယ် ကို နှစ်ကြာရင် သွားပါမယ်၊ နှစ်ရက်ကြာရင်တော့ ခင်ဗျားတို့ ကောင်းကင်ကျားအိမ်တော်ကို လှည့်ပတ်ပြဖို့ကို ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပဲ” ရှီမာယူယူ ပြောလိုက်သည် “နှစ်ရက်ဆို လောက်ပါတယ်နော”

“လောက်ပါတယ် လောက်ပါတယ်၊ ကျွန်တော် နှစ်ရက်ကြာရင် ပြန်လာခဲ့ပါမယ်” ကျောင်ရှုရန် ပြန်ဖြေ  လေသည် “နောက်မှ တွေ့ပါမယ်”

သူ လက်အုပ်ချီကာ သူ့လူများနှင့်အတူ ထွက်သွားလေသည်။

သူသည် ရှီမာယူယူအား သူနှင့်အတူ ချက်ချင်းခေါ်သွားချင်သော်လည်း သူ၏ စိတ်အားထက်သန်မှုကို မပြသချင်ပေ။ သူမသာ သိသွားပါက သူနှင့်အတူ မလိုက်တော့ဘူးဆိုလျှင် ပြဿနာတက်မည်။

သူတို့သည် ကျောင်မျိုးနွယ်၏ ဂိတ်သို့ရောက်သောအခါ ကျောင်ရှုရန်သည် ပြောလိုက်သည် “မင်းတို့ နှစ်ယောက် ဒီမှာပဲ စောင့်နေကြ၊ သူ့ကို ဒီကနေ ထွက်မသွားစေနဲ့”

“အိမ်တော်သခင်ကြီး သူ့ကို တကယ်ပဲ ကောင်းကင်ကျားအိမ်တော်ကို ခေါ်သွားမလို့လား” ထို ရထားလုံး  မောင်းသမားသည် မေးလေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဒင်၃သည် ရထားလုံးမောင်းသမား၏ ခေါင်းကို ခေါက်ကာ ပြောလေသည် “အဲလူက အခုလက်ရှိကို တည်ဆောက်မှုထဲရောက်နေတာလေ၊ အဲတော့ သူနဲ့ ဖြေရှင်းလို့မရဘူး၊ သူ တည်  ဆောက်မှုကထွက်လာတာနဲ့ ငါတို့ လက်ထဲရောက်မသွားဘူးလား”

“သြော် အဲလိုလား” ရထားလုံးမောင်းသမား ခေါင်းညိတ်လိုက်သည်။

“မင်းတို့နှစ်ယောက် သူ့ကို အနီးကပ်စောင့်ကြည့်တာ ကောင်းမယ်၊ သွားပြီး ဘာမှမရှုပ်ထားနဲ့၊ နှစ်ရက် ကြာလို့ သူ့ကို ရှာမတွေ့ရင် မင်းတို့နှစ်ယောက်ကို တာဝန်ယူခိုင်းမယ်” ကျောင်ရှုရန်သည် ပြောပြီးသည်နှင့် ရထားလုံးပေါ်တက်ကာ ရထားလုံးမောင်းသမားအား မောင်းခိုင်းလေသည်။

ကျောင်ရှုရန် ထွက်သွားသည်နှင့် ကျောင်ရန်သည် ရှီမာယူယူဘက် လှည့်ကာ စိုးရိမ်စွာ ပြောလေသည် “ကျွန်တော် တကယ်တောင်းပန်ပါတယ်၊ အဲဒီ ကျောင်ရှုရန် စောစောရောက်လာလိမ့်မယ်လို့ ကျွန်တော်တို့ ထင် မထားဘူး”

“အဲဒါ ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး၊ အဲဒါကို စိုးရိမ်မနေပါနဲ့” ရှီမာယူယူ ပြောလိုက်သည်။

“ယူယူ ရှင်တကယ်ပဲ ကောင်းကင်ကျားအိမ်တော်ကို သွားမလို့လား” ကျောင်မာ မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“ယူယူ အဲကျောင်ရှုရန်က ကလိမ်ကကျစ်များတဲ့သူပဲ အခု မင်း သူ့ကို တိုက်ခိုက်လိုက်တော့ သူနဲ့ အတူ လိုက်သွားရင် အန္တရာယ်ဖြစ်မှာစိုးတယ်၊ မင်း မြို့တော်ကိုသွားချင်ရင် ကျွန်တော်တို့ လက်ဆောင်ပေးပြီးတဲ့ အခါမှ ကျွန်တော်တို့နဲ့ သွားပါလား” ကျောင်ရန်သည် သဘောမတူပဲ ပြောလိုက်သည်။

“ရတယ်၊ ကျွန်တော်မသွားရင် ကောင်းကင်ကျားအိမ်တော်က ခင်ဗျားတို့ကို အလွတ်ပေးမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ကျွန်တော် သတင်းစုံစမ်းဖို့အတွက် အပြင်ကို သွားချင်တယ်”

“ကောင်းပါပြီ” ရှီမာယူယူ ပြောသည့်စကားများကို ကြားပြီးနောက် ကျောင်ရန်သည် ဖိအား မပေးတော့  ပေ။

ထိုနှစ်ရက်အတွင်းတွင် ရှီမာယူယူသည် ကျောင်မျိုးနွယ်အိမ်တော် ပတ်ပတ်လည်ကို ကာကွယ်ရေး တည်ဆောက်မှုကို ပြုလုပ်သည်။ ထိုအတွက် တန်ရာတန်ကြေးတော့ရသည်။

ကျောင်မျိုးနွယ်အတွက် တည်ဆောက်မှုသခင် ရသည့်အခွင့်အရေးမှာ မလွယ်ကူပေ။ ထို့အပြင် ဒီ တစ်ယောက်သည် အဆင့်မြင့်ဖြစ်သည်။ သူတို့သည် အခွင့်အရေးကို အမိအရဆုပ်ကိုင်ခြင်းမှာ ဖြစ်သင့်သည်။  ဈေးမှာ အနည်းငယ်ကြီးသော်လည်း သူတို့သည် ချေးငှားရခြင်းပင်ဖြစ်စေကာမူ ပြုလုပ်သည်။

မဟုတ်လျှင် သူမ ထွက်သွားပြီဆိုသည်နှင့် သူတို့သည် တည်ဆောက်မှုသခင်ကို ဘယ်မှာ သွားရှာရ မှာလဲ။

ထို့အပြင် ရှီမာယူယူ နောက်နှစ်ရက်နေပြီးမှ သွားချင်သည့်အကြောင်းမှာ ဝိညာဉ်စေတီအတွင်း ပြောင်းလဲ မှုများ ရှိမလားဆိုသည်ကို ကြည့်ချင်၍ ဖြစ်သည်။ ဟိန်သံလေးထွက်လာပြီဖြစ်၍ သူမ၏ တခြားသော စာချုပ်သားရဲ များလည်း ထွက်လာနိုင်ပြီဟု ဆိုလိုခြင်းဖြစ်သည်။

ထို့အပြင် ဝိညာဉ်စေတီ၏ ပြောင်းလဲမှုသည် မျက်လုံးနှင့်ပင် မြင်ရသည်။ ထိုနှစ်ရက်အတွင်းတွင် ပြောင်း လဲမှု အကြီးစားဖြစ်ခဲ့သည်။

ထင်ထားသည့်အတိုင်းပင် နှစ်ရက်အကြာတွင် သူမသည် သူမ၏ စာချုပ်မိစ္တာများကို ခေါ်ထုတ်နိုင်  လေသည်။ ဟာစွန်နှင့် တခြားသူများသည် သူမ၏ စမ်းသက်မှုအရ ဆုများပင် အပေးခံရလေသည်။

နှစ်ရက်အကြာတွင် ကျောင်ရှုရန်သည် ကျောင်မျိုးနွယ်သို့ ရောက်လာလေသည်။ ရှီမာယူယူ ထွက် မသွားသည်ကို သူ့တပည့်များ ပြောသောအခါ စိတ်အေးသွားလေသည်။

ရှီမာယူယူသည် ဟိန်သံလေးအား ဖက်ကာ ကျောင်မျိုးနွယ်မှ ထွက်ခဲ့လေသည်။ သူမ ထွက်လာသည် နှင့် ကျောင်ရှုရန် သူမအား မျက်နှာချိုသွေးသည်ကို တွေ့လိုက်ရသည်။

ကျောင်ရှုရန်သည် သူမ နောက်မှလိုက်ကာ တံခါးပိတ်လိုက်သည်။ ထို့နောက် ရထားလုံးမောင်းသမား သည် မောင်းထွက်သွားလေသည်။

“အိမ်တော်သခင်ကြီးကျောင် ခင်ဗျားက အိမ်တော်ရဲ့ သခင်ဖြစ်နေတာကိုဘာလို့ သားရဲပျံရထားလုံး မရှိ ရတာလဲ” ရှီမာယူယူသည် ဟိန်းသံလေးအား ပွတ်သပ်ရင်းမေးလေသည်။

“သခင်ကြီး မသိလို့ သားရဲထိန်းကျောင်းသူ သခင်တွေက ဒီမှာအရမ်းနည်းတယ်၊ ဒီမှာ သားရဲထိန်း  ကျောင်းသူသခင် ပေါ်မလာတာ တော်တော်ကြာပြီ၊ အဲဒါကြောင့်ပဲ အရင်က အိမ်တော်သခင်ကြီးတွေဆီမှာပဲ မိစ္တာပျံတွေရှိတာ” ကျောင်ရှုရန်သည် စိတ်မချမ်းသာသော်လည်း ရှင်းပြရာတွင် ပြုံးနေခဲ့သည် “တကယ်တော့ အိမ်တော်မှာ နည်းနည်းတော့ရှိတယ်၊ ဒါပေမဲ့ ကျွန်တော်အလျင်လိုနေတတော့ သွားမယူနိုင်ဘူး၊ သွားယူဖို့ နှစ် ရက်ကအချိန်မလောက်ဘူးလေ”

ရှီမာယူယူ အံ့သြသွားသည်။ ဒီမှာ သားရဲထိန်းကျောင်းသူ သခင်ပေါ်မလာတာ ကြာပြီတဲ့လား။ ဒီမှာ သားရဲ ထိန်းကျောင်းသူ သခင်နည်းနေတာလား မဟုတ်ရင် ဒီနေရာက အရမ်းခေါင်လို့ပဲလား။

“ကျွန်တော်တို့ ကောင်းကင်ကျားအိမ်တော်ကို ရောက်ဖို့ ဘယ်နရက်ကြာမှာလဲ”

“ရက် ၂၀လောက်”

ရှီမာယူယူ အံ့သြသွားလေသည်။ ရက် ၂၀… ဒီကလူတွေက တကယ်ပဲ အသက်ရှည်ကြတာပဲ၊ သူတို့က အချိန်တွေကို ဖြုန်းတီးပစ်တယ်လို့ မခံစားရဘူးလား။

သူမသည် အချိန်များကို အလဟသတ်မဖြစ်လိုပါ။

ထို့အပြင်  ကျောင်ရှုရန်သည် သူမအား ထိုမျှလောက် အချိန်ပေးမည်ဟု ထင်မပါ။ သူသည် အခုချိန်တွင် လှိုက်လှိုက်လဲလဲရှိသော်လည်း သူမ အားကို အခုချိန်ထိ မတိုင်းတာနိုင်ပေ။ သူသည် မကြာခင် သူမ အား ဆန့်ကျင်တော့မည်ဟု ခံစားမိသည်။

သူမ ခန့်မှန်းထားသည့်အတိုင်းပင် ကျောင်ရှုရန်သည် တစ်လမ်းလုံး သူမနှင့် စကားပြောလသည်။ သို့သော် သူမသည် သူနှင့်အလိုက်သင့်ပင် လိုက်ပြောကာ သူမသည် တိုင်းပြည်အနိမ့်မှ လာသူဖြစ်ပြီး ဒဏ်ရာများ လုံးဝ မသက်သာပုံများကို ပြောပြလေသည်။

သူမ မလိမ်မှန်းသိသောအခါ ကျောင်ရှုရန်သည် သူမအားကို တိုင်းတာနေခဲ့သည်။

သူမသည် အနိမ့်တိုင်းပြည်မှ စွန့်စားလာသဖြင့် သူမတွင် နောက်ခံမရှိသည်မှာ သေချာသည်။ သူ သူမ ကို သတ်လိုက်ပါကလည်း ပြဿနာမဖြစ်နိုင်ပေ။

သူမသည် အားပြန်မပြည့်သေးဘူးဟု ဆို၍ သူမသည် တည်ဆောက်မှုများမှ လွဲပြီး အင်အား မရှိဟု ဆိုလိုခြင်းဖြစ်သည်။  သူမသည် တည်ဆောက်မှုများ မပြုလုပ်မချင်း အားလုံး အဆင်ပြေသည်။

သူတို့သည် ၇ရက် ၈ရက် ခရီးနှင်လာပြီးနောက်တွင် ရှီမာယူယူတွင် တိုက်ခိုက်ရန် အရည်အချင်းမရှိဟု  ကျောင်ရှုရန်သေချာပြီးနောက်တွင် သရုပ်မှန်ပေါ်လာလေသည်။

ထိုအချိန်သည် အားလုံးသည် တောင်ကြားတွင် နားနေချိန်ဖြစ်ပြီး ကျောင်ရှုရန်သည် သူ၏ တပည့်သုံး  ယောက်နှင့်အတူ ရှီမာယူယူကို ဝိုင်းထားသည်။ သူတို့သည် ရက်စက်သည့်ပုံပေါက်က သူမအား သတ်ပစ်မည့် ပုံဖြစ်နေလေသည်။

ရှီမာယူယူသည် အနည်းငယ်မျှ စိုးရိမ်မှုမရှိပဲ အပြုံးဖြင့် ပြောလေသည် “ခင်ဗျားတို့ ကျောင်မျိုးနွယ်ကနေ ထွက်လာပြီး ၃ရက်လောက်မှာ လှုပ်ရှားမယ်ထင်နေတာ၊ ခင်ဗျားတို့ အတွက်အချက်လွန်ပြီး ဒီလောက်ရက် အများကြီးစောင့်လိမ့်မယ်လို့ ထင်မထားဘူး၊ ဒါပေမဲ့ ဒီရက်တွေမှာ အချိန်ရသွားတဲ့အတွက် ကျေးဇူးတင်ပါ တယ်”

All Chapters