အရှေ့မှာပဲ
Vol. 65 Ch. 491.4
စကားလုံးတွေ ကျလာပြီးတာနဲ့ လူရုပ်သွင်တစ်ခု ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး လုရွှမ်နဲ့ သူ့အဖွဲ့ရှေ့ကို ရောက်လာခဲ့သည်။
ကြွလာသူမှာ အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း တခြားကျင့်ကြံသူ အမျိုးသမီး များကဲ့သို့ မတင့်တယ်လှပေ။ သူမသည် လူသတ်ချင်သည့် အငွေ့အသက်များ အပြည့်ဖြင့် လက်ထဲတွင် ပုဆိန်ကြီးတစ်ချောင်းကို ကိုင်ဆောင်ထားကာ အမျိုးသား တစ်ဦးကဲ့သို့ပင်။
"ကောင်လေး... မင်းက ကောင်းကင်ဘုံသခင်ကို စိန်ခေါ်ချင်တယ်ပေါ့...အရမ်းကောင်းတယ် ငါဒီမှာပဲ!"
လုရွှမ်က ရောက်လာတဲ့လူကို တစ်ချက်ကြည့်လိုက်ရာ ပထမအဆင့် ကောင်းကင်ဘုံသခင်မို့ သန်မာတဲ့လူလို့ မှတ်ယူနိုင်ပါ၏။ သူက ထူဖူးကို လှည့်ကြည့်ပြီး
"ဘယ်လိုလဲ? ယုံကြည်မှုရှိလား?"
သားသတ်သမား ထူဖူးက ပုဆိန်ကြီး တစ်ချောင်းကို ထုတ်ယူလိုက်သည်။
"ကိစ္စမရှိဘူး... ငါကောင်းကင်ဘုံသခင်ကို တိုက်ချင်နေတာ ကြာပြီ"
ပြောပြီးနောက် သားသတ်သမားက ပြေးထွက်လာခဲ့သည်။ ဒီမြင်ကွင်းက လိရှောင်းနဲ့ ရှန်ယီးရှောင်ဟဲကို ထိတ်လန့်သွားစေပြီး
"လုရွှမ်... သားသတ်သမား တကယ် လုပ်နိုင်ပါ့မလား? အဲဒါက ကောင်းကင်ဘုံသခင်နော်"
အောင့်လင်ကို တိုက်ခိုက်ပြီးနောက် လုရွှမ်သည် သူ့ကန့်သတ်ချက် ဘယ်လောက် ရှိတယ်ဆိုတာကို သိရှိခဲ့သည်။ ဒါ့အပြင် ဒြပ်စင်ငါးပါး နတ်ပုတီးစေ့များကြောင့် သူတို့ရဲ့ ခွန်အား ဘယ်လောက် တိုးလာစေတယ် ဆိုတာကိုလည်း ထင်ရှားစေသည်။
ယခုအခါ သားသတ်သမားသည် သူတော်စင်နယ်ပယ် အဆင့်၆ အစွမ်းသတ္တိကို ပိုင်ဆိုင်ထားသည်။ သူ့ရဲ့ထူးကဲသော စွမ်းရည်ဖြင့် မူလက မဟာသူတော်စင်ကိုပင် သတ်ပစ်ရန် ခွန်အားရှိခဲ့သည်။
ယခု သူ့တွင် အနည်းဆုံး ကောင်းကင်ဘုံသခင် နတ်လက်နက် ဖြစ်သည့် ဧရာမပုဆိန်ကြီး ရှိပြီး သူ၏တန်ခိုးကို မြေဒြပ်စင် နတ်ပုတီးစေ့မှာလည်း ထိပ်တန်း ကမ္ဘာ့ရတနာဖြစ်သည်။ ပထမအဆင့်တွင်သာ ရှိသည့် ကောင်းကင်ဘုံသခင်ကိုတော့ ကိုင်တွယ်နိုင်လောက်သည်။
ကောင်းကင်ဘုံသခင် အမျိုးသမီးသည် ခဏတာ ထိတ်လန့်သွားသော်လည်း သူတော်စင်တစ်ယောက် ထွက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူမ၏ နှလုံးသားထဲတွင် အရှက်တကွဲ အကြောက်တရားများ တဟုန်ထိုး တိုးဝင်လာပြီး ထိုကောင်းကင်ဘုံသခင် အမျိုးသမီးက အော်ဟစ်လေတော့၏။
"ကောင်းပြီ... ဒီခေတ် လူငယ်တွေက အရင်ခေတ်တွေကထက် ပိုပြီး မာနကြီးလာတာပဲ.... သူတော်စင်တွေက ကောင်းကင်ဘုံသခင်ကိုတောင်မှ နှိမ့်ချချင်နေပြီ... အရမ်းကောင်းတယ် အရမ်းကောင်းတယ်"
"ကောင်လေး မင်းက သားသတ်သမားလို့ ခေါ်တယ်မလား? မင်းက ထိပ်တန်း ပါရမီရှင် ငါးယောက်ထဲက တစ်ယောက်လို့ ငါကြားတယ်... အဟမ်း မင်းသေလမ်းကို ရှာနေတာဆိုတော့လည်း ငါမင်းကို ကူညီရတော့မှာပေါ့"
သူမသည် အသံကျယ်ကျယ် အော်ကာ ပုဆိန်ကိုကိုင်လျက် လေထဲသို့ ပျံတက်သွားပြီး သားသတ်သမားကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
သူမ၏ ပုဆိန်သည် သာမန်မှော်လက်နက် မဟုတ်မှန်း သိသာထင်ရှားစွာပင် စူးစူးရှရှ အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် လူတွေကို အေးခဲသွားစေသည်။
ပုဆိန်ကြီးသည် ပြိုကျလာကာ ပုဆိန်၏အရိပ်သည် လျင်မြန်စွာ ကျယ်ပြန့်လာပြီး တောင်ကုန်းတစ်ခုအဖြစ်သို့ ကူးပြောင်းလုနီးပါး ပြင်းထန်လာကာ လေပြင်းများလည်း တိုက်ခတ်လာကာ သားသတ်သမားဆီသို့ ပြင်းပြင်းထန်ထန် ဖိနှိပ်လာခဲ့သည်။
"ငရဲကို သွားပေတော့!"
ထိုအခိုက်အတန့်တွင် သားသတ်သမား၏ မျက်လုံးကြီးများက ပြူးကျယ်လာ၏။ သူကလည်း ကျယ်လောင်စွာ အော်လိုက်ကာ ခြေဖဝါးနှင့် ခါးကို အားပြုထားသည်။ တိုက်ခိုက်မှုကို ရှောင်မလွှဲသွားဘဲ လက်ထဲတွင် ရှိသော ပုဆိန်ကြီးကို ကောင်းကင်ဘုံသခင် အမျိုးသမီးထံသို့ ပြန်ထိုးနှက်လိုက်သည်။
ဒါက သူ့အတွက် သန်မာသော ကောင်းကင်ဘုံသခင်နှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာသည်။
ဤအခိုက်အတန့်တွင် လုရွှမ်နှင့် တခြားသူများသည် သားသတ်သမားကို ကြည့်ကာ အားပေးနေကြသည်။ အမှောင်ထဲက လူတော်တော်များများမှာတော့ ထိပ်တိုက် ရင်ဆိုင်ရဲတဲ့ အသားသတ်သမားကို မှင်သက်စွာ ကြည့်နေကြ၏။
ပုဆိန်နှစ်ချောင်းက နောက်ဆုံးတွင် တစ်ခုနှင့်တစ်ခု တိုက်မိသွားပြီး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တိုက်မိသည်နှင့် လေလှိုင်းကြီးတစ်ခု ပြင်းထန်စွာ တိုက်ခတ်သွားသလို ပတ်ဝန်းကျင် လေထုက တုန်ခါသွားသည်။
ဖုန်မှုန့်များ ပျံဝဲလာစဥ် လူများစွာသည် အံ့သြဖွယ်ရာ မြင်ကွင်းကို လွယ်သွားမှာ ကြောက်ရွံ့သောကြောင့် လေနှင့်သဲများကို ဖုံးအုပ်ရန် မျက်စိမမှိတ်ရဲဘဲ လက်ဖဝါးကို မြှောက်ထားရ၏။
ကောင်းကင်ဘုံသခင် အမျိုးသမီးသည် မြေပြင်ပေါ်သို့ ဆင်းသက်ခဲ့ရာ သူမခြေထောက်က မြေကြီးထဲသို့ နစ်မြုပ်သွားကာ ခြေရာကြီး ကျန်ရစ်ခဲ့သည်။ သို့သော် သားသတ်သမားက တစ်နေရာတည်းမှာ ရပ်နေတုန်း ဖြစ်သလို သူ့ခြေထောက်တွေက မညီမညာ ဖြစ်နေပေမယ့် သူ့ရပ်တည်ချက်က အလွန်တည်ငြိမ်နေသည်။
သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများ ဖောင်းပွလာပြီး ပုခုံးပေါ်၌ ပုဆိန်ကြီးကို ထမ်းထားကာ ဒဏ်ရာလုံးဝ မရပေ။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"
အဆောက်အဦးတွေရဲ့ နောက်ကွယ်မှာ မှောင်ရိပ်ခိုနေတဲ့ တစ်စုံတစ်ယောက်က ထအော်လိုက်သည်။
ကောင်းကင်ဘုံသခင် အမျိုးသမီးသည်ပင် သားသတ်သမားကို မယုံကြည်နိုင်စွာ ကြည့်ရင်း ပုဆိန်လက်ကိုင်ကို ကိုင်ထားသော သူမ၏ လက်များပင် အနည်းငယ် တုန်ရီနေ၏။
လိရှောင်းနဲ့ ရှန်ယီးရှောင်ဟဲတို့သည် အမှန်တကယ်ပင် သူတို့ပါးစပ်ကို ပိတ်ဆို့ထားရပြီး အလွန်အမင်း ထိတ်လန့် အံ့သြနေပုံရသည်။ သားသတ်သမားရဲ့ ခွန်အားက အခုသူတို့ထက် ပိုသာတယ်လို့ ထင်ကြပေမယ့် အဲဒါက သိပ်အကွာကြီး မဟုတ်ဘူးလို့သာ တွေးထားကြသည်။ အခုတော့ အကွာအဝေးက တကယ်ကို ဝေးလွန်းတယ် ဆိုတာကို သိလိုက်ရသည်။
"ဘာကြောင့် မဖြစ်နိုင်ရမှာလဲ?"
လုရွှမ် ကြည့်နေသူများကို လှောင်ပြောင်လိုက်သည့်နှယ် တိုးတိုးလေး ပြောလိုက်သည်။
ဒြပ်စင်ငါးပါးနတ်ပုတီးစေ့က ကမ္ဘာ့ရတနာ ဖြစ်ပြီး ကမ္ဘာ့ရတနာရဲ့ တန်ခိုးဆိုတာ သာမန်ကျင့်ကြံသူတွေ စိတ်ကူးထားတာထက် သာလွန်ပြီးသား ဖြစ်သည်။ သူတို့ရဲ့ လက်ရှိအင်အားက နည်းလွန်းတာကြောင့် သူတို့ဟာ ကမ္ဘာ့ရတနာရဲ့ စွမ်းအားကို အများကြီး မထုတ်နိုင်ပေမယ့် ရတနာရဲ့စွမ်းအား ၁၀% ကို အသုံးချနေသမျှတော့ သာမန် ကောင်းကင်ဘုံသခင်ဟာ သူတို့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ သေချာပါသည်။
ထို့အပြင် ထူဖူးသည် မြေဒြပ်စင် နတ်ပုတီးစေ့ကို ထိန်းချုပ်ထားပြီး သူ၏ခြေထောက်များသည် မြေကြီးပေါ်၌ပင် မားမားမတ်မတ် ရပ်တည်နေသည်။ မြေဒြပ်စင် နတ်ပုတီးစေ့ရဲ့ စွမ်းအင်အောက်တွင် သူ့ခြေထောက်အောက်က မြေကြီးရဲ့ စွမ်းအားက အပိုဆုတွေပဲ ဖြစ်သည်။
မြေပြင်ပေါ်မှာ မတ်တပ်ရပ်နေသရွေ့ သူ့ရဲ့ ခွန်အားဟာ လေထဲမှာထက် အနည်းဆုံး ၃၀% ပိုကြီးနေပါလိမ့်မည်။
“မင်းလည်း ငါ့ပုဆိန်အရသာကို မြည်းကြည့်!”
သားသတ်သမားက အော်ပြီး သူ့လက်တွေကို ပြင်းပြင်းထန်ထန် လှုပ်ယမ်းပြီး ကောင်းကင်ဘုံရှင် အမျိုးသမီးကို ထပ်မံခုတ်ချလိုက်သည်။
“ငါမယုံဘူး!”
ကောင်းကင်ဘုံသခင် အမျိုးသမီးက ဟောက်လေသည်။
သူမရဲ့ အသက်အရွယ်ကြောင့် သူမကို နတ်သမီးလို့ ဘယ်တုန်းကမှ မခေါ်ခဲ့ဖူးချေ။ သူမဟာ အာဏာရလာတဲ့အတွက် နတ်သမီး ဆိုတဲ့ အခေါ်အဝေါ်ကို လုံးဝ စိတ်မ၀င်စားသလို စွမ်းအားပြည့်လို့ ခေါင်းစဉ်တပ်ထားတာကိုလည်း ဂရုမစိုက်ပေ။
သို့သော်လည်း ယခုအခါတွင် သူမဂုဏ်ယူနေသော စွမ်းအားကို သူမနောက်တွင် အဆင့်နှစ်ဆင့် နိမ့်နေသည့် အငယ်တန်းတစ်ဦးက အနိုင်ယူလိုက်ပြီ။ ခဏလောက်အထိ ဒီအရာတွေ အားလုံးဟာ တကယ် ထိုက်တန်ရဲ့လားဆိုတဲ့ သံသယစိတ်တွေကို ပြင်းပြင်းထန်ထန် ခံစားလာရတော့သည်။
ကောင်းကင်ဘုံသခင် အမျိုးသမီးက ပုဆိန်ကြီးကို လက်နှစ်ဘက်နဲ့ ကိုင်ဆောင်ပြီး သားသတ်သမားကို သတ်ဖြတ်ဖို့ စတင်လိုက်ပါ၏။ သူမက အဲဒီအငယ်တန်းကို ပုဆိန်တစ်ချောင်းတည်းနဲ့ သတ်ပစ်ချင်ခဲ့တာပင်။
သားသတ်သမား ထူဖူးသည်လည်း သွေးဆာနေပြီး သူ့ပုံစံကို သူ့နာမည်ပြောင်ဖြင့်ပင် ပြောပြနိုင်သည်။ သားသတ်သမားက အလွန်တည်ငြိမ်သူ ဖြစ်ကြောင်း ကြည့်နေသူတိုင်း သိကြသည်။ သူသည် ကြမ်းတမ်းပြီးရင်း ကြမ်းတမ်းနေသော်လည်း တကယ်တော့ သူသည် ရဲရင့်ပြီး သတိထားတတ်သူလည်း ဖြစ်သည်။
မဟုတ်ရင် သူ အောင့်ယွဲ့နဲ့ တခြားသူတွေလို သူ့ဘာသာသူ အောင်မြင်နိုင်ခဲ့မှာ မဟုတ်ပေ။ ခွန်အားသည် လူကို ကျော်ကြားစေသော်လည်း တည်ငြိမ်သော စိတ်ကသာ လူကို ရှင်သန်စေနိုင်သည့် အမြဲတမ်း အခြေခံအုတ်မြစ် ဖြစ်လေ၏။
သားသတ်သမားသည် နတ်ဘုရား အမျိုးသမီးရဲ့ ခုတ်ထစ်ရန် လာနေသည့် ဒုတိယ ဧရာမပုဆိန် တိုက်ကွက်ကို ရင်ဆိုင်ခဲ့သည်။ သူ့ခေါင်းကို ထိလုနီးပါး ပြင်းထန်သော စွမ်းအင်ကို ခံစားလိုက်ရတာတောင် ကြောက်ရွံ့မှုမရှိဘဲ ရင်ဆိုင်ခဲ့သည်။
သူ ရှုံးလို့ရပေမယ့် ကောင်းကင်ဘုံသခင် အမျိုးသမီးကတော့ ရှုံးလို့ မဖြစ်ချေ။
ကောင်းကင်ဘုံသခင် ဆိုတဲ့ ခွန်အားကြောင့် သူမက သန်မာနေတာ ဖြစ်သည်။ သူမကို အပြင်းထန်ဆုံးနေရာမှ အနိုင်ယူလိုက်နိုင်ခဲ့လျှင် သူမသည် ထူဖူး၏ပြိုင်ဘက် ဖြစ်တော့မည် မဟုတ်ပေ။
ဗုန်း!
နောက်ထပ် ကျယ်လောင်တဲ့ ဆူညံသံတစ်ခု ထွက်လာသည်။
ပုဆိန်နှစ်ချောင်း တိုက်မိရာကနေ ပြင်းထန်တဲ့ လေထုက အရှိန်အဟုန်နဲ့ ထွက်လာပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ ပြင်းထန်စွာ တုန်ခါသွားကာ တစ်ချိန်တည်းမှာ နောက်ပြန် လဲကျသွားကြသည်။
ကောင်းကင်ဘုံသခင် အမျိုးသမီးသည် ဆယ်လှမ်းကျော် နောက်ပြန် ဆုတ်သွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သားသတ်သမားသည် နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မတ်တပ်ရပ်ကာ ဟန်ချက်ထိန်းနိုင်ခဲ့သည်။
ယခုအချိန်သည် ကောင်းကင်ဘုံသခင် အမျိုးသမီး၏ ယုံကြည်မှုများကို လုံးလုံးလျားလျား ဖျက်ဆီးရမည့် အချိန် ဖြစ်သည်။
ကောင်းကင်ဘုံသခင် အမျိုးသမီး၏ မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးသွားတဲ့ အရိပ်အယောင်များ ရှိနေပြီး သားသတ်သမားရဲ့ တိုက်ကွက်ကို ပိတ်ဆို့ရန် လက်နှစ်ဖက်ဖြင့် ပုဆိန်ကြီးကို ကိုင်ထားသည်။
ဝုန်း ဝုန်း ဝုန်း!
သားသတ်သမားက ဆယ့်သုံးကြိမ် ဆက်တိုက် ရိုက်သည်။ တစ်ကြိမ်ထက် တစ်ကြိမ် ပိုပြင်းထန်သလို ပိုမြန်ကာ ထိပ်တိုက်တွေ့ပြီးသည်နှင့် ပြင်းထန်သော မီးပွားများကို ဖြာထွက်သွားစေသည်။ ထိုမီးပွားများက သားသတ်သမား ထူဖူးရဲ့ ရက်စက်ကြမ်းကြုတ်သော မျက်နှာကို ပို၍ ကြောက်စရာကောင်းအောင် လင်းလက်လာစေသည်။
ကောင်းကင်ဘုံသခင် အမျိုးသမီး၏ မျက်လုံးများထဲက ရှုပ်ထွေးမှုများသည်လည်း လူတိုင်း၏ မြင်ကွင်းထဲကို အပြည့်အဝ ထုတ်ပြလာခဲ့သည်။
“သေစမ်း!”
အသားသတ်သမားက ဟောက်ပြန်သည်။ သူ၏ ပြင်းထန်သော ခန္ဓာကိုယ်သည် ဧရာမဝက်ဝံကြီးအဖြစ်သို့ ပြောင်းလဲသွားသည့်နှယ့် ပြင်းထန်သော စွမ်းအားက သူ့ခြေထောက်နှင့် ခါးတို့မှတစ်ဆင့် လက်မောင်းထဲသို့ ပြည့်လာစေသည်။
“သတ်!”
ကျယ်လောင်စွာ အော်လိုက်သည်နှင့် ဒန်တန်ထဲမှ အင်အားတစ်ခု တိုးဝင်လာသည်။