အပိုင်း (၄၄၀) – သူတို့အားလုံးထွက်လာပြီ
Vol. 005 Ch. 440
ကျောင်ရှုရန်သည် ရှီမာယူယူ၏ စကားလုံးများတွင် ကွယ်ဝှက်ထားသည်များ ရှိသည်ကို သတိထား မိသော်လည်း အမှတ်မထားတော့ပေ။
သူ့ကို အံ့ဖွယ်အဆင့် သုံးယောက်က ဝိုင်းထားတာလေ၊ ဘာလို့ မကြောက်တာလဲ။ သူက ဘာလို့ အသေ အချာကြီး ပြုံးနေရတာလဲ။
သူက အဓိပ္ပာယ်ပါတာ တစ်ခုခုပြောလိုက်တာလား။ ဒီလောက်ရက်အများကြီးပေးတာကို သူဘာလို့ ကျေးဇူးတင်ရတာလဲ။
သူ့ အင်္ကျိလက်ထဲမှာ ဝှက်ဖဲများရှိနေတာလား။
ကျောင်ရှုရန်သည် ဘယ်လိုမှ တွေးမရတော့သဖြင့် လက်လျော့လိုက်လေသည်။ မည်သို့ပင်ဖြစ်စေကာမူ မျှားသည် ချိန်ထားပြီဖြစ်ကာ ပစ်လွှတ်တော့မည်။
“သွားသတ်လိုက်တော့” သူ အမိန့်ပေးလိုက်သည်။
သူတို့သုံးယောက်တွင် နှစ်ယောက်သည် အံ့ဖွယ်ဘုရင် လက်သင်ဖြစ်ကာ နောက်တစ်ယောက်သည် အံ့ဖွယ်ဘုရင် အလယ်အလတ်အဆင့်ဖြစ်သည်။ အံ့ဖွယ်ဘုရင်လက်သင်များဖြင့် တိုက်ခိုက်ခြင်းသည် ဦးနှောက် မရှိသည့် လုပ်ရပ်ဖြစ်သည်။
သို့သော် သူတို့ သုံးယောက် မလှုပ်ရှားရသေးခင်မှာပင် လူများသည် တောင်ကြားတွင် ရုတ်တရက် ပေါ် လာလေသည်။
“အမလေးလေး ငါတို့ အထဲမှာ အကြာပြီးပိတ်မိနေပြီး အပြင်လောကကို အခုမှပဲ မြင်ရတော့တယ်” ဖက်တီးကျူသည် အကြောဆန့်ကာ သက်တောင့်သက်သာ ညီးညူလေသည် “ယူယူကို အကြာကြီးမတွေ့ရ တော့လည်း လွမ်းမိသား”
“အဲလူတွေက ကောင်းကင်ကျားအိမ်တော်က လူတွေလား” ဘေဂုံထန်သည် လူသတ်မည့်အကြည့် များနှင့် ကြည့်နေကြသော ကျောင်ရှုရန်နှင့် တခြားသူများကို ကြည့်ပြီး မေးလေသည်။
“မင်း… မင်းတို့က ဘယ်သူတွေလဲ” ကျောင်ရှုရန်သည် ဝေကျိရွှီနှင့် တခြားသူများကို မြင်လိုက်ရသော အခါ အလွန်ကြောက်သွားလေသည်။
ဒီလူတွေက ဘယ်လိုလုပ် ပေါ်လာရတာလဲ။
လူတစ်ယောက်က ဒီအတိုင်းတော့ ရုတ်တရက်ပေါ်မလာနိုင်ဘူး၊ အဲတော့ ရှီမာယူယူက သက်ရှိတွေ ကို သိမ်းထားလို့ရတဲ့ တစ်ခုခုကို ပိုင်ဆိုင်ထားတာဖြစ်မယ်။
ရတနာ… တကယ်လို့ သူသာ အဲဒါကို ပိုင်ဆိုင်ထားရင်…
ကျောင်ရှုရန်၏ မျက်လုံးထဲမှ လောဘများကို တွေ့သောအခါ ရှီမာယူယူ ပြောလိုက်သည် “ဒီရက်တွေ မှာ ငါသိချင်တာတွေ သိခဲ့ရပြီဆိုတော့ သူတို့က အသုံးမဝင်တော့ဘူး”
“ဒါဆိုလည်း မြန်မြန်ရှင်းပစ်တာပေါ့” ရှီမာယူလင်း ပြောလိုက်သည်။
ရှီမာယူယူနှင့် တခြားသူတို့သည် ချက်ချင်းလှုပ်ရှားကြသည်။ သူတို့က သူတို့ရဲ့ အဖိုးတန်ညီမလေးကို သတ်ဖို့ကြိုးစားရဲတာက တကယ်ကိုပဲ သေချင်နေလို့ပဲ။
သူတို့သည် ၄ယောက်ဖြစ်သော်လည်း အံ့ဖွယ်အလယ်အလတ်အဆင့် တစ်ယောက်ရှိနေခြင်းကြောင့် တစ်ယောက်ကိုသာ ဖိအားပေးနိုင်သည်။
ရှီမာယူလီနှင့် တခြားသူများ အားလုံးတိုက်ကြသည်။ သူတို့သည် အံ့ဖွယ်ဘုရင်အလယ်အလတ် အဆင့် ရောက်ခါစဖြစ်သော်လည်း ဝိညာဉ်စေတီအတွင်းတွင် ရှိစဉ်က ဝိညာဉ်ကျောက်များမှ စုပ်ယူခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် အဆင့်မြင့်သို့ရောက်ရန် သိပ်မလိုတော့ပေ။ သူတို့ အင်အားများသည် ကြီးမားသော ကွာခြားချက် မရှိပေ။
ဒင်၃နှင့် တခြားသူများအတွက်တော့ ကောင်းကင်ကျားအိမ်တော်၏ နာမည်သည် သူတို့ပေါ်တွင် မူတည် သော်လည်း ဟားတိုက်စရာဖြစ်ခဲ့သည်။ သူတို့သည် ထင်ထားသလောက် မသန်မာပေ။ သူတို့သည် ဒီနေ့တွင် လူအများပေါ်လာသည့်အချိန်တွင် ထွက်ပြေးရန် ပြင်ထားခဲ့ကြသည်။
သူတို့လေးယောက်ကို လူဆယ်ယောက်က ဝိုင်းထားပြီး ရိုက်ကြတော့သည်။ ရှီမာယူယူသည် သူတို့ကို စကားပြောရန် အခွင့်အရေးပင် မပေးပေ။ သူမသည် သူတို့လေးယောက်ကို သတ်ပစ်ပြီးနောက် ပြာအဖြစ် သဂြိုဟ်လိုက်လေသည်။
အမှိုက်များကို ရှင်းပြီးမှပင် အားလုံးသည် ရှီမာယူယူအား စကားပြောရတော့သည်။
ရှီမာလိုင်သည် ရှီမာယူယူဘေးလျှောက်လာကာ သူမ ပခုံးပေါ်သို့ လက်တင်လိုက်သည်။ သူသည် သူမအား အပေါ်အောက် ကြည့်ကာ မေးလိုက်သည် “ယူယူ ဘာမှမဖြစ်တော့ဘူးမလား”
ရှီမာယူယူ ခေါင်းရမ်းကာ ပြောလိုက်သည် “အဘိုး သမီးအဆင်ပြေပါတယ်”
“ဒါဆိုရင် ဒဏ်ရာတွေအကုန်လုံး သက်သာသွားပြီလား” ရှီမာလိုင် စိုးရိမ်စွာ မေးလေသည်။
“အကုန်သက်သာနေပါပြီ၊ ကြည့် ဝိညာဉ်စေတီလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ၊ ဒါက သမီး ပြန် ကောင်းလား မကောင်းလားကို ပြတာပဲ” ရှီမာယူယူသည် လက်ဝါးဖြန့်ကာ ပြန်ကောင်းလာကြောင်းကို ပြလေ သည်။
“ညီလေး ၅ အစ်ကိုတို့က ပွစိပွစိ ပြောတယ်လို့တော့မထင်နဲ့ ဒါပေမဲ့ အစ်ကိုတို့ ဝိညာဉ်စေတီထဲမှာ ရှိနေ တုန်း မင်းနဲ့ အဆက်အသွယ်ပြတ်သွားတော့ အဘိုးက စိတ်ပူလို့သေတော့မယ်၊ မင်း သေသွားပြီလားလို့ အဘိုး အဆက်မပြတ်ကြည့်နေတာ… ဟိန်းသံလေးနဲ့ တခြားသူတွေ အဆင်ပြေတယ်ဆိုမှ စိတ်အေးသွားတာ” ရှီမာယူရန် ရှင်းပြလေသည်။
“ဟုတ်တယ်၊ မင်းက စာချုပ်သားရဲတွေကိုတောင် ဆက်သွယ်လို့မရတော့ဘူးဆိုတော့ ဒဏ်ရာ အရမ်းပြင်း ထန်တယ်ဆိုတာ သိလိုက်ရတယ်၊ မင်းဒဏ်ရာတွေကို ကုနေတာ အစ်ကိုတို့ မျက်လုံးနဲ့ မမြင်ရတော့ စိုးရိမ်နေ ကြတာ” ရှီမာယူမင် ပြောလေသည်။
ရှီမာယူယူသည် သူတို့စိတ်ကိုနားလည်သည်။ ထို့ကြောင့် သူမ လုံးဝပြန်ကောင်းနေပြီဖြစ်ကြောင်းကို ပြ သသည်။ ထိုမှသာ အားလုံးသည် သူမ ပြန်ကောင်းလာခြင်းအတွက် မေးခြင်းများ ရပ်သွားလေသည်။
“ဟုတ်သားပဲ ယူယူ ငါတို့ဘယ်ရောက်နေတာလဲ” ဖက်တီးကျူ မေးလိုက်သည်။
ရှီမာယူယူသည် ကမ္ဘာဦးနယ်မြေမှ အခြေအနေများကို အကျဉ်းချုံးရှင်းပြရာ သူတို့အဖွဲ့သည် ချက်ချင်း ပင် ရှုံ့မဲ့သွားကြလေသည်။
“အဲတော့ အပြင်ပိုင်းဒေသက ငါတို့အနိမ့်ပိုင်းတိုင်းပြည်တွေထက် ပိုပြီးတောင် ခေတ်နောက်ကျနေတာ ပေါ့” ရှီမာယူလီ မှတ်ချက်ပေးသည်။
သူတို့သည် ပျံသန်းခြင်းလည်းမဖြစ်နိုင်၊ ဖြတ်လမ်းတည်ဆောက်မှုလည်း အသုံးမပြုနိုင် ဖြစ်လေသည်။ သူတို့သည် တွေ့ကရာ သားရဲကိုလည်း စာချုပ်မချုပ်နိုင်ပေ။ ဒါက အနိမ့်ပိုင်း တိုင်းပြည်ထက်တောင် အခြေအနေ ဆိုးတာပဲ။
“ကောင်းကင်ကျားဧရိယာက တောင်ပိုင်း ၇ခုမြောက် စီရင်စုနယ်ပဲ၊ ဘေဂုံ နင်ဒီနေရာ အကြောင်း သိလား” ရှီမာယူယူ မေးလိုက်သည်။
“သြော် ဟုတ်သားပဲ နင့်အိမ်က အပြင်ပိုင်းဒေသမှာပဲမလား၊ အဲတော့ နင် ဒီအပြင်ပိုင်းဒေသနဲ့ ပိုပြီး ရင်းနှီးမှာပဲ” ဖက်တီးကျူ မေးလိုက်သည်။
ဘေဂုံထန်သည် ခေါင်းရမ်းပြီး ပြောလိုက်သည် “ငါ တောင်ပိုင်း၇ခုမြောက်စီရင်စုနယ် အကြောင်းတော့ ကြားဖူးတယ်၊ ဒါပေမဲ့ ငါ့မျိုးနွယ်က အဲနယ်အကြောင်းတော့ ပြောခဲကြတယ်”
“နင့်အိမ်က ဘယ်မှာလဲ” ဝေကျိရွှီ မေးလိုက်သည်။
“ငါ့အိမ်က အလယ်ပိုင်းဧရိယာမှာ အပြင်ပိုင်းဒေသရဲ့ အကြီးဆုံးမြို့မှာ”
“အပြင်ပိုင်းဒေသမှာ မြို့ကြီး ၁၀မြို့ရှိတယ်၊ မြောက်ပိုင်း၇ခုမြောက် စီရင်စုနယ်၊ မြောက်ပိုင်း ၅ခုမြောက်ပင်လယ်၊ အရှေ့ပိုင်း တတိယလက်အောက်ခံနယ်၊ အရှေ့ပိုင်း၁၀ခုမြောက် တောင်တန်း၊ အနောက် ဘက် ကန္တာရဒေသ၊ အနောက်ဘက်လွင်တီးခေါင်နယ်မြေ၊ တောင်ဘက်တောင်ပေါးတစ်ထောင်ဒေသ၊ အလယ် ပိုင်းဧရိယာနဲ့ အလယ်ပိုင်းလက်အောင်ခံနယ်မြေဆိုပြီး ရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “မြို့တိုင်းမှာလည်း မြို့ခွဲအသေးတွေ အများကြီးရှိတယ်”
“ကမ္ဘာဦးနယ်မြေက တကယ်ကြီးတာပဲ အပြင်ပိုင်းဒေသတောင် ဒီလောက်ကြီးနေတာ” ဖက်တီးကျူ သက်ပြင်းချသည်။
“ဟုတ်တယ်၊ ငါတို့ အလယ်ပိုင်းလက်အောက်ခံနယ်မြေကို သွားချင်တာ၊ ဒါပေမဲ့ အရင်ဆုံး အဆင့်မြင့် တဲ့ မြို့ကြီးတွေကို သွားရမယ့်ပုံပဲ” ဝေကျိရွှီ ပြောလိုက်သည်။
ရှီမာယူယူ ဘေဂုံထန်ဘက်လှည့်ပြီး ပြောလိုက်သည် “ငါတို့ အလယ်ပိုင်းဧရိယာကို အရင်သွားရင်ရော”
ဘေဂုံထန် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ သူမ ပြန်သွားရတော့မှာလား။
သူမ ထွက်လာပြီးချိန်မှစပြီး သူမသည် အမြဲတမ်းပြန်သွားချင်ခဲ့သည်။ သို့သော် အခု တကယ် သွားရ တော့မည်ဆိုတော့ အနည်းငယ် ကြောက်ရွံ့မိသည်။
သူမသည် သူမ အမေနှင့် မောင်လေးကို မတွေ့ရမည်ကို ကြောက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဖြစ်လာပါက မည်သို့ တုန့်ပြန်ရမည်ကို သူမမသိပေ။
ရှီမာယူယူသည် အရှေ့တိုးလာကာ သူမ ပခုံးအားပုတ်ပြီး ပြောလေသည် “မစိုးရိမ်ပါနဲ့၊ ငါတို့အားလုံး နင်နဲ့အတူရှိနေတာပဲ”
ဘေဂုံထန်သည် ရှီမာယူယူ၏ မျက်လုံးမှ အားပေးခြင်းကိုတွေ့သောအခါ ခေါင်းညိတ်ပြီး ပြောလိုက်သည် “ဒါဆို အလယ်ပိုင်းဧရိယာကို အရင်သွားကြတာပေါ့”
သူမ အမေနှင့် မောင်လေးသာ ထိုနေရာတွင်မရှိခဲ့ပါက သူမသည် သူတို့အား သွားကယ်ကာ ထိုနှစ်က သူတို့ကို တိုက်ခိုက်ခဲ့သော သူများကို လက်စားချေမည်။
သူတို့သာ မရှိတော့ပါက… သူမသည် မျိုးနွယ်တစ်ခုလုံးကို လုံးဝပျောက်သွားအောင် သုတ်သင်ပစ်မည်။
“ဒါဆို ကောင်းကင်ကျားဧရိယာရဲ့ မဟာမြို့ကိုသွားရအောင်”
ရှီမာယူယူသည် ငှက်လေးအား ခေါ်ထုတ်လိုက်သည်။ သူမသည် ဝူရန်ဖေ၏ အဖေ ဆန်းမူယုနှင့် တုလေးကိုပါ ခေါ်လိုက်သည်။ အားလုံးသည် အထဲတွင် ပျင်းနေမည်ဖြစ်သဖြင့် အားလုံးကို ခေါ်ထုတ်လိုက်သည်။
မဟာမြို့.. ထိုသည်မှာ မြို့တော်၏ အမည်နောက်တစ်မျိုးဖြစ်သည်။ ထိုသည်မှာ ကောင်းကင်ကျား ဧရိယာ၏ အကြီးဆုံးမြို့ဖြစ်သည်။
ထိုမြို့သည် ကောင်းကင်ကျားအိမ်တော်မှ လူများ တည်ထောင်ထားသည်ဟု ပြောလို့ရသည်။ ထိုနေရာ ကို အပြင်ပိုင်းတပည့်များမှ ပိုင်ဆိုင်သည်။ အတွင်းပိုင်း တပည့်များသာ ကောင်းကင်ကျားအိမ်တော်တွင် နေထိုင် ကြသည်။
ထို့အပြင် ဂိုဏ်းဝင်များမဟုတ်ကြသော လူများသည် ထိုနေရာတွင် နေထိုင်လိုပါက ကာကွယ်ရေး အတွက် တန်ရာတန်ကြေးကိုပေးရသည်။ ကာကွယ်ရေးအခကြေးငွေသည် မြို့တွင် လုပ်ငန်းတစ်ခုပင်ဖြစ်လေ သည်။
နောက်တစ်နေ့တွင်ပင် ရှီမာယူယူနှင့် တခြားသူများသည် မဟာမြို့သို့ ရောက်လေသည်။ သူတို့ ဝင်သွား သည်နှင့် မြို့၏ ရောင်ဝါမှာ အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိသည်။ သူတို့အား ကြည့်သော အကြည့်များ သည် ထူးဆန်းနေသည်။ သူတို့ရောက်နေသည်ကို အားလုံးက ထူးဆန်းနေကြသည်။
သူတို့သည် တည်းခိုဆောင်တစ်ခုရှာတွေ့ပြီး နေရန်မေးမြန်းသော်လည်း သူတို့ ပိုင်ရှင်အား စကား မပြောခင်တွင် တူညီဝတ်စုံဝတ်ထားသော လူတစ်စုသည် လူကြမ်းများသဖွယ် ရောက်လာလေသည်။
သူတို့သည် သဘဝင်မြင့်စွာဖြင့် ရှီမာယူယူနှင့် တခြားသူများဆီသို့ လျှောက်လာလေသည်။ သူတို့သည် အထက်စီးဆန်စွာ မေးလိုက်လေသည် “မင်းတို့က အခုလေးတင် မြို့ကိုဝင်လာတဲ့သူတွေလား"