← Chapters

အပိုင်း (၄၄၁) – ရန်စခြင်း

Vol. 005 Ch. 441

အပိုင်း (၄၄၁) – ရန်စခြင်း

Vol. 005 Ch. 441

ရှီမာယူယူတို့အဖွဲ့သည် ထိုလူများအား စိုက်ကြည့်လိုက်ကြသည်။ ထိုအဝတ်အစားမျိုး ဝတ်ဆင်ထား သူများသည် ကောင်းကင်ကျားအိမ်တော်မှ လူများဖြစ်သည်မှာကို သိလိုက်သည်။

ထိုလူများရောက်သည်နှင့် သူမ ပတ်ဝန်းကျင်မှလူများသည် ကြောက်ရွံ့သွားကြသည်ကို သူမ မြင်လိုက် ရသည်။ ကောင်းကင်ကျားအိမ်တော်မှလွဲ၍ ထိုကဲ့သို့ အင်အားမျိုးကို အသုံးချမည့်သူ မရှိပေ။

“ငါတို့က မြို့ထဲကို ဝင်လာတဲ့သူတွေပဲ ဘာကိစ္စရှိလို့လဲ” ရှီမာယူမင်သည် မိသားစုကို ကိုယ်စားပြုကာ  ပြောလေသည်။

“ဒီလိုလား မင်းတို့ မြို့ထဲကိုဝင်ရင် ဝင်ကြေး တစ်ယောက်ကို အဆင့်နိမ့်ကျောက် တစ်ထောင်နဲ့ ကာကွယ်ရေးအခကြေးငွေအတွက် တစ်ယောက်ကို အလယ်အလတ်အဆင့်ကျောက် ငါးရာပေးရမယ်၊ တစ်  ယောက်.. နှစ်ယောက်… ၁၃ယောက် အဆင့်နိမ့်ကျောက် ၁၃၀၀၀နဲ့ အလယ်အလတ်အဆင့် ကျောက် ၆၀၀  ပေးရမယ်” ထိုယောက်ျားက ပြောလိုက်သည်။

အနားမှ လူများသည် ထိုလူပြောသည်ကို ကြားလိုက်သောအခါ ပင့်သက်ရှိုက်မိကြသည်။

အဆင့်နိမ့်ကျောက် ၁၃၀၀၀နဲ့ အလယ်အလတ်အဆင့်ကျောက် ၆၀၀ ဆိုရင်…. သာမန် ကျင့်ကြံသူ အတွက် လအနည်းငယ်လောက် ကျင့်ကြံဖို့ လုံလောက်နေပြီ။

“ငါတို့ပေးကိုပေးရမယ်လို့ ဘယ်သူပြောလဲ” ရှီမာယူမင် ပြန်ဖြေလိုက်သည် “ငါတို့ မြို့ထဲကို ဝင်လာ  တော့ ဘယ်သူမှ ဝင်ကြေးမတောင်းဘူး၊ ပေးစရာ အစောင့်လည်း ရှိမနေဘူး၊ အခုမှ မင်းတို့က ဝင်ကြေးလာ  တောင်းနေတယ်၊ အဲဒါ အဆင်မပြေဘူးလို့ထင်တယ်”

“ဘာကို အဆင်မပြေတာလဲ၊ ငါတို့ ကောင်းကင်ကျားအိမ်တော်က ပြောတဲ့စကားက အမှန်ပဲ” ထိုလူ  ပြောလိုက်သည် “ဘယ်လိုအခြေအနေမျိုးမှာမဆို ငါတို့ ဝင်ကြေးအမြဲယူတယ်၊ ခင်ဗျားတို့က ဒီကိုပထမဆုံး  ရောက်ဖူးတာဆိုတော့ မသိတာဖြစ်တတ်ပါတယ်”

မဟာမြို့သည် အမှန်တကယ်ပင် ဝင်ကြေးပေးဆောင်ရသည်။ သို့သော် ကောင်းကင်ကျားအိမ်တော်၏ ဝင်ကြေးမှ အလွန်ဈေးကြီးသဖြင့် သူတို့အားမပေးချင်သောကြောင့် ထို၂နှစ်အတွင်းတွင် လူအဝင်နည်းသွား သည်။

ဘယ်သူမှမလာတော့သည်ကို ကောင်းကင်ကျားအိမ်တော်မှ လူများ သိသောအခါ သာမန်အစောင့်များ သာ ခန့်ထားသည်။ လူဝင်လာသည်နှင့် သူတို့ကို သတင်းပို့ပြီးနောက် ဝင်ကြေးနှင့် ကာကွယ်ရေးအခကြေးငွေ  ကောက်ခံသည်။

“ခင်ဗျားတို့ကို ဝင်ကြေးပေးဖို့မလိုဘူးဆိုရင် ပြောစရာကိုမလိုတော့ဘူး၊ ကာကွယ်ရေးအခကြေးငွေ ကတော့ ငါတို့ ခင်ဗျားတို့အကာအကွယ်မလိုဘူးဆိုတော့ ပြန်သွားလိုက်ပါတော့” ရှီမာယူမင်သည် သူ့ကို ငြင်း လိုက်လေသည်။

သူတို့မှာ ကျောက်မရှိလို့လား။

ရှိပါသည်။ သို့သော် သူတို့သည် ကောင်းကင်ကျားအိမ်တော်မှ လူများကို မပေးချင်ပေ။

ထို့အပြင် သူတို့သည် လာကတည်းက ကောင်းကင်ကျားအိမ်တော်နှင့် ဆက်ဆံရေးကောင်းလိုသော ဆန္ဒမရှိပေ။ သူတို့သည် ကျောင်ရှုရန်နှင့်အတူထွက်လာကာ သူသေသွားပြီး သူမ အသက်ရှင်ကျန်နေသဖြင့်  ကောင်းကင်ကျားအိမ်တော်သည် သူမအား သေချာပေါက် အပြစ်တင်မည်ဖြစ်သည်။

သူတို့သည် နောက်ဆုံးတွင် ရန်ဘက်ဖြစ်မည့်အတူတူတော့ သူတို့ တောင်းဆိုချက်ကို လက်ခံရန်မလို ပေ။

တည်းခိုဆောင်မှ လူများသည် ရှီမာယူမင်ပြောသည်ကို ကြားလိုက်သောအခါ တောင့်သွားကြသည်။ သူတို့ဘယ်သူ့ကို ပြောနေတာလဲဆိုတာ သိရောသိရဲ့လား။

သူတို့က ဝင်ကြေးနဲ့ ကာကွယ်ရေးအခကြေးငွေပေးရမှာကို ငြင်းရဲတယ်။ ကံတော့ဆိုးတော့မှာပဲ။

ကောင်းကင်ကျားအိမ်တော်မှ လူများသည် အငြင်းခံလိုက်ရသောအခါ တစ်ခဏမျှ မှင်တက်သွားသည်။ သူ အငြင်းခံလိုက်ရသည်ကို သေချာမှပင် ဒေါသထွက်လေသည်။ သူ အသံမြှင့်ပြီး မေးလိုက်သည် “မင်းဘာ  ပြောလိုက်တယ်”

“ခင်ဗျားတို့ နားကအလုပ်မလုပ်လို့ မကြားတာလား၊ မဟုတ်ရင် ပိန်းလွန်းလို့ နားမလည်တာလား” ရှီမာယူမင်သည် မျက်ဖြူလှန်ကာ ညင်သာစွာ ပြောလေသည်။

“ဟားဟားဟား”

အနားမှလူများသည် ကောင်းကင်ကျားအိမ်တော်ကို ကြောက်ရွံ့သော်လည်း သူပြောလိုက်သည့် စကား ကို ကြားသောအခါ ရယ်မောကြလေသည်။ ကောင်ကင်ကျားအိမ်တော်မှ လူများ စိုက်ကြည့်လိုက်မှသာ ခေါင်းငုံ့ သွားကြလေသည်။ သို့သော် ကြည့်လိုက်လျှင် သူတို့သည် ရယ်ချင်စိတ်ကို မျိုသိပ်ထားရသည်နှင့် တူသည်။

“မင်းက ကောင်းကင်ကျားအိမ်တော်ကို ဆန့်ကျင်ရဲတယ်ဟုတ်လား၊ သင်ချင်နေပြီလား” ထိုလူ အော် လိုက်သည် “ငါ့လူတို့ သူတို့က ငါတို့ကောင်းကင်ကျားအိမ်တော်ကို မလေးမစားလုပ်မှတော့ သူတို့က တခြားမြို့ ကနေ သူလျှိုပို့လိုက်တာဖြစ်မယ်၊ သူတို့အားလုံးကို ဒီမြို့ကနေ နှင်ထုတ်လိုက်ကြ”

အနားမှလူများသည် သူတို့ပြောနေသည်များကို ကြားသောအခါ ဆွံ့အသွားကြသည်။ အပြင်လူများ  ကောင်းကင်ကျားဧရိယာကို မလာတာဘယ်လောက်ကြာနေပြီလဲ။ ဘယ်သူက ဒီလိုနေရာသေးသေးလေးကို သူလျှိုအဖြစ်လာချင်မှာလဲ။ သူတို့ တစ်ခုခုကို မလုခင်ဘာလို့ အရင်ဆုံး မလေ့လာတာလဲ။

သို့သော် သူတို့သည် စဉ်းစားရုံသာ စဉ်းစားရဲကာ မပြောရဲကြပေ။ သူတို့သည် ကောင်းကင်ကျား အိမ်တော်အား ရန်သူအဖြစ် ဆက်ဆံရန် သတ္တိမရှိကြပေ။

ရှီမာယူယူသည် အံ့ဖွယ်ဘုရင် အဆင့်၁မျှသာ ရှိသော ထိုလူများကို ကြည့်လိုက်သည်။ သူတို့အင်အား သည် အပြင်လူများအတွက် မဆိုးလှသော်လည်း သူမအား အနိုင်ရလိုပါက အားနည်းလွန်းသည်။

ဆန်းမူယုမှလွဲ၍ အားလုံးသည် အံ့ဖွယ်ဘုရင်များဖြစ်ကြသည်။ သူတို့ထက်ပင် အင်အားတောင့်သည်။

ကောင်းကင်ကျားအိမ်တော်မှ လူများ အမှန်တကယ်ပင် ဖမ်းချင်သည်ကို ကြည့်ပြီး တည်းခိုဆောင်ရှိ လူများသည် ထွက်ပြေးကြလေသည်။ တည်းခိုဆောင်ပိုင်ရှင်ပင်လျှင် ထွက်ပြေးချင်နေလေသည်။

“သူတို့အားလုံးကို ဖမ်းလိုက်တော့”

တာဝန်ယူထားသော လူသည် အမိန့်ပေးလိုက်သည်နှင့် သူ့လူများသည် ပြင်ဆင်ထားသော ကြိုးများ ထုတ်လိုက်ကြသည်။

“ဘုန်း”

ရှီမာယူယူဘေးတွင် ရပ်နေကြသော်လူများသည် ကန်ချက်ကြောင့် ပျံသွားကြပြီး စားပွဲပေါ်သို့ကျရာ စားပွဲများ ကျိုးသွားကြလေသည်။

ဟိန်းသံလေးသည် ရှီမာယူယူ၏ ကျောပေါ်တွင် တွယ်ကပ်နေသည်။ သူမ တွေဝေခြင်းမရှိပဲ ပြုမူသည် ကို တွေ့သည်နှင့် ခေါင်းရမ်းကာ သက်ပြင်းချလိုက်သည် “မင်းကတော့ မှတ်ဉာဏ်တွေပြန်ရပြီးတာနဲ့ ပိုပိုပြီး ကြမ်းတမ်းလာတယ်”

“မင်းက ပြန်ခုခံရဲတယ်ဟုတ်လား၊ အားလုံး လာတိုက်ကြ”

ကောင်းကင်ကျား အိမ်တော်မှ လူများ လှုပ်ရှားသည်နှင့် ရှီမာယူမင်နှင့် တခြားသူများလည်း သည်းမခံ ကြတော့ပေ။ သူတို့သည် ချက်ချင်းပင် လက်သီးဆုပ်ကာ တိုက်ခိုက်ကြလေသည်။

တည်းခိုဆောင်သည် သေးငယ်သောကြောင့် ဝိညာဉ်စွမ်းအင်များသည် သူတို့ကို ပြန်ထိခိုက်လာနိုင် သည်။ ထို့ကြောင့်အားလုံးသည် လက်သီးကိုသာ သုံးကြသည်။ သို့သော် သူတို့လက်သီးများသည် ဖက်တီးကျူ ကို တိုးမပေါက်ပေ။ သူသည် အားလုံးကို တစ်ချက်တည်းနှင့်ပင် လျင်မြန်စွာ လဲကျသွားအောင် ထိုးလိုက်သည်။

“ငါတို့က မြို့အတွင်းကိုဝင်ပြီးပြီဆိုတော့ ဝင်ကြေးလည်းပေးစရာမလိုတော့ဘူး၊ မင်းတို့ရဲ့ အကာ အကွယ်ကိုလည်း မလိုဘူးဆိုတော့ ငါတို့ကို မနှောင့်ယှက်နဲ့တော့၊ သွားကြတော့” ရှီမာယူမင် ပြောလိုက်သည်။

ကောင်းကင်ကျားအိမ်တော်မှ လူများသည် ပြန်ထကြသည်။ သူတို့သည် တည်းခိုဆောင်မှလူများဘက် လှည့်ပြီး အော်ပြောလေသည် “မင်းတို့အားလုံး စောင့်နေကြ၊ ဒီအတွက်ကောင်းကင်ကျား အိမ်တော်ကို ပြန်ပေး ဆပ်ရလိမ့်မယ်၊ သွားမယ် ငါတို့ ခေါင်းဆောင်ကို သတင်းပို့ရမယ်”

အပြင်မှ စောင့်ကြည့်နေကြသောလူများသည် ကောင်းကင်ကျားအိမ်တော်မှ လူများ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးသွားသည်ကို မြင်လိုက်ရသောအခါ ပျော်ရွှင်စွာ အော်ကြလေသည်။

ကောင်းကင်ကျားအိမ်တော်ကို ဆန့်ကျင်ရဲတဲ့သူ ပေါ်မလာတာဘယ်လောက်ကြာနေပြီလဲ။

သို့သော် ထိုလူများသည် ရှီမာယူယူနှင့် တခြားသူများကို မြန်မြန်ထွက်ခွာရန် အကြံပေးကြသည်။

“ခင်ဗျားတို့အားလုံး ထွက်ပြေးတာကောင်းမယ်၊ ကောင်းကင်ကျားအိမ်တော်က ဒါမျိုးမကြုံတာ ကြာနေ  ပြီ၊ အခု သူတို့အရိုက်ခံလိုက်ရတော့ ပိုပြီးအားကောင်းတဲ့သူတွေ ခေါ်လာမှာစိုးတယ်၊ အခု သူတို့ မရောက်သေး ဘူးဆိုတော့  မြန်မြန်ထွက်ပြေးပြီး ကောင်းကင်ကျားဧရိယာကထွက်သွားတာ ကောင်းမယ် မဟုတ်ရင် ပြေးမရ ပဲဖြစ်နေမယ်”

ဖက်တီးကျူသည် သူတို့အား ပြုံးပြီး ပြောလေသည် “ကျွန်တော်တို့က သူတို့ကို ရိုက်ရဲမှတော့ သူတို့ လက်တုန့်ပြန်တာကို မကြောက်ဘူး”

သူတို့အားလုံးသည် အံ့ဖွယ်ဘုရင် အဆင့်၁များဖြစ်ကြသည်ကို အားလုံးမြင်လိုက်ရသည်။ သူတို့ ယုံကြည်ချက် အပြည့်ရှိနေသည်ကို မြင်လိုက်ရသော်အခါ ခေါင်းရမ်းမိကြသည်။

ဒီလူတွေက အရမ်းငယ်သေးတော့ စကားလုံး တစ်လုံးရဲ့ အလေးချိန်ကို မသိဘူး။

“ဆိုင်ရှင် ကျွန်တော်တို့ကို အပေါ်ထပ်မှာ ၁၃ခန်းပေး” ရှီမာယူရွှီ ပြောလိုက်သည်။

လူအုပ်ထဲမှ တည်းခိုဆောင်ပိုင်ရှင်သည် အခက်တွေ့သွားသည်။ သူတို့သည် ကောင်းကင်ကျား အိမ်တော်ကို အာခံရဲကြသည်။ သူတို့ကို ဒီမှာ ပေးနေလိုက်တာက သူ့ဒုက္ခသူ ရှာတာဖြစ်နေမလားပဲ။

သူဘာကြောင့် တွေဝေနေသည်ကို ရှီမာယူယူ သိသောကြောင့် လက်ရမ်းလိုက်သည်။ အလယ်အလတ်  ကျောက် ၁၀၀ စားပွဲပေါ်တွင် ပေါ်လာသည်။

သူမ ဆိုင်ရှင်ဆီ ယူသွားကာ မေးလိုက်သည် “အခန်းရှိလား”

အပြင်လူများသည် သူမ အလယ်အလတ်ကျောက် ၁၀၀ ကိုထုတ်လိုက်သည်ကို တွေ့သည်အခါ သူမ တွင် ပိုက်ဆံမရှိတာ မဟုတ်သည်ကို သိလိုက်ရသည်။ သူမသည် ကောင်းကင်ကျားအိမ်တော်ကို ပေးလိုသော ဆန္ဒမရှိသောကြောင့်ပင်။

ဆိုင်ရှင်သည် အလယ်အလတ်ကျောက်တုံးများကိုတွေ့သောအခါ မျက်လုံးများ အရောင်တောက် သွားလေသည်။ သူ မြန်မြန်လျှောက်လာကာ ထိုကျောက်များကို သိမ်းပြီး ပြောလိုက်သည် “ရှိပါတယ် ရှိပါတယ် အပေါ်ထပ်မှာ ၁၃ခန်းပါ၊ တာဝန်ခံ သူတို့ကို မြန်မြန် ပေါ်ခေါ်သွားလိုက်ပါ”

ဆိုင်ရှင်ထိုကဲ့သို့ ပြုမူသည်ကို တာဝန်ခံမြင်သောအခါ ပြုံးပြီးပြောလိုက်သည် “ဧည့်သည်တော်တို့ ကျွန်တော့်နောက်ကိုလိုက်ခဲ့ပါ၊ အခန်းတွေဆီကို ခေါ်သွားပါမယ်”

ရှီမာယူယူ တာဝန်ခံနောက်လိုက် မသွားခင်တွင် ဆိုင်ရှင်သည် ထိုကျောက်များကို ဖက်ထားကာ မျက်လုံးများမှာ အလွန်တောက်ပနေသည်ကို တွေ့လိုက်ရလေသည်။

All Chapters