← Chapters

ကောင်းကင်ဘုံသခင်ကို ခေါင်းဖြတ်ပြီ

Vol. 65 Ch. 492.4

ကောင်းကင်ဘုံသခင်ကို ခေါင်းဖြတ်ပြီ

Vol. 65 Ch. 492.4

ဒန်တန်ထဲက တိုးလာသော စွမ်းအားသည် အလွန်ကြီးမားသောကြောင့် ချက်ချင်းတွင် ထူဖူးသည် သူ၏ ခွန်အား အနည်းဆုံး သုံးဆတိုးသွားတယ်လို့ ခံစားလိုက်ရသည်။

ပုဆိန်အကြီးကြီး ပေါ်လာတဲ့ အခိုက်မှာ သူဟာ အမှတ်တမဲ့ လက်ညှိုးလက်မောင်းတို့က ဝိညာဉ်ရေးအရ သွက်လက်ပြီး ဆန်​ကြယ်လာတယ်လို့ ခံစားရ၏။

ပုဆိန်ကြီးသည် ညကောင်းကင်ယံကို ချက်ချင်း ဖြတ်တောက်လိုက်ရာ လျင်မြန်လွန်းသဖြင့် လူတိုင်း၏ မျက်လုံးထဲတွင် အလင်းတန်း တစ်ခုသာ ကျန်တော့သည်။

ဟမ့်!

ဆူညံသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ခေါင်းတစ်လုံးသည် ကောင်းကင်မှ ပစ်ကျလာကာ နေရာတိုင်းတွင် သွေးများစီးဆင်းသွားသည်။

ထိုအချိန်တွင် ကောင်းကင်ဘုံသခင် အမျိုးသမီး၏ မျက်နှာမှာ မယုံနိုင်သည့် အကြည့်များဖြင့် ပြည့်နှက်နေပြီး သူမ မျက်လုံးများလည်း အင်မတန် စိတ်ရှုပ်ထွေးနေသည်။

လေးလံသော အသက်ရှုသံသည် ကောင်းကင်ဘုံသခင် အမျိုးသမီး၏ ခေါင်းပေါ်မှ ထွက်ပေါ်လာပြီး လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

မြေကြီးပေါ်တွင်တော့ သားသတ်သမား၏ ပုဆိန်သည် မြေကြီးထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားပြီး ၎င်း၏ဘေးတွင် ခေါင်းမရှိ​တော့သော နတ်ဘုရား အမျိုးသမီး၏ အလောင်းဖြစ်သည်။ ဦးခေါင်းမပါသော အလောင်းဘေးတွင် သူမရဲ့ ပုဆိန်နှစ်မွှာက ကွဲထွက်သွား​ပြီ။

ပုဆိန်သည် ကောင်းကင်ဘုံသခင် အဆင့် မြင့်မြတ်သော လက်နက်မဟုတ်သော်လည်း အနည်းဆုံးတော့ မဟာသူတော်စင် လက်နက်တစ်ခု ဖြစ်သည်။ သို့သော် သားသတ်သမားရဲ့ ပုဆိန်က အပိုင်းပိုင်း ပိုင်းဖြတ်သွားခဲ့သည်။

ပြတ်သွားတဲ့ အပိုင်းအစ​တွေကလည်း ချောမွေ့ပြီး သပ်ရပ်သည်။ ၎င်းကို ဓားရှည်ဖြင့် ခုတ်လိုက်လျှင်ပင် ဒီလောက် သပ်ရပ်လိမ့်မည်ဟု မထင်ရချေ။

သားသတ်သမားက မတ်တပ်ထရပ်ပြီး ပုဆိန်ကို ပခုံးပေါ် တင်လိုက်ပြန်သည်။ အဲဒီအခိုက်အတန့်မှာ ဘယ်သူမှ သူ့ကို လျှော့မတွက်ဝံ့ဘဲ လုရွှမ်နဲ့ သူ့အဖွဲ့ဆီ ပြန်သွားတာကိုပဲ စောင့်ကြည့်နေရတော့သည်။

ယခုအချိန်ဟာ သားသတ်သမား ကျက်သရေရှိသော အခိုက်အတန့်လည်း ဖြစ်သည်။ ထို့အတူ လျှို့ဝှက်စွာဖြင့် မရေမတွက်နိုင်သော လူများကလည်း သတင်းပို့ဖို့ ထွက်သွားကြသည်။

သားသတ်သမားက ကောင်းကင်ဘုံသခင်ကို သတ်ပစ်ခဲ့ပြီ!

ယခုအချိန်တွင် ပါရမီရှင်ငါးပါးရဲ့ ဂုဏ်သတင်းက ထပ်မံ ဖော်ပြခံခဲ့ရ​ပြန်သည်။

ဝမ့်ကျစ်ကမ္ဘာမှ သခင်များ ရောက်ရှိလာချိန်မှစ၍ လူငယ်သူရဲကောင်း အုပ်စုများသည် ရှေးဟောင်း လျှပ်စီးမြို့တော်တွင် ကြီးမားသော ခွန်အားကို ပြသခဲ့ကြသည်။ သို့နှင့် ရှေးဟောင်းလျှပ်စီးကမ္ဘာတွင် ပါရမီရှင် ထိပ်တန်းငါးဦးကို လူတို့အပေါ် အကဲဖြတ်မှုက တဖြည်းဖြည်း ကျဆင်းလာသည်။

သူဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဝမ့်ကျစ်ကမ္ဘာက လူငယ်သူရဲကောင်း တစ်ယောက်လောက်တောင် အစွမ်းထက်နိုင်မှာလား။ မိသားစုနောက်ခံ ခြားနားချက်မှာ ဝမ့်ကျစ်ကမ္ဘာက လူကသာသလို သူသည် တစ်သက်တာ လုံးလုံး ကြိုးစား အားထုတ်ခဲ့သူလည်း ဟုတ်သည်။

ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ?

ရှေးဟောင်းလျှပ်စီးကမ္ဘာက ပါရမီရှင်တစ်ဦးသည် ရှေးဟောင်းသိုင်းကမ္ဘာမှာရော ပါရမီရှင် တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နိုင်ပါ့မလား။

အထူးသဖြင့် ထိုလူငယ် သူရဲကောင်းများ၏ စွမ်းအားကို မြင်ပြီးနောက် လူတို့သည် ရှေးဟောင်းလျှပ်စီးကမ္ဘာတွင် ထူးချွန်ထက်မြက်သူများ ရှိခဲ့ဖူးကြောင်း ယုံကြည်မှု မရှိတော့ပေ။

ယခုမူ ထူဖူးသည် တိုက်ပွဲတစ်ခုတွင် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပြီး တခြားသူများ၏ စိတ်ကို ပြောင်းလဲစေကာ ထိပ်တန်းပါရမီရှင် ငါးပါးရဲ့ ဂုဏ်သတင်းကို အံ့ဩစရာ​ ကောင်း​လောက်​အောင် ပြန်လည် ရယူခဲ့သည်။

တခဏချင်းမှာပဲ သူတို့အနီးမှာ ပုန်းနေပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ လူအများအပြားက အကဲခတ်ကြတော့သည်။ ကောင်းကင်ဘုံသခင်ကိုတော့ သူတို့ သတ်နိုင်သည်။ သူတို့နောက်သို့ ဆက်လိုက်ဝံ့လျှင် သူတစ်ပါးကို ဒုက္ခမပေးမီ သေခြင်းတရားကို တောင်းဆိုနေသလို ဖြစ်နေတော့မည်။

နောက်ကွယ်မှာ ဖုံးကွယ်ထားပြီး အချိန်မရွေး အရေးယူဖို့ အသင့်ဖြစ်နေတဲ့ အကြီးအကဲကိုးက အမြဲစောင့်ကြည့်နေပြီး ဒီအချိန်မှာလည်း သူခမျာ နှေးကွေးသွားသည်။ အစောက လုရွှမ် သားသတ်သမားကို ထွက်ခွင့်ပေးလိုက်တာကို မြင်လိုက်ရတော့ သူမ စိတ်ထဲမှာ နည်းနည်းတော့ အလိုမကျ ဖြစ်သွားသည်။

ဘာတွေ ရှုပ်နေပြန်တာလဲ?

လုရွှမ်နှင့် အောင့်လင်အကြား တိုက်ပွဲကိုလည်း သူမမြင်ခဲ့ရသည်။ လုရွှမ်သည်လည်း ထိုတိုက်ပွဲကနေ အကျိုးကျေးဇူး ဘယ်လောက် ရခဲ့တယ် ဆိုတာကို သူမ သိပါသည်။ အကယ်၍ နောက်တစ်ကြိမ် တိုက်ပွဲတကယ်ဖြစ်လျှင် အောင့်လင်က လုရွှမ်ကို လှုပ်ရှားဖို့ အခွင့်အရေးကို ဘယ်တော့မှ မပေးလောက်တော့ပေ။

လုရွှမ်ရဲ့ ခွန်အားသည် သန်မာသော်လည်း သာမာန် ကောင်းကင်ဘုံသခင်ရဲ့ ခွန်အားနှင့် မယှဉ်နိုင်ဘူးဟု သူမထင်မြင်သည်။ အောင့်ယွဲ့၊ ထူဖူးနဲ့ တခြားလူတွေရဲ့ ခွန်အားများက အားနည်းနေသော်လည်း မဟာသူတော်စင်လောက်ကို အနိုင်ယူနိုင်ရင် ကြီးကျယ်တဲ့ အောင်မြင်မှုကို ရရှိနေပြီ။

ဒါက အလွန်မြင့်မားသော အကဲဖြတ်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။ သူတို့အားလုံးသည် သူတော်စင်များ၏ နယ်ပယ်တွင် ရှိနေကြောင်း သိထားရဦးမည်။ နယ်ပယ်ကြီး တစ်ခုကို အနိုင်ယူဖို့ တစ်ဒါဇင်လောက် သေးငယ်သော နယ်ပယ်တစ်ခုက လုပ်ပြသွားတာဟာ လူများစွာ မမျှော်လင့်ဝံ့သော အံ့ဖွယ်တစ်ခု ဖြစ်နေပြီပဲ ဖြစ်သည်။

သူတော်စင်က ကောင်းကင်ဘုံသခင်ကို အနိုင်ယူခဲ့တယ် ဆိုတာ သူမအနေနဲ့ စိတ်ကူးတောင် မယဉ်မိတဲ့အရာပင်။

မိသားစု အကြီးအကဲ၏ ညွှန်ကြားချက်များကို သတိရကာ အစောတုန်းက ဝင်လှုပ်ရှားလုနီးပါး ဖြစ်ခဲ့သော်လည်း သားသတ်သမားက အမျိုးသမီး ကောင်းကင်ဘုံရှင်သခင်၏ ပုဆိန်အား အပြည့်ဖြင့် ပိတ်ဆို့နေတာကို သူမ တွေ့လိုက်ရသည်။

အဲဒီလို အစွမ်းထက်တဲ့ ခွန်အားကို အဲဒီအဆင့်နဲ့ဆို မစွမ်းဆောင်နိုင်လောက်ဘူးဟု ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိသည်။ သို့သော် ထိုကဲ့သို့ ပြင်းထန်သော ပုဆိန်ကို ထူဖူးကတော့ တားဆီးခဲ့သည်။

အရင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ သူမရဲ့ အတွေးထက် ကျော်လွန်သွားခဲ့ပါပြီ။ နောက်ဆုံး ပုဆိန်ရဲ့ အံ့အားသင့်စွာ ရိုက်ချလိုက်မှုက သူမအား အေးစက်သော ချွေးများပင် စီးကျလာစေသည်။ သူမသာ အဲဒီနေရာမှာဆို ရှင်သန်နိုင်သော်လည်း ဒဏ်ရာပြင်းထန်စွာ ရလိမ့်မည်ဟု တွေးနေမိသည်။

အိမ်တော်သခင်က တကယ့်​ကို ကောင်းမွန်တဲ့ အမြင်ရှိသူပဲ။ သူက ပါရမီရှင်တွေကို ကာကွယ်ပေးနေတာ ဖြစ်ပြီး သူတို့က တကယ့် ပါရမီရှင်တွေပဲ ဖြစ်သည်။

ဟိုဟိုဒီဒီ လျှောက်ကြည့်တဲ့အခါ လာရောက် တားမြစ်တဲ့လူက ပိုနည်းသွားပြီး တိုက်ခိုက်ရေးသားရဲကွင်းကို သွားရတဲ့ခရီးက ချောချောမွေ့မွေ့ပဲ ဖြစ်သွားသည်။

လူငယ်များစွာကလည်း သားသတ်သမားကို သဘောကျစွာ ရယ်မော အားပေးကြသည်။

"ထူဖူး.... နောက်ဆုံးပုဆိန်ရဲ့ ခံစားချက်ကို မှတ်ထားပြီး ထိန်းချုပ်လိုက်ရင် မင်းရဲ့ ထူးခြားတဲ့ ကျွမ်းကျင်မှု ဖြစ်လာလိမ့်မယ်... မင်းဖန်တီးတာက မင်းရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့ အသင့်တော်ဆုံးပဲ"

သားသတ်သမား ထူဖူးသည်လည်း လေးနက်စွာ ခေါင်းညိတ်ပြပြီး ပုဆိန်ရဲ့ ရိုက်အားတွေက သူ့ကို အလွန်လန်းဆန်းစေသော ခံစားချက်ကို ပေးစွမ်း​နေခဲ့သည်။ ယခုအချိန်တွင် လုရွှမ်ရဲ့ ဓားသိုင်းက ဘာကြောင့် ဒီလောက် အစွမ်းထက်ရတယ် ဆိုတာကို သူ နားလည်လာသည်။

ဒါက သူ့အတွက်သူ ဖန်တီးထားတာမို့ သူ့အတွက် အသင့်တော်ဆုံး သိုင်းကွက်ပဲ။

တခြားလူများသည် မတုံးကြပေ။ မနာလိုကြသော်လည်း လုရွှမ်နှင့် ထူဖူးကဲ့သို့ တူညီသောလမ်းကြောင်းအတိုင်း လိုက်လျှောက်ရန်၊ ပြင်းပြင်းထန်ထန် အားထုတ်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။

"ငါ့ သူ့ကို ကောင်းကင်ပုဆိန်ကိုးချက် လို့ နာမည်ပေးချင်တယ်!"

သားသတ်သမားက စိတ်ဓာတ်မြင့်မြင့်နဲ့ ရုတ်တရက် ပြောလိုက်သည်။

"ကောင်းပြီ... ငါ့ရဲ့ ယွမ်ယန်ဓားကိုးစင်းနဲ့ မင်းရဲ့ ကောင်းကင်ပုဆိန်ကိုးချက်က ပြိုင်ဆိုင်မှုအား ကောင်းရလိမ့်မယ်နော်"

နှစ်ယောက်သား လက်သီးချင်း ထိုးကာ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ ထို့နောက် ဘာအတားအဆီးမှ မရှိဘဲ တိုက်ခိုက်ရေးသားရဲကွင်းသို့ ချောမွေ့စွာ ရွက်လွှင့်လာခဲ့သည်။

ကြီးမားပြီး ခမ်းနားထည်ဝါသော အဆောက်အအုံကြီး တစ်ခုသည် လူတိုင်း၏ ရှေ့တွင် ပေါ်လာ၏။ ကျောက်စာတိုင် ရှစ်တိုင်သည် ထိုရှေ့တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး အရောင်ရှစ်မျိုးဖြင့် ဘေးချင်းကပ်လျက် ရှိနေသောကြောင့် တိုက်ခိုက်ရေးသားရဲကွင်းကို တည်ဆောက်ခဲ့သော အဓိက မိသားစုရှစ်စုကို ကိုယ်စားပြုကြောင်း ထင်ရှားပေသည်။

အစပိုင်းတွင် ဤကျောက်စာတိုင် ရှစ်တိုင်တွင် ချိတ်ဆွဲထားသည့် အဓိက မိသားစု ရှစ်ခု၏ သင်္ကေတများ ရှိနေသေးကြောင်း ကောလဟာလများ ထွက်ပေါ်နေသော်လည်း ယခုအခါ ဖယ်ထုတ်ပစ်ခံရသည့်နှယ် ကျောက်စာတိုင် ရှစ်တိုင်သာ ကျန်ရစ်ခဲ့သည်။

ဒါပေမဲ့ ကျောက်စာတိုင်ပေါ်က ပုံစံတွေကို ကြည့်လိုက်ရင် သူတို့က ရိုးရှင်းပြီး ခမ်းနားတဲ့ အဓိက မိသားစု ရှစ်စုရဲ့ မူလရည်ရွယ်ချက်တွေကို ယောင်ဝါးဝါး မြင်နိုင်ပါသေးသည်။

တိုက်ခိုက်ရေးသားရဲကွင်း အပြင်ဘက်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေသူများ ရှိနေပြီး ဒေါသအပြည့်ဖြင့် ရှုတ်ချစွာ ကြည့်နေကြသည်။

ထိုအချိန်တွင် မွှေးကြိုင်သော ရနံ့တစ်ခုက ထို​နေရာတွင် သင်းပျံ့လာပြီး တိုက်ခိုက်ရေးသားရဲကွင်းထဲမှ အလှလေး ရှစ်ယောက်သည် ပုလ္လင်တစ်ခုဘေးမှ ခြံရံလျက် ထွက်လာခဲ့သည်။ သူမတို့က လမ်းတစ်လျှောက် ပန်းလေးတွေလည်း ကျဲချခဲ့သေးသည်။

ပုလ္လင်ပေါ်က ထိုင်ခုံပေါ်တွင် ကြော့ရှင်းပြီး ချောမောသော လူငယ်လေး တစ်ယောက်က တစ်ဝက်ထိုင် တစ်ဝက် လဲလျောင်းနေပြီး သူ့မျက်လုံးများက လုရွှမ်နှင့် သူ့အဖွဲ့ကို စိုက်ကြည့်ကာ နောက်ဆုံးတွင် သားသတ်သမားကို အာရုံစိုက်လိုက်သည်။

"မင်းက ငါ့စစ်သူ​​ကြီးကို သတ်လိုက်တဲ့လူလား?"

ချောမောလှပသော သခင်လေးရဲ့ အသံသည် ရွှေမဟုတ်၊ ကျောက်စိမ်း မဟုတ်ဘဲ ကျက်သရေရှိပြီး ကြားရသူတိုင်းကို စွဲမက်ဖွယ်ကောင်းသည်ဟု ခံစားရစေသည်။

သားသတ်သမားက ရယ်ရင်း

"ငါ့ဘဝမှာ လူတွေအများကြီး သတ်ခဲ့ဖူးတယ်.... မင်းရဲ့စစ်သူကြီးက ဘယ်သူလဲ မင်းရဲ့ ဇနီးက ဘယ်သူလဲ ငါ​က ဘယ်လိုလုပ် သိမှာလဲ? ငါ့ကို စော်ကားရင်တော့ သတ်ပစ်လိုက်မှာပဲ!"

“သားသတ်သမား.. ပြောတာ ကောင်းတယ်ဟေ့!” ရှန်ယီးရှောင်ဟဲက ထောက်ခံသည်။

"ဟုတ်တယ် သူ့ကို သတ်လိုက်!"

လိရှောင်း ကမ္ဘာကြီး ကမောက်ကမ မဖြစ်မှာကို ကြောက်နေသည့်နှယ် ဝင်ပြောလိုက်သေးသည်။

ချောမောလှပသော လူငယ်လေးက မဲ့ပြုံးလေး ပြုံးရင်း

“မင်း ဝန်ခံပြီး ဆိုမှတော့ မင်းအသက်ကို ပေးလိုက်တော့!”

သူ့ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားသွားပြီး နူးညံ့တဲ့ မိန်းကလေးဆီကနေ ချက်ချင်း ပြေးထွက်သွားသည်။ သူ့ခြေထောက်ကို လေထဲမှာ သုံးကြိမ် နင်းပြီးတာနဲ့ သားသတ်သမား ထူဖူးဆီ ပြေးဝင်သွားသည်။ သူ့ခန္ဓာကိုယ်ရှေ့တွင် သူ့လက်ချောင်းများကို ဆန့်ထုတ်လျက် သားသတ်သမားရဲ့ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။

စူးရှသော လက်ချောင်းများနှင့် လက်သည်းရှည်များကို အနီရောင် ဆိုးထားသော ထိုလူသည် ထူးခြားနေတာတော့ အမှန်ပင်။ သူ့အရှိန်က အတော်လေး မြန်လွန်းသည်။ သားသတ်သမားလည်း သူ့လက်ချောင်းတွေထဲက ပုဆိန်နဲ့ ​ပြန်ရိုက်ချလိုက်သည်။

All Chapters