← Chapters

ရန်သူကိုဖမ်း

Vol. 65 Ch. 493.4

ရန်သူကိုဖမ်း

Vol. 65 Ch. 493.4

ပုဆိန်သည် လျှပ်တစ်ပြက်အတွင်း နေရာတိုင်းတွင် လျှပ်စီးမီးပွားများ ပျံဝဲနေသကဲ့သို့ အလင်းများ ဖြာထွက်သွားသည်။ ဤသိုင်းကွက်မှာ သားသတ်သမား အစောတုန်းကတင် နားလည်ခဲ့သော ပုဆိန်ရိုက်ချက်ပင် ဖြစ်သည်။ သားသတ်သမားက သူ့ပုဆိန်နဲ့ ရိုက်ချလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က နောက်ပြန်ဆုတ်သွားရသည်။ တစ်ဖက်က ပုံရိပ်သည်လည်း လျင်မြန်စွာဖြင့် ပုလ္လင်ပေါ်သို့ ပြန်သွားခဲ့သည်။

ထိုသခင်လေးက

"မဆိုးဘူး.... ဒီပုဆိန်က တကယ့်ကို အံ့မခန်းစွမ်းအင်တွေ ပါတယ်... ငါ့စစ်သူ​ကြီးကို သတ်နိုင်တဲ့ ရိုက်ချက်တော့ မဟုတ်ဘူး"

ပြောင်မြောက်သော သခင်လေးက သူ့ပုလ္လင်ပေါ် ကျကျနန ပြန်ထိုင်လိုက်ကာ။

"မင်း သူ့ကို သတ်ပြီးပြီဆိုတော့ မင်းငါ့ရဲ့ စစ်သူကြီး လာလုပ်လိုက်တော့"

သားသတ်သမားလည်း ထိတ်လန့်ပြီး အနည်းငယ် အံ့​သြသွားသည်။ အကယ်၍ သူသည် အစောက သူသင်ယူခဲ့သော ကောင်းကင်ပုဆိန်ကိုးချက် ထဲမှ ပထမဆုံးရိုက်ချက်ကို အသုံးမပြုပါက ထိုသခင်လေးရဲ့ လက်ထဲ၌ တစ်ချက်လှုပ်ရုံဖြင့် သေဆုံးသွားပေလိမ့်မည်။

"ဟမ့်... သူက လေပြင်းနိယာမစွမ်းအင် အနည်းငယ်ကို သင်ယူပြီး သူ့ရဲ့အရှိန်နဲ့ စွမ်းအားကို ပြသ​နေတဲ့ မဟာသူတော်စင် တစ်ယောက်ပဲ..... ငါတို့သူငယ်ချင်း ဖြစ်ဖို့တောင် အရည်အချင်း မပြည့်မီဘူး...ငါတို့ကို စစ်သူကြီးအဖြစ် သိမ်းယူ ချင်နေတာတော့ နားထောင်လို့ မကောင်းဘူး...ရုပ်ဆိုးတဲ့ မြင်းတွေက ဘယ်လိုမှ ကြည့်မကောင်းနိုင်ဘူး”

လုရွှမ်က ဆိုပြီး သားသတ်သမားဘေးမှာ ပေါ်လာခဲ့သည်။ သူက အသားသတ်သမားကို ပခုံးပေါ် ညင်သာစွာ ပွတ်သပ်လိုက်ကာ။

"စိတ်မပူပါနဲ့... ကျန်တာကို ငါ့ဆီ ထားခဲ့လိုက်"

သားသတ်သမားသည် ရှက်ရွံ့စွာ ညည်းတွား၍ သူတို့အားလုံး ညီအကိုများ ဖြစ်ကြတာကြောင့် စိတ်သက်သာရာရကာ ပြန်လှည့်ထွက်လာခဲ့သည်။

"အိုး... မင်းပါးစပ်က လေပြင်းနိယာမကို တကယ်ခေါ်နိုင်တယ်ပေါ့...ဟားဟား မင်းရဲ့ ရိုင်းစိုင်းတဲ့ပြည်မှာ လေပြင်းနိယာမလိုမျိုး အရာတွေကို တကယ်သိလိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားဘူး"

လုရွှမ်သည် ချောမောလှပသော သခင်လေးရဲ့ လက်အောက်တွင် မိန်းကလေး ရှစ်ယောက်ကို ကြည့်ပြီး ကဲ့ရဲ့ လှောင်ပြောင်လိုက်သည်။

"ငါ့မှာလည်း ချောမောလှပတဲ့ မိန်းမတွေနဲ့ ပေါင်းဖော်ရတာ ကြိုက်တဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်...သူက မိန်းကလေးတွေကို ပိုင်ဆိုင်မှုနဲ့ ပေါင်းသင်းနေတာတော့ မဟုတ်ဘူး ... မင်းက စိတ်ကြီးဝင်နေတာလို့ပဲ ငါမြင်တယ်။ တင့်တယ်တယ်လို့ ထင်ရပေမယ့် တကယ်တော့ မင်းက ထက်မြက်ပြီး အောက်တန်းကျနေတဲ့ လူတစ်ယောက်ပဲ!"

စတိုင်ကျသော လူငယ်ရဲ့ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားကာ သူက စူးစူးဝါးဝါး အော်ဟစ်လိုက်ပေ၏။

"မင်း ဘာပြောလိုက်တယ်?"

လုရွှမ်က သူ့ဓားကို နောက်ပြန် ဆွဲထုတ်လိုက်ပြီး ဓားစွမ်းအင်ကို ထိုသခင်လေးဘက်သို့ ဝေ့ယမ်းလိုက်သည်။

ထို​ပြောင်မြောက်သော သခင်လေးသည် ပုလ္လင်ပေါ်ကနေ လှည့်၍ ခုန်ဆင်းလိုက်ကာ အရှိန်ပြင်းပြင်းဖြင့် တိုက်ခိုက်ခြင်းမှ ရှောင်ထွက်သွားသည်။

"မင်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကို စက်ဆုပ်ရွံရှာစရာ ကောင်းတယ်လို့ မထင်ဘူးလား?"

ထိုသခင်လေးက သူ့မျက်နှာမှာ ထိတ်လန့်တကြား အရိပ်အမြွက်နဲ့ အော်လိုက်သည်။ ထိုဓား၏ တန်ခိုးကို သူ ယခုပင် ရှင်းရှင်းလင်းလင်း ခံစားခဲ့ရပြီ။ ဓားရောင်ဝါထဲမှာ ခြိမ်းခြောက်မှုများကလည်း ပြည့်နှက်နေသည်။

လုရွှမ်က မြေပေါ်လဲကျသွားတဲ့ မိန်းကလေး ရှစ်ယောက်နဲ့ ကျိုးနေတဲ့ ကုလားထိုင်ကို လက်ညှိုးထိုးပြပြီး ပြုံးပြုံးလေးနဲ့ ပြောလိုက်ပါ၏။

"ငါ့သူငယ်ချင်းသာ ဆိုရင် သူမတို့အတွက် ဒီဓားချက်ကို ခုခံကာကွယ်ပေးလိမ့်မယ်"

"မင်း!"

လုရွှမ် သူ့ကို လက်ညိုးကို ထိုသခင်​​လေးထံ ထိုးပြပြီး ခေါင်းခါလိုက်သည်။

"မလုပ်နိုင်ဘူး!...သွားကြစို့!"

လုရွှမ် ရှေ့သို့ လျှောက်သွားကာ သားသတ်သမားတို့လည်း နောက်မှ အလိုက်တသိနဲ့ လိုက်လာကြသည်။ သခင်လေးရဲ့ ဖြူဖျော့ဖျော့ မျက်နှာကို လျစ်လျူရှုကာ တိုက်ခိုက်ရေးသားရဲကွင်းထဲသို့ လျှောက်သွားလိုက်သည်။

ချောမောလှပသော သခင်​လေးသည် မြေပြင်ပေါ်မှ ခုန်တက်လာသော မိန်းကလေးများကို လှည့်ကြည့်ကာ လုရွှမ်အား ရုတ်တရက် အော်ပြောလိုက်သည်။

"မင်းပြောတဲ့လူက လုဖုန်းလား?"

"သူများကို အတုခိုးတဲ့ကောင်"

ပြောပြီးနောက် လုရွှမ် ထွက်သွား၏။

"မင်း!"

သားသတ်သမားက ရုတ်တရက် လှည့်လာပြီး သူ့ပုဆိန်ကို ဝေ့ယမ်းပစ်လိုက်သည်။

ကြော့ရှင်းသော လူငယ်သည် အံ့အားသင့်စွာ အော်ဟစ်ရင်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။ အပိုင်းပိုင်း ကွဲသွားသော သူ့ရဲ့ပုလ္လင်ကို ကြည့်လိုက်ကာ ထိတ်လန့်တကြား ညည်းညူလိုက်မိသည်။

"လတ်စသတ်တော့ ဒီလူက အရမ်းတော်တာကိုး"

"သခင်လေး... စစ်သူကြီးက သခင်လေးနဲ့ လက်ရည်ယှဥ်တိုင်း သူ့အာဏာရဲ့ ၅၀% ထက်ပိုပြီး ဘယ်တော့မှ အသုံးမချဖူးဘူးနော်"

အစေခံမိန်းကလေး တစ်ယောက်က ဂရုတစိုက်နဲ့ တိုးတိုးလေး လျှောက်လာခဲ့သည်။

"သခင်ကြီးက ပြောဖူးတယ်... သခင်လေး သူများကို မရိုက်နှက်နိုင်ရင် ထွက်ပြေးလာခဲ့တဲ့"

ချောမောလှပသော သခင်လေးရဲ့ မျက်နှာသည် ရှက်ကိုးရှက်ကန်းဖြင့် နီရဲလာကာ ပြောလိုက်သည်။

"ငါတို့ သွားစို့!"

"သခင်လေး... တိုက်ခိုက်ရေးသားရဲကွင်းထဲ သွားဦးမလို့လား?"

"အရှက်ရထားတာ မလုံလောက်သေးဘူးလား? သွားမယ်!"

တိုက်ခိုက်ရေးသားရဲကွင်း ထဲကို ဝင်လိုက်တာနဲ့ တပြိုင်နက် ဆူညံတဲ့ အသံတွေက လူတိုင်းရဲ့ နားထဲကို ပြည့်သွားလေသည်။

အသံက လူတွေရဲ့ စိတ်ခံစားမှုတွေကို လှုံ့ဆော်ပေးနိုင်သလို စိတ်က မငြိမ်မသက် ဖြစ်နေပြီး သူတို့ရဲ့ နှလုံးသားထဲက ရက်စက်ကြမ်းကြုတ်မှုတွေကို မထိန်းနိုင်လောက်အောင် လွှတ်ပေးချင်လာသည်။ ​

လှမ်းကြည့်လိုက်တော့ ခပ်မြင့်မြင့် ထိုင်ခုံတွေပေါ်မှာ ထိုင်နေတဲ့ ပရိတ်သတ်တွေရဲ့ ဟောက်သံတွေက အင်မတန် ကျယ်လောင်လွန်းလှသည်။ မျက်လုံးတွေ သွေးနီရောင် အသားအရေတွေလို နီမြန်းနေပြီး ဝိညာဉ်စွမ်းအား စမ်းချောင်းတွေက လေထဲမှာ လှုပ်လှုပ်ရွရွ ဖြစ်ကာ သွေးတွေကို ဆူပွက်လာ​စေ​သည်။

"ကျွန်မ ဒီနေရာကို မကြိုက်ဘူး"

နတ်သမီးရှန်းရှဲ့က မျက်မှောင်ကြုတ်ပြီး ပထမဦးစွာ ပြောလာသည်။

မိန်းကလေး အားလုံး ခေါင်းညိတ် သဘောတူကြသော်လည်း သူတို့အထဲမှ အမျိုးသားများသည် သိသိသာသာ စိတ်လှုပ်ရှားကြ၏။

"လုရွှမ်... ယောက်ျား တစ်ယောက်အနေနဲ့ မင်းဒီကို လာတိုက်ခိုက်ပြီး ဘဝရဲ့ သေရေးရှင်ရေး ပျော်ရွှင်မှုကို ခံစားနိုင်ရမယ်ကွ! ပြီးရင် ဘဝတစ်ခုလုံးနဲ့ မတူ​တော့ဘူးလို့ ခံစားရလိမ့်မယ်"

သူသည် ရက်စက်ကြမ်းကြုတ်သော ရူးသွပ်သူတစ်ဦး ဖြစ်တာကြောင့် ခပ်ပေါ့ပေါ့ပဲ ပြောချလိုက်ရာ မိန်းကလေးတွေအားလုံး လိရှောင်းကို မျက်စောင်းထိုးလာကြတော့သည်။

တစ်စုံတစ်ယောက်သည် လုရွှမ်နှင့် သူ့အဖွဲ့ ဝင်လာသည်ကို သတိပြုမိပြီး ဆူညံစွာ အော်ဟစ်နေတော့သည်။

မကြာသေးမီ ရက်များအတွင်း ဤနေရာကို ဝမ့်ကျစ်ကမ္ဘာမှ သခင်များ ရောက်ရှိလာခဲ့သည်။ သို့နှင့် ရှေးဟောင်း လျှပ်စီးမြို့တော်ကြီး တစ်ခုလုံးသည် မယုံကြည်မှုများနှင့် သံသယများ ပြည့်နှက်နေသော မုန်တိုင်းတစ်ခုလိုပင် စည်ကားလာလေ၏။ လမ်းပေါ်တွင် လျှောက်လာနေတုန်း အနောက်ကို ထပ်ခါတလဲလဲ သတိမထားမိပါက လမ်းပေါ်တွင်ပင် သေဆုံးသွားနိုင်သည်။

ယခင် ရှေးဟောင်း လျှပ်စီးမြို့တော်နှင့် နှိုင်းယှဉ်လျှင် များစွာ ကွာခြားသွားပေမယ့် ပိုပိုပြီးအသက်ဝင်လာတဲ့ နေရာတစ်ခုကတော့ တိုက်ခိုက်ရေးသားရဲကွင်းပင်။

ဝမ့်ကျစ်ကမ္ဘာမှ ဆရာကြီးများသည် ဤနေရာတွင် ၎င်းတို့၏ ကိုယ်ပိုင် အစွမ်းသတ္တိကို ပြသခဲ့ကြပြီး ဒေသတွင်းရှိ ပါရမီရှင်များကို တစ်ဦးပြီးတစ်ယောက် အရှက်ရစေခဲ့သည်။ လုရွှမ်တို့အဖွဲ့သည် မကြာသေးမီကမှ ရှေးဟောင်း လျှပ်စီးမြို့တော်သို့ ရောက်ရှိလာခဲ့သည်။ မဟုတ်ပါက သူတို့လည်း အစောကတည်းက လာရောက် လည်ပတ်ကြပေလိမ့်မည်။

ဤအခိုက်အတန့်တွင် ကွင်းလယ်တွင်တော့ အသက်နှင့် သေခြင်း​ကြားက တိုက်ပွဲအတွက် ပါဝင်နေသော မဟာသူတော်စင် နယ်ပယ်ရှိ သခင်နှစ်ဦး ဖြစ်သည်။

သူတို့နှစ်ယောက်က နည်းနည်း ရုပ်ချင်းဆင်ပေမယ့် တစ်ယောက်ကို တစ်ယောက် အပြင်းအထန် လိုက်ဖမ်းနေကြတာကို တွေ့ရ၏။ ၎င်းတို့နှစ်ဦးသည် မိသားစုတစ်စုတည်းမှ ဆွေမျိုးများ ဖြစ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။

လိရှောင်း ဒီကိုရောက်လာတော့ သူ့အိမ်ကို ပြန်​ရောက်သွားသလို​တောင် ခံစားလိုက်ရသည်။ သူက အဲဒါကို တစ်ချက်ကြည့်လိုက်ပြီး မခိုးမခန့်ဖြင့် အော်ပြောလိုက်သည်။

"သူတို့က မိသားစုငယ်လေးထဲက ညီအကိုနှစ်ယောက်ပဲ.... အဟမ်း ရှင်သန်ဖို့ တိုက်ပွဲဝင်နေကြတာ... ဘယ်သူနိုင်နိုင် နိုင်တဲ့သူက အသက်​ရှင်​ပြီး ရှုံးတဲ့သူက​တော့​ သေရလိမ့်​မယ်​"

"အရိုးမရှိတဲ့သူတွေ... သူတို့က ညီအစ်ကိုတွေ ဖြစ်နေတာတောင် အသေတိုက်နေသေးတယ်... တိုက်ဖို့ ခွန်အားရှိရင် သူတို့ကို သတ်ခိုင်းတဲ့လူတွေနဲ့ တိုက်တာကမှ ပိုကောင်းဦးမယ် အဲဒါက သေရင်တောင် တန်တယ်!"

လိရှောင်းက ကျိန်ဆဲပြီး ပေါ့ပေါ့ပါးပါး ရှင်းပြ​လေသည်။

လက်ရှိ တိုက်ခိုက်ရေးသားရဲကွင်းသည် ဘယ်အင်အားစုရဲ့ လက်ထဲသို့ ကျရောက်သွားမှန်းတော့ မသိရပေ။ သို့သော် ထိုစွမ်းအားသည် ဝမ့်ကျစ်ကမ္ဘာက စွမ်းအားဖြစ်ကြောင်းကို သံသယဖြစ်ဖွယ် မရှိချေ။

ဤလူများသည် ရှေးဟောင်း လျှပ်စီးမြို့တော်က မိသားစုငယ်များကို အတင်းအကြပ် တွန်းအားပေးပြီး အင်အားကြီးသော ဂိုဏ်းခွဲများကလည်း ရှင်သန်ရန်အတွက် တိုက်ပွဲဝင်ခဲ့ကြရသည်။

ဤနေရာတွင် ကွင်းက တစ်ခုထက်ပို၍ ရှိပြီး အားလုံးက မဟာသူတော်စင်နယ်ပယ်နှင့် ထိုနယ်ပယ် အောက်ရှိ ကျင့်ကြံသူများအတွက် တည်ဆောက်ထားတာ ဖြစ်သည်။ လေထုအလယ်တွင် ကောင်းကင်ဘုံသခင် အတွက် တည်ဆောက်ထားသည့် အခင်းအကျင်း ကွင်းတစ်ခုရှိသည်။

လိရှောင်းသည် ဤနေရာက အခြေအနေကို ပေါ့ပေါ့တန်တန် စကားအနည်းငယ်ဖြင့် ရှင်းလင်း ပြောပြခဲ့သည်။ သူ့စကားတွေထဲက ကောက်ချက်ချရမယ့် တစ်ခုတည်းသော စာကြောင်းမှာ သူသည် သေခြင်းတရားကို ကြောက်​လေသည်။

ရုတ်တရက် တိုက်ခိုက်ရေးသားရဲကွင်း တစ်ခုလုံး ရွှင်လန်း​နေပြီး လူများစွာသည် ကွင်းထဲက ပွဲတွေကို အားရပါးရ အားပေးနေကြ၏။

"ဒီနေရာရဲ့ ပိုင်ရှင်ကို သခင် ဒါမှမဟုတ် သခင်ငယ်ဆိုလား ခေါ်ကြတယ်... ဘာပဲဖြစ်ဖြစ် သူက ဒီမှာ အရာအားလုံးကို တာဝန်ခံတယ်။ အဓိက ဂိုဏ်းခွဲတွေကို တွန်းအားပေးတဲ့ အရာတွေက သူ့စိတ်ကူးတွေပဲ"

လိရှောင်းက

"အဲဒီကောင်ကို တိယီးလို့ ခေါ်တယ်... သူက အရမ်း မာနကြီးတယ် ဒါပေမဲ့ သူ့မှာ အံ့သြစရာကောင်းတဲ့ ခွန်အားတွေ ရှိတယ်... ငါကတော့ သူ့ပြိုင်ဘက် မဟုတ်ဘူး"

သူ့အသံမှာ မလိုလားတဲ့ အရိပ်အယောင်တွေ ရှိနေသည်။ သူက တိယီးနဲ့ ယှဉ်ပြိုင်ခဲ့တာ ထင်ရှားသလို သေချာပေါက် ရှုံးသွားခဲ့တာ ဖြစ်နိုင်သည်။

"သူ့ရဲ့ကျင့်ကြံမှု အဆင့်က မင်းရဲ့ထက်တောင် မြင့်တယ်.... မင်းမှာ မဟာသူ​တော်စင်ကြီး တစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့် ရှိတယ်ဆိုရင် ဘယ်သူက အောင်နိုင်မလဲဆိုတာ ငါလည်း သေချာမပြောတတ်ဘူး"

လိရှောင်းက ခါးသက်သက်ကြီး ပြုံးလိုက်ပြီး

"သတိထား... အဲဒီလူက ငါ့ကိုအနိုင်ယူဖို့ သူ့အင်အားရဲ့ ၅၀% ကိုပဲ သုံးခဲ့တယ်"

All Chapters