အပိုင်း (၄၄၂) – သတင်းဝယ်ယူခြင်း
Vol. 005 Ch. 442
“ဟီးဟီး ဟီးဟီး” တည်းခိုဆောင်ပိုင်ရှင်သည် ကျောက်များကို ဖက်ရင်း ရိုင်းပြစွာရယ်လိုက်သဖြင့် အနား ရှိလူများသည် အာရုံစိုက်မိလိုက်ကြသည်။ ဆိုင်ရှင်သည် ပိုက်ဆံသာမြင်တော့ကာ ကောင်းကင်ကျားအိမ်တော်မှ လူများ သူတို့ကို လာဖမ်းမည်ကို မကြောက်တော့ပေ။
ထိုတည်းခိုဆောင်ပိုင်ရှင်သည် ပုံမှန်လူမဟုတ်သဖြင့် တည်းခိုဆောင်မှာလည်း သာမန်မဟုတ်သည်ကို ရှီမာယူယူနှင့် တခြားသူများသာ သိကြသည်။ ထိုတည်းခိုဆောင်ပိုင်ရှင်သည် ပိုက်ဆံမက်သော်လည်း သူ့ အသက်ကိုတော့ ပိုက်ဆံကြောင့် အဆုံးရှုံးခံမည်မဟုတ်ပေ။ သူသည် ရှီမာယူယူနှင့် အဖွဲ့ကို ခေါ်ရဲသည်မှာ ကောင်းကင်ကျားအိမ်တော်ကို မကြောက်ဟု ဆိုလိုခြင်းဖြစ်သည်။
ထူးဆန်းစွာပင် ရှီမာယူယူသည် ထိုတည်းခိုဆောင်ပိုင်ရှင်၏ စွမ်းအားကို ခံစားလို့မရပေ။ သူ့စွမ်းအား သည် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုလိုခြင်းမဟုတ်ပဲ သူမ ထင်ထားသည်ထက် ပိုကောင်းနိုင်ဟုသာ ဆိုလိုခြင်းဖြစ်သည်။ သူမ တစ်ယောက်တည်း ထိုကဲ့သို့ စဉ်းစားခြင်းမဟုတ်ပဲ ရှီမာယူလင်းနှင့် ရှီမာယူရန်တို့ သည်လည်း ထိုကဲ့သို့ တွေးသည်။
“ဒါ ခင်ဗျားအခန်းပါ ဒီမှာသော့ပါ တခြားလိုတာရှိရင် ကျွန်တော်တို့ကို အချိန်မရွေးခေါ်လို့ရပါတယ်” တာဝန်ခံသည် ရှီမာယူယူအား သော့ပေးပြီးနောက် အောက်သို့ဆင်းသွားလေသည်။ ရှီမာယူယူသည် အားလုံး ကို သော့ဝေပေးလိုက်သည်။ သော့များကို ယူပြီးနောက် နားရန်အခန်းများသို့ အသီးသီးဝင်သွားကြလေသည်။
ရှီမာယူယူသည် အခန်းအား လှည့်ပတ်ကြည့်ပြီးနောက် အောက်သို့ ဆင်းသွားလိုက်သည်။ ဆိုင်ရှင်သည် သူမအား သတိထားမိသောအခါ ပြုံးပြလေသည်။ ရှီမာယူယူလျှောက်သွားကာ စားပွဲပေါ်သို့ ကျောက်တစ်အိတ် တင်လိုက်သည်။ ဆိုင်ရှင်သည် ကျောက်မျက်ရတနာများကို မြင်သောအခါ ပျော်ရွှင်စွာ ပြုံးပြီး ပြောလေသည် “တခြားလိုတာများရှိလား”
“ကျောက်အတုံး ၅၀နဲ့ သတင်းအရောင်းအဝယ်လုပ်ချင်တယ်” ရှီမာယူယူသည် တွေဝေခြင်းမရှိပဲ ပြော လိုက်သည်။
တည်းခိုဆောင်ပိုင်ရှင်သည် ကျောက်များကို ကြည့်ပြီး ရှီမာယူယူူကို ပြန်ကြည့်ကာ ပြောလိုက်သည် “ကျွန်တော်ကိုယ်တိုင်လည်း ကောင်းကင်ကျားအိမ်တော်အကြောင်းကို အများကြီးမသိဘူး၊ ခင်ဗျား ကျွန်တော် ကို ဒီလောက်ပေးပေမယ့် သတင်းက အဲလောက်ပြန်ရမှာမဟုတ်ဘူး”
“ကျွန်တော် ကောင်းကင်ကျားအိမ်တော်အကြောင်း မသိချင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။ သူမ သည် ကျောင်ရှုရန်ဆီမှ သိသင့်သလောက် သိပြီးဖြစ်ကာ ထပ်သိရန်မလိုတော့ပေ။
“ဒါဆို ဘာသိချင်တာလဲ” တည်းခိုဆောင်ပိုင်ရှင် မေးလိုက်သည်။
“ကျွန်တော် ကောင်းကင်ကျားဧရိယာအပြင်ဘက်က အကြောင်းတွေသိချင်တယ်” ရှီမာယူယူ ပြော လိုက်သည်။
တည်းခိုဆောင်ပိုင်ရှင် မျက်လုံးများတောက်ပသွားကာ ပြောလိုက်သည် “ကျွန်တော်က ကောင်းကင် ကျားဧရိယာအပြင်ဘက်က အကြောင်းတွေကို ဘယ်လိုလုပ်သိမှာလဲ”
“ခင်ဗျားက ကောင်းကင်ကျားဧရိယာက မဟုတ်ဘူးလား၊ ဘာလို့ အဲမှာ ဘာတွေဖြစ်နေတာလဲဆိုတာ မပြောနိုင်ရတာလဲ” ရှီမာယူယူ ပြုံးပြီး ပြောကာ သူ၏ သရုပ်မှန်မပေါ်အောင် ငြင်းခွင့်မပေးပေ “တကယ်လို့ ခင်ဗျား ကျောက်တွေကို စိတ်မဝင်စားရင် ဒီအကြောင်းကို ဆက်ပြောဖို့မလိုပါဘူး” ပြောပြီးနောက် သူမသည် ကျောက်များကို သိမ်းရန် ဟန်ပြင်သော်လည်း သူ အမြန်ယူလိုက်သည်။
“မေးချင်တာသာမေးပါ” ဆိုင်ရှင်ပြောလိုက်သည်။
တည်းခိုဆောင်ပိုင်ရှင်သည် အနည်းငယ်တွေဝေနေသည်ကို ရှီမာယူယူ မြင်သောအခါ ပြုံးပြီး ပြောလိုက် သည် “ကောင်းကင်ကျားအိမ်တော်ရဲ့ ဖြတ်လမ်းတည်ဆောက်မှုအပြင် ဒီနေရာကနေထွက်သွားလို့ရမယ့် နည်း လမ်းရှိဦးမလားဆိုတာ သိချင်တယ်”
“ရှိပါတယ်” ဆိုင်ရှင် ပြန်ဖြေသည်။
“ဘယ်လိုလဲ” ရှီမာယူယူ မေးလိုက်သည်။
“ကောင်းကင်ကျားဧရိယာက အရမ်းကျဉ်းပါတယ်၊ သားရဲပျံ စီးသွားမယ်ဆိုရင် အချိန်တိုအတွင်းရောက် နိုင်ပါတယ်” ဆိုင်ရှင် ပြန်ဖြေသည်။ ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ ဘယ်လိုတောင် ကြောက်ဖို့ ကောင်းလိုက်တဲ့အဖြေလဲ။
“တခြား ဖြတ်လမ်းတည်ဆောက်မှုမရှိတော့ဘူးလား” သူမ မေးလိုက်သည်။
“မရှိဘူး” ဆိုင်ရှင် ခေါင်းရမ်းလိုက်သည်။ “ကောင်းကင်ကျားဧရိယာက သီးသန့်လိုဖြစ်နေပြီး ခေတ် နောက်ကျပါတယ်၊ တူးဖော်ဖို့ အရင်းအမြစ်တွေလည်း အများကြီးမရှိတော့ အင်အားကြီးတွေက ဒီကိုမလာကြ ပါဘူး”
“ဒါဆို ခင်ဗျားက ဘယ်လိုလုပ် ဒီရောက်နေတာလဲ”
ဆိုင်ရှင်သည် ခေတ္တမျှ တွေဝေသွားကာ ပြောလေသည် “ကျွန်တော်က ဒီမှာသောင်တင်နေတာ၊ ကျွန်တော် ရောက်ပြီးတဲ့အချိန်မှာ ကောင်းကင်ကျားအိမ်တော်ရဲ့ ဖြတ်လမ်းတည်ဆောက်မှုက ပျက်စီးသွားမယ် လို့ ဘယ်သူထင်မှာလဲ၊ ကျွန်တော်က သားရဲပျံစီးရမှာလည်း ပျင်းတော့ ဒီမှာပဲ နေဖို့ဆုံးဖြတ်လိုက်တာ”
“ကောင်းကင်ကျားအိမ်တော် ကိုသွားတဲ့ ဖြတ်လမ်းတည်ဆောက်မှုက ပျက်စီးသွားတာလား” ရှီမာယူယူ အံ့သြသွားသည်။
“ဟုတ်တယ်” ဆိုင်ရှင်သည် ရှီမာယူယူအား ကြည့်ကာ ပြောလေသည် “ခင်ဗျားတို့က အဲတည်ဆောက်မှု သုံးပြီး သွားမလို့စဉ်းစားထားတာလား” ရှီမာယူယူ ခေါင်းညိတ်ကာ ပြန်ဖြေလေသည်။ သူတို့သည် ဖြတ်လမ်း တည်ဆောက်မှုသုံးရန် မဟာမြို့တော်ကို လာခဲ့သည်။ အခု အဲဒါက ပျက်စီးနေပြီဆိုတော့ ဘယ်လိုသွားရတော့ မှာလဲ။
“ခင်ဗျားတို့ကလည်း ခေါင်းမာတာပဲ၊ ခင်ဗျားတို့က သူတို့ဖြတ်လမ်းတည်ဆောက်မှုကို သုံးချင်သေး တယ် အဲဒါကို သူတို့ မိသားစုဝင်ကိုလည်း ရိုက်လိုက်သေးတယ်” ဆိုင်ရှင် ပြောလေသည်။
“ကျွန်တော်တို့ဘာလုပ်နိုင်မှာလဲ၊ သူတို့ကို ရန်စတာ ကျွန်တော်တို့ မဟုတ်ဘူး” ရှီမာယူယူသည် ပခုံးတွန့် ကာ သူမ အမှားမဟုတ်သည်ကို ပြလေသည်။ “ကောင်းကင်ကျားအိမ်တော်ရဲ့ ဖြတ်လမ်းတည်ဆောက်မှုက ဘယ်မှာလဲ”
“ပန်းမြို့တော်မှာ၊ အဲနေရာက ကောင်းကင်ကျားဧရိယာထက် တစ်ဆင့်မြင့်တယ်” ဆိုင်ရှင် ပြောလေ သည် “တိမ်တိုက်မြို့တော်က ပန်းမြို့တော်ထက် မြင့်တယ်၊ ပြီးတော့ အစိမ်းရောင်မြို့တော်ထက်လည်း မြင့် တယ်၊ အစိမ်းရောင်မြို့တော်နဲ့ တခြားမြို့တွေက အလယ်ပိုင်းကမြို့တွေဖြစ်တယ်”
ဆိုင်ရှင်သည် ထိုအကြောင်းများနှင့် ရင်းနှီးကာ ဆိုင်ရှင်သည် ရိုးရှင်းသူမဟုတ်သည်ကို ရှီမာယူယူ ခန့်မှန်းမိသည်။ သို့သော် သူမသည် သူ့အတွင်းရေး အကြောင်းများကို စိတ်မဝင်စားသဖြင့် သိရန်မကြိုးစားပေ။
“ဒါဆို အလယ်ပိုင်းမြို့တွေကို ဘယ်လိုသွားရမလဲသိလား”
ဆိုင်ရှင်သည် ရှီမာယူယူ အလယ်ပိုင်းမြို့များအကြောင်း မေးမည်ဟု မထင်ထားသောကြောင့် ပြော လိုက်သည် “အလယ်ပိုင်းမြို့က တောင်ပိုင်း၇ခုမြောက် လက်အောင်ခံနယ်နဲ့ ဆက်ဆံရေးမကောင်းလို့ အဲနေရာ ၂ခုကြား ခရီးသွားဖို့ ခက်တယ်”
“ဒါဆိုရင် ခင်ဗျားကို ဒီကိုရောက်အောင်လုပ်ပေးတဲ့ ဖြတ်လမ်းတည်ဆောက်မှုတော့ ရှိမှာပဲမလား” ရှီမာယူယူမေးလိုက်သည်။
“ရှိတယ် ဒါပေမဲ့ အဲတည်ဆောက်မှုကို လူတိုင်းသုံးလို့မရဘူး” ဆိုင်ရှင် ပြောလိုက်သည်။
“ဘယ်လိုလူတွေ သုံးလို့ရလဲဆိုတာ ပြောပြပါဦး” ရှီမာယူယူသည် ထိုဆိုင်ရှင်မှာ သာမန်လူ မဟုတ်သည့် အချက်မှာ ပိုပိုပြီး ခိုင်မာလာသည်။ သူသည် တခြားနေရာများအကြောင်းကို သိလွန်းသည်။
“ဒီကနေအနီးဆုံးက အစိမ်းရောင်ဗိဗ္မာန်မှာပဲ” ဆိုင်ရှင်သည် တစ်ခုခုကို ဂုဏ်ယူစွာ ပြောလိုက်သည် “ဒီ အစိမ်းရောင်ဗိဗ္မာန်က ဒီနေရာမှာ အင်အားအကြီးဆုံးပဲ၊ ပြီးတော့ အဲဟာက ဧရိယာတစ်ခုလုံးရဲ့ ကျင့်ကြံမှုကို စောင့်ကြည့်နေတယ်၊ မင်း အလယ်ပိုင်းမြို့ကိုသွားချင်တယ်ဆိုရင် အစိမ်းရောင်ဗိဗ္မာန်ကို သွားလည်သင့်တယ်”
“တခြား စွမ်းအားကြီးတွေကရော”
“အစိမ်းရောင်ဗိဗ္မာန်နဲ့ အင်အားတူတဲ့ တခြားအဖွဲ့တွေလည်းရှိတယ်၊ ဒါပေမဲ့ ခင်ဗျားအဲဒီကို သွားမယ် ဆိုရင် ခရီးကတော့ အရမ်းခက်သွားမယ်၊ ဖြတ်လမ်းတည်ဆောက်မှုမရှိပဲနဲ့တော့ အဲနေရာကို သွားဖို့ နှစ်နဲ့ ချီကြာ လိမ့်မယ်” ဆိုင်ရှင်ပြောလိုက်သည် “ဒါပေမဲ့ ဒီတည်ဆောက်မှုကလည်း လွယ်လွယ်နဲ့ရတာမဟုတ်ဘူးလေ၊ အလယ်ပိုင်းစက်ဝန်းလို ဖြတ်လမ်းတည်ဆောက်မှုတွေ များတာလည်းမဟုတ်ဘူး”
ရှီမာယူယူ မျက်ခုံးပင့်လိုက်သည်။ သူက အလယ်ပိုင်းစက်ဝန်းကိုတောင် ရောက်ဖူးတာလား၊ ဘာလို့ ဒီမှာပဲ ရိုးရိုးရှင်းရှင်းနေနေတာလဲ။ ဒါဆို ဘယ်လိုအကြောင်းပြချက်ပဲဖြစ်စေကာမူ ဖြတ်လမ်းတည်ဆောက်မှု ပျက်စီးသွားခြင်း သို့မဟုတ် သားရဲပျံစီးရမည်ကို ပျင်းခြင်း စသော အကြောင်းများလောက် ရိုးရှင်းမှု မရှိသည်ကို သူမသိလိုက်သည်။
ထို့နောက်တွင် ရှီမာယူယူသည် ပန်းမြို့တော်နှင့် အစိမ်းရောင်ဗိဗ္မာန်များအကြောင်းကို ဆိုင်ရှင်ဆီမှ သိ လိုက်ရသည်။ ဆိုင်ရှင်သည် သူမအား အသေးစိတ်ပြောပြသည်။ သို့သော် ဈေးကို နှစ်ဆတောင်းသည်။ သူမ သူ့ ဆီမှ ပိုသိရလေ သူသည် သာမန်လူမဟုတ်သည်မှာ ပိုသေချာလာသည်။
“ဆိုင်ရှင် ခင်ဗျား ကျွန်တော်တို့နဲ့ လိုက်ချင်တယ်လို့ ပြောတဲ့နေ့ကို ကျွန်တော် ဈေးတင်မယ်” ရှီမာယူယူ ပြုံးပြီးပြောလေသည်။ သူမအတွက်တော့ ပိုက်ဆံရှာရန် လွယ်မည်မဟုတ်ပေ၊ အထူးသဖြင့် ထို ဆိုင်ရှင်ဆီမှ ပိုက်ဆံရရန်မလွယ်ပေ။ ထိုမှပင် သူ့ပါးစပ်ပိတ်သွားလေသည်။ ကျောက် ၂၀၀ရာသည် သူမအတွက် အရေးပါလှသည်မဟုတ်သော်လည်း တခြားသူများ သူမအပေါ် အမြတ်ထုတ်သည်ကို သူမ မကြိုက်ပေ။
ထိုဈေးမှာ မြင့်သည်ဟု သူမ ပြောလိုက်သည်ကို ဆိုင်ရှင်သိသော်လည်း သူသည် သူတို့နှင့်အတူ အမှန် တကယ်ထွက်သွားမည်ဟု ဘယ်တော့မှ မတွေးခဲ့ပေ။ သူသည် ထိုနေရာအား ငြီးငွေ့သော်လည်း ထွက်သွားရန် အကြောင်းပြချက်ကို သူ့ဘာသာ ကြိုးစားရှာဖွေမည်။
ရှီမာယူယူ လှည့်ထွက်သွားကာ အပေါ်သို့ တက်သွားလေသည်။ သူမ လှည့်ထွက်သည်နှင့် လူတစ်စု သည် ထိုနေရာသို့ ဝင်လာသည်ကို မြင်လိုက်ရသည်။ ထိုလူများသည် ရှီမာယူယူတို့ သမလိုက်သော ကောင်းကင် ကျားအိမ်တော်မှ လူများဖြစ်လေသည်။
“အိမ်တော်ခေါင်းဆောင်၊ ကျွန်တော်တို့ကို ဝင်ကြေးရော ကာကွယ်ရေးအခကြေးငွေရော မပေးတာ သူတို့ပါ၊ ပြီးတော့ ကျွန်တော်တို့ကို နှင်ထုတ်လိုက်သေးတယ်၊ သူက အဲဖွဲ့ထဲကတစ်ယောက်ပဲ” ကောင်းကင် ကျားအိမ်တော် အဖွဲ့ဝင်သည် ရှီမာယူယူအား ညွှန်ပြရင်း ပြောလေသည်။
ရှီမာယူယူသည် ကောင်းကင်ကျားအိမ်တော်၏ အဖွဲ့ဝင်များကို ကြည့်လိုက်သည်။ သူတို့သည် အမှန်တကယ်ပင် မြန်သည်၊ ခဏပင်ရှိသေးသည် သူတို့သည် နောက်ကွယ်မှလူကိုခေါ်လာသည်။
အိမ်တော်ခေါင်းဆောင်ဟု အမည်တပ်ခံရသော အမျိုးသမီးသည် ဒေါသမထွက်နေသော်လည်း ရှီမာယူယူ သေချာကြည့်လိုက်သောအခါ ထိုမျက်လုံးများကို ရှီမာယူယူ မျက်မှောင်ကြုတ်မိသည်။