ကျန်းထုံ
Vol. 65 Ch. 494.4
၅၀%?
လုရွှမ် လိရှောင်းရဲ့ စွမ်းအားကို ကောင်းစွာ သိပါသည်။ သူသည် သာမန် မဟာသူတော်စင် ပြီးပြည့်စုံသော ကာလနှင့် အနည်းဆုံးတော့ အညီအမျှ တိုက်ခိုက်နိုင်သည်။ ဒါတောင် သူ၏ ဝှက်ဖဲများကို အသုံးပြုပါက အောင်နိုင်မည် မဟုတ်ပေ။
တိယီးသည် လိရှောင်းအား အင်အား၏ ၅၀% ဖြင့်ပင် အနိုင်ယူနိုင်ခဲ့တယ် ဆိုတဲ့စကားအရဆို သူ၏ အစွမ်းမှာ အလွန်ထူးခြားပြီး ကောင်းကင်ဘုံသခင်ကိုပင် အနိုင်ယူနိုင်လောက်သည်။
တိယီးက လေထုထဲတွင် လွင့်မျောနေကြောင်း လုရွှမ် သူ့ရဲ့နေမင်းမျက်ဝန်းဖြင့် မြင်နေရသည်။ သူသည် ခန္ဓာကိုယ်ပေါ်က လျှို့ဝှက်ပစ္စည်း တစ်စုံတစ်ရာကို အသုံးမချဘဲ ခြေဖဝါးကိုသာ တည်ငြိမ်စွာ ထားထားသည်။ သူသည် သူ၏ ခွန်အားကိုသာ အားကိုး၍ မောက်မာနေသူများထဲက တစ်ဦး ဖြစ်လေသည်။
သူသည် သူ့လက်များကို ဝှေ့ယမ်းကာ ဂုဏ်ယူစွာ အော်ဟစ်လိုက်သည်။
"တိုက်ခိုက်ရေးသားရဲကွင်းက ကမ္ဘာတစ်ဝှမ်းက သခင်တွေနဲ့ ထူးချွန်တဲ့ ပါရမီရှင်တွေကို ကြိုဆိုပြီး လာရောက် စိန်ခေါ်ဖို့ ဖိတ်ခေါ်ထားတဲ့ နေရာပဲ"
"အခုတော့ ငါစောင့်မျှော်နေတဲ့ ပါရမီရှင်က ရောက်လာပါပြီ... ရှေးဟောင်းလျှပ်စီးကမ္ဘာရဲ့ နာမည်ကို မြှင့်တင်ပေးခဲ့တဲ့ ထိပ်တန်း ပါရမီရှင်ငါးယောက်ဟာ နောက်ဆုံးတော့ ရောက်ရှိလာပါပြီ"
သူသည် လုရွှမ်တို့ဘက်ဆီသို့ လက်ညှိုးညွှန်ပြရင်း ကျယ်လောင်တဲ့ အသံကို ထုတ်လွှတ်လိုက်ပေ၏။
အများစုမှာ နတ်သမီးအောင့်ယွဲ့သည် ရှေးဟောင်း လျှပ်စီးမြို့တော်တွင် အလွန် ကျော်ကြားသောကြောင့် လုရွှမ်နဲ့ သူ့အဖွဲ့ကိုလည်း လူတိုင်းက သတိထားမိပြီးသား ဖြစ်သည်။ ထို့အပြင် သားသတ်သမားသည် ယခင်က ကောင်းကင်ဘုံသခင်ကို ပုဆိန်ဖြင့် ခေါင်းဖြတ်ခဲ့တာကြောင့် လူအများက ၎င်းတို့ရောက်ရှိလာခြင်းကို စောင့်မျှော်နေခဲ့သည်။
တိယီးမှာ ဂုဏ်သိက္ခာ ကြီးကြီးမားမား ရှိထားတယ်ဆိုတာ သိသာထင်ရှားပါ၏။ သူ့နောက်ကျောကို လှိုင်းလုံးတွေလို လူအုပ်ကြီးရဲ့ ဆူညံသံတွေက ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။
"ဒီ၅ယောက်ထဲမှာ လိရှောင်းကို ငါအနိုင်ယူပြီးသွားပြီ... ငါ့အမြင်အရတော့ သူ့မှာ အရည်အချင်း ရှိပါတယ် ဒါပေမဲ့ ထိပ်ဆုံးငါးယောက်လုံးက ဒီလိုမျိုးဆိုရင်တော့ ငါတကယ်ကို စိတ်ပျက်သွားရလိမ့်မယ်"
လိရှောင်းမှာ တိယီးက သူတို့ရန်ပွဲကိစ္စကို ရုတ်တရက် ဖော်ထုတ်လိမ့်မည်ဟု မမျှော်လင့်ထားရာ သူ့မျက်နှာက နီရဲလာပြီး အလွန်ဒေါသထွက်သွားသည်။
"ဒီမအေဘေး!! တစ်နေ့တော့ ငါသူ့ကို ကောင်းကောင်း ရိုက်ပေးရမယ်!"
တိယီးက ပြုံးပြီး ပြန်ပြောပါ၏။
"ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ အခုလေးတင်ပဲ အားကြီးသူလေး ငါးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ထူဖူးက ကောင်းကင်ဘုံသခင်ကို ပုဆိန်နဲ့ ရိုက်သတ်လိုက်တယ် ဆိုတဲ့သတင်းကို လူတိုင်း သိထားလောက်ပါပြီ... နောက်ဆုံးတော့ အင်အားကြီး ပါရမီရှင်ငါးယောက်က အဲဒီလိုမဟုတ်ဘူး ဆိုတာကို ခံစားလာရတယ်... သူတို့က မကောင်းတဲ့ နာမည်နဲ့တော့ မထိုက်တန်ပါဘူး"
"မင်းတို့မှာ ငါ့ကို စိန်ခေါ်ဖို့ အရည်အချင်း ပြည့်မီနေပြီ.... ဒီကို လာခဲ့... ရှေးဟောင်းလျှပ်စီး ကမ္ဘာရဲ့ အပြင်းထန်ဆုံး ပါရမီရှင် မင်းရဲ့ အစွမ်းသတ္တိကို ငါကြည့်ပါရစေ"
"သခင်ငယ်လေး... နွားမျက်လုံးက ဓားနဲ့ ကြက်ကို သတ်ဖို့ မလိုပါဘူး... သခင်ငယ်လေးရဲ့ အဆင့်အတန်းက အရမ်း မွန်မြတ်ပါတယ်... သခင်ငယ်လေး ကိုယ်တိုင် အဆုံးသတ်ပေးလိုက်ရင် သူတို့ အဆင့်အတန်းက မြင့်လွန်းသွားနိုင်တယ်... ကျွန်တော် လုပ်လိုက်ပါ့မယ်"
လူငယ်တစ်ယောက်က ရုတ်တရက် ထရပ်ကာ ဒူးတစ်ဖက်ကိုထောက်လျက် ရိုသေစွာ ဦးညွှတ်ကာ အသံနက်ကြီးဖြင့် ပြောလိုက်သည်။
တိယီးက တိုးတိုးလေး ရယ်လိုက်ပြီး
"ကျန်းထုံ မင်းပြောတာ မှန်တယ်... ကောင်းပြီ ငါ မင်းကို ဒီတိုက်ပွဲမှာ ဦးဆောင်ခွင့်ပေးမယ် ငါ့ကို အရှက်မရစေနဲ့"
"ဟုတ်ကဲ့!"
ကျန်းထုံက ရယ်ပြီး မတ်တပ် ထရပ်လိုက်သည်။ သူက လုရွှမ်နဲ့ သူ့အဖွဲ့ကို တင်းမာတဲ့မျက်လုံးတွေနဲ့ ကြည့်ပြီး
"မင်းတို့ထဲက ဘယ်သူက အခုသေချင်လဲ?"
လိရှောင်းတို့ လူငါးဦးသည် သာမာန်ဆက်ဆံရေးသာ ရှိခဲ့ပြီး အချင်းချင်း ပြိုင်ဆိုင်ခဲ့ကြသည်။ လုရွှမ်ကြောင့်သာ ၎င်းတို့သည် ဘဝရဲ့ သေရေးရှင်ရေးကို ဖြတ်ကျော်ရဲတဲ့ သူငယ်ချင်းများ ဖြစ်လာခဲ့သည်။ လိရှောင်း အရှက်ရနေတာကိုတွေ့တော့ သူတို့လေးယောက်က ဒေါသတွေအပြည့်နဲ့ ရှေ့ကို အမြန်သွားချင်ကြသည်။
လုရွှမ် သူတို့လေးယောက်ကို တားလိုက်သည်။ သူသည် တိယီး၏ စွမ်းအင်ကို ခံစားသိမြင်နေရကာ ၎င်းမှာ လွန်ကဲစွာ သာလွန်နေခြင်းပင်။ ဤနေရာတွင် ဝမ့်ကျစ်ကမ္ဘာက ရှေးဟောင်း လျှပ်စီးကမ္ဘာထက် သာလွန်ကြောင်း သက်သေပြနေ၏။
သူတို့လေးယောက်လည်း သူတော်စင်နယ်ပယ်ကို ဖြတ်ကျော်ပြီး မဟာသူတော်စင်များ ဖြစ်လာပါက ၎င်းတို့သည် တိုက်ခိုက်ရန် ခွန်အား ရှိကောင်းရှိနိုင်သော်လည်း အခုသူတို့နယ်ပယ်က တစ်ဖက်လူထက် နိမ့်ကျပြီး ယွမ်ချီကလည်း လုံလုံလောက်လောက် မပြည့်မီပေ။ အကယ်၍ သူတို့ ဒြပ်စင်ငါးပါးနတ်ပုတီးစေ့ကို အသုံးပြုလျှင်ပင် အများဆုံး အနိုင်ရရန် ၆၀% သာရှိသည်။
တိယီးမှာလည်း ဝှက်ဖဲ ပါခဲ့ရင် အောင်ပွဲနဲ့ ရှုံးနိမ့် ချိန်ခွင်လျှာဟာ တိယီးရဲ့ အနားကို ပျံ့သွားပါလိမ့်မည်။
သို့သော် တိယီးက လှုပ်ရှားချင်စိတ် မရှိဘဲ သူ့လက်အောက်ငယ်သားကိုသာ လွှတ်လိုက်သည်။ သူတို့နှစ်ဦး၏ အသွင်အပြင်ကို ကြည့်လျှင် ၎င်းတို့သည် ယခင်က ပေါ့ပေါ့ပါးပါး ဟာသနှောပြီး လိရှောင်း အရှက်ရစေသည့်အတိုင်း သူတို့ကို အလေးအနက် မထားဘဲ ဟာသလုပ်ချင်နေကြောင်း ထင်ရှားပေသည်။
"ငါသူ့ကို အရင်သွားသတ်မယ်!"
သားသတ်သမားက အော်လေ၏။
ဤသခင်ငယ်လေးသည် မာနကြီးတတ်သော်လည်း လက်အောက် ငယ်သားကပါ မာနကြီးနေသည်။ ဝမ့်ကျစ်ကမ္ဘာက ထွက်လာတိုင်း လူတိုင်းကို တကယ်ပဲ လျစ်လျူရှုနိုင်နေပြီဟု ထင်နေပုံပဲ။
ထူဖူးနဲ့ ပတ်သက်ရင်တော့ လုရွှမ်သည် အလွန်စိတ်သက်သာရာ ရသွားပြီ။ ထိုလှုပ်ရှားမှု သိုင်းကွက်ကို သူနားလည်ပြီး ဆက်လက် လေ့ကျင့်နေသရွေ့ သူ၏ခွန်အားသည် မူလပါရမီရှင်ငါးပါးတွင် ပထမအဖြစ် သတ်မှတ်ခံရနိုင်၏။
လက်အောက်ငယ်သားကို သတ်ခြင်းက ပြဿနာ မဖြစ်နိုင်တာမို့ သင်ခန်းစာတစ်ခုတော့ ပေးရလိမ့်မည်။
သားသတ်သမားက သူ့ခြေထောက်ကို အားယူ၍ ကွင်းလယ်သို့ အတင်းပြေးတက်သွားသည်။ သူ့ခန္ဓာကိုယ်က လေးလံတာကြောင့် စင်မြင့်ပင် နည်းနည်းလှုပ်သွားသည်။ ကျန်းထုံကလည်း အမြင့်မှ ခုန်ချလာကာ သားသတ်သမားရဲ့ ဆန့်ကျင်ဘက်မှာ ဆင်းသက်လိုက်သည်။
"ဟေ့ ကောင်လေး..ငါ မင်းကို ကြိုပြောထားမယ်နော် ဒီက ကောင်းကင်ဘုံရှင်သခင်တွေက အရမ်း အားနည်းတယ်... ငါလည်း ကောင်းကင်ဘုံသခင် အများကြီးကို သတ်ပစ်ခဲ့ဖူးတယ်!"
"ဟုတ်လား? ဂုဏ်ပြုပါတယ် အနည်းဆုံးတော့ မင်း ငြိမ်းချမ်းစွာနဲ့ သေသွားနိုင်တာပေါ့"
သားသတ်သမားကလည်း ပြောလိုက်သည်။
အနီးနားရှိ လူတိုင်းက ရယ်မောလိုက်ကြပြီး လုရွှမ်လည်း ပျော်ရွှင်နေပါ၏။ အသားသတ်သမားက စကားအများကြီး မပြောဖူးသော်လည်း ဟာသများ ပြောလာသောအခါတွင် အထူးပျော်ရွှင် စေမိတာကတော့ အတိအကျပင်။
ကျန်းထုံးက အေးစက်စွာ ဟစ်အော်လိုက်ပြီး
"မင်း နှုတ်က ပြတ်သားပေမယ့် သေရတော့မှာပေါ့ နှမြောစရာပဲ!"
သူ့ဓားကို ဆွဲလိုက်သည်နှင့် ဓားစွမ်းအင်စီးကြောင်းသည် သားသတ်သမားဆီသို့ ချက်ချင်း ဦးတည်သွားလေသည်။
သားသတ်သမားကလည်း သူ၏ပုဆိန်ကို ပေါ့ပေါ့ဆဆ အသုံးပြုကာ ဓားစွမ်းအင်ကို ခွဲထုတ်၍ ကျယ်လောင်သော အော်သံဖြင့် ကျန်းထုံဆီသို့ ပြေးထွက်သွားခဲ့သည်။
ပုဆိန်ရဲ့ ခံစားချက်ကို ဖြည်းညှင်းစွာ ရှာဖွေပြီးနောက် ထိုရွေ့လျားမှုသည် အသစ် ဖန်တီးထားပြီး အသုံးပြုရန် အလွန် ပြောင်းလွယ်ပြင်လွယ်ခြင်း မရှိပေ။
"သူ့ကို သားသတ်သမားလို့ ခေါ်တာ မဆန်းပါဘူး... သူ့လှုပ်ရှားမှုတွေက ယုတ်ညံ့ပြီး ဝက်သတ်သမားနဲ့ တူနေတာပဲ"
ကျန်းထုံက သားသတ်သမားရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း အထင်အမြင်သေးစွာ ပြောလိုက်ပါသည်။
"အဲဒါကြောင့် သားသတ်သမားလို့ ခေါ်တာဆိုတော့ တိရစ္ဆာန်အားလုံးကို သတ်လိုက်တာလည်း ငါပဲလေ... မင်းလည်း ငါ့လက်ထဲမှာ သေရမယ့်ဝက်ပဲ"
သူတို့နှစ်ယောက် သေတဲ့အထိ တိုက်ခိုက်နေပုံပေါ်ပေမယ့် စကားစမြည်က ပြောနေသေးသည်။ အသံက ပတ်ဝန်းကျင်ကို ပြန့်နှံ့သွားတော့ လူတွေကလည်း ရယ်လိုက်ကြ၏။
တိယီးရဲ့ မျက်နှာက မည်းမှောင်လာပြီး
"ကျန်းထုံ မင်းဘာပေါက်ကရတွေ ပြောနေတာလဲ? သူ့ကို သတ်ပစ်လိုက်စမ်း!"
ကျန်းထုံလည်း သခင်ငယ်လေးရဲ့ ဒေါသကို ခံစားမိတာကြောင့်။
"ငါ မင်းကို မိုက်မဲတဲ့ စကားတွေ မပြောတော့ဘူး... ငရဲကို သွားပေတော့"
“ဒါက မင်းကို ငါပြောချင်တာပဲ”
အနည်းငယ် ခုတ်ထစ်ပြီးနောက် ထူဖူးသည် ပုဆိန်ရဲ့ ခံစားချက်ကို တဖြည်းဖြည်း တွေ့ရှိလာကာ လက်ပြန်ဖြင့် ရိုက်ချလိုက်သည်။
ကျန်းထုံသည် သူ့စကားကြောင့် ဒုက္ခရောက်ရတော့မည့် လူလို ဖြစ်နေသည်။ သူသားသတ်သမား ထူဖူးဆီက စော်ကားခံနေရတာကြောင့် ပြန်လည်ချေပ ချင်ပေမယ့် ပုဆိန်ဓားတစ်ချောင်းရဲ့ အရှိန်အဝါ ပြောင်းလဲသွားတာကို သူတွေ့လိုက်ရသည်။ ဒီလှုပ်ရှားမှုက ယခင်က သူ့ဆီလာကာ သေခြင်းတရားကို ရှာဖွေနေသည့် လှုပ်ရှားမှုနှင့် လုံးဝ ကွဲပြားသည်။ ပြင်းထန်သော လူသတ်ရောင်ဝါက သူ့နှလုံးသားထဲသို့ တိုက်ရိုက် တွန်းပို့လာခဲ့သည်။
သူ သတိလက်လွတ် မနေဝံ့ဘဲ မြန်မြန် နောက်ပြန် ဆုတ်သွားပြီး ခနဲ့ရန်လည်း မမေ့သေးချေ။
"ဒီလောက်ပဲလား"
သားသတ်သမား ထူဖူးက သူ့ပုဆိန်နဲ့ ရိုက်ပြီးနောက်မှာ အဲဒီလှုပ်ရှားမှုရဲ့ ချို့ယွင်းချက်တွေကို ချက်ချင်း ခံစားလိုက်ရသည်။ သတ္တိရှိပေမယ့် လုံလောက်အောင် မမြန်ဘူး။ အစွမ်းထက်ပေမယ့် သူလိုချင်တဲ့ ခံစားချက်တွေ မပါတာကြောင့် အားမရချေ။
သူ့စိတ်နှလုံးက အလိုအလျောက် လှုပ်ရှားသွားကာ အလားတူ လှုပ်ရှားမှုကို ထပ်မံ လှုပ်ရှားခဲ့သည်။
ယခင်က ပုဆိန်၏ ရွေ့လျားမှုကို အမျိုးမျိုး တွေးတောခဲ့ဖူးသည်။ ရိုက်ချက်တစ်ခုမှာ နှစ်ချက်ပြတ် သို့မဟုတ် သုံးချက်ပြတ်ရမည်။ သူသည် အဆုံးမဲ့ အမျိုးမျိုးသော လှုပ်ရှားမှုများကို မရှာဘဲ လက်သွက်လွန်းသူသာ ဤသိုင်းကွက်ရဲ့ သဘောသဘာဝနှင့် လိုက်လျောညီထွေ ဖြစ်မည်ဟု တွေးထားသည်။
သန်မာခြင်း၊ ရဲရင့်ခြင်းနှင့် သတ္တိရှိခြင်းဟူသည် လုံလောက်နေပြီ ဖြစ်သော်လည်း ကိုယ်နဲ့ လိုက်ဖက်တဲ့ လှုပ်ရှား ရွေ့လျားမှုကသာ ဘုရင်တစ်ပါးလို နည်းလမ်း ဖြစ်လေသည်။
ဒီလှုပ်ရှား ရွေ့လျားမှုက ပိုရိုးရှင်းနေတာ ဖြစ်နိုင်မလား?
သားသတ်သမားရဲ့ နှလုံးသားက လှုပ်ရှားသွားပြီး ရုတ်တရတ် ပျော်ရွှင်မှု အရှိန်အဟုန်နဲ့ ဝိညာဥ်စွမ်းအင်တွေ ပြည့်လာခဲ့သည်။ ဒန်တန်သည် ပူလာသည်နှင့်အမျှ ခံစားချက်ဟောင်းက ပြန်ထလာပြန်သည်။ သူ့ခြေထောက်များဟာ ခွန်အားအပြည့် လှုပ်ရှားနေသလို သူ၏ခါးသည်လည်း မြင်းတစ်ကောင်လို သန်မာလာ၏။ ကျယ်လောင်သော အော်သံနှင့်အတူ သားသတ်သမားသည် ပုဆိန်နှင့် ထပ်မံ ရိုက်ချလိုက်သည်။
ဒီသိုင်းကွက်ရဲ့ အရှိန်နဲ့ စွမ်းအင်ဟာ အစောတုန်းက သိုင်းကွက်ထက် ကျော်လွန်လေသည်။
ဒါက သစ်ပင်တစ်ပင်ကို ခုတ်ပစ်လိုက်သလိုမျိုး အလွန်ရိုးရှင်းပုံရသည်။ ရိုးရှင်းပြီး ချောမွေ့သော်လည်း သိုင်းကွက်သည် လျှို့ဝှက်ဆန်းကြယ်မှု သဲလွန်စနှင့် မသိလိုက်ဘဲ လိုက်လျောညီထွေ ဖြစ်သွားခဲ့သည်။ ကြည့်လိုက်လျှင် သိုင်းကွက်တစ်ကွက်က အကြိမ်ပေါင်း ထောင်နှင့်ချီ၍ ဖန်တီး ပြုပြင်ထားတယ်လို့ ထင်ရပေသည်။