ကောင်းကင်ပုဆိန်ကိုးချက်
Vol. 65 Ch. 495.4
လုရွှမ်သည် သားသတ်သမား၏ လှုပ်ရှားမှုကို အာရုံစူးစိုက်နေပြီး ထိုလှုပ်ရှားမှု၏ အသွင်အပြင်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် မပြုံးနိုင်ဘဲ မနေနိုင်အောင်ကို ဖြစ်နေသည်။
နတ်သမီးအောင့်ယွဲ့နှင့် တခြားသူများကဲ့သို့ ပင်ကိုယ်အရည်အချင်း ရှိသူအဖြစ် အဆင့်သတ်မှတ်ခြင်း ခံခဲ့ရတာ အံ့သြစရာတော့ မဟုတ်ပေ။ ဒီလိုအချိန်တိုလေး အတွင်းမှာ ကိုယ်လျှောက်ချင်တဲ့ လမ်းကို သိလိုက်ရတဲ့အထိ ထိုထူဖူးက ဉာဏ်ကောင်းပေသည်။
နတ်သမီးအောင့်ယွဲ့ နှင့် တခြားသူများကို လျှို့ဝှက်စွာ ကြည့်လိုက်သော အောင့်ယွဲ့၊ ရှန်းရှဲ့၊ ရှန်ယီးရှောင်ဟဲနဲ့ လိရှောင်းတို့ အားလုံးဟာ အံ့အားသင့်နေကြပြီး စိတ်လှုပ်ရှားမှု၊ နားလည်မှု အပြည့်ဖြင့် ကြည့်နေကြတာ မြင်လိုက်ရသည်။ ထင်ရှားသည်မှာ သူတို့သည်လည်း ယခုအချိန်တွင် သားသတ်သမားရဲ့ ပြောင်းလဲသွားမှုကို မြင်ကြလေသည်။
နတ်သမီးကျင်းဟုန်၏ မျက်လုံးများသည် နားလည်မှု အရိပ်အမြွက်များနှင့် ပြည့်နှက်နေသော်လည်း အခြားလူငယ်များနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ညံ့ပါသေးသည်။ အောင်ရှင်းသည် ကြောင်ကြောင်လေးဖြင့် ကြက်ခြေထောက် တစ်ချောင်းကို စားနေသည်။ လုရွှမ် မျက်လုံးများကို မြင်လိုက်ရသဖြင့် တံတွေး စွန်းနေသော ကြက်ခြေထောက်ကို လွှဲပေးလိုက်ရင်း။
"စားချင်လို့လား?"
လုရွှမ်မှာ အေးစက်စက် ချွေးတွေ ထွက်လာပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
"မစားဘူး"
တကယ်တော့ သူမဟာ နဂါးမင်းသမီးလေး တစ်ပါးပါပဲ။ သူမမှာ သူမရဲ့ ပင်ကိုယ်စွမ်းရည်က ထူးထူးခြားခြား ဖြစ်ပြီး သူမမှာ ကိုယ်ပိုင်အမွေလည်း ရှိသည်။ အောင့်ယွဲ့နဲ့ တခြားသူတွေမှာ တခြားစွန့်စားခန်းတွေ မရှိခဲ့ရင် သူတို့ရဲ့ အနာဂတ်အောင်မြင်မှုတွေက အောင်ရှင်းလောက်ကို ကောင်းမှာ မဟုတ်ချေ။
ဒါက ကံကြမ္မာကို အဆုံးအဖြတ် ပေးသော မွေးဖွားခြင်းပင် ဖြစ်လေသည်။
ကျန်းထုံ၏ အမူအရာ ပြောင်းလဲသွားသည်။ သူ၏ အမြင်အာရုံသည် ရှေးဟောင်းလျှပ်စီးကမ္ဘာထက် တစ်ဆပိုမြင့်ပြီး အန္တရာယ်အပေါ် အာရုံခံစားမှုကလည်း ပိုမိုအားကောင်းသည်။
ဒီအချိန်မှာ သူသေခါနီးအချိန်ကို ရောက်သွားရသလို ရုတ်တရက် နှလုံးခုန်သံတွေ ထွက်ပေါ်လာ၏။
သားသတ်သမားရဲ့ လှုပ်ရှားမှုကို ပြတ်ပြတ်သားသား မြင်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ပေမယ့် အခုအချိန်မှာတော့ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့တာကို တွေ့ရသည်။ ဒီသိုင်းကွက်က ရိုးရှင်းသေးသည်။ မဟုတ် ပိုရိုးရှင်းသည်ဟု ဆိုရမည် ဖြစ်သော်လည်း ၎င်းသည် အလွန်လျင်မြန်ပြီး အစွမ်းထက်လွန်းနေသည်။
ထို့အပြင် ပုဆိန်အပေါ် ထိန်းချုပ်မှုသည်လည်း ပိုမြန်လာသည်။ ၎င်းသည် ယခင်က ခွန်အား၁၀% ရှိလျှင် ၉%ပင် မထုတ်နိုင်ခဲ့သော်လည်း ယခုမူ တစ်ချက်ရွှေ့ပြီး ဝှက်ဖဲကို ထုတ်ပြပြီးသား ဖြစ်နေသည်။
သူ့စိတ်ထဲမှာ ကြောက်စိတ်တွေကို ခံစားရပြီး ဗီဇအပြည့်နဲ့ ထွက်ပြေးချင်လာသည်။ ပြိုင်ဘက်က ပုဆိန်ကို အပြည့်အဝ ထိန်းချုပ်ထားရင် ဒီအတိုင်း ဆက်သွားနေလိမ့်မယ်လို့ သူ ခံစားမိသည်။
သူ့စည်းချက်က ပြတ်တောက်သွားလိမ့်မည်။
အဲဒါကို တွေးတောင် မတွေးတော့ဘဲ ကျန်းထုံ အရှိန်အဟုန် အပြည့်နဲ့ ဆက်တိုက်တော့သည်။ မဟာသူတော်စင် အဆင့်၅ ကျင့်ကြံသူရဲ့ အငွေ့အသက်တွေဟာ ဤအခိုက်အတန့်တွင် ပွင့်ထွက်လာကာ တချို့သော ကောင်းကင်ဘုံသခင်များကိုပင် အံ့သြထိတ်လန့်သွားစေသည်။
သူသည် ကောင်းကင်ဘုံသခင် တချို့ကို မသတ်ခဲ့သေးမီတွင် ထိုကောင်းကင်ဘုံသခင်များသည် သူ့ကို အနည်းငယ်မှ သဘောမကျခဲ့ပေ။ ဒါပေမဲ့ ဒီအချိန်မှာ သူကြွားလုံး ထုတ်နေတယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ဘူး။ ဒီကျန်းထုံက ကောင်းကင်ဘုံသခင်ကို သတ်ဖို့ ခွန်အား တကယ်ရှိတယ် ဆိုတာကို သက်သေပြတော့မည်။
"အကြွင်းမဲ့ဓား!"
ကျန်းထုံးက ဟောက်ပြီး သူ့လက်ထဲက ဓားရှည်ကို ဆွဲထုတ်ကာ သားသတ်သမားဆီက ပုဆိန်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
သူသည် ကံတရား၏ အရိပ်အယောင်ကို စွဲစွဲမြဲမြဲ စွဲကိုင်ထားဆဲ ဖြစ်သည်။ သူဟာ မဟာသူတော်စင် အဆင့်၅ ဖြစ်ကာ တစ်ဖက်က သူတော်စင်နယ်ပယ် အဆင့်၆သာ ရှိသညိ။ သူက ဝမ့်ကျစ်ကမ္ဘာက လာခဲ့တာဖြစ်ပြီး ထိုလူကတော့ ရှေးဟောင်းလျှပ်စီးကမ္ဘာထဲက သေးငယ်တဲ့ အသွင်အပြင်လေး တစ်ခုသာ ဖြစ်သည်။
သားသတ်သမားသည် ပုဆိန်ရဲ့ ခံစားချက်ကို သိပြီးနောက် သူ့စိတ်တွေက ပိုတည်ငြိမ်လာတာကို သိလိုက်ရသည်။ မျက်လုံးများ အဖွင့်အပိတ် လုပ်လိုက်သောအခါ သူ့ကိုယ်ပေါ်ရှိ အဝါရောင်ဖျော့ဖျော့ အလင်းရောင်ကို ဖျတ်ခနဲ မြင်လိုက်ရသည်။
သူသည် သူ့စိတ်ထဲက စိတ်လှုပ်ရှားမှုနဲ့အတူ ၎င်းမှာ မြေဒြပ်စင် နတ်ပုတီးစေ့ရဲ့ စွမ်းအားဖြစ်ကြောင်း ချက်ချင်းဆိုသလို သိလိုက်၏။
မြေဒြပ်စင် နတ်ပုတီးစေ့ရဲ့ စွမ်းအားကို သူခံစားဖူးသော်လည်း ယခုမြင်တွေ့နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ သဘာဝအတိုင်းကို ခံစားချက်က ပိုအစစ်အမှန် ဖြစ်ပြီး ပုဆိန် ခုတ်လိုက်တိုင်း စွမ်းအားက ချောမွေ့စွာ ဆက်လက် လည်ပတ်နေတာကိုပါ ခံစားရသည်။
လှုပ်ရှားမှုတွေက ပိုရိုးရှင်းလာပေမယ့် စွမ်းအားက ပိုမြန်လာပြီး အရှိန်က ပိုမြန်လာကာ ပုဆိန်ရဲ့ လှုပ်ရှားမှုကို ပြုလုပ်တဲ့အခါတိုင်း စိတ်ရဲ့ ငြိမ်သက်မှုက ပိုပိုပြီး လေးနက်လာသည်။
ကျန်းထုံဆီမှ ထွက်ပေါ်လာသော လူသတ်အငွေ့အသက်ကို သူခံစားလိုက်ရသည်။ ၎င်းသည် ယခင်က ကောင်းကင်ဘုံသခင် အမျိုးသမီးထက်ပင် အစွမ်းထက်လှသည်။ သို့သော် ဤအခိုက်အတန့်တွင် သူ့စိတ်ထဲတွင် ကြောက်ရွံ့ခြင်းမရှိဘဲ လျစ်လျူရှုခြင်းသာ ရှိသည်။
ပုဆိန်ရဲ့ စွမ်းအားသည် လွယ်ကူစွာ ထွက်ပေါ်နေသေးပြီး သူ၏ရောင်ဝါကို အပြည့်အဝ လွှမ်းမိုးထားကာ ထူဖူးရဲ့ စည်းချက်အတိုင်း လှုပ်ရှားနေသည်။
ပုဆိန်က ကောင်းကင်ကို ဖြတ်သန်းသွားပြီး ကျန်းထုံရဲ့ဓားရှည်နဲ့ တိုက်မိသွားသည်။
ဝုန်း!
အနည်းငယ် အဟန့်အတား ရှိသလို ခံစားလိုက်ရသော်လည်း သူ့ပုဆိန်၏ စိတ်လှုပ်ရှားမှုကို လုံးဝ မဟန့်တားနိုင်ပေ။
အပြင်လူများ၏ အမြင်တွင် ကျန်းထုံသည် သားသတ်သမား၏ ပုဆိန်ကြီးအား ဓားတစ်ချောင်းဖြင့် ပိတ်ဆို့ကာ သားသတ်သမားကို ခြေနှစ်လှမ်းပင် နောက်ပြန် ဆုတ်သွားရအောင် ခေါက်ချလိုက်သည်။
ကျန်းထုံ ထူဖူးကို မယုံနိုင်စွာ လှမ်းကြည့်ကာ။
"ဒါက ဘယ်လို ကျွမ်းကျင်မှုမျိုးလဲ?"
"ငါ့ကိုယ်ပိုင် ဖန်တီးမှု... ကောင်းကင်ပုဆိန်ကိုးချက်!"
"ကောင်းတယ်!"
ထိုစကားကို ပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်သည် နောက်သို့ လဲကျသွား၍ မြေပြင်ပေါ်သို့ ဆင်းသွားသောအခါတွင် သူ့ခန္ဓာကိုယ် အပေါ်ပိုင်းမှ အောက်အထိ နှစ်ပိုင်းကွဲသွားကာ သေဆုံးသွားခဲ့သည်။
သားသတ်သမားလည်း ချောင်းတဟွတ်ဟွတ် ဆိုးနေ၏။ ပြိုင်ဘက်ရဲ့ ခွန်အားက အမှန်တကယ်ပင် ပြင်းထန်လွန်းလှသည်။ ဓားစွမ်းအင် ရိုက်ခတ်မှုက သူ့ရင်ဘတ်ကို အနည်းငယ် တင်းကျပ်လာစေသည်။
သူသည် တိတ်ဆိတ်နေပြီးမှ သူ့အနီးနားရှိ လူများကို လက်ဝှေ့ယမ်းပြကာ စင်ပေါ်မှာ ဆင်းသွားခဲ့သည်။
"ထူဖူး... ကောင်းတယ်ဟေ့!"
လိရှောင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ ရှန်ယီးရှောင်ဟဲလည်း လက်သီးတွေမြှောက်ကာ အားပေးနေ၏။
ရုတ်တရက် တိတ်တိတ်ဆိတ်ဆိတ် ရှိနေခဲ့သည့် ပရိသတ်များမှာ ရုတ်တရက် ကျယ်လောင်သော ဆူညံသံများကို ထွက်ပေါ်ကာ အသားသတ်သမား ထူဖူးအပေါ် အားပေးစကားများက ညံသွားတော့သည်။
ဤနေရာရှိ လူအများစုသည် ရှေးဟောင်းလျှပ်စီးကမ္ဘာမှ ဖြစ်ပြီး ဝမ့်ကျစ်ကမ္ဘာမှ သခင်များသည် ၎င်းတို့၏ စွမ်းအားကို ပြသနေခြင်းအား အချိန်တိုင်း လာရောက်ကြည့်ရှုကြသည်။ အနည်းငယ် စိတ်တိုပြီး ရှက်စိတ်မရှိသူမှာ အဘယ်သူနည်း။
တစ်စုံတစ်ယောက်ကတော့ သူ့လူ မတ်တတ်ရပ်နိုင်မည်ဟု အိပ်မက်မက်ခဲ့သည်။ ထိုလူက ဝံ့ကြွားစွာ မတ်တတ် ထလာခဲ့သော်လည်း နောက်ပိုင်းတွင် အရှက်ရကာ အသတ်ခံခဲ့ရသည်။ အဆက်မပြတ် လှောင်ပြောင်မှုများကြောင့် သူတို့၏ နှလုံးသားထဲက သွေးအနည်းငယ်ပင် ထွက်လာခဲ့သည်။
မတတ်နိုင်ဘူးလေ။ အရည်အချင်းက တစ်ဖက်လူလောက်မှ မကောင်းဘဲကိုး။
အထူးသဖြင့် သူတို့စိတ်နှလုံးထဲက မြင့်မားသော ကောင်းကင်ဘုံ သခင်များကို သတ်နိုင်သူ မဟာသူတော်စင်ဟာ သူတော်စင်ဆီက သတ်ဖြတ်ခံလိုက်ရတာကို မြင်လိုက်ရသောအခါ သူတို့၏ နှလုံးသားထဲက နောက်ဆုံး လေးစားမှုဟာလည်း ပြိုလဲသွားခဲ့သည်။
ဝမ့်ကျစ်ကမ္ဘာမှ လူများသည် စွမ်းအား ကြီးမားသည်ဟု ယူဆရပေမည်။ ၎င်းတို့သည် ရှေးဟောင်းလျှပ်စီးကမ္ဘာမှ လူများကို အသိပေးရန် ရည်မှန်းထားသူများ ဖြစ်သည်။
ပိုမိုကောင်းမွန်သော ကျွမ်းကျင်မှုများနှင့် ပိုမိုအဆင့်မြင့်သော လေ့ကျင့်ရေး နည်းလမ်းများကိုလည်း သူတို့က လက်ဆင့်ကမ်းပေးနိုင်သည်။ ထို့ကြောင့် ရှေးဟောင်းလျှပ်စီးကမ္ဘာမှ လူများသည် အရှက်တရားကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းလိုက်ရုံဖြင့် နောက်ဆို အဆင်ပြေသွားပါလိမ့်မည်။
နှိမ့်ချခံခဲ့ရသော်လည်း ယခုတော့ ဝမ့်ကျစ်ကမ္ဘာက မာနကြီးပြီး အစွမ်းထက်သော ဉာဏ်ရည်ဉာဏ်သွေးရှိသူသည် ရှေးဟောင်းလျှပ်စီးကမ္ဘာက ပါရမီရှင် တစ်ယောက်ထံမှ သတ်ဖြတ်ခံလိုက်ရချေပြီ။
ဝမ့်ကျစ်ကမ္ဘာမှာ မဟာသူတော်စင်က ကောင်းကင်ဘုံသခင်ကို သတ်နိုင်တယ်ဆိုတာ မမှန်ပဲလား။ ဒီနေရာမှာတော့ သူတော်စင်က ကောင်းကင်ဘုံသခင်ကိုတောင် သတ်နိုင်တယ်လေ။ ဒါက ဘယ်သူ ပိုထက်မြက်တယ် ဆိုတာ ရှင်းနေပြီ။
သူတို့၏ စိတ်လှုပ်ရှားမှုများကို လုံးဝ မထိန်းနိုင်ဘဲ လူများသည် ကျယ်လောင်စွာ ဟိန်းဟောက်နေကြပြီး ဤအခိုက်အတန့်၏ ရွှင်လန်းမှု အရသာက သူတို့စိတ်နှလုံးသားထဲတွင် စိုးမိုးနေကြသည်။
"မင်း သေမင်းကို ရှာနေတာပဲ!!"
တိယီးက ကျိန်ဆဲပြီး အသားသတ်သမားကို ဖမ်းဖို့ ရုတ်တရက် လှုပ်ရှားလိုက်လေသည်။ သူသည် ဒေါသတကြီးဖြင့် သားသတ်သမားကို သတ်ရန် ကြံရွယ်ကာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သည်။
ဒီအခိုက်အတန့်မှာ သားသတ်သမားရဲ့ အသက်ရှုသံက နည်းနည်း ကြမ်းနေသေးတဲ့ အတွက် တိုက်ခိုက်မှုကို သူ မခံနိုင်တော့ချေ။
ထိုပြင်းထန်သော အခိုက်အတန့်တွင် ဓားအလင်းတန်း တစ်ချက်သည် အမှောင်ထုအတွင်းမှ လျှပ်တစ်ပြက် ပြေးဝင်လာသကဲ့သို့ ရုတ်တရက် လင်းလက်သွားသည်။ ခဏမျှပင် ကောင်းကင်နှင့် မြေကြီးတစ်ဝိုက်တွင် အလင်းတန်းများ ဖြာထွက်သွား၏။
တိယီးရဲ့ အမူအရာက ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်က နောက်သို့ ဆုတ်သွားခဲ့ရသည်။
အောင့်ယွဲ့၊ ရှန်းရှဲ့နှင့် တခြားသူများသည် ရှေ့သို့ အမြန်ပြေးပြီး သားသတ်သမားကို ပြန်ဖမ်းယူလာကြသည်။ လုရွှမ်၏ ခန္ဓာကိုယ်သည် လေထဲတွင် လွင့်မျောနေပြီး တိယီးဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။
"မင်းတကယ် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို လုပ်လိုက်တာပဲ... မင်းရဲ့ စက်ဆုပ်စရာ ကောင်းမှုကြီးက တကယ်ကို ဒေါသထွက်စရာ ကောင်းတယ်!"
တိယီးက ကျယ်လောင်စွာ ရယ်မောရင်း
"ခိုးဝင်တိုက်ခိုက်တာ ဟုတ်လား? ဟား ဟား... ငါက သူ့ကို ဖမ်းပြီး သူနဲ့ စကားကောင်းကောင်း ပြောချင်ရုံပါ... လုရွှမ် မင်းမှာ လူကြမ်းနှလုံးသားလိုလို လူကြီးလူကောင်း နှလုံးသားလိုလို ရှိနေတယ်လို့ မထင်ဘူးလား?"
ဒီလိုမျိုးလည်း ပြောလို့ရတာပဲလား။ လုရွှမ် သူ့နှာခေါင်းကို ပွတ်သပ်ပြီး ပြုံးလျက် ပြောလိုက်သည်။
"မင်းက တကယ် အရေထူပြီး အရည်အချင်းရှိတဲ့ သူတစ်ယောက်ပါ... ဟုတ်ပြီ နောက်ဆုံးပြောချင်တဲ့ စကားရှိရင် ငါ့ကို အခုပြောလို့ ရတယ်!"