← Chapters

ချန်ရှင်း၏ ဆုံးဖြတ်ချက်

Vol. 91 Ch. 1255

ချန်ရှင်း၏ ဆုံးဖြတ်ချက်

Vol. 91 Ch. 1255

အမှောင်ဧကရာဇ် ဦးညွတ်လိုက်သည်နှင့် ဝေ့ယန်ကျစ်၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားပြီး သွေးတစ်ပွက် အန်လိုက်ရသည်။

ဝမ်ပေါင်လဲ့က အဖြစ်အပျက်ကို နားမလည်နိုင်တော့ပေ။ သို့သော်လည်း ထိုအရာက သူ့အပေါ် သက်ရောက်မှု မရှိပေ။ အမှောင်ဧကရာဇ်၏ တတိယအကြိမ်မြောက် ဦးညွတ်မှုအပြီးတွင် သူ့နားလည်နိုင်စွမ်းကို တိုးမြှင့်ပေးသည့် စွမ်းအားတစ်ခုကို ခံစားမိလိုက်၏။ ထိုအရာက သူ့ဝန်းကျင်ရှိ အရာအားလုံးအပေါ် သက်ရောက်မှု ရှိစေသည်။ ထိုအရာက ဝေ့ယန်ကျစ်ကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေသည့် စွမ်းအား ဖြစ်၏။

ဝေ့ယန်ကျစ်က ဒဏ်ရာအပြင်းအထန် ရရှိသွားပြီးသည့်နောက် ကြယ်တာရာကောင်းကင်ရှိ အမှောင်ချီ ပျောက်ကွယ်သွားမှုက သိသိသာသာ နှေးကွေးသွား၏။ တစ်ချိန်တည်းဆိုသလို အမှောင်ချီ အရင်းအမြစ်က ပို၍ ခပ်ကြမ်းကြမ်း ထွက်ပေါ်လာသည်။ ထိုအရင်းအမြစ်က တည်နေရာအားလုံးဆီ မဟုတ်ဘဲ ဝေ့ယန်ကျစ်၏ ခန္ဓာကိုယ်ဆီ တိုးဝင်သွား၏။

အမှောင်ဧကရာဇ်ရဲ့ တတိယအကြိမ် ဦးညွတ်မှု …

ဝေ့ယန်ကျစ်၏ အမူအရာက မသာမယာ ဖြစ်နေလေသည်။ သူက အလျင်အမြန် နောက်ဆုတ်လိုက်သော်လည်း သွေးအန်ခြင်းကို မတားဆီးနိုင်ပေ။ သူက သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့လာသည့် အမှောင်ချီများကို ဖိနှိပ်မထားနိုင်တော့ပေ။

အကယ်၍ ပထမဦးညွတ်မှုက ကမ္ဘာကြီးကို အမှောင်နယ်မြေအဖြစ် ပြောင်းလဲစေခဲ့မည်ဆိုလျှင် ဒုတိယ ဦးညွတ်မှုက အမှောင်ပန်းပွင့်ကို ပွင့်လန်းလာစေခြင်း ဖြစ်၏။ တတိယဦးညွတ်မှုကမူ သေခြင်းရှင်ခြင်းကို​ ပြောင်းပြန်လှန်ကာ အမှောင်မျိုးစေ့ကို စိုက်ပျိုးလိုက်ခြင်း ဖြစ်သည်။ ထိုအရာက အမှောင်မျိုးစေ့ စိုက်ပျိုးခံရသည့် ခန္ဓာကိုယ်က အမှောင်ခန္ဓာကိုယ်အဖြစ် အတင်းအကျပ် ပြောင်းလဲခံလိုက်ရလိမ့်မည်။

အမှောင်ဧကရာဇ်က အတိတ်တုန်းက ထိုနည်းစနစ်ကို အသုံးပြုခဲ့ဖူးသော်လည်း အောင်မြင်ဖို့ရာ လက်တစ်ကမ်းမျှ ဝေးကွာခဲ့ရပြီး အဆုံးသတ်၌ ကျရှုံးခဲ့ရ၏။ ယခု သူက ထိုအရာကို ထပ်မံထုတ်သုံးနေပြီဖြစ်ကာ ဝေ့ယန်ကျစ်၏ ခန္ဓာကိုယ်ထဲမှ အမှောင်ချီက စတင်၍ ရုန်းရင်းဆန်ခတ် ဖြစ်လာသည်။ ယခင်က သူ့ခန္ဓာကိုယ်က မျက်စိဖြင့် မြင်နိုင်လောက်အောင် စတင်ညှိုးနွမ်းခြောက်သွေ့လာ၏။

မရဏစိတ်ဆန္ဒက သူ့အသက်စောင့်စွမ်းအားကို လွမ်းမိုးသွားခဲ့သည်။ အမှောင်ခန္ဓာ ပြောင်းလဲလိုက်ခြင်းက ပြန်လည်ပြောင်းလဲ၍ မရနိုင်တော့သလိုမျိုး ဖြစ်၏။

သို့သော်လည်း တတိယဦးညွတ်မှုကို ​ဖော်ထုတ်ရသည့် တန်ကြေးကမူ ကြီးမားလှသည်။ မူလက ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း ပျောက်ကွယ်နေသည့် အမှောင်ဧကရာဇ်၏ ခန္ဓာကိုယ်က ယခုအခါ တစ်ဝက်ကျော် အမှုန့်ဖြစ်သွားပြီး လွင့်မျောသွားခဲ့သည်။

အဝေးတစ်နေရာမှ သူ့ခန္ဓာကိုယ်ကို မြင်နေရသေးသော်လည်း သိပ်ကြာကြာခံမည် မဟုတ်ကြောင်း ပြောနိုင်လေသည်။ သို့သော်လည်း သူ့မျက်ဝန်းအထက် စိတ်ခံစားချက် အနည်းငယ်မျှ မရှိပေ။ သူက ဝေ့ယန်ကျစ်ကို ကြည့်ရင်း ဤပြန်လည်ရှင်သန်လာသည့် အခွင့်အရေးကို အသုံးချကာ ဝေ့ယန်ကျစ်ကို သူနှင့်အတူ ဆွဲခေါ်ဖို့ ကြံစည်နေသည်။

“အမှောင်ဧကရာဇ် မင်းက ဒီပညာရပ်ပဲ သုံးနိုင်တယ်ဆိုရင်တော့ ငါ့အတွက် ပြိုင်ဘက် မဟုတ်သေးဘူး။” သူ့ခန္ဓာကိုယ်ထဲမှ အမှောင်ချီ၏ ပြင်းထန်မှုနှင့် သူ့အသက်စောင့်စွမ်းအားကပင် အမှောင်ချီအဖြစ် အလျင်အမြန် ပြောင်းလဲနေသည်ကို ခံစားမိလိုက်၍ ဝေ့ယန်ကျစ်က ပြောလိုက်သည်။

သူ့အဝါရောင် ဝတ်ရုံကလည်း စုတ်ပြဲသွား၏။ ထိုအရာက အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။ သူ့ခေါင်းရှိ သရဖူကလည်း စတင်ကြေမွသွားသည်။ သရဖူနှင့် အဝါရောင်ဝတ်ရုံ မရှိဘဲ ဝေ့ယန်ကျစ်၏ အဖြူရောင်ဝတ်ရုံက သူ့ဧကရာဇ်ဆန္ဒကို နည်းနည်းလေးမျှ ဆုံးရှုံးမှု မရှိပေ။ ထိုအစား အကြောင်းအရင်း တချို့ကြောင့် ထိုအရာသည် ပိုမိုပြင်းထန်လာ၏။

“ငါက ဧကရာဇ်တစ်ပါး … ထာဝရတိုင် မဖျက်ဆီးနိုင်ဘူး။” သူ့ပါးစပ်က ထိုစကားများ ထွက်ပေါ်လာသည်နှင့် အနက်ရောင်ငါးနှင့် တိုက်ခိုက်နေသည့် အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအိုဖြစ်သည့် ရွှေရောင်နွားချေးပိုးက စူးစူးရှရှအော်သံတစ်ခု ထုတ်လွှင့်လာခဲ့သည်။ ထိုအရာ၏ ခန္ဓာကိုယ်က အလင်းပျောက်များစွာအဖြစ် ပြောင်းလဲကာ ဝေ့ယန်ကျစ်ရှိ ခန္ဓာကိုယ်အတွင်း စီးဝင်သွားပြီး အလင်းပင်လယ်တစ်ခု ထွက်ပေါ်လာသည်။

ထိုအလင်းပင်လယ်အတွင်း အလင်းတန်းများစွာ ရှိနေပြီး အလင်းတန်းတစ်ခုချင်းစီက အံ့သြတုန်လှုပ်ဖွယ် စည်းမျဥ်းဥပဒေသတစ်ခုစီ ဖြစ်၏။

အဆုံးမဲ့မျိုးနွယ်ရှိ စည်းမျဥ်းဥပဒေသအားလုံးက ဝေ့ယန်ကျစ်၏ ခန္ဓာကိုယ်အတွင်း ပေါင်းစည်းကာ သူ့ဧကရာဇ်၏ စိတ်ဆန္ဒကို ကန့်သတ်ချက်အထိ တွန်းပို့ပေးလိုက်သည်။

ဧကရာဇ်တစ်ယောက်က ကမ္ဘာကို အုပ်စိုးသင့်တယ် …

ဧကရာဇ်တစ်ယောက်က နဂါးငွေ့တန်းကို ထိန်းချုပ်နိုင်ရမယ် …

ဧကရာဇ်တစ်ပါးက အရာအားလုံးကို ဖိနှိပ်နိုင်ရမယ် …

တာအို၊ မှော်စွမ်းအား သို့မဟုတ် သဘာဝ စည်းမျဥ်းဥပဒေသများဖြစ်စေ အရာအားလုံးက သူ့အကြည့်အောက်တွင် စုဝေးလာကြသည်။ သူတို့က ဝေ့ယန်ကျစ်၏ ခန္ဓာကိုယ်မှ ပိုမိုပြင်းထန်သည့် အလင်းတန်းကို ထုတ်ဖော်လာစေသည်။

ဤသည်က အလင်းတာအို မဟုတ်ဘဲ တာအိုသောင်းချီ ပေါင်းစည်းထားမှု ဖြစ်၏။ ထိုစည်းမျဥ်းတစ်သောင်းက ဝိညာဉ်ထဲ ပေါင်းစည်းသွားကာ သူ့အရှိန်အဝါနှင့် ကျင့်ကြံဆင့်တို့က ပေါက်ထွက်လာသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အမှောင်ချီက သိသိသာသာ ဖိနှိပ်ခံလိုက်ရ၏။ ယခင်က တတိယအကြိမ် ဦးညွတ်မှုကြောင့် ကျူးကျော်ခံလိုက်ရသည့် အမှောင်မျိုးစေ့ကလည်း ချက်ချင်းဆိုသလို ညှိုးနွမ်းသွားကာ သန့်စင်ခံလိုက်ရဟန်ပေါ်သည်။

သို့သော်လည်း အမှောင်ဧကရာဇ်က သူ့သွင်ပြင်ကို မထိန်းနိုင်တော့ဘဲ ခေါင်းလှည့်ကာ ချန်ရှင်းဆီ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက သက်ပြင်းချကာ သူ့မျက်ဝန်းအထက် ဆုံးဖြတ်ချက်ချသည့် အရိပ်အယောင်မျိုး ပေါ်ထွက်လာ၏။

ထို့နောက် သူက ဝေ့ယန်ကျစ်ကို ကြည့်ကာ ထပ်မံ ဦးညွတ်လိုက်သည်။

ဤသည်က စတုတ္ထအကြိမ်မြောက် ဦးညွတ်မှု ဖြစ်၏။

ဤသည်က ယခင်က တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးပေ။

ထိုဦးညွတ်မှုက လမ်းတစ်ဝက်ရောက်သည့်အခါ အမှောင်ဧကရာဇ်၏ ခန္ဓာကိုယ်က အသံကျယ်ကြီးဖြင့် ပေါက်ကွဲထွက်သွားသည်။ သူ့အတွင်းကလီစာတွေ အားလုံးက ပြိုလဲသွားပြီး ခန္ဓာကိုယ်က အမှုန့်ဖြစ်သွားသလိုမျိုး ဖြစ်၏။ သို့သော်လည်း ထိုသို့ဆိုလျှင်ပင် ထိုပြာမှုန့်များက စတုတ္ထအကြိမ်မြောက် ဦးညွတ်မှုကို ပြီးမြောက်စေခဲ့သည်။

လေထုထဲ ရှေးကျသည့် အသံတစ်သံ ထွက်ပေါ်လာကာ ကြယ်တာရာကောင်းကင်အနှံ့ ပဲ့တင်ထွက်သွားစေသည်။

“ဧကရာဇ် စည်းတံဆိပ်တော်”

ထိုစည်းတံဆိပ်က နန်းပလ္လင်၏ တော်ဝင်တံဆိပ််တော်ကို ဆိုလိုခြင်း မဟုတ်ဘဲ စည်းပိတ်ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း စည်းတံဆိပ်ကို ဆိုလိုခြင်း ဖြစ်၏။

ထိုအရာ ထွက်ပေါ်လာသည်နှင့် ဝေ့ယန်ကျစ်၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားလေသည်။ သူက ခေါင်းမော့ကြည့်လိုက်သည့်အချိန် သူ့ဝန်းကျင်တွင် ပြာမှုန့်များမှ ထွက်ပေါ်လာသည့် အလင်းတန်းက ပေါ်ထွက်လာသည်။ မရပ်တန့်နိုင်ဖွယ် စိတ်ဆန္ဒတစ်ခုက အခြေခံအုတ်မြစ်အဖြစ် ထားကာ ဝေ့ယန်ကျစ်ကို အလျင်အမြန် ရစ်ပတ်သွား၏။

ဝေ့ယန်ကျစ်က မည်မျှပင် နောက်ဆုတ်စေကာမူ၊ သူက တာအိုနှင့် မှော်စွမ်းအား မည်မျှပင် ထုတ်လွှင့်စေကာမူ ထိုအလင်းတန်းကို မတားဆီးနိုင်ပေ။ မျက်စိတစ်မှိတ်အတွင်း ပြာမှုန့်မှ ဖွဲ့စည်းထားသည့် အလင်းတန်းက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သွားကာ ဧရာမ အဆောင်စည်းတံဆိပ်တစ်ခု ဖြစ်ပေါ်လာစေသည်။

ထိုအဆောင်စည်းတံဆိပ်ကို မြင်လိုက်သည့်သူများက စိတ်ထဲတွင် တုန်ခါသွားပြီး သူတို့၏ စိတ်ထဲ စကားလုံးတစ်လုံး ထွက်ပေါ်လာသည်။

စည်းတံဆိပ်တော်

“ရယ်စရာကောင်းလိုက်တာ” ဝေ့ယန်ကျစ်၏ အမူအရာက အနည်းငယ် ပျက်ယွင်းနေသည်။ သူ့အကြည့်များက တောက်ပသွားပြီး သူ့မှော်စွမ်းအားကို ထုတ်လွှင့်တော့မည့်ဆဲဆဲတွင် အမှောင်မြစ်ကြောင်းက လှုပ်ခတ်ကာ အသက်ဝင်လှုပ်ရှားလာသည်။ ထိုအရာက ပင်လယ်ကို ပြောင်းပြန်လှန်၊ တောင်ကို လွှမ်းမိုးသွားနိုင်လောက်သည့် အနေအထားဖြင့် ထွက်ပေါ်လာ၏။

ဝေ့ယန်ကျစ်က ထိုမြစ်သည် သူ့ဝန်းကျင်တွင် စုစည်းကာ စည်းတံဆိပ်တော်ကို ကိုယ်စားပြုသည့် အဆောင်ထဲ တိုးဝင်သွားသည်ကို မြင်လိုက်ရသည်။

ဤသည်က သင်္ကေတစည်းတံဆိပ်က တောက်ပလာပြီး ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းသည့် မဟူရာအလင်းတန်း ထွက်ပေါ်လာခဲ့သည်။

ထိုအရာက အသက်ဝင်လာသလိုမျိုး ဖြစ်၏။

အမှောင်ဧကရာဇ် ဖွဲ့စည်းထားသည့် စည်းတံဆိပ်၏ စွမ်းအားက အမှောင်မြစ်၏ စွမ်းအားဖြင့် ပေါင်းစည်းသွားသည့်အခါ လူအများ၏ စိတ်ကူးထက်ပင် ကျော်လွန်သွားခဲ့သည်။ ပထမဦးဆုံးအကြိမ်အနေဖြင့် ဝေ့ယန်ကျစ်၏ အမူအရာက သိသိသာသာ ပျက်ယွင်းသွားခဲ့သည်။

သူ့အမူအရာကို ပျက်ယွင်းသွားစေသည်က စည်းတံဆိပ်နှင့် အမှောင်မြစ်ကြောင့် မဟုတ်ဘဲ ကြယ်တာရာကောင်းကင်တွင် ရပ်နေပြီး လက်ကို အသာမြှောက်လိုက်သည့် ချန်ရှင်းကြောင့် ဖြစ်၏။

သူ့လက်ထဲတွင် သစ်သားဓား မရှိသော်လည်း ဝေ့ယန်ကျစ်ကမူ ချန်ရှင်း၏ ခန္ဓာကိုယ်မှ သစ်သားဓားအရိပ် ထွက်ပေါ်လာကြောင်း မြင်လိုက်ရသည်။

“အဆုံးသတ်ပြီ” ချန်ရှင်းက ရေရွတ်လိုက်သည်။ သူက ညာဘက်လက်ကို ဝှေ့ယမ်းလိုက်၏။

ဝေ့ယန်ကျစ်က အားကုန်သုံး၍ ရုန်းကန်နေသလိုမျိုး စူးစူးရှရှအသံ ထုတ်လွှင့်လာခဲ့သည်။

သို့သော်လည်း သူ လုပ်နိုင်သည့်အရာ မရှိပေ။ နောက်အခိုက်အတန့်လေး၌ ကောင်းကင်အထက် ဓားချီ ထွက်ပေါ်လာကာ ကြယ်တာရာကောင်းကင်ကို ပိုင်းခြားပြီး ကြယ်စင်စုတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

ဝေ့ယန်ကျစ်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ့နဖူးအထက် အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။ သူက တုန်တုန်လှုပ်လှုပ်ဖြင့် ကြည့်နေမိ၏။ ထို့နောက် သူက ချန်ရှင်းကို နက်နက်နဲနဲကြည့်ပြီးသည့်နောက်တွင် သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။

ထိုအပြုံးက မကြာခင် ပျောက်ကွယ်သွား၏။

အကြောင်းမှာ သူ့ခန္ဓာ ပေါက်ကွဲထွက်သွားပြီး အမှုန့်ဖြစ်သွား၍ ဖြစ်သည်။ ထိုအရာ ပျောက်ကွယ်သွားသည်နှင့် သူ့ခန္ဓာကိုယ်ပြိုလဲသွားသည့်နေရာမှ စည်းမျဥ်းဥပဒေသများစွာဖြင့် ဖွဲ့စည်းထားသည့် ကြိုးမျှင်များစွာ ထွက်ပေါ်လာသည်။ အမှောင်ဂိုဏ်း၏ အနက်ရောင်ငါးက ကြယ်တာရာကောင်းကင်အထက် ကူးခတ်ကာ ထိုကြိုးမျှင်များဆီ ဦးတည်သွား၏။

ဝေ့ယန်ကျစ်က သေဆုံးသွားပြီဖြစ်ကာ အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအိုကလည်း ဖျက်ဆီးခံလိုက်ရသည်။ ယခုအခါ ကောင်းကင်ထဲ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုတစ်ခုသာ ကျန်ရှိတော့သည်။

ထို့ကြောင့် ပိုင်ရှင်မဲ့ ဥပဒေသများက အတူတကွ စုဝေးလာ၏။

သူတို့က အနက်ရောင် ငါးလေးဆီ ချဥ်းကပ်လာပြီး စုပ်ယူခံလိုက်ရတော့မည့်ဆဲဆဲတွင် …

“ခဏနေအုံး” ဝမ်ပေါင်လဲ့က ထိုမြင်ကွင်းကို မြင်သည့်အခါ တုန်လှုပ်သွားမိသည်။ သူ့အနေနှင့် ဝေ့ယန်ကျစ် မသေဆုံးခင် အပြုံးကို မြင်လိုက်ရသည်။ လက်တွေ့တွင် သူက ထိုအပြုံး မမြင်လိုက်ရလျှင်ပင် သူ့စိတ်နှလုံးသားထဲ သံသယတချို့ ကျန်ရှိနေသေးသည်။

ဤသည်က ဝေ့ယန်ကျစ်သည် အစမှအဆုံးအထိ ချောချောမွေ့မွေ့ သေဆုံးသွားခဲ့လေသည်။

ဤထဲတွင် လှည့်ကွက်တချို့ ရှိနေဟန်ပေါ်သော်လည်း လက်တွေ့တွင် တစ်ဖက်လူက ပူးပေါင်းနေသလိုမျိုး ဖြစ်နေသည်။ ထိုခံစားချက်က ဝမ်ပေါင်လဲ့၏ စိတ်ထဲ ပိုမိုကြီးမားလာ၏။

“ကိစ္စမရှိဘူး။ ငါ သူ့အစီအစဉ်ကို ခန့်မှန်းပြီးသွားပြီ။ ဒါက သူ့လှည့်ကွက်ပဲ။ ဒါက ငါ အချိန်တော်ကြာ စောင့်ဆိုင်းနေခဲ့ရတဲ့အရာပဲ။ ငါ့ရဲ့ တာအိုက ဘာလဲဆိုတာ သိချင်တယ်။ ပေါင်လဲ့ မင်းကိုယ်မင်း ဂရုစိုက်”

ချန်ရှင်းက ဝမ်ပေါင်လဲ့ထံ နွေးထွေးစွာ ပြုံးရင်း ပြောလိုက်သည်။ သူက ညာဘက်လက်ကို မြှောက်ပြီး အသာဝှေ့ယမ်းလိုက်သည့်အချိန် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို အနက်ရောင်ငါးလေးက ပါးစပ်ကို ကျယ်ကျယ်ဟပြီး ဝါးမျိုလိုက်တော့သည်။

စည်းမျဥ်းဥပဒေသ ကြိုးမျှင်အားလုံးက သူ့ပါးစပ်ထဲ အသံကျယ်ကြီးနှင့်အတူ ဝင်ရောက်သွားလေ၏။

All Chapters