အပိုင်း (၄၄၃) – အပြစ်အတွက် ဂုဏ်ကိုစွန့်လွှတ်ခြင်း
Vol. 005 Ch. 443
“ကျွတ် ကျွတ်.. ရေကန်အသင့် ကြာအသင့်ပဲ” ကျောင်ရှုယုသည် ရှီမာယူယူအား သားရည်ကျမတတ် စိုက်ကြည့်နေသည်။
“အဟွတ်” ဆိုင်ရှင်သည် ခေါင်းဟန့်ကာ ပါးစပ်ဖြင့် လက်ကိုကွယ်ကာ တိုးညင်းစွာပြောလေသည် “ဒါက နာမည်ကြီး ကျောင်ရှုယုပဲ၊ သူမ စိတ်ဝင်စားတဲ့ ယောက်ျားမှန်သမျှ အဆုံးသတ်မကောင်းဘူး”
“ကျောင်ရှုယုလား” ရှီမာယူယူသည် နာမည်ကို နားထောင်ပြီးနောက် သူမကိုကြည့်လိုက်ရာ ကျောင်ရှုရန်နှင့် တော်တော်များများ ဆင်သည်ကို သိလိုက်သည်။
“အိမ်တော်ခေါင်းဆောင်ရဲ့ နာမည်ကို အကျယ်ကြီးခေါ်ရဲတယ် မင်းကများ” အရိုက်ခံထားရသော လူ သည် စောတကတက်လေသည်။ ကျောင်ရှုယုသည် သူ့အား ပါးစပ်ပိတ်ရန် လက်ရမ်းပြလိုက်သည်။ သူမသည် ရှီမာယူယူအားကြည့်ပြီး သွားဖြဲကာ ပြောလိုက်သည် “ရှင်က ကျွန်မကိုသိတာလား”
“ကျောင်ရှုရန်နဲ့ ဘာတော်တာလဲ” ရှီမာယူယူမေးလိုက်သည်။
“ကျွန်မအစ်ကိုပါ” ကျောင်ရှုယုပြုံးပြီးပြောလိုက်သည် “အဲတော့ ရှင်က ကျွန်မအစ်ကိုကိုသိတယ်ပေါ့ ကျွန်မတို့ရေစက်ပါတယ်နဲ့တူတယ်”
ရှီမာယူယူသည် စိတ်ထဲမှ ဆွံ့အသွားလေသည်။ သူမက ရေစက်ဆိုသည်ကို ယုံတာလား။ သူမ မမှားပေ သို့သော် သူမသည် သူမအစ်ကိုကိုသတ်ပြီးဖြစ်ကာ သတ်လိုက်ပြီဟု ပြောရန်ဆုံးဖြတ်ထားသည်။
“ငါ မင်းနဲ့ ရေစက်မဆုံချင်ဘူး”
“ဘယ်လိုဖြစ်ပြီးတော့လဲ” ကျောင်ရှုရန်သည် ရှီမာယူယူအား ဒေါသဖြင့် ကြည့်လိုက်လေသည်။ “ကျွန်မ ရှင့်ကို မျက်စိကျနေပြီ ပြီးတော့ ရှင့်ကို ကျွန်မရဲ့ ၈ယောက်မြောက် အမျိုးသားအနေနဲ့ အိမ်ခေါ်သွားပေးမယ်၊ ဒီလို ရေစက်မရှိဘူးဆိုရင် ကျွန်မတို့ တွေ့စရာအကြောင်းမရှိဘူးလေ” ထိုကျောင်ရှုယုသည် လှပပြီး ကျက်သရေ ရှိ သည်။ သူမ ဒေါသထွက်နေသည့် အခြေအနေမှာပင် ဆွဲဆောင်မှုရှိသည်။
ထိုနေ့က သူမ အိမ်တော်သို့ ပြန်လာချိန်တွင် သူမ အစေခံများသည် အရိုက်ခံထားရသည်ကို တွေ့ခဲ့ ရသည်။ သူမသည် သူတို့အား ဆူပူကြိမ်းမောင်းချင်သော်လည်း အသုံးမဝင်သည်ကို သိသည်။ ထို့ကြောင့် ရှီမာယူယူနှင့် အဖွဲ့ကို လူလွှတ်ပြီး ဖြေရှင်းရန် ပြင်ဆင်ခဲ့သည်။ သို့သော် ထိုအဖွဲ့တွင် ချောမောသော လူငယ်တစ်ယောက်ပါ သည်ဟု ကြားပြီးနောက်တွင် သူမပါ ဝင်ပါပြီး ကိုယ်တိုင်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ သူမ မြင်မြင်ချင်းပင် ထိုလူအား နှစ်သက်သွားမည်ဟု ထင်မထားခဲ့ပေ။
ရှီမာယူယူ ထိုစကားများကြားသောအခါ “၈ယောက်မြောက် အမျိုးသား” သူမ အော်ကလီဆန်လာကာ ပြောလိုက်သည် “ငါက မင်းလို အဘွားကြီးကိုမကြိုက်ဘူး”
အဘွားကြီးဟုတ်လား။ ကျောင်ရှုယု မျက်နှာပျက်သွားသည်။ သူမသည် အသက် ၃၀အရွယ်ထက်ပင် ကြီးသည်ဟု မထင်ရပေ။ သူမသည် အင်အား ကြာရှည်ကြီးထွားရန် လိုသည့်အတွက် နုပျိုခြင်းကို လက်လျော့ ခဲ့သည်။ ထို့အပြင် သူမသည် သူမအား အိုမင်းသည်ဟု ပြောလာသည်ကို အလွန်မုန်းတီးသည်။
“အပြစ်ပေးတာကို ရှောင်ဖို့ ဂုဏ်ကိုတော့ စွန့်လွှတ်လိုက်ပါ” ကျောင်ရှုယု ပြောလိုက်သည် “ရှင့်လို ကောင်းကင်ကျားအိမ်တော်ကို ဆန့်ကျင်တဲ့သူတွေကို ကျွန်မက သေချာပေါက် အပြစ်ပေးတတ်တယ်၊ ရှင် ကိုယ့် အနာဂတ်ကိုမတွေးရင်တောင် ရှင့်အဖွဲ့အတွက် စဉ်းစားပေးသင့်တယ်၊ ရှင့်ကိုယ်ရှင် အနစ်နာခံလိုက်ရင် သူတို့ ကို လွှတ်ပေးမယ်၊ ဒီအပေးအယူက မဆိုးဘူးလို့ထင်ပါတယ်”
“ငါ ဂုဏ်မလိုဘူး၊ ပြီးတော့ အပြစ်ပေးတာလည်း မခံဘူး၊ မင်းတို့ ကောင်းကင်ကျားအိမ်တော် အရှက်တကွဲမဖြစ်ချင်ရင် မင်းတို့အဖွဲ့ ကိုယ့်ဘာသာ နောက်ဆုတ်တာ ကောင်းလိမ့်မယ်” ရှီမာယူယူသည် ကောင်းကင်ကျားအိမ်တော်အား မကြောက်ပဲ အေးဆေးစွာ ပြောလေသည်။
“ဒီမောက်မာတဲ့ကောင်တော့” ကျောင်ရှုယန်သည် ထိုကဲ့သို့ အပြုအမူမျိုးနှင့်လူကို မတွေ့ဖူး သောကြောင့် ဆဲဆိုလိုက်သည် “ကိုယ့်လူတွေ ဖမ်းလိုက်ကြ ပြီးတာနဲ့ ဒီကရှိတဲ့ သူ့အဖွဲ့ကိုလည်း ဖမ်းလာ ခဲ့လိုက်တော့”
“ဟုတ်ကဲ့ပါ အိမ်တော်ခေါင်းဆောင်” ကိုယ်ရံတော် ၂ယောက်သည် ကျောင်ရှုယုနောက်မှ ထွက်လာ သည်။
“အိုး ထပ်ဖြစ်ပြန်ပြီ ဒီပွဲကြောင့် ပျက်သွားတာတွေ အလျော်တောင်းရမယ်” ဆိုင်ရှင်သည် သူတို့ကြားမှ အဖြစ်အပျက်များကို သက်ပြင်းချပြီး အပြင်သို့ ထွက်ပြေးသွားလေသည်။
ရှီမာယူယူသည် တည်းခိုဆောင်ပိုင်ရှင်အား ကြည့်လိုက်သည်။ သူက ကြောက်နေသည့်ပုံမပေါ်သည်ကို သူမ သတိထားမိသည်။ သူက စိတ်လှုပ်ရှားနေတဲ့ပုံတောင် ပေါ်နေသေး။ အရင်တစ်ခေါက်ပွဲတုန်းကလည်း ဒီလို ပဲ ပြေးသွားတာလား။
“ယူယူ” ရှီမာယူလင်းနှင့် ဘေဂုံထန်တို့သည် အပေါ်ထပ်မှ ပြေးဆင်းလာကြကာ ရှီမာယူယူဘေးရပ် လိုက်ကြပြီး ကောင်းကင်ကျားအိမ်တော်နှင့် ရင်ဆိုင်လိုက်သည်။ ရှီမာယူလင်းအား မြင်သောအခါ ကျောင်ရှုယု ၏ မျက်လုံးများ အရောင်တောက်လာပြန်သည်။ ဒီကောင်လေးကလည်း ချောတာပဲ။ သို့သော် ဘေဂုံထန်အား မြင်လိုက်သောအခါ သူမ မျက်နှာပျက်သွားပြီး သူမအား ညွှန်ပြကာပြောလိုက်သည် “ယောက်ျားနှစ်ယောက်ကို ဖမ်းပြီး ကောင်မလေးကို သတ်ပစ်လိုက်”
“အိမ်တော်ခေါင်းဆောင် ဒီကောင်မလေးက လှတယ် ကျွန်တော်တို့ ညီအစ်ကိုတွေကို ပေးရင် ဘယ်လိုလဲ” တဏှာအတွေးရှိသော ကိုယ်ရံတော်က ပြောလိုက်သည်။
“ရတာပေါ့ ဒါပေမဲ့ မင်းတို့ ကိစ္စပြီးရင် သူမ မျက်နှာကိုဖျက်ဆီးပစ်ရမယ်၊ သူမမျက်နှာကို မကြိုက် ဘူး” ကျောင်ရှုယု ပြောလိုက်သည်။
“သဘောထားကြီးတဲ့အတွက် ကျေးဇူးတင်ပါတယ် အိမ်တော်ခေါင်းဆောင်” တဏှာအတွေးရှိသော ဝံပုလွေအုပ်စုသည် သူမအနောက်မှ ပြုံးကာ ဘေဂုံထန်အား ကိုက်ဖြတ်မည့်သဘောနှင့် ကြည့်လိုက်သည်။
ဝေကျိရွှီသည် အပေါ်မှဆင်းလာကာ ကောင်းကင်ကျားအိမ်တော်မှ လူများပြောသည်ကို ကြားသော အခါ ဒေါသထွက်လေသည်။ သူ့မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နေလေသည်။
ရှီမာယူယူသည် အေးစက်စွာရယ်မောကာ ပြောလိုက်သည် “မင်းတို့က သွေးအတူတူပဲလို့ မပြောရဘူး အော်ကလီဆန်စရာတွေချည်းပဲ”
“ငါအဲလူတွေကို သတ်ပစ်လို့ရလား” ဖက်တီးကျူ မေးလိုက်သည်။ ရှီမာယူယူနှင့် ဘေဂုံထန်သည် သူတို့ ၏ နတ်သမီးဖြစ်သည်။ သူတို့သည် ဒီလို နတ်သမီးကို ဒီလိုသိက္ခာချတာမျိုး သည်းမခံနိုင်ပေ။
“ရတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“အိုခေ” ရှီမာယူယူ၏ ခွင့်ပြုချက်ရသည်နှင့် ဖက်တီးကျူသည် လက်သီးဆုပ်ကာ ကောင်းကင်ကျား အိမ်တော်လူများဆီသို့ သွားကာ လှုပ်ရှားတော့သည်။ တုလေးသည်လည်း ဒေါသထွက်ကာ သူ့မျက်လုံးသည် ရန်သူကို စိုက်ကြည့်နေလေသည်။ သူသည် ငယ်ရွယ်သော်လည်း သွေးကြောထဲတွင် ဝိညာဉ်သားရဲသွေးသည် စီးဆင်းနေသေးကာ သူ့ကို အထင်သေး၍မရပေ။
“ခင်ဗျားတို့ ငါ့အစ်မကို ထိတာနဲ့ နောင်တရသွားစေရမယ်”
“မင်းက င့ါညီလုပ်ချင်လို့လား”
“ငါ မင်းကိုသတ်မယ်”
တုလေးသည် ကျိန်ဆဲကာ တစ်ယောက်ကို သတိမေ့လောက်အောင် ရိုက်ပြီးနောက် နောက် ပစ်မှတ် တစ်ခုကို ပြောင်းလေသည်။ ကောင်းကင်ကျားအိမ်တော်မှလူများသည် သူတို့ ပြိုင်ဘက်မှာ အားမနည်းသည်ကို သိပြီးသည်နှင့် နိုင်ရန်အခွင့်အရေးနည်းသောကြောင့် ထွက်ပြေးရန်ပြင်တော့သည်။ ရှီမာယူလင်း နောက်မှ လိုက် လေသည်။ လမ်းသွားလမ်းလာများသည် ရှောင်သွားကြကာ ဝင်မပါကြပေ။ ရှီမာယူယူသည် ကျောင်ရှုယုကို ဦး တည်လိုက်သည်။ သို့သော် သူတို့သည် လေတွင် တိုက်ရန် မဖြစ်သဖြင့် လမ်းပေါ်တွင် တိုက်ကြသည်။
ရှီမာယူယူသည် အံ့ဖွယ်အဆင့်တက်ပြီးနောက်တွင် တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ရခြင်းမှာ ပထမ ဆုံး အကြိမ်ဖြစ်လေသည်။ ကျောင်ရှုရန်နှင့် တိုက်ခိုက်စဉ်က တခြားသူများလည်းရှိနေသဖြင့် ကျောင်ရှုယုကဲ့သို့ တစ်ယောက်ချင်း တိုက်ပွဲမဟုတ်ပေ။ ကျောင်ရှုယုသည် အစကတည်းကပင် အံ့ဖွယ်ဘုရင်အထွဋ်အထိပ် အဆင့် ဖြစ်ကာ ရှီမာယူယူထက်ပင် အဆင့်အနည်းငယ်မြင့်သည်။ သို့သော် သူမသည် တိုက်ခိုက်ခြင်းထက် အချစ်ရေး ကို ပိုစိတ်ဝင်စားသဖြင့် သန်မာသော တိုက်ခိုက်သူမဟုတ်ပေ။ ကျောင်ရှုယုသည် ကြာပွတ်ကို ရမ်းလိုက်သည်။ ထိုကြာပွတ်သည် သူတော်စင် ရှေးဟောင်းပစ္စည်းဖြစ်ကာ အံ့ဖွယ်အဆင့်ရောက်တော့မည့် ပစ္စည်းဖြစ်ကြောင်းကို ရှီမာယူယူ သတိထားမိသည်။ သူမ တိုက်ခိုက်ပါက နှစ်ဆဖြစ်သွားနိုင်သည်။
ရွှတ်..
ကျောင်ရှုယုသည် ဝိညာဉ်စွမ်းအင်ပါသော ကြာပွတ်ဖြင့် ရိုက်လိုက်ရာ လေတွင် အသံများထွက်ပေါ် သွား လေသည်။ ရှီမာယူယူသည် ကြာပွတ်နှင့် မထိလိုသဖြင့် ဘေးသို့လှိမ့်ကာ ရှောင်လိုက်သည်။ တစ်ချိန်တည်းမှာ ပင် သူမသည် လင်းလုံအား ဝိညာဉ်စေတီအတွင်းတွင် ကြာပွတ်အဖြစ်ပြောင်းလိုက်သည်။ ရှီမာယူယူသည် သူမ ကြာပွတ်အား ရှောင်နိုင်လောက်အောင် လှုပ်ရှားမှု မြန်ဆန်သည်ကို ကျောင်ရှုယုမြင်လိုက်ရသည်။ သူမသည် ကြာပွတ်အား တဖျပ်ဖျပ်ဝေ့ရမ်းကာ သူမနောက်လိုက်လေသည်။
ရှီမာယူယူသည် အာရုံစူးစိုက်ကာ ကြာပွတ်သူမနောက်လိုက်လာသည်ကို တွေ့သည်နှင့် နံရံများအပေါ် ပြေးတက်ကာ ကြာပွတ်ကို ရှောင်လိုက်လေသည်။
“မင်းက ကြာပွတ်နဲ့ ရမ်းဖို့ပဲသိတာလား” သူမ ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် ကြာပွတ်အသွင်ပြောင်းထားသော လင်းလုံ အားခေါ်ထုတ်ကာ ကျောင်ရှုယု၏ ကြာပွတ်အား ရစ်ပတ်လိုက်သည်။ ရှီမာယူယူသည် အံ့ဖွယ်အဆင့်တက်ပြီးနောက် သူမ၏ ဝိညာဉ်ရှေးဟောင်းပစ္စည်းများလည်း ပိုအားကောင်းလာ သည်ကို သတိထားမိလာသည်။ သူတို့အား အသုံးပြုချိန်တွင် ၂ဆ ၃ဆ အားကောင်းလာခဲ့သည်။ လင်းလုံအား ဝိညာဉ်လက်နက်အဖြစ် အသုံးပြုခြင်းမှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ အရင်က အိုးများ ဒယ်ပြားများ တူများ တူရွင်းများအဖြစ်ပြောင်းခဲ့သည်။ အခုတော့ အားလုံးထင်ထားသည့် ဒယ်ပြားထက်ပို အများကြီးပိုကောင်းတဲ့ ပုံစံ ဖြစ်သွားသည်။