← Chapters

အပိုင်း (၄၄၄) – အဲဒီတော့

Vol. 005 Ch. 444

အပိုင်း (၄၄၄) – အဲဒီတော့

Vol. 005 Ch. 444

ရှီမာယူယူတွင် သူမကြာပွတ်ကဲ့သို့ စွမ်းအားကောင်းသော ကြာပွတ်ရှိလိမ့်မည်ဟု ကျောင်ရှုယု ထင် မထားပေ။ သူမ လှုပ်ရန်ကြိုးစားသော်လည်း သူမ ကြာပွတ်သည် ရှီမာယူယူ၏ ကြာပွတ်နှင့် ချုပ်မိပြီးသား ဖြစ်  လေသည်။ သူတို့နှစ်ယောက်သည် ထိုအနေအထားအတိုင်း ရပ်နေလေသည်။

“မင်းလို ငယ်သေးတဲ့သူက ထင်ထားတာထက် သန်မာလိမ့်မယ်လို့ မထင်မိဘူး” ကျောင်ရှုရန် ပြော လိုက်သည် “ဒါပေမဲ့ မင်းကြာပွတ်ကို ဘယ်လောက်ကျွမ်းကျွမ်းကျင်ကျင် ကိုင်နိုင်လဲဆိုတာ မသိနိုင်သေးဘူး  လေ”

ပြောပြီးနောက်တွင် သူမသည် အားထည့်ကာ သူမ ကြာပွတ်အား လှုပ်ရှားလိုက်ပြီး ရှီမာယူယူ၏ ကြာပွတ်နှင့် ကွဲသွားအောင်လုပ်လိုက်လေသည်။ သူမသည် ကြာပွတ်အား ထပ်မံဝေ့ရမ်းလိုက်ရာ ကြာပွတ်သည် အသက်ဝင်သွားကာ ရှီမာယူယူဆီသို့ သွားလေသည်။

ကျောင်ရှုယုသည် ကြာပွတ်အား ထိန်းချုပ်ရာတွင် ကျွမ်းကျင်မှုရှိသည်ကိုတော့ ရှီမာယူယူ အသိအမှတ်  ပြုသည်။ သူမသည် ပြိုင်ဘက်အား ကြာပွတ်မှ ရှောင်ရှားခြင်းမပြုနိုင်ရန် နည်းစနစ်သုံးနိုင်ပြီး  ခြိမ်းခြောက်မှုပင်  ပြုလုပ်နိုင်သည်။ သို့သော် သူမ ကြာပွတ်သည်လည်း နောက်ကျမနေပါ။ သူမသည် ကြာပွတ်အသုံးပြုနည်းအား စနစ်တကျမလေ့လာထားသော်လည်း သူမ ယုံကြည်ချက်ရှိသော အချက်မှာ လင်းလုံသည် ရှေးဟောင်းပစ္စည်း  ဖြစ်ကာ ဝိညာဉ်စွမ်းရည်ရှိခြင်းဖြစ်သည်။ သူမသည် လိုသလို ဆန့်နိုင်သည့် အားသာချက်ရှိသည်။ လင်းလုံသည် ဝိညာဉ်စွမ်းအင်ပြောင်းကာ ရှီမာယူယူသည် ကျောင်ရှုယု၏ တိုက်ခိုက်မှု၏ ချွတ်ယွင်းချက်ကို တိုက်လိုက်ရာ သူမ  နောက်ဆုံးတိုက်ခိုက်ချက်ကို မတိုက်လိုက်ရပဲနှင့် ပွဲတစ်ခုလုံးသည် ရှုပ်သွားလေသည်။

“အာ” ကျောင်ရှုယသည် ကြာပွတ်နှင့် အရိုက်ခံလိုက်ရသဖြင့် သူမ ဝတ်စုံပြဲသွားလေသည်။ ခဏအကြာ တွင် သွေးများစီးကျလာသည်။ သာမန်ကြာပွတ်သာဆိုလျှင် ထိုကဲ့သို့ ဖြစ်မည်မဟုတ်ပေ။

နောက်တစ်ချက်ရိုက်လိုက်သောအခါ ကျောင်ရှုယု၏ အဝတ်သည် နောက်ကျောတစ်ပြင်လုံးပေါ်သွား  အောင် ပြဲသွားလေသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ” ကျောင်ရှုယုသည် နှစ်ကြိမ်အတိုက်ခံပြီးနောက်တွင် အံ့သြသွားလေသည်။ သူမ ကြာပွတ်စွမ်းရည်သည် သူမ ကြုံဖူးသမျှတွင် အကောင်းဆုံးဖြစ်သည်။ သူမ ပြိုင်ဘက်အား မရိုက်ခင်မှာပင် သူမ အရိုက်ခံလိုက်ရသည်။ ရှီမာယူယူ၏ ကြာပွတ်သည် ကျပန်းရိုက်နေသည်ကို မြင်လိုက်သဖြင့် နည်းစနစ်မကျ သည်ကိုတွေ့လိုက်ရသည်။ သို့သော် ကြာပွတ်သည် အလွန် နီးကပ်စွာတိုက်ခိုက်လာသဖြင့် ရှောင်ရန် မဖြစ်နိုင် ခဲ့ပေ။

“မင်းအစ်ကိုက အခုဘယ်မှာလဲဆိုတာ သိလား” ရှီမာယူယူ ရုတ်တရက်မေးလိုက်သည်။

ထိုမေးခွန်းအား ကြားလိုက်ချိန်တွင် ကျောင်ရှုယု အေးခဲသွားသည်။ အရင်ရက်များတွင် သူမသည် ကိစ္စ တစ်ခုဆွေးနွေးရန် ရှာခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။ သူမ အစေခံများလွှတ်ပြီး ရှာသော်လည်း အသုံးမဝင် ခဲ့ပေ။

“ကျွန်မအစ်ကိုအကြောင်းကို သိတာလား”

“သိတာပေါ့” ရှီမာယူယူ နတ်ဆိုးသဖွယ်ပြုံးလိုက်သည် “ဘာလို့လဲဆိုတော့ မင်းရဲ့ အစ်ကိုက သူ့ရဲ့ နောက်ဆုံးအချိန်တွေကို ငါနဲ့ အတူကုန်ဆုံးသွားတာ”

ကျောင်ရှုယုသည် အလွန်စိတ်လှုပ်ရှားသွားသည်။ သူမသည် ရှီမာယူယူအား ကြာပွတ်ဖြင့် ရိုက်ကာ  အော်လိုက်သည် “ရှင် ကျွန်မအစ်ကိုကို ဘာလုပ်လိုက်တာလဲ”

“သတ်လိုက်ပြီ” ရှီမာယူယူသည် ထိုစကားလုံးများကို သူမအတွက် သာမန်ကိစ္စကဲ့သို့အလေးအနက် မထားပဲ ပြောလိုက်သည်။

“ရှင်က ကျွန်မအစ်ကိုကို သတ်လိုက်တာလား” ကျောင်ရှုယု စိတ်လွတ်သွားသည် “ကျွန်မက ရှင့်ကို ကစားစရာလို သိမ်းထားချင်တာ ဒါပေမဲ့ ရှင်က ကျွန်မအစ်ကိုကို သတ်လိုက်တယ်ဆိုတော့ ရှင့်ကို သတ်တော့ မယ်” ထိုသို့ပြောပြီးနောက် သူမ ကြာပွတ်အား ဝေ့ရမ်းလိုက်ရာ အရင်ကထက်ပင် အရှိန်ပါလေသည်။ ကြာပွတ် တွင် ဝိညာဉ်စွမ်းရည်ပိုထည့်လိုက်ရာ အရင်ကထက် အန္တရာယ်ပိုကြီးသွားလေသည်။ ရှီမာယူယူတွင်လည်း လင်းလုံ၏ အမြန်ဆုံးအရှိန်နှုန်းရှိသောကြောင့် မြန်လွန်းသဖြင့် ဘေးမှကြည့်နေသော လူများသည် သူတို့ ဘာလုပ်နေသည်ကိုပင် မမြင်ရတော့ပေ။

အချီအနည်းငယ်တိုက်ပြီးသောအခါ ကျောင်ရှုယုနှင့် ရှီမာယူယူတို့သည် မြေပေါ်သို့ ကျသွားလေသည်။

“ထွီ..” ကျောင်ရှုယုသည် သွေးများအန်ထုတ်ကာ မြေပေါ်တွင် လဲသွားပြီး အသက်ရှုနိုင်သလောက် ရှု  နေလေသည်။

ရှီမာယူယူ သူမဘေးလျှောက်လာကာ ပြောလိုက်သည် “မင်း တခြားသူတွေကို ဘယ်လောက် ပြဿနာ ရှာရှာ ငါဂရုမစိုက်ဘူး၊ ဒါပေမဲ့ ငါတို့ကိုတော့ လာမထိနဲ့” ထိုသို့ပြောပြီးနောက် သူမ မီးတောက်ထုတ်ကာ ကျောင် ရှုယုအား မီးနှင့် မြှိုက်လိုက်လေသည်။

“သူ အိမ်တော်ခေါင်းဆောင်ကျောင်ကို သတ်လိုက်ပြီလား”

“သူ..သူ့ကို ကောင်းကင်ကျားအိမ်တော်က လက်စားချေမှာမကြောက်ဘူးလား”

“သူက ငယ်သေးတာကို ဒီလောက်အားကောင်းတယ်”

“သူ့ နောက်လိုက်တွေလည်း အဲလိုပဲ ကောင်းကင်ကျားအိမ်တော် လာတာကို မြင်လိုက်ရမှာမဟုတ်ဘူး”

“သူက ဘယ်သူလဲ၊ သေချာပေါက်ငယ်သေးတာကို တိုက်ရည်ခိုက်ရည် ကောင်းလိုက်တာ”

“ဒါပြီးရင် သူတို့ဘာဖြစ်မလဲဆိုတာ သိချင်လာပြီ ကောင်းကင်ကျားအိမ်တော်က ဒီကိစ္စကို ဒီအတိုင်း  ကျော်သွားမှာမဟုတ်ဘူး”

“ဟုတ်တယ်၊ သူတို့က အဲဒါကို ရင်ဆိုင်ရလောက်အောင် အားကောင်းတာလား မဟုတ်ရင် အကြောက် တရားမရှိတာလားပဲ”

“သူတို့ အားကောင်းတာ ဖြစ်လောက်တယ်”

“ဒါပေမဲ့ သူတို့က ကောင်းကင်ကျားအိမ်တော်လောက်ကို အားကောင်းပါ့မလား”

ဆိုင်ရှင်သည် လူအုပ်ကြီးကိုတွေ့ပြီး သူတို့ပြောသမျှကို နားစွင့်နေလေသည်။ သူလှည့်လာကာ လေသံ  ဖြင့်ပြောလိုက်လေသည်။ “ဒီမှာ ဒီမှာ လောင်းကြေးထပ်မလား၊ ကျွန်တော် ဒိုင်လုပ်မယ် ဒီအဖွဲ့ရဲ့ နောက် ဆုံး ရလဒ်ကို လောင်းကြမယ် သူတို့ ကောင်းကင်ကျားအိမ်တော်ရဲ့ အသတ်ခံရရင် တစ်ဆယ်နိုင်မယ်၊ သူတို့  နောက်ဆုံးအထိ အဆင်ပြေတယ်ဆိုရင်  ငါးဆယ်အနိုင်၊ သူတို့ကောင်းကင်ကျားအိမ်တော်ကို ဖျက်ဆီးနိုင်တယ် ဆိုရင် တစ်ရာအနိုင်. ဘယ်လိုလဲ၊ လောင်းချင်တဲ့သူရှိလား”

“တကယ်ကြီးလား”

“တကယ်ပြောတာပေါ့” ဆိုင်ရှင်သည် ပြောလေသည် “ကျွန်တော် ပြန်ရောက်ရင် လောင်းကြေးအတွက် တဲလုပ်ထားတယ်၊ ခင်ဗျားတို့ လောင်းချင်ရင် လာပြီးလောင်းလိုက်ကြ”

“ဟီးဟီး မဟာမြို့မှာ စိတ်လှုပ်ရှားစရာမရှိတာ ကြာနေပြီ”

“ဒီလောင်းကြေးက အရှုံးမရှိဘူး၊ ဒါပြီးရင် သွားလောင်းကြတာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် နိုင်မှာသေချာ  နေတာပဲ”

“သွားကြမယ်”

သူတို့သည် ရလဒ်အား လောင်းကြေးထပ်ရန် ဆွေးနွေးနေချိန်တွင် ရှီမာယူယူတို့ အဖွဲ့သည်  ကောင်းကင်ကျားအိမ်တော် အဖွဲ့တစ်ဖွဲ့လုံးကို ရှင်းလိုက်ကြလေသည်။ အားလုံးသည် အားနည်းကြသဖြင့် မြေပေါ်တွင် လဲကျသေဆုံးနေသည်ကို မြင်လိုက်ရသည်။ မြို့ခံလူများသည် လောင်းကြေးထပ်နေသည်ကို ကြား  သောအခါ ရှီမာယူယူ ပြုံးမိသွားသည်။ သူ့အဆောက်အဦး ပြိုကျသွားလို့ ရှုပ်သွားမှာကို မကြောက်တဲ့အပြင်  လောင်းကြေးထပ်နေလိုက်သေးတယ်။

“ဆိုင်ရှင် ကျွန်တော်ပြောမယ် ခင်ဗျားက ကျွန်တော်တို့ အသက်နဲ့ လောင်းကြေးထပ်နေတာဆိုတော့ ကျွန်တော်တို့လည်း ဝေစုရသင့်တယ် မထင်ဘူးလား”

ဆိုင်ရှင်သည် ရှီမာယူယူအား ပြုံးပြီး ကြည့်ကာ ပြောလိုက်သည် “ကောင်းပြီ မင်းတို့ အသက်ရှင်နိုင်မယ် ဆိုရင် မင်းတို့ကို တချို့တစ်ဝက်ပေးမယ်”

ရှီမာယူယူသည် ဘာမှမပြန်မပြောပေ။ သူမသည် ရှီမာယူလီနှင့် တခြားသူများ အလောင်းများကို ရှင်းပြီး သည်အထိ စောင့်ပြီး တည်းခိုဆောင်သို့ ပြန်လေသည်။

“သူ ဒီအတိုင်းပဲပြန်သွားတာလား” လူအုပ်သည် သူ အေးအေးဆေးဆေး ပြန်သွားသည်ကို ကြည့်ပြီး အံ့သြလေသည်။ သူက ကိစ္စတစ်ခုလုံးကို စိတ်မပူဘူးလား။

အခုကို မစိုးရိမ်ရင်တောင် ကောင်းကင်ကျားအိမ်တော်က မကြာခင်ကို လက်စားချေတော့မှာလေ၊ အခုဆိုကြောက်ရတော့မှာ။

ဆိုင်ရှင်တစ်ယောက်သာ ရှီမာယူယူလျှောက်သွားသည်ကို ပြုံးပြီးကြည့်နေလေသည်။ သူ့အစေခံသည် ဆွံ့အစွာ ကြည့်နေသည်ကို မြင်သောအခါ သူ့ခေါင်းကို ရိုက်လိုက်ပြီး ပြောလိုက်သည် “ဘာလို့ ဒီမှာ ရပ်နေတာ လဲ လောင်းကြေးအတွက် တဲတစ်ခုသွားပြင်တော့”

“သြော် ဟုတ်ကဲ့ အခုသွားပါပြီ ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ” အစေခံသည် တုန်ယင်စွာဖြင့် တည်းခိုဆောင်သို့ ပြန်လေသည်။ သူသည် သင်ပုန်းထုတ်ကာ လောင်းကြေးနှုန်းတွေကို ချရေးပြီး စားပွဲတွင် တင်ကာ လောင်းကစားအတွက် ပြင်လိုက်သည်။

ကောင်းကင်ကျားအိမ်တော်၏ ခေါင်းဆောင်အသတ်ခံရသော သတင်းမှာ မဟာမြို့တွင် လျင်မြန်စွာ ပျံ့နှံ့သွားလေသ်ည။ အစတွင် လူများသည် နောက်စရာသဖွယ်ဟု ထင်မှတ်ကာ မယုံကြပေ။ သို့သော် သတင်းမှာ ပျံ့ပျံ့သွားကာ လောင်းကြေးများလည်း ပါဝင်လာသဖြင့် လူများသည် ယုံကြည်လာကာ လောင်းကြေးထပ်ကြ  လေသည်။

ကောင်းကင်ကျားအိမ်တော်၏ အစည်းအဝေးခန်းမတွင် သတ်လတ်ပိုင်းအရွယ်လူကြီးသည် ထိပ်ဦး နေရာတွင်ထိုင်ကာ သတင်းယူလာသောလူအား ဒေါသတကြီးကြည့်ကာ ပြောလိုက်သည် “မင်းပြောတာ အမှန်ပဲလား”

“အိမ်တော်ဒုခေါင်းဆောင် အမှန်ပါနဲ့ အိမ်တော်ဒုခေါင်းဆောင်ကျောင်က အဲလူတွေရဲ့ အသတ်ခံလိုက် ရပါပြီ၊ ပြီးတော့ သူတို့က ခေါင်းဆောင်ကျောင်ကိုလည်း သတ်လိုက်တယ်လို့ကြားပါတယ်”

“ဘာပြောလိုက်တယ်”

All Chapters