အပိုင်း (၄၄၅) – ကောင်းကင်ကျားအိမ်တော်၏ အစီအစဉ်
Vol. 005 Ch. 445
ကျောင်ရှုရန်နှင့် ကျောင်ရှုယုတို့ နှစ်ယောက်လုံးသည် အိမ်တော်၏ ခေါင်းဆောင်များဖြစ်ကြကာ ကျောင်ရှုရန်သည် ခေါင်းဆောင်ဖြစ်ပြီး ကျောင်ရှုယုသည် ဒုခေါင်းဆောင်ဖြစ်သည်။
“အိမ်တော်ဒုခေါင်းဆောင် ကျွန်တော်တို့ အရင်ရက်ကတည်းက အိမ်တော်ခေါင်းဆောင် ကျောင်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့တာ၊ အိမ်တော်ဒုခေါင်းဆောင်ကျောင်ကို မသတ်ခင်ကို အဲဒီရှီမာယူယူက အိမ်တော် ခေါင်းဆောင်ကျောင်ကို သူသတ်တာလို့ ပြောသွားတယ်” အစေခံသည် မြေတွင် ဒူးထောက်ရင်း သတင်းပို့လေ သည်။
“သူတို့ရော ဘယ်မှာလဲ” အိမ်တော်ဒုခေါင်းဆောင် မေးမြန်းလိုက်သည်။
“သူတို့ ဧည့်သည်တည်းခိုဆောင်မှာပါ” အစောင့် ပြန်ဖြေလေသည်။
“ဧည့်သည် တည်းခိုဆောင်မှာ နားနေတယ်ဟုတ်လား” ကောင်းကင်ကျားအိမ်တော်မှ လူများသည် ဧည့်သည်တည်းခိုဆောင် ဟု ကြားလိုက်သောအခါတွင် မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့သည် ထိုနေရာ နှင့် မပတ်သတ်ချင်ကြပေ။
“သူတို့အားလုံးကို ဖမ်းဖို့ လူလွှတ်လိုက်” အိမ်တော်ဒုခေါင်းဆောင်သည် ဒေါသထွက်စွာ အမိန့်ပေး လိုက် လေသည်။
“အိမ်တော်ဒုခေါင်းဆောင်၊ ဒီအချိန်ကို မသွားသင့်ဘူးလို့ ထင်ပါတယ်” နေရာအနိမ့်တွင်ထိုင်နေသော လူတစ်ယောက်က ပြောလိုက်သည်။
“ဘာလို့လဲ” အိမ်တော်ဒုခေါင်းဆောင်သည် ထိုလူအား စိတ်ဆိုးစွာ ကြည့်လိုက်သည်။ သူသည် ကျေနပ် လောက်စေမည့် အကြောင်းပြချက်ကို မပေးနိုင်ပါက သူ့အားသေချာပေါက် ကြိမ်းမောင်းမည်။
ထိုလူသည် ဒေါသကို မကြောက်ပဲ ပြောလိုက်သည် “အဲလူတွေက အိမ်တော်ဒုခေါင်းဆောင်ကို လမ်းပေါ် မှာတင်သတ်ရဲတယ် ပြီးတော့ တွေဝေတာတောင် မရှိဘူးလေ၊ သူတို့က ဒုခေါင်းဆောင်ရဲ့ သရုပ်မှန်ကို သိတာတောင် ထိရဲတာကကျွန်တော်တို့ကို မကြောက်တဲ့ ယုံကြည် ချက်ရှိနေတာပဲ၊ ကျွန်တော်တို့သာ စိတ်လိုက် မာန်ပါလုက်လိုက်ရင် ပိုပြီး ဒုက္ခရောက်သွားနိုင်တယ်၊ သူတို့ရဲ့ သရုပ်မှန်နဲ့ နောက်ခံကို စုံစမ်းပြီးမှ ရှင်းလို့ရပါ တယ်၊ ကျွန်တော်ပြောတာကို စဉ်းစားကြည့်မယ်ဆိုရင် သူတို့ကို နောက်ကျမှ ဖမ်းလည်း နောက်မကျသေးပါဘူး”
သူပြောသည့်စကားကိုကြားပြီးနောက် မှန်ကန်သည်ကို သဘောတူလိုက်သည်။ သူ့စကားများသည် စီလျော်မှုရှိသည်။
“ဒုခေါင်းဆောင် ကျွန်တော်လည်း နယ်မြေခွဲခေါင်းဆောင်ဘိုင်ရဲ့ အကြံပေးတာကို သဘောတူပါတယ် အဲလူတွေက ကောင်းကင်ကျားဧရိယာမှာ ရုတ်တရက်ပေါ်လာပြီး ဒီကိစ္စတွေဖြစ်အောင် လုပ်လိုက်တာ၊ ကျွန်တော်တို့ တည်းခိုဆောင်ပိုင်ရှင် ချုံနဲ့ ဘာဖြစ်တယ်ဆိုတာ ပြန်ပြောရရင်…”
အရင်က သူတို့သည် တည်းခိုဆောင်ပိုင်ရှင်ချုံနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်က သူ သည် ငယ်ရွယ်သော တပည့်များကိုခေါ်လာကာ မဟာမြို့ကို ဝင်လာရာ သူတို့သည် ကာကွယ်ရေးအခကြေးငွေ ပေးဆောင်ရန် တောင်းရာ ငြင်းဆန်ခဲ့သည်။ သူသည်လည်း အရိုက်ခံရကာ သူ့အား ငွေတောင်းရန်လွှတ်လိုက် သော လူများသည် အရိုက်ခံရတော့သည်။ ထိုအချိန်မှစပြီး သူသည် ထိန်းချုပ်လို့မရသည့်သူ ဖြစ်သည်ကို သိ လိုက်ရသည်။ နောက်ဆုံးတွင် ကောင်းကင်ကျားအိမ်တော်မှ သူ့ကို သွားတောင်းပန်ကာ လျော်ကြေးအနေနှင့် ရတနာများပေးကာ ဖြေရှင်းရလေသည်။
ထို့နောက်တွင် ဆိုင်ရှင်ချူသည် မဟာမြို့တွင် တည်းခိုဆောင်တစ်ခု တည်ဆောက်ကာ ဧည့်သည် တည်းခိုဆောင်ဟု အမည်ပေးခဲ့သည်။ ထိုအချိန်မှစပြီး ထိုနေရာသည် မဟာမြို့၏ အထူးနေရာဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုနေရာသည် အိမ်တော်မှ လူများ ကာကွယ်ရေးအခကြေးငွေမကောက်ခံသော နေရာ ဖြစ်ခြင်းကြောင့်ပင်။
အဖြစ်အပျက်များမှာ ကြာလှပြီဖြစ်သော်လည်း အခုထပ်ဖြစ်လာပြန်သည်။ ဒီတစ်ကြိမ်တွင် သူတို့သည် သေချာစွာ ကိုင်တွယ်ဖြေရှင်းရမည်။
အိမ်တော်ဒုခေါင်းဆောင်သည်လည်း ထိုကဲ့သို့ စဉ်းစားမိသဖြင့် ပြောလိုက်သည် “အဲလိုဆိုမှတော့ သူတို့ လှုပ်ရှားမှုတွေ စုံစမ်းဖို့ ဧည့်သည်တည်းခိုဆောင်ကို လူလွှတ်လိုက်၊ ပြီးရင် သူတို့ နောက်ကြောင်းကို စစ်ဖို့ လူလွှတ်လိုက်”
“အရင်တစ်ခေါက်က ခေါင်းဆောင်ကျောင်က ကျောင်မိသားစုအိမ်တော်သွားရင်း ပျောက်သွားခဲ့တာ အဲဒီကိုလည်းလူလွှတ်ပြီး စုံစမ်းတာကောင်းမယ်ထင်တယ် သူတို့ တစ်ခုခုသိလာနိုင်တယ်”
“သွားတော့”
“ဟုတ်ကဲ့ပါ အိမ်တော်ဒုသခင်”
ရှီမာယူယူနှင့် တခြားသူများသည် ဧည့်သည်တည်းခိုဆောင်တွင် ဆက်လက် နားနေလေသည်။ အနား တွင်နေသော လူများသည် ကောင်းကင်ကျားအိမ်တော်မှ လူများ လူလွှတ်ပြီး ဖြေရှင်းမည်ဟု ထင်ထားခဲ့သည်။ သို့သော် ရက်အတော်ကြာသည်အထိ လှုပ်ရှားမှုမရှိသည်ကို တွေ့လိုက်ရသည်။ တည်းခိုဆောင်ပိုင်ရှင်သည် ငွေ စာရင်းပြုလုပ်တော့မှပင် သူ့တံခါးဝတွင် လူများဝိုင်းနေသည်ကို သတိထားမိတော့သည်။ သို့သော် သူ ပြုံးရုံပြုံး ကာ ဘာမှမပြောပေ။
ရှီမာယူယူနှင့် တခြားသူများသည် သူတို့ကို ဘယ်သူမှ လာမရှာသဖြင့် အံ့သြနေကြပြီး သံသယများ ကြီး ထွားလာခဲ့သည်။ သို့သော် ခဏအကြာတွင် အပြင်ဘက်အားကြည့်လိုက်ရာ ကောင်းကင်အိမ်တော်မှ လူလွှတ် ကာ သူတို့အား စောင့်ကြည့်ခိုင်းနေသည်ကို သိလိုက်ရသည်။ သို့သော် သူတို့သည် ကြောက်ရွံ့ခြင်းမရှိပဲ တည်းခိုဆောင်တွင်နေပြီး မိသွားမည်ကို စိုးသေးသောကြောင့် အပြင်မထွက်ကြပေ။
နောက် ၂ရက်အကြာတွင် ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် အောက်ဆင်းလာကာ ကောင်တာနားလာ ပြီး ပြုံးပြလေသည်။ သူတို့သည် ဆိုင်ရှင်ချူကို ကြည့်ပြီး ပြောလိုက်သည် “ဆိုင်ရှင်ချူကတော့ ခါတိုင်းထက် ပိုရှာ နိုင်တယ်ထင်တယ်”
ဆိုင်ရှင်ချူသည် ရှီမာယူယူ၏ မျက်နှာမှ အပြုံးကို မြင်သောအခါ ကောင်တာအောက်မှ ကျောက် များကို ကြည့်လိုက်သည်။ ပြောလိုက်သည် “သေတော့ မသေချာပါဘူး၊ မင်းတို့ကို ကောင်းကင်ကျားအိမ်တော်က သတ် သွားမယ်ဆိုရင် ငါ ဒီငွေတွေ အကုန်ရှုံးသွားမယ်လေ”
ထို့နောက်တွင် သူစာအုပ်ထုတ်ကာ ပြောလေသည် “ဒီစာအုပ်အထူကြီးကို ကြည့်လိုက်၊ အဲလူတွေ အကုန်လုံးက မင်းသေမှာကို လောင်းထားကြတာ” ရှီမာယူယူသည် စာအုပ်ကို ကိုင်ပြီး ကြည့်လိုက်သည်။ ကောင်းကင်ကျားအိမ်တော်က သူတို့ကို ဖျက်ဆီးနိုင်မည်ဟု လောင်းကြေးထပ်ထားသည်မှာ အနည်းဆုံး တစ်ထောင် တော့ရှိသည်။
ဆိုင်ရှင်ချူသည် နောက်စာအုပ်တစ်အုပ်ထုတ်ကာ ပြောလိုက်သည် “ဒါတွေက မင်း ဘေးကင်းမယ်ဆို ပြီးလောင်းထားကြတာ” ရှီမာယူယူသည် စာအုပ်ယူကာ လျင်မြန်စွာ ကြည့်လိုက်သည်။ ထိုခံစားချက်ရသူမှာ ရာဂဏန်းလောက်သာ ရှိသဖြင့် စာမျက်နှာအနည်းငယ်သာရှိသည်။
“နောက်ဆုံး ရလဒ်ကကျရော” သူမသည် နောက်ဆုံးရွေးချယ်မှုဖြစ်သော ကောင်းကင်ကျားအိမ်တော် အား သူတို့ဖျက်ဆီးပစ်မည်ဟူသော အချက်သည် စာအုပ်တွင်ရေးမထားသည်ကို တွေ့လိုက်သည်။
“အဲဒါအတွက် ဘယ်သူမှ မလောင်းကြဘူး” ဆိုင်ရှင်ချူ ပြောလိုက်သည်။ “ငါသာ ဒိုင်မဟုတ်ရင် အဲဒါကို ငါ လောင်းတယ်၊ ဒါပေမဲ့ ငါလောင်းလို့မရဘူးလေ ဘာလို့လဲဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံရမှာမဟုတ်ဘူး”
ပိုက်ဆံများဆုံးရှုံးသွားတော့မည်ဟု တွေးနေသော ဆိုင်ရှင်၏ မျက်နှာကို ရှီမာယူယူမြင်လိုက်သောအခါ ပြောလိုက်သည် “ခင်ဗျား အဲဒါကိုလောင်းရဲတာ၊ အားလုံးရှုံးသွားမှာကို မကြောက်ဘူးလား”
“ငါ ဒီအသက်ထိနေလာပြီးပြီ ငါလူအကဲခတ်တတ်တယ်” ဆိုင်ရှင်ချူပြောလိုက်သည်။
ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “ဆိုင်ရှင်ချူက ကျောင်မောင်နှမကို ဆက်ဆံတာကိုကြည့်ရတာ ခင်ဗျားလို မကောင်းဆိုးဝါးက အသက်တစ်ထောင်ထက် ပိုနေရနိုင်တယ်” ဆိုင်ရှင်ချူသည် သတ်လတ်ပိုင်း အရွယ်ဟု ထင် ရသော်လည်း သူ၏ အဖြူရောင်အဝတ်အစားသည် တင့်တယ်ကာ သူ့မျက်လုံးများ သည် လောဘဖြင့် ပြည့်နေ သောကြောင့် အသက်မဝင်ပေ။ သူမ ပြောသည်ကို ကြားသောအခါ ဆိုင်ရှင်ချူ မဲ့ပြုံး ပြုံးလိုက်သည်။
နှစ်တစ်ထောင် မကောင်းဆိုးဝါးဟုတ်လား။ သူက အဲလောက်အသက်မကြီးသေးပါဘူး၊ သူ မှန်တာ တော့မှန်သားပဲ။
“ကျွန်တော်တို့ သဘောတူထားတာလေး ပြောရအောင် ခင်ဗျားက ကျွန်တော်တို့ကို လောင်းကြေး တင် ထားတာဆိုတာ့ နိုင်ရင် ဝေစုခွဲပေးရမယ်၊ အများကြီးမလိုပါဘူး တစ်ဝက်လောက်ဆိုရပါပြီ” ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည်။
“တစ်ဝက်လား” ဆိုင်ရှင်ချူသည် သူမ စကားများကြားသောအခါ ထခုန်မိလေသည်။ “မင်းတို့က ဘာမှ တောင်မလုပ်ရပဲနဲ့ တစ်ဝက်လိုချင်သေးတာလား”
“ဘာလို့လဲ” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားလည်း အထွေအထူးလုပ်ရတာမှ မဟုတ်တာ လူနာမည် နဲ့ လောင်းကြေးကိုချရေးတာနဲ့ ပြီးပြီ ဒါပေမဲ့ ကျွန်တော်တို့က တိုက်ဖို့အတွက် အားထုတ်ရတယ်”
“ဒါပေမဲ့ အဲလိုလုပ်လို့မရဘူးလေ” ဆိုင်ရှင်ချူသည် သဘောမတူပေ “သုံးပုံတစ်ပုံပေးမယ်”
“သုံးပုံ..” ရှီမာယူယူသည် ကောင်တာပေါ်လက်တင်ကာ ဆိုင်ရှင်ချူကို စိုက်ကြည့်ပြီး ပြောလေသည် “ခင်ဗျား တစ်ပြားမှ မရအောင် ကျွန်တော်လုပ်မယ်ဆိုရင် ခင်ဗျားယုံမလား၊ ပြီးတော့ အဲဒါလေးအတွက်နဲ့ ဆုံးရှုံး ခံနိုင်လား”
ဆိုင်ရှင်ချူ၏ မျက်အိမ်များ ကျဉ်းသွားသည်။ သူမသည် ပြောလျှင် ပြောသည့်အတိုင်းလုပ်တတ် သည်ကို သူအလိုလို သိနေသည်။
“ကောင်းပြီ ကောင်းပြီ” သူ လက်ဝေ့ပြကာ ပြောလိုက်သည် “ငါ မင်းကို တစ်ဝက်ပေးမယ်၊ နောက်ထပ် တော့ ဈေးမတင်နဲ့တော့” သူပြောလိုက်သောကြောင့် သူမ အံ့သြသွားသည်။ သူက ဘာလို့အဲလောက် လွယ်ရ တာလဲ။
ရှီမာယူယူ ပြုံးပြီးပြောလိုက်သည်။ “အခြေအနေဘယ်လိုရှိလဲ ကျွန်တော်တို့ သွားကြည့်မယ်၊ ဒါပေမဲ့ ဆိုင်ရှင်ချူ လုပ်ပုံကိုကြည့်ပြီး နောက်တစ်ခါဆိုရင်တော့ ၁၀ရာခိုင်နှုန်းလျော့ပေးမယ်” ပြောပြီးနောက် သူမသည် ဘေဂုံထန်နှင့်အတူထွက်သွားရန် ပြင်လိုက်ပြီးနောက် ပြန်လှည့်လာကာ ပြောလိုက်သည် “အဲဒီရလဒ်တွေ ဖြစ် မလာနိုင်ဘူးဆိုရင် ခင်ဗျားလူတွေကို ဆွဲဆောင်ပြီးလာလောင်းအောင် လုပ်ပေါ့” သူတို့သည် လှည့်ထွက် သွားလေရာ ဆိုင်ရှင်သည် သူမပြောလိုက်သောစကားကို တွေးကာကျန်နေခဲ့လေသည်။
ဒီအဖြေတွေ တစ်ခုမှဖြစ်မလာဘူးလား။ တခြားဖြစ်နိုင်ချေတွေ ရှိသေးတာလား။ သူ ပြောတာကို ယုံရမှာ လား။
ထားလိုက်တော့ သူ့ကိုယုံတာ ပိုကောင်းမယ်ထင်တယ်။ သူ နောက်ဆုံးရက်မှ ပေးရမယ်ဆိုရင် အဲ ကောင်လေးက ဘယ်လိုပဲဖြစ်ဖြစ်မရနိုင်ဘူး။
ထိုအကြောင်းအား စဉ်းစားလိုက်ရာ သူ ပေါင်သူ ရုတ်တရက်ရိုက်လိုက်ပြီး ပြောလိုက်သည် “သေစမ်း ငါတို့ နိုင်ရင် သူ့ကို တစ်ဝက်ပေးမယ်လို့ ပြောထားတာ၊ ဒါပေမဲ့ ငါရှုံးရင် သူတစ်ဝက်ပေးမယ်လို့ ပြောမသွားဘူး”