အပိုင်း (၄၄၇) – တောင်းပန်ရန်ကိုယ်တိုင်လာရောက်ခြင်း
Vol. 005 Ch. 447
ရှီမာယူယူသည် အိမ်တွင် စာဖတ်နေချိန်တွင် ရုတ်တရက်တံခါးခေါက်သံကို ကြားလိုက်ရလေသည်။
“ဧည့်သည်တော်ခင်ဗျ ကောင်းကင်ကျားအိမ်တော်က လူတွေလာပြီး ဧည့်သည်ကို တွေ့ချင်လို့ပါတဲ့” အစေခံသည် အပြင်မှ ပြောလေသည်။
ရှီမာယူယူ တံခါးသွားဖွင့်လေသည်။ အစေခံအားကြည့်ပြီး သူမ ပြောလိုက်သည် “သူတို့ ငါ့ကိုတွေ့ချင် တာသေချာလား ငါ့ကို ဖမ်းချင်တာမဟုတ်ဘူးလား”
“မဟုတ်ပါဘူး သူတို့ ကောင်းကင်ကျားအိမ်တော်က ဧည့်သည်ကို လူကိုယ်တိုင်လာပြီး တောင်းပန်ချင် လို့တဲ့” အစေခံပြောလိုက်သည်။
“ဒီကောင်းကင်ကျားအိမ်တော်က ဆင်ခြင်တုံတရားမဲ့တဲ့အဖွဲ့မလား၊ ငါက သူတို့ အဖွဲ့ခွဲခေါင်းဆောင်ကို သတ်လိုက်တာကို လာဖမ်းမယ့်အစား ကိုယ်တိုင်လာတောင်းပန်တာပေါ့” ရှီမာယူယူ စဉ်းစားကြည့်သည်။
“ဒီကောင်းကင်ကျားအိမ်တော်က အကျင့်မကောင်းတာတော့မှန်တယ်၊ ဒါပေမဲ့ သူတို့အိမ်တော် သခင်ကြီးကအဆင်ပြေတယ်၊ သူက ဘုရားတရားပဲလုပ်တော့လို့ ကောင်းကင်ကျားအိမ်တော်ကို သူ့ညီကို လွှဲ ပေးထားတာ အဲဒါကြောင့်ပဲ အကျင့်မကောင်းတဲ့နေရာဖြစ်သွားတာ” အစေခံရှင်းပြလေသည် “ဧည့်သည့်တော် ခင်ဗျ သူတို့က အောက်မှာ စောင့်နေပါတယ်”
“မင်းအရင်ဆင်းနှင့်လိုက်ပါ” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပါပြီ ဒါဆိုရင် ကျွန်တော် အရင်သွားနှင့်လိုက်ပါမယ်” အစေခ့သည် ပြောပြီးသည်နှင့် ထွက်သွား လေသည်။
ရှီမာယူယူသည် အစေခံ လှေကားအတိုင်း အောက်ဆင်းသွားသည်ကို ကြည့်ကာ ထိုအစေခံသည် တည်းခိုဆောင်၏ သာမာန်အစေခံမဟုတ်သည်ကို သိလိုက်သည်။
သူမ တံခါးခေါက်သံကြားသည်နှင့် တခြားအခန်းများလည်း တံခါးပွင့်လာသည်။ အစေခံပြောသည့် စကားများကို ကြားပြီးနောက် မေးလိုက်လေသည် “ယူယူ အောက်ဆင်းမလို့လား”
“ဒါပေါ့ ငါတို့ သွားရမယ်လေ” ရှီမာယူယူ ပြန်ဖြေလေသည် “အရင်က ကောင်းကင်ကျားအိမ်တော်က မဆိုးဘူးလို့ ကျောင်ရန်ပြောတယ်၊ ဒါပေမဲ့ အခုလည်းမကြီးထွားသေးပါဘူး ဘယ်လိုပဲဖြစ်ဖြစ် အခုလက်ရှိ အခြေ အနေရောက်သွားတာပဲ ဒီအခြေအနေရာက်တာလည်း သူ့ညီကြောင့်ပဲဖြစ်မယ်၊ အခု အိမ်တော်သခင်ကြီး လာ တယ်ဆိုတော့ သေချာပေါက်ဆင်းပြီး ကြည့်ရမှာပေါ့”
“ဒါဆိုလည်း အောက်ဆင်းရအောင်” ရှီမာလိုင် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
အောက်ထပ်တွင် ကျောင်ဟိုင်မိုနှင့် ဆိုင်ရှင်ချူတို့သည် စားပွဲတွင်ထိုင်ကာ လက်ဖက်ရည်သောက် နေ ကြလေသည်။ ရှီမာယူယူ အောက်ထပ်သို့လာသောအခါ မျက်နှာချင်းဆိုင်ထိုင်နေသော သူတို့ကို ကြည့်ပြီး မျက်ခုံးပင့်မိသည်။
ဆိုင်ရှင်ချူက တကယ်ပဲ တခြားတစ်ယောက်နဲ့ တစ်စားပွဲတည်းထိုင်ပြီး လက်ဖက်ရည်သောက်နေတာ လား။
ဆိုင်ရှင်ချူသည် ရှီမာယူယူနှင့်တခြားသူများကို မြင်သောအခါ နှုတ်ခမ်းတွန့်ပြီး ပြောလိုက်လေသည် “ဒီမှာပါ သူက ရှီမာယူယူပါ”
ကျောင်ဟိုင်မိုသည် မတ်တတ်ရပ်ကာ လက်အုပ်ချီပြီး ရှီမာယူယူအား နှုတ်ဆက်လေသည်။ သူသည် တလေးတစားဖြင့် အရိုအသေပေးကာ ပြောလေသည် “သခင်ကြီးရှီမာ ဒီနိမ့်ကျတဲ့ ကျွန်တော်က ကောင်းကင် ကျားအိမ်တော်ရဲ့ သခင် ကျောင်ဟိုင်မိုပါ အရင်က ကောင်းကင်ကျားအိမ်တော်က လုပ်ခဲ့တဲ့ အမှားတွေအတွက် တောင်းပန်ဖို့ လာခဲ့တာပါ”
ကောင်းကင်ကျားအိမ်တော်မှ လူများသည် သူတို့ သခင်ကြီး အရိုအသေပေးနေသည်ကို တွေ့သည်နှင့် အလိုလို အရိုအသေပေးမိကြလေသည်။
လူများသည် တည်းခိုဆောင်အပြင်ဘက်တွင် စုရုံးလာသည်။ အစပိုင်းတွင် သူတို့သည် ကောင်းကင် ကျားအိမ်တော်မှ လူများသည် ရှီမာယူယူနှင့် အဖွဲ့ကို လာဖမ်းသည်ဟု ထင်ထားကြသည်။ နောက်မှ ဆိုင်ရှင်ချူ ပြောမှသာ သူတို့သည် လာတောင်းပန်သည်ကို သိကြတော့လေသည်။
သို့သော် ကောင်းကင်ကျားအိမ်တော်သည် မျက်နှာချင်းဆိုင်တွေ့ကာ တောင်းပန်မည်ဟု သူတို့ ထင် မထားကြပေ။
ရှီမာယူယူသည် ကျောင်ဟိုင်မိုအား ကြည့်လိုက်ရာ သူသည် စိတ်ရင်းနှင့် တောင်းပန်နေသည်ကို တွေ့ လိုက်ရသည်။ သို့သော် တခြားသူများသည် တာဝန်အရ တောင်းပန်နေသည်ကို တစ်ချက်တည်းကြည့်ရုံနှင့် သိ နိုင်သည်။
“အိမ်တော်သခင်ကြီး ကျောင်က ယဉ်ကျေးလွန်းနေပါပြီ” ရှီမာယူယူသည် လက်ခါရမ်းလိုက်သည်။
အမှန်တကယ်တော့ သူမသည် စိတ်ပျော့သောသူဖြစ်သည်။ သူမသည် ပြုံးနေသော လူကို မရိုက်တတ် ပေ။ တစ်ဖက်လူသည် တောင်းပန်ချိန်တွင် သူမ လျစ်လျူမရှုပေ။
တောင်းပန်ခြင်းကို ဟန်ဆောင်လုပ်နိုင်သူသည် ပါရမီရှင်ဖြစ်နိုင်သည်။
ကျောင်ဟိုင်မိုသည် မှော်ဝင်လက်စွပ်ထုတ်ကာ ရှီမာယူယူအား လက်နှစ်ဖက်ဖြင့် ပေးကာ ပြောလေ သည် “ဒါက ကျွန်တော်တို့ သခင်ကြီးကို တောင်းပန်တဲ့အနေနဲ့ ပေးတဲ့လက်ဆောင်ပါ၊ သခင်ကြီး ကျေးဇူးပြုပြီး လက်ခံပေးပါ”
ရှီမာယူယူသည် လက်စွပ်အားယူကာ စိတ်နှင့် ဖတ်ကြည့်လိုက်လေသည်။ လက်စွပ်အတွင်းရှိ ပစ္စည်းများ ကို သူမ မြင်လိုက်သောအခါ သူမ ပြုံးပြီး ပြောလိုက်သည် “အိမ်တော်သခင်ကြီးကျောင်က ကြင်နာတတ်လိုက် တာ၊ ဒီလိုလုပ်မယ်ဆိုရင် ကျွန်တော်ကတောင် ရှက်ရတယ်”
“ဒါဖြစ်သင့်ပါတယ်၊ အဲဒီ ကျောင်ရှုရန်နဲ့ ကျောင်ရှုယုက မသိတတ်လို့ သခင်ကြီးကို အပြစ်လုပ်မိတာ သူ့ အသက်သေသွားတာ သူ့ထိုက်နဲ့ သူ့ကံပေါ့” ကျောင်ဟိုင်မို ပြောလိုက်သည် “အရင်ကတည်းက သူတို့ကို ပြဿနာမရှာဖို့ ကျွန်တော်ပြောတယ် သူတို့က နားမထောင်ဘူး၊ သူတို့အမှားကို သူတို့ခံရတာပဲလေ”
ရှီမာယူယူသည် ကျောင်ဟိုင်မိုအား ကြည့်ရာ သူသည် စိတ်ရင်းအမှန်ဖြစ်သည်ကို တွေ့လိုက်ရသည်။ သူမ ပြောလိုက်သည် “အိမ်တော်သခင်ကြီးကျောင်က ကျွန်တော်တို့ကို အပြစ်မတင်လို့ ကျေးဇူးတင်ပါတယ် အိမ်တော်သခင်ကြီးကျောင်က လူကိုယ်တိုင်လာပြီး တောင်းပန်တဲ့အပြင် လက်ဆောင်တွေပါပေးတော့ အရင်က အကြောင်းတွေ ထပ်မပြောတော့ဘူးလေ ကောင်းကင်ကျားအိမ်တော်က ကျွန်တော်တို့ကို မနှောင့်ယှက်တော့ ဘူးဆိုတော့ ကျွန်တော်တို့လည်း ပြဿနာမရှာပါဘူး”
ရှီမာယူယူ ပြောလိုက်သောစကားကြောင့် ကျောင်ဟိုင်မိုတစ်ယောက်သာ စိတ်အေးသွားလေသည်။ သူ သည် နောက်တစ်ကြိမ် အရိုအသေထပ်ပေးကာ ပြောလိုက်သည် “သခင်ကြီးရှီမာကို ကျေးဇူးအများကြီး တင်ပါ တယ်”
ကျောင်ဟိုင်မိုသည် နှိမ့်ကျကာ ရှီမာယူယူလည်း လွှတ်ပေးမည်ဟု ပြောနေသည်ကို ကြားသောအခါ ရှီမာမျိုးနွယ်မှ တခြားလူများသည် ဝင်မပါတော့ပေ။ သူတို့သည် တင်းထားသည်ကိုပင် လျော့ချလိုက်သည်။
“အိမ်တော်သခင်ကြီးကျောင် ကောင်းကင်ကျားဧရိယာကနေ ထွက်သွားချင်တယ်ဆိုရင် သားရဲပျံ စီးပြီး လနည်းနည်းလောက် သွားရဦးမယ်လို့ ကြားတယ် နောက်နည်းလမ်းတစ်ခုက ကောင်းကင်ကျားအိမ်တော် ရဲ့ ဖြတ်လမ်းတည်ဆောက်မှုကို သုံးရမယ်လို့ လဲကြားတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပါတယ်” ကျောင်ဟိုင်မို ပြောလိုက်သည် “အရင်ကဆိုရင် ကျွန်တော်တို့က အပြင်လောကနဲ့ တော်တော်လေးအဆက်အသွယ်ရှိတယ်၊ နောက်တော့ ဘယ်တည်ဆောက်မှုသခင်မှ လာမပြင်ပေးတော့ဘူး အဲလိုနဲ့ အပြင်လောကနဲ့ အဆက်အသွယ်က ပြတ်သွားတာပဲ”
“သားရဲပျံစီးပြီး ထွက်သွားဖို့ ဘယ်သူမှ စိတ်မကူးဘူးလား” ဖက်တီးကျူ မေးလိုက်သည်။
“သူတို့ မလုပ်ချင်တာမဟုတ်ဘူး၊ မလုပ်ရဲကြတာ” ကျောင်ဟိုင်မို ပြောလေသည်။
“မလုပ်ရဲကြဘူးဟုတ်လား ဘာလို့လဲ”
“ဒီဧရိယာမှာ နေတဲ့ ဝိညာဉ်သားရဲမျိုးနွယ်တွေက ဒီနေရာနဲ့ ဆက်သွယ်မှုရှိတယ်၊ ကျွန်တော်တို့ ထွက်သွား ချင်တယ်ဆိုရင် သူတို့နယ်နိမိတ်ကို ဖြတ်သွားရမယ်၊ ဒါပေမဲ့ အဲဒီဝိညာဉ်သားရဲမျိုးနွယ်တွေကို ဖြတ်သွားဖို့ ကျွန်တော်တို့မှာ အင်အားမရှိဘူးလေ”
“ဝိညာဉ်သားရဲမျိုးနွယ်တွေဟုတ်လား” ရှီမာယူယူသည် အကြွေးများ ရေတွက်နေသေည့်အချိန်တွင် ဖြစ်လေ့ရှိသော မျက်လုံးများဖြစ်နေသော ဆိုင်ရှင်ချူကို ကြည့်လိုက်သည်။ သူက အဲအကြောင်းကြောင့် ဒီကို လာခဲ့တာလား။
“ဖြတ်လမ်းတည်ဆောက်မှုကလည်း ပျက်နေပြီ၊ ပြီးတော့ ဝိညာဉ်သားရဲမျိုးနွယ်တွေကလည်း ပတ်ပတ် လည်မှာ ရှိနေတယ်၊ အဲဒါကြောင့်ပဲ ကောင်းကင်ကျားအိမ်တော်ကို လာတဲ့သူမရှိတာ ကြာပြီ တစ်ယောက် ယောက် ထွက်မသွားတာလည်း ကြာနေပြီ” ကျောင်ဟိုင်မို ပြောလိုက်သည်။
“အပြင်လူတွေက ဖြတ်လမ်းတည်ဆောက်မှုကို ကြည့်လို့မရဘူးလို့ ကျွန်တော်ကြားတယ် ကျွန်တော်တို့ အဲဒီဖြတ်လမ်းတည်ဆောက်မှုကို ကြည့်လို့ရမလား သိချင်ပါတယ်” ရှီမာယူယူ မေးလိုက်သည်။
အခုတော့ သူမအတွက် ဖြတ်လမ်းတည်ဆောက်မှု တစ်ခုပြုလုပ်ရန် မခက်ခဲတော့ပေ။ သို့သော် သူမ သည် နေရာ၏ တည်နေရာကို သိရန်လိုအပ်သည်။ သူမ ဖြစ်သလို ဆောက်လိုက်ပါက ကောင်းကင်ကျား အိမ်တော်မှ ထွက်မသွားနိုင်သည့်အပြင် ဝိညာဉ်သားရဲမျိုးနွယ် အကြားရောက်သွားနိုင်သည်။
သူမ ပျက်ဆီးနေသော ဖြတ်လမ်းတည်ဆောက်မှုကို သွားကြည့်ပါက ဒီနေရာမှ ထွက်သွားနိုင်မလား ဆိုတာ ဘယ်သူမှမသိနိုင်ပေ။ ထိုသို့ဖြစ်မလာပါကလည်း ဝိညာဉ်သားရဲမျိုးနွယ်များ နေရာကို ဖြတ်သွားခြင်းကိုသာ ရွေးရတော့မည်။
ကျောင်ဟိုင်မို ထိုစကားကြားလိုက်သောအခါ မျက်လုံးများအရောင်တောက်သွားကာ ပြောလိုက်သည် “ရတာပေါ့ ဖြစ်နိုင်မယ်ဆိုရင် ဧည့်သည်တော်တို့အားလုံးကို ကောင်းကင်ကျားအိမ်တော်ကို ဖိတ်ချင်ပါတယ်”
ရှီမာယူယူသည် တည်ဆောက်မှုသခင်ဖြစ်ကာ တည်ဆောက်မှုများ ပြုလုပ်ရာတွင် အရည်အချင်းရှိ သူဖြစ်သည်။ ထိုသည်မှာ သူမ၏ တည်ဆောက်မှုအရည်အချင်းသည် အဆင့်မြင့်သည်ကို ပြသနေသည်။ သူမ သည် သူတို့ဖြတ်လမ်းတည်ဆောက်မှုကို ပြင်နိုင်ပါက သူတို့သည် နောက်ကို အပြင်သို့ သွားနိုင်တော့မည် ဖြစ်သည်။
“ကျွန်တော်တို့ အဲမှာတော့ မနေတော့ပါဘူး ဒီမှာနေရတာ အသားကျနေပါပြီ၊ အဲဒီကို သွားရင် အစိမ်း သက်သက်ကြီးပြန်ဖြစ်သွားလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်တို့ ဒီမှာပဲ ဆက်နေပြီး ခင်ဗျားတို့ ဖြတ်လမ်းတည်ဆောက်မှုကို လိုက်ကြည့်ပါမယ်”
“ရွှတ်”
သူတို့သည် ကောင်းကင်ကျားအိမ်တော်၏ ဖိတ်ကြားမှုကို ငြင်းဆန်လိုက်သည်။
အပြင်တွင်ရှိသော အားလုံးသည် ရှီမာယူယူအား ကြည့်လိုက်ကြသည်။ သူ ရူးသွားပြီထင်တယ်။
“အစ်ကို ၃ ယူလင်း ဘေဂုံ အစ်ကိုတို့က ကျွန်တော်နဲ့ လိုက်ပြီး ကောင်းကင်ကျားအိမ်တော်ကို လိုက်ကြည့်ပေးပါဦး” ရှီမာယူယူပြောလိုက်သည် “အဘိုး အားလုံးကိုဂရုစိုက်ပြီး ကျွန်တော်တို့ကို ဒီမှာပဲ စောင့် ပေးပါ”
“ကောင်းပြီ သားတို့ ဂရုစိုက်ကြပါ” ရှီမာလိုင်သည် ရှီမာယူယူအတွက် အနည်းငယ်စိတ်ပူသေးသည်။
“ဟုတ်ကဲ့ပါ” ရှီမာယူယူ ပြောလိုက်သည်