← Chapters

ဖိတ်ကြားမှု

Vol. 008 Ch. 750

ဖိတ်ကြားမှု

Vol. 008 Ch. 750

ယခုအချိန်တွင် လျူကျောင်းကား သူ၏မောက်မာမှုကို ဖုံးကွယ်ထားခြင်း အလျှင်းမရှိပေ။ ထိုအရာက သူ၏အတွင်းစိတ် သဏ္ဌာန် အမှန်ဖြစ်သည်။ သူက တခြားလူများနှင့် အချိန် မဖြုန်းတီးခြင်းက ထိုလူများက ထိုက်တန်သည်ဟု သူမတွေးသော ကြောင့်သာ။ သူ၏ ရည်မှန်းချက်ကား အလွန်မြင့်သည်။ ထိုအရာက ခေတ်သစ်တစ်ခု ဖန်တီးခြင်း ဖြစ်သည်။

“မင်းက ဘယ်လို ခေတ်သစ်ကို ပြောတာလဲ…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။

လျူကျောင်းက ပြုံးလျက်ပင် ရီဖူရှင်းကို ကြည့်သည်။ သူကား အနည်းငယ် အံ့အားသင့်ရသည်။ ရီဖူရှင်းက သူ၏စကားများကို ကြားသည်တွင်ပင် အလွန် တည်ငြိမ်သည်။

လျူကျောင်းက ရီဖူရှင်းနှင့် ပတ်သက်၍ မှန်ကန်ပေသည်။ သူ့ရှေ့မှလူကား ကြီးမားသော အရာများဖြင့် ကံဟပ်စပ်သူ ဖြစ်သည်။

“မြေရိုင်းပြည်နယ်ကို တစ်ဖန်ပြန်ပြီး တိုးတက် မြင့်မားစေမယ့်ခေတ်…” လျူကျောင်းက ပြုံးလျက် ပြောသည်။ အကယ်၍ ရီဖူရှင်း၏ ရည်မှန်းချက်က မြေရိုင်းပြည်နယ်ကို တစ်ဖန် ပြန်လည် တိုးတက်စေခြင်း ဆိုပါက လျူကျောင်း အတွက် အလွန် လွယ်ကူလွန်း လှပေသည်။

ရီဖူရှင်းက လျူကျောင်းကို ကြည့်ကာ ပြောသည်… “ခင်ဗျားက ကျုပ်ကို အထင်ကြီးနေပါပြီ… လက်ရှိ ကျုပ်ရဲ့ ရည်မှန်းချက်က ရိုးရှင်းတယ်… ဒါက မြေရိုင်းပြည်နယ်မှာ ရှန့်ထိုတစ်ပါး မွေးဖွားလာဖို့ပဲ… ပြီးတော့ တော်ဝင်ကျဲ နန်းတော်သခင် ဖြစ်တဲ့ကျုပ်အတွက် ကျုပ် မဖြစ်မနေ လုပ်ရမယ့်အရာလည်း ဖြစ်တယ်… ဒါက ဘာပြိုင်ဆိုင်မှုမှ မရှိဘူးလို့ ကျုပ်ထင်တယ်…”

လျူကျောင်းက ရီဖူရှင်းအား လေးနက်စွာ ကြည့်သည်။ ရီဖူရှင်းက ရှင်းရှင်းလင်းလင်း မပြောသော်လည်း သူ၏ဖိတ်ခေါ်မှုအား ငြင်းပယ်ခဲ့သည်မှာ သေချာ၏။

ရီဖူရှင်းက အဘယ်ကြောင့် ငြင်းပယ်ခဲ့သည်ကို အကြောင်း ပြချက်များစွာ ရှိမည် ဖြစ်သော်လည်း လျူကျောင်း စိတ်မဝင်စားပေ။ ထိုအရာက ငြင်းပယ်ခြင်း မဟုတ်ပါလား။ သူ၏အမြင်တွင် မည်သို့ပင်ဖြစ်ပါစေ သူကား အနာဂတ်တွင် ကြီးမားသော အောင်မြင်မှုအားများ ရမည်။

ရီဖူရှင်းက လျူကျောင်း၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ခြင်းကလည်း ရိုးရှင်းပေသည်။ ရှန့်ထိုများ၏ လက်ထပ် သင်ပေးခြင်းခံရသော လျူကျောင်းကား တခြားလူများနှင့် မတူအောင် မောက်မာလွန်း လှသည်။ သူက ရီဖူရှင်းကို ဖိတ်ခေါ်သည့် တိုင်အောင် ရီဖူရှင်းနှင့်အတူ ပခုံးချင်းယှဉ်၍ ခေတ်သစ်တစ်ခုကို အတူ တည်ဆောင်လိုခြင်း မဟုတ်ဘဲ နောင်တွင် မြေရိုင်းပြည်နယ်အား သူ့လက်အောက်ခံ အင်အားတစ်ခု ဖြစ်လာရန် သွတ်သွင်း လိုရင်းသာ ဖြစ်သည်။

ထိုအချက်အား ကျောက်စီရီ၏ အမူအရာကို ခန့်မှန်းပြီး ရီဖူရှင်းက ကောက်ချက်ချသည်။ သူမ၏မျက်နှာတွင် ရှက်သွေးများ ဖြာနေခြင်းက ဟန်ဆောင် ဖုံးကွယ်၍ ရသော အရာမဟုတ်ရာ သေချာသည်က လျူကျောင်းနှင့် ကျောက်စီရီတို့အကြား ထူးခြားသော ပတ်သက်မှု တစ်ခုခုရှိခဲ့သည်။ အမှန်တကယ်အားဖြင့် လျူကျောင်းကဲ့သို့သော လူက ကျောက်စီရီကဲ့သို့ မိန်းကလေးကို သဘောကျ နှစ်ခြိုက်မည် ဆိုသည်ကို ရီဖူရှင်း မယုံကြည်ပေ။ သူမက အမှန်ပင် လှပသော်လည်း သူမ၏ အမူအကျင့်များက သာမန်ဖြစ်ကာ လျူကျောင်း၏ နှလုံးသားကို ရယူနိုင်စွမ်း ရှိမည် မဟုတ်ပေ။

လျူကျောင်းက သူမအား သည်အတိုင်း အသုံးချနေသည် ဖြစ်ရပေမည်။

ရီဖူရှင်း၏ ငြင်းပယ်မှုကို လျူကျောင်းက စိတ်ထဲထားဟန် မရပေ။ သူက ထူးမခြားနားစွာ ခေါင်းညိတ်လျက် ပြောသည်… “လူတိုင်းမှာ ကိုယ်ပိုင် ရည်ရွယ်ချက်နဲ့ပါပဲ... မင်းက ထူးထူးခြားခြား ပါရမီမြင့်လို့ တစ်နေ့ ရှန့်ထို သေချာပေါက် ဖြစ်မှာပဲ… မြေရိုင်းပြည်နယ်က အနာဂတ်မှာ ဒီထက် ပိုကောင်းလာမှာပါ…”

“ကျေးဇူးပဲ…”ရီဖူရှင်းက ပြောသည်... “တခြားမရှိရင် ကျုပ် ပြန်လိုက်ပါဦးမယ်…”

လျူကျောင်းက ခေါင်းညိတ်သည်တွင် ရီဖူရှင်းက လှည့်ပြန် သွားသည်။ ရီဖူရှင်း ထွက်သွားသည်ကို ကြည့်ကာ လျူကျောင်းက သက်ပြင်းချသည်။ ဤသို့ ဖြစ်လာမည်ကို သူခန့်မှန်းထားပြီး ဖြစ်သည်။ နတ်နဂါး ကစားကွက်အား ဖျက်နိုင်စွမ်း ရှိသောသူက ကြီးမားသော ဂုဏ်သိက္ခာနှင့် မာနများအား ပိုင်ဆိုင်ရပေမည်။ နတ်နဂါး ကစားကွက်ကို ဖြိုဖျက်ပြီးသူမှသာလျှင် ထိုကစားကွက်က မည်မျှ ခက်ခဲသည်ကို နားလည်ကြပေသည်။ ထို့ကြောင့် ရီဖူရှင်းက နတ်နဂါး ကစားကွက်ကို ဖြိုဖျက်လိုက်သည်နှင့် ရီဖူရှင်းက မည်သို့သော ပါရမီ ပိုင်ဆိုင်ထားသည်ကို နားလည်လိုက်သည်။ လမ်းကြောင်းများ အားလုံးက တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ ရီဖူရှင်းက စစ်တုရင်ပညာတွင် ထိုသို့ ပါရမီမြင့်ပါက တခြား ပညာရပ်များတွင်လည်း အလွန် ထူးချွန်ရပေမည်။

ရီဖူရှင်း ပြန်လာပြီးနောက် ကျူးကော့မင်းယွီက မေးသည်… “လျူကျောင်းက မင်းကို ဘာပြောလဲ…”

“အစ်မ၂… လျူကျောင်းရဲ့ ရည်မှန်းချက်က ကြောက်စရာပဲ… သူက ခေတ်သစ်တစ်ခုကို ဖန်တီးဖို့ ကျန်တော့်ကို သူနဲ့ ပူးပေါင်းစေချင်တယ်… သူက တခြားပြည်နယ်တွေနဲ့ ပခုံးချင်းယှဉ်နေတဲ့ အရှေ့ဘက် ပြည်နယ်ရဲ့ တော်ဝင်မြေကို သဘောမကျဘူး…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“မင်းကို မြင်တတ်တဲ့သူက တော်တော် မျက်လုံးကောင်းတာပဲ…” ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်… “သူက ဘာတွေ ကမ်းလှမ်းတာလဲ…”

“သူက မြေရိုင်းပြည်နယ်ကို တစ်ဖန်ပြန်ပြီး မြင့်တက်အောင်နဲ့ ရှန့်ထိုတိုက်ပွဲမှာ ကူညီမယ်လို့ ပြောတာပဲ…” ရီဖူရှင်းက ဖြေသည်။

“စိတ်ဝင်စားစရာပဲ…” ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်… “စစ်တုရင်ကျေးရွာက ကိစ္စပြီးသွားပြီ ဆိုတော့ မင်းက ဘာလုပ်ချင်သေးလဲ… ပြည်နယ်ကိုးခု ညီလာခံကို တက်ဦးမလား…”

“ပြည်နယ်ကိုးခု ညီလာခံက ရှီဟွာတောင်မှာ ကျင်းပလိမ့်မယ်… ဒါပေမဲ့ သူတို့က မြေရိုင်းပြည်နယ်ကို အထင်သေးမှတော့ ဒီပွဲကို တက်စရာမလိုဘူး ထင်တာပဲ…” ရီဖူရှင်းက ပြောသည်။

“မှန်တယ်…” ကျူးကော့မင်းယွီကလည်း ခေါင်းညိတ်သည်။ သူမကလည်း ထိုနည်းတူ တွေးသည်။ တစ်ဖက်လူများက မြေရိုင်းပြည်နယ်ကို အထင်သေးသည့်တိုင် သူတို့ကလည်း တော်ဝင်မြေဖြစ်ကာ ကိုယ်ပိုင်ဂုဏ်သိက္ခာ ရှိပေသည်။

“ရှီဟွာတောင်က ကိုယ်စားလှယ်က တော်ဝင်ကျဲ နန်းတော်သခင်ကို တွေ့ခွင့်တောင်းပါတယ်…” အပြင်ဘက်မှ အသံတစ်သံကို ကြားကြရသည်။ ရီဖူရှင်းနှင့် ကျူးကော့မင်းယွီတို့က အချင်းချင်း ကြည့်ကာ အံ့အားသင့် ကြရသည်။ အနီးမှ လူများ အားလုံးကလည်း ခေါင်းမော့ကာ အပြင်ဘက်ကို လှမ်းကြည့်ကြသည်။ ရီဖူရှင်းက ပြောသည်… “အထဲကို ဝင်ခဲ့ပါ…”

အထဲကို လူတစ်ယောက် ဝင်လာသည်။ ရီဖူရှင်းတို့က သူ့အား မြင်ဖူးကြသည်။ သူကား အလွန်တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားပြီး လျူကျောင်းနှင့်အတူ ရောက်လာသော ရှီဟွာတောင် အုပ်စုထဲမှ တစ်ယောက်ဖြစ်သည်။

“ဘာကိစ္စလဲ…” ရီဖူရှင်းက မေးသည်။ သူနှင့် အစ်မ၂တို့က ရှီဟွာတောင်နှင့် ပတ်သက်၍​ပြောကြားနေကြဆဲ ဖြစ်ကာ ကိုယ်စားလှယ်က ရောက်လာသည်။

“နှစ်တွေ အများကြီးကြာအောင် မြေရိုင်းပြည်နယ်က တခြားပြည်နယ်ရှစ်ခုနဲ့ အဆက်အဆံ သိပ်မရှိဘဲ့ဘူး… ဒါကြောင့် ညီလာခံတိုင်းမှာ မြေရိုင်းပြည်နယ်က လျစ်လျူရှုခြင်း ခံခဲ့ရတယ်… အခု တော်ဝင်ကျဲနန်းတော် သခင်ကိုယ်တိုင်က အရှေ့ဘက်ပြည်နယ်ကို လာရောက် လည်ပတ်တဲ့သတင်းက ရှီဟွာတောင်ရဲ့ အကြီးအကဲတွေ နားထဲ ရောက်လာတာမို့ သူတို့က တော်ဝင်ကျဲနန်းတော်ကို ညီလာခံတက်ဖို့ တရားဝင် ဖိတ်ကြားခဲ့ကြပါတယ်…” သူက ပြောသည်။

ရီဖူရှင်းနှင့် ကျူးကော့မင်းယွီတို့က အချင်းချင်း ကြည့်ကြသည်။ ခုနကမှ သူတို့က ဖိတ်ကြားခြင်း မခံရသော ညီလာခံအား မတက်ရောက်ဖို့ ပြောဆိုနေကြသည်။ ယခု ကိုယ်စားလှယ်က ညီလာခံတက်ရန် အကြောင်း ကြားနေပြီ။

ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်… “ကောင်းပြီ… တော်ဝင်ကျဲနန်းတော်က ပြည်နယ်ကိုးခု ညီလာခံကို တက်ရောက်ပါ့မယ်…”

“ကောင်းပြီ… ကျွန်တော်က နန်းတော်သခင်ရီကို သင့်တော်သလို ကြိုဆိုဖို့ ရှီဟွာတောင်ကို သွားရောက် ပြင်ဆင်လိုက်ပါ့မယ်...” ထိုလူက ဦးညွှတ်ကာ ထွက်သွားသည်။

ရီဖူရှင်း ထိုလူ ထွက်သွားသည်ကို ကြည့်ကာ အတွေးများနေသည်။ သည်အရာက တိုက်ဆိုင်သည်လား။ လျူကျောင်းက ထိုသတင်းအား ကြိုသိကာ သူ့အား မပြောဘဲ​ထိမ်ချန်ထားခြင်း ပေလော။ ထိုနည်းဖြင့် လျူကျောင်းက သူ့အား ကြိုတင်ဖိတ်ကြားကာ သူ့အား အခွင့်အရေးပေးသည့်ပုံစံ ဖမ်းခဲ့ခြင်းပေလော။ သို့သော်လည်း ထိုအရာများက အရေးမကြီးပေ။ ရီဖူရှင်းလည်း ထိုအရာများအား ထပ်မတွေးတော့ပေ။

“စိတ်ဝင်စားစရာပဲ…” ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်။ ဝမ်ရှင်းနှင့် ဓားသခင်တို့ကလည်း သူတို့ထံကို လျှောက်လာသည်။ ဝမ်ရှင်းက ပြောသည်… “ပြည်နယ်ကိုးခု ညီလာခံက ပြည်နယ်ကိုးခုက နိုဘယ်တွေ ဝင်ရောက် ယှဉ်ပြိုင်ရတဲ့ပွဲပဲ… ကျုပ်တို့က မြေရိုင်းပြည်နယ်ကို ပြန်ပြီး ကိုယ်တိုင် စီစဉ်ရမလား...”

“မြေရိုင်းပြည်နယ်က အကောင်းဆုံးဆိုတဲ့ နိုဘယ်တွေ အကုန်လုံးက ဒီကို လိုက်ပါလာကြတယ် ပြောရမယ်…” ရီဖူရှင်းက ယူချင်းကို ကြည့်ကာ ပြောသည်… “အိမ်ရှင် လက်ခံကျင်းပတဲ့ ပြည်နယ်က ဆုလာဘ်အနေနဲ့ တော်ဝင်ရတနာကို ပေးအပ်ကြတယ်လို့ ကျုပ်ကြားတယ်…”

“အမှန်ပဲ…” ဝမ်ရှင်းက ခေါင်းညိတ်လျက် ပြောသည်… “ဒါက အိမ်ရှင်လက်ခံ ကျင်းပတဲ့ပြည်နယ်က သူတို့ရဲ့ ကြွယ်ဝမှု အင်အားကို ထုတ်ဖော်တဲ့ သဘောတရား တစ်ခုပဲ… ဒါက ညီလာခံတိုင်းမှာ လုပ်တဲ့ အလေ့အထ တစ်ခုလည်း ဖြစ်တယ်…”

“တော်ဝင်ရတနာ ဆိုတာက တော်ဝင်မြေတွေကတောင် လျစ်လျူရှုလို့ရတဲ့ဟာ မဟုတ်တော့… သေချာပေါက် အစွမ်းကုန် ယှဉ်ပြိုင်ကြမှာပဲ…” ရီဖူရှင်းက ပြောသည်။

တော်ဝင် ရတနာများကား အလွန်အမင်း တန်ဖိုးကြီးမားသည်။ တော်ဝင်မြေများက တော်ဝင် ရတနာများကို သေသေချာချာ ထိန်းသိမ်းကြကာ အရေးပါသော အကြီးအကဲများပင် လက်ဝယ်ပိုင်ဆိုင်ခွင့် မရကြပေ။ ပုံမှန်အားဖြင့် တော်ဝင် ရတနာများကား ရှန့်ထိုများသာ  လက်ဝယ် သိမ်းဆည်း ထားတတ်ကြပေသည်။

“ပြည်နယ်ကိုးခုက အားအကောင်းဆုံး နိုဘယ်တွေ ရောက်လာကြမှာလား…” ဟောင်ကျူဂီ၏ မျက်လုံးများက အရောင်လက် သွားသည်။ သူက ရှီအဆင့်ကို တက်လှမ်းပြီး ဖြစ်သည်က စိတ်မကောင်းစရာပင်။ သို့သော်လည်း ထိုနေရာတွင် ထိပ်သီးရှီများလည်း စုစည်းကြပေမည်။

သူတို့က မြေရိုင်းပြည်နယ် အပြင်ဘက်ကို ထွက်လာကြသည်မှာ တခြားပြည်နယ်မှ ပါရမီရှင်များ၊ တော်ဝင်လမ်းကို လျှောက်လှမ်းပုံများနှင့် မြေရိုင်းပြည်နယ်နှင့် နယ်ခြားပြည်နယ်များ ကွာဟချက်များအား သိနားလည်ရန် ဖြစ်သည်။

“တော်ဝင်ကျဲနန်းတော်ကို သတင်းပို့လိုက်ပါ... ပြီးတော့ မြေရိုင်းပြည်နယ်က အင်အားစုတွေ အကုန်လုံးကို… ဘယ်ထိပ်သီး နိုဘယ်မဆို ဒီပြိုင်ပွဲမှာ ပါဝင်ချင်တယ်ဆိုရင် ကြိုဆိုတယ်…” ရီဖူရှင်းက ပြောသည်။

တော်ဝင်ကျဲ နန်းတော်ကား မြေရိုင်းပြည်နယ်၏ တော်ဝင်မြေဖြစ်ကာ ခေါင်းဆောင်လည်း ဖြစ်သည်။ ထို့ကြောင့် သူတို့က လွတ်လပ်သော အမြင်ကို ပိုင်ဆိုင်ထားရမည် ဖြစ်ကာ တော်ဝင်ကျဲနန်းတော်မှ တပည့်များ၏ အကျိုးကျေးဇူးကိုသာ ရှေးရှု၍​ မရပေ။

လူငယ်မျိုးဆက်များ အားလုံးက နောင်တွင် မြေရိုင်းပြည်နယ်၏ အင်အားစု အစိတ်အပိုင်းများ ဖြစ်လာကြပေမည်။

ဝမ်ရှင်းက ခေါင်းညိတ်သည်။ ရီဖူရှင်းက ဤသို့ တွေးနိုင်ခြင်းအပေါ် သူကလည်း ဝမ်းသာရသည်။ မြေရိုင်းပြည်နယ်၏ ခေါင်းဆောင်တစ်ယောက်က ဤသို့ ဖြစ်နေရပေမည်။

***

All Chapters